အလင်းတံခါးက ပေးသောဓာတ်ပုံရသ ..

ကျွန်တော် ကင်မရာအကြောင်းရှာရင်းဖွေရင်း တွေ့ခဲ့ ရတဲ့ ShutterSpeed အကြောင်းလေး ပြန်မျှလိုက်ပါတယ်နော်..

Shutter Speed
1/30 Second
အလင်းတံခါး ဖွင့်ပိတ်ချိန်နှင့်ပတ်သက်လျှင် အလင်းတံခါးဖွင့်ချိန်ကြာသော အမျိုးအစားထဲတွင် 1/30 Second ကိုစတင်ထည့်သွင်းစဉ်းစားကြသည်။ ကင်မရာသမား အများစုက slow shutter speed ဟုဆိုကြသော 1/30 second သည် 1/60 second ကဲ့သို့ စွယ်စုံသုံး အမျိုးအစား မဟုုတ်သလို 1/125 second ကဲ့သို့လည်း အလွန်သုံးပျော်သည့် အလင်းတံခါးဖွင့်ပိတ်နှုန်း မဟုတ်ပေ ။ အကြောင်းမှာ 1/30 Second သည် မသုံးတတ်လျှင် ပုံထွက်ညံ့စေတတ်သောကြောင့်ဖြစ်၏ ။

သို့သော်လည်း လုံးဝအသဲုံးမဝင်သည်တော့ မဟုတ်။ Slow Shutter Speed တို့၏ထုံးစံ အတိုင်း ကင်မရာကို လကဖြင့်အလွတ်ကိုင်ရိုက်သည့် အချိန်မျိုးတွင် Subject သည်မှုန်ဝါးသွားစေတတ်သည်မှာ သဘာဝပါ။ ထိုအချက်ကို သတိထားပြီး ဖြေရှင်းနိုင်လျှင် 1/30S သည် 1/60S ထက်အားသာသည့် အချက်မှာ ခပ်မှိန်မှိန် အလင်းရောင် အောက်တွင်မှန်ကန်သော exposures ရရန်များစွာ အားထားရလေသည်။ အကြောင်းမှာအလင်းရောင် အားနည်းသည့်အခိုက် Subject ၏နောက်ခံကားသည် အင်းတံခါးကြာကြာပွင့်သော 1/30S ၏အကျိုးကျေးဇူးကြောင့် သူ့ထက်မြန်သောအလင်းတံခါးဖွင့်နှုန်းထက် ပိုမိုထင်ရှားသည့် ပုံရိပ်များကို ရရှိစေတတ်သည်။ သက်ရှိပုံတူ (Portrait)များအတွက် လျှပ်တစ်ပြက်သုံး မီးကိုတွဲသုံးချိန်တွင် နောက်ခံကားပေါ် ကျနေသည့် သဘာဝ အလင်းကို အပြည့်အဝ ရနိုင်သည့် နှုန်းဖြစ်သည် ။

ဓာတ်ပုံပညာတွင် နောက်ခံကို တမင် ခပ်ဝါးဝါးထားရိုက်သောရိုက်ချက်များ ရှိသလို indoor တွင်subjet ၏အနောက်မှ မြင်ကွင်းသည် သဘာဝအလင်းတန်းတို့က ဖြာကျ ထားပုံကိုလည်း အလှ တစ်ပါးအဖြစ်ဖန်တီးပြတတ်ကြသည်။ ရောင်စုံမှန်များဖြင့် တန်ဆာဆင်ထားသော ဘုရားရှိခိုးကျောင်း တစ်ကျောင်းကို မျက်စိထဲမြင်ကြည့်ပါ ။ဓာတ်ပုံ ဝါသနာအိုးသည် နွေဦးနံက်ခင်း၌ ထိုဘုရားကျောင်းအတွင်း ရောက်နေသည် ဆိုပါစို့။ ပြာ နီ ညို မှောင် ရောင်စုံမှန်များကို ထိုးဖောက်လာသော အလင်းတန်းနှင့် ဟိုတစ်ပြောက် သည်တစ်ပြောက် ထိနေသော ကွက်ကျား အလင်းပြောက်များသည် မိမိရိုက်မည့် subject ၏နောက်တွင် လှလှပပ ပေါ်လွင်နေစေလျှင် အလင်းတံခါးဖွင့်ချိန်ကြာသော 1/30S မျိုးမှ စပြီးသုံးရပါလိမ့်မည်။

ထုံးစံအတိုင်း အလင်းတံခါးဖွင့်ပိတ်ချိန် ကြာမည်ဖြစ်၍ လက်လှုပ်၍ပုံဝါးခြင်းမဖြစ်စေရန် image-stabilized lens ( IS )ကိုသုံးရပါမည်။ Nikon ဆိုရင် ( VR )ပေါ့ဗျာ ။ tripod ပေါ်တင်၍၊ လက်ရန်းတစ်ခုခုကိုမှီ၍ ၊ စားပွဲ(သို့)ကုလားထိုင် ပေါ်တင်၍ ၊ .. ကင်မရာကို ငြိမ်စေမည့်နည်းတစ်ရပ်ရပ်ကို မဖြစ်မနေ အသုံးပြုရပါမည်။ ထို့အတူ 1/30S ကို အရိုက်ခံမည့် Subject ကလည်းလှုပ်ရှားမှု အနည်းငယ်ပြုလိုက်သည်နှင့် ပုံမှာ ဝါးသွားနိုင်သည်။ ဥပမာ- သက်ကြီးရွယ်အို များရိုက်သည့်အခါ ဦးခေါင်း တစ်ဆတ်ဆတ်လှုပ်နေသူနှင့်ဆို သင့်တော်မည် မဟုတ်ပေ။ထို့အတူပန်းပွင့်ပေါ်တစ်ဝဲဝဲလှုပ်နေသည့် လိပ်ပြာကိုလည်း ပြတ်သားစေမည်မဟုတ်ပါ။ လူကိုရိုက်သည့်အခါ ခဏ ငြိမ်ငြိမ်နေပေးရန် သတိအရင်ပေးထားပြီးမှ ရိုက်သင့်သည်။

ရွေ့လျာမှုမြန်သည့် Subjet ကို Panning နည်းဖြင့် ရိုက်သည့်အချိန်မျိုးတွင် ထွက်လာသည့် ဓာတ်ပုံသည် အလွန်အရှိန်မြန်သည့် အသွင်မျိုးနှင့်ရှိပါလိမ့်မည် ထို့အတူ ပြိုင်ပွဲဝင်ကား ၊ ဆိုင်ကယ်၊မြင်း နှင့် အပြေးသမား ရိုက်ကူးသည့်အချိန်များတွင် အသုံးဝင်လှသည် ။ ။
1/15Second ဆက်ပါဦးမည် ။ ။
ချစ်ရင်ထူး (ပြန်လည်ဖော်ပြသည်)

15 comments

  • ချစ်ရင်ထူး II

    July 5, 2012 at 12:10 am

    ကျွန်တော်က ဆရာကြီးလုပ်တာ မဟုတ်ဘူးနော် .. ကျွန်တော် တွေ့တာလေးကို သိစေချင်တဲ့စိတ်နဲ့ ပြန်မျှတဲ့သဘောပါပဲ ..
    ကျေးဇူးတင်ပါတယ် ..

  • Inz@ghi

    July 5, 2012 at 6:34 am

    အဲ့ ..၃ဝ ဂျီး ကို စွဲမထားပါနဲ့ဗျာ …. ၂ဝဆိုလည်းဟုတ် ..၁၅ ဆိုလည်းဟုတ် နိုင်သလို …
    နည်းနည်းမြန်တဲ့အထဲ ၄ဝ ဆိုလည်း ဟုတ် ..၅ဝဆိုလည်း ဟုတ်တော့သကိုးဗျ…
    အပေါက် အရွယ်အစားရယ် ….မီးတားရင်းမုဒ် ရယ် နဲ့ ဆိုင်သွားမယ်ပဲ ထင်တယ်ဗျ …
    ကင်လာ ကြွနေတုန်း ..ဒါမိုးဒွေ ဖတ်ရတာ သိပ် စိတ်ထိခိယက်ပါတယ်အေ…
    စကားမစပ်..
    စိုင်လေး ဘာလေး တင်ပါလားဗျာ ….
    ကျိဂျင်ရို့ ….
    😀

    • ချစ်ရင်ထူး II

      July 5, 2012 at 11:35 am

      ကင်မလာ က ဘယ်လိုဖစ်ပြီး ကြွရတာတုန်း . . သေချာတယ် လက်က အသစ် တောင်းနေတာဖစ်မယ် .. ခုတစ်လော ပုံတွေ သိပ်မတက်ဘူးဗျ နော် .. ပြပွဲ မဟုတ်ဘူးလေ ..

  • Foreign Resident

    July 5, 2012 at 7:37 am

    အောင်မလေး ကယ်ကြပါအုန်း ။
    ဂီဂီ တို့ ၊ M လုလင် တို့ ၊ ကြားကြားသမျှ ရွာသူား အပေါင်းတို့ရဲ့ ။
    ဒီမှာ အမျိုးမျိုး ကွဲနေလို့ ရှင်းပြကြပါအုန်း ။

    Nikon D5100 Single Lens Kit with 18-55mm VR Digital SLR Camera DSLR
    Nikon D5100 Double Lens Kit with 18-55mm VR and 55-200mm VR Digital SLR Camera
    Nikon D5100 Twin Lens Kit Digital SLR Camera
    ( Nikon AF-S DX 18-55mm f/3.5-5.6G VR Lens + Nikon AF-S DX 55-300mm f/4.5-5.6G ED VR Lens )
    Nikon D5100 Lens Kit with 18-105mm VR AF-S DX Nikkor Digital SLR Camera

    ပထမ အချက် ၊ Twin Lens Kit နှင့် Double Lens Kit ဘာကွာလဲ ။

    ဒုတိယ အချက် ၊ ( သယ်ရသက်သာအောင် ) Single Lens Kit ပဲဝယ်ရင်ရော
    18-105mm က 18-55mm ထက်ကောင်းမလား ။

    တတိယ အချက် ၊ 18-105mm VR AF-S DX Nikkor ၊ စကားလုံးတွေထဲက
    ” Nikkor ” ဆိုတာ Nikon ကပဲလား ၊ အတုလား ။

    စတုထ္ထ အချက် ၊ VR AF-S DX Nikkor စကားလုံးတွေထဲက
    AF က Auto Focus ကိုပြောတာမလား ။
    AF ဆိုတဲ့ စကားလုံး မပါရင်ကော Auto Focus ဖြစ်ပါ့မလား ။

    မြန်မြန်လေး ဖြေပေးကြပါ ၊ မှာချင်လှပြီ ။

    • Inz@ghi

      July 5, 2012 at 7:52 am

      D5100 တကယ်ကြီးမှာတော့မှာလား…

      Nikon ကထုတ်တဲ့ lens ကို Nikkor lens လို့ ခေါ်ပါတယ်ဗျာ အတုမဟုတ်ပါဘူး
      single lens kit က ၁လုံးပဲပါပြီး
      double lens kit က ၂လုံး ပါသပေါ့ အဘရယ်..twin lens kit လို့လည်း ခေါ်သပေါ့..

      18-55mm, 55-200mm (or) 18-55mm,55-300mm ၂လုံး မသယ်ချင်လို့
      18-105mm ၁လုံးတည်း ဝယ် မယ်ဆိုလည်း သဘောပါပဲ…
      105mm ကျော်တဲ့ အနေအထား ..Zoom များများဆွဲနိုင်တဲ့ အနေအထားကိုတော့
      မရတော့ဘူးပေါ့…

      အဲ့ဒါကို ဖြေရှင်းနည်း …နောက်တနည်း ကတော့ ..
      ဘာ ကစ် မှမဝယ်ဘဲ … body only ဝယ်ပီး
      lens ကို 3rd party lens ဝယ်သုံးတာပါပဲ…
      (tamron, sigma, tokina တခုခုပေါ့ဗျာ…)

      သဂျီးတောင် တမလွန် သုံးနေတယ်ကြားရဲ့ ….
      http://www.be3.us/product/Tamron-B008-AF18-270MM-F35-63-Di-II-VC-PZD-All-In-One-Zoom-Nikon-Camera-AFB008N700.html
      ဆမ်ပယ် ပါ…. အော်အင်ဝမ်း ပေါ့ … photography ကို genre အလိုက် လိုက်စားမယ် မဟုတ်ရင်တော့ …basic features တွေ အတော်များများ cover ဖြစ်လို့… အသုံးတဲ့ကြောင်း ..လက်တို့ပါရဲ့…

      AF ကိစ္စ ကတော့ … ၂၀၀ဝခုနှစ်ကျော်ပီး နောက်ပိုင်း ..ထွက်တဲ့ lens တွေ အားလုံးနီးပါး default အနေနဲ့ AF
      ဖြစ်ပါတယ်ဗျ … (ထည့်ရေးစရာမလိုလောက်အောင်ကို …default ဖြစ်လွန်းလို့ …ခေါင်းစီးမှာ ချမရေးထားတာပဲ ဖြစ်ပါလိမ့်မယ်..)
      အဲ .. မနှစ်ကမှ ပေါ်လာတဲ့ မော်တာ မပါတဲ့ lens (Sကိုရီးယား ဘရန်း.. ဆမ်ရန်းဂ် ကတော့ ..မန်နျူရယ် ဖိုးကပ်စ်ခည…)

      ပါဆင်နယ် အမြင်ကတော့ 18-55mm,55-300mm ပါတဲ့ kit ပါ …

      😀

  • ချစ်ရင်ထူး II

    July 5, 2012 at 8:54 am

    ဟုတ်ပါတယ် .. 18-200 ဆိုတော့ ဂျာနယ်လစ် တွေအတွက်ဆို ရှယ်ပေါ့ဗျာ .. Wide , Normal , Tele အကုန်လုံးပါတော့ ကောင်းတာပေါ့ဗျာ .. ဈေးတော့ များမလားပဲ..
    16 MP ဆိုတာက Mega Pixel ကိုပြောတာပါ.. Lens ကိုပြောတာ မဟုတ်ပါဘူး ..

  • မောင်ပေ

    July 5, 2012 at 9:23 am

    ဆြာတို့ရေ
    ဖတ်ရုံသာ ဖတ်နိုင်ပါ၏
    ပွားရန် မတတ်နိုင်ပါတကား

  • ခပ်မိုက်မိုက် ကောင်မလေး

    July 5, 2012 at 10:53 am

    အလင်းတံခါးက ပေးသောဓာတ်ပုံရသဆိုလို့ပါ…
    မိုက်လေး…ထင်တာက ပုံလေးတွေတင်ထားတယ်ပေါ့နော်….
    ဝင်ဖတ်ကြည့်လိုက်တော့…………………..
    ဘာမှနားလည်ဝူးးးးးးးးးးးးးးးးးးးးး
    ဟီးးးးးးးးးးးးးးးးးးးးး။။။။။။။။

  • ရဲစည်

    July 5, 2012 at 11:11 am

    သများလဲ ရူးနေပါတယ်ဆိုမှ အစဖော်ပေးနေတယ် 🙁
    ကအင်ဂျီး နဲ့ ချစ်ရင်ရူးရေ ……………
    ကျုပ်လဲ မယ်ရာလက်စ်နဲ့ အလုံးကြီးက ဈေးသိပ်မကွာလို့ အလုံးကြီးဘက် လှည့်ချင်နေကြောင်း
    D 3100 လေးချိန်ထားကြောင်း ပတ်ကေ့ချပ်မှာ 50mm တလုံးနဲ့ 18-55mm တလုံးပါလာကြောင်း
    မမိုးရီဂတော့ ၈ဂစ်ဖြစ်ကြောင်း အဲလာလေး ဘယ်လိုလုပ်ရပါ့…
    အော် တချို့တွေက f 3.5 နဲ့ f 1.8 ကွဲနေကြောင်း
    နားတော့မလည်ဘူးအေ စိတ်ဖောက်လာရင်တော့ တွေကရာ လုပ်တော့မှာ :mrgreen:

    • Mလုလင်

      July 5, 2012 at 2:26 pm

      ဆြာသမား .. ကျွန်တော် လဲ .. အဲ့ 1.8 prime lens ကို ရူးနေတာ ….. အသိစိတ် လေး မလွတ် သေးလို့ မဝယ်ဖြစ်သေးတာ ..။ F3.5 ထိဖွင့်မယ် ဆိုရင်တော့ ကျိန်းသေ wide နေပြီဗျို ့ … pixel နည်းရင် cropping လုပ်မှ ပုံ ဝါး တဲ့ ဘဝ ရောက်မယ်ဗျို ့ …..။

  • ချစ်ရင်ထူး II

    July 5, 2012 at 11:30 am

    aww ကိုရူးစီ ရယ် .. 3100 လည်း မဆိုးပါဘူး 2010 မှာ တော်တော်လေး ရောင်းအားကောင်းတဲ့ အထဲပါတယ်ဗျ ဈေးလည်း သက်သာတယ်လေ .. ခုလောလောဆယ်တော့ ကိုစိန်သော့ ဆိုရင် 3100 ကိုင်တယ်(ထင်တယ်) 5100 လောက် ကိုင်ဗျာ .. ကန်နွန်ဘက်ရော မလာချင်ဘူးလား .. 5D mark III ထွက်နေပြီလေ 3700000 လို့ပြောတယ် .. 100 ဖိုးသုံးလုံး မရလို့ ကျွန်တော်တော့ မဝယ်ဘူး

  • ရဲစည်

    July 5, 2012 at 1:43 pm


    အေး…. နင်တို့ အားကျပါပေ့ တရာဖိုး ၃လုံးမရလို့ မဝယ်ဘူးဆိုတော့
    နင်ပြောတဲ့ ဟာကြီးဝယ် အဲလာကြီး လည်ပင်းဆွဲ ဟိုကားကား ဒီကားကားနဲ့
    ပီးရင် ငါက တလလုံး ရေသောက်ပီး သွားကြားထိုးနေရမျာလား 🙁

  • ဆိုးပေ ကြီး

    July 5, 2012 at 9:23 pm

    ကင်မရာအကြောင့်တော့ တစ်ခုမှမသိဘူး ။ ဒါပေမယ့် ဗဟုသုတ အရမ်းရလို့ဖတ်သွားပါတယ် ။

Leave a Reply