ပြတင်းပေါက်ကြီး နံပါတ် ၈

woo warrJuly 5, 20122min1376

အခုပေါ်နေတဲ့ Windows 8 အကြောင်းပါ။Windows 8 ဟာ Microsoft ရဲ့ Generation အသစ်ဖြစ်ပါတယ်။ Latest Generation ပေါ့။ဒီ Windows အသစ်မှာ system-on-a-chip နည်းပညာ နဲ့ mobile ARM processors နည်းပညာ တွေကိုထောက်ပံ့ပေးနိုင်တယ်လို့ Microsoft ကကြေညာထားပါတယ်။

Windows 8 ဟာ Windows 7 ထက် Hardware Requirement နည်းပါတယ်။အောက်မှာလေ့လာကြည့်ပါ။

1 GHz or Higher 32bit or 64bit processor

1 GB RAM(for 32bit OS)or 2 GB RAM(for 64bit OS)

16 GB hard disk free space(for 32bit OS) or 20 GB hard disk space(for 64bit OS)

DirectX9 graphics device

Windows 8 ရဲ့အားသာချက်တွေကတော့ windows start up time နဲ့ Shut Down time မြန်သွားပါမယ်။Intelligent Destop ဖြစ်သွားပါတယ်။ဆိုလိုတာကတော့ ဥပမာ Game တစ်ခုဆော့ပြီး save ထားတယ်ဆိုရင် မြင်နေရတဲ့ လေးထောင့်ကွက်လေးတွေမှာ ကိုယ် ရောက်နေတဲ့ level ကို live ဖော်ပြပေးမှာဖြစ်ပါတယ်။

Log In ဝင်တဲ့ အခါမှာလည်း နည်း၃နည်းနဲ့ဝင်ရောက်လို့ရပါတယ်။face recognition , voice recognition နဲ့ figure print recognition တို့ဖြစ်ပါတယ်။user တွေနဲ့စိမ်းနေမှာက figure print recognition ဖြစ်ပါတယ်။figure print recognition ဆိုတာက ကိုယ်ပေးထားတဲ့ ပုံမှာ လမ်းကြောင်းလေးတွေ ဆွဲပေးရတာဖြစ်ပါတယ်။ pattern lock နဲ့သဘောတရားခြင်းတူတူပါပဲ။

128 bit processor ကိုလည်းထောက်ပံ့ပေးနိုင်ပါတယ်။အခု windows  7 ကတော့ 64 bit အထိပဲထောက်ပံ့ပေးပါတယ်။

အခု ဖလမ်းဖလမ်းထနေတဲ့ 3D ဆိုတာကြီးကိုပါ ထောက်ပံ့ပေးနိုင်ပါပြီ။

တစ်ကယ်မိုက်တာကတော့ 16 GB pen drive ပေါ်မှာ ကူးပြီး တခြား computer မှာ သွားထိုးလိုက်တာနဲ့ Windows 8 ကို အဲဒီ computer မှာသုံးလို့ရပါပြီ။ဒီ function ကတော့တော်တော်မိုက်ပါတယ်။

Internet Explorer 10 ပါဝင်လာပါပြီ။

ပြီးတော့ Windows 8 မှာ File System အသစ် “Protogon” ဆိုတာကိုသုံးထားပါတယ်။အခု သုံးနေတဲ့ File System တွေက NTFS,FAT,FAT32 တို့ဖြစ်ပါတယ်။

Reset function ပါဝင်လာပါတယ်။ကောင်ကောင် တွေ အကိုက်ခံရရင် ဒီ fuction ကအတော်လေးအထောက်အကူပေးပါတယ်။

အဓိကပြောင်းသွားတာကတော့ ဒါကြီးပါ။

 

 

 

 

 

 

 

Metro UI(Metro User Interface)လို့ခေါ်ပါတယ်။Windows 8 တက်လာတာနဲ့ ဒါကိုပဲအရင်မြင်ရမှာပါ။အခု တစ်ချို့ Window Phone တွေမှာမြင်ဘူးကြမှာပါ။ Windows 7 style နဲ့တခြားစီဖြစ်သွားပါပြီ။အရင် Windows 7 Destop အတို်င်း ပြန်ပြင်လို့ရပါတယ်။ကျွန်တော် ပြင်နည်းတွေနောက်မှ တင်ပေးပါမယ်။

နောက် function အသစ်ကတော့ copy ကူးတာအဆင့်မြင့်သွားပါတယ်။ကူးနေစဉ် pause လုပ်ထားလို့ရပါတယ်။Graph တွေနဲ့ပါပြပေးပါတယ်။

 

 

 

 

 

 

 

 

 

ဒီပုံအတိုင်းပါ…

 

ကိုယ့် computer ကိုလည်းနည်း၄နည်းနဲ့ ကာကွယ်နိုင်အောင်လုပ်ပေးထားပါတယ်။

Windows logon password

Windows picture password

Windows PIN password

Windows liveID password တို့ဖြစ်ပါတယ်။

Logon ကတော့အရင်အတို်င်းပါပဲ။ picture password ကတော့ကိုယ်ပေးထားတဲ့ user name နဲ့ ပုံ နဲ့မှန်အောင် ရွေးပြီးဝင်ရမှာပါ။PIN password ကတော့ ဂဏန်း၄လုံးပဲ ရိုက်ရမှာပါ။Windows liveID password ကတော့ အသစ်ပါ။သူက windowsliveID ဆိုတဲ့ site မှာ register လုပ်ပြီး account တစ်ခု ဖွင့်ထားရပါမယ်။ပြီးရင် ဘယ်နေရာ,ဘယ်computer ကမဆို Internet ရှိရင် ဒီ account နဲ့ ဝင်ပြီး ကိုယ့် computer ကိုလှမ်းသုံးလို့ရပါတယ်။ကိုယ်ဝင်သုံးမဲ့ computer ကိုတော့ power ဖွင့်ထားရပါမယ်။(ဒီ function က မြန်မာနိုင်ငံ connection နဲ့ဆိုရင်…အင်း…မပြောတော့ပါဘူးလေ။ :cry:)

ဒီ Windows က Touch Screen စနစ်နဲ့ဆိုရင် အရမ်းအဆင်ပြေပါတယ်တဲ့။ woowarr ကတော့ ကြွက်ကိုပဲ လည်ပင်းညှစ်ပြီး သုံးပါတယ်။

6 comments

  • အရီးခင်လတ်

    July 5, 2012 at 5:33 am

    ပြူတင်းပေါက်ကြီး ထဲ ကို ဝင်ငေး သွားပါတယ် ဝူးဝါး ရေ။
    ကျေးဇူးပါဘဲ။ 🙂

  • ကြောင်ဝတုတ်

    July 5, 2012 at 8:42 am

    ပြူတင်းပေါက် (၈) ကိုတစ်ချို့က ဒုတိယဗစ်(စ)တာလို့ ခန့်မှန်းနေကြပါတယ်…
    ကျွန်တော့်အမြင်လေးကိုထည့်ပြောရရင်ဖြင့် ပြူတင်းပေါက်(၈)ကို ဗားရှင်းနှစ်မျိုးနဲ့ထုတ်စေချင်တယ်ဗျ…
    ပြူတင်းပေါက်ရဲ့ ပုံမှန်အင်တာဖေ့(စ)က လက်နဲ့တို့ထိသုံးဖို့အတွက် သေးငယ်နေလို့ ပြူတင်းပေါက်(၈)မှာ အဲဒီအင်တာဖေ့(စ) ကို ပြင်ချလိုက်တာပါ…

    ကျွန်တော့်အမြင်တော့ အရင်ကတည်းကရှိပြီးသား ပြူတင်းပေါက်စီအီး မိုဘိုင်းတွေပေါ်မှာသုံးတဲ့
    ပြူတင်းပေါက်ကိုပဲ ပုံစံအသစ်နဲ့ပဲ အဆင့်မြှင့်စေလိုပါတယ်…
    ကွန်ပျူတာပေါ်မှာသုံးတဲ့ ပြူတင်းပေါက်ကိုတော့ဖြင့် ဒီအတိုင်းထားစေလိုတာကိုးဗျ… လက်ပကျွတ်တွေ၊ ဒက်စတွတ်တွေခေတ်ကုန်လို့ တက်ဘလက်တွေခေတ်မရောက်မချင်းဆိုပါတော့ဗျား…

    ပန်းသီးလဲဒီလိုပဲလေ… အိုအက်တန်းကို ဒီအတိုင်းထားပြီး၊ အိုင်အိုအက်ကိုတော့ဖြင့် သပ်သပ်လုပ်ခဲ့တာကိုး
    သို့ပေမယ့် အပျော့မြူကဆြာတွေက ကျုပ်ထက်တော့ အမြင်ရှိမယ်ထင်သကိုးဗျ…
    ကျုပ်ကတော့ ဖီလင်လာတဲ့အကြောင်းလေးပြောတာပါဗျာ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • Inz@ghi

      July 5, 2012 at 8:48 am

      ညင်းညင်း … အိုင်အီး တန်း ..က ၁ထု မဟုတ် ၂ထု ခည ..၂ထု …
      😀
      အိပ်ချ်ထှီအမ်အယ်လ် ဖိုက် ခေတ်မှာ သူငယ်ဂျင်း သုံးယောက်ရှိလေသည်ပေါ့ဗျာ..
      အိုဘယ့်
      ပန်းသီး-အပျော့-စက်ရုပ်…

  • ဟိန်း ဝင်း (ထားဝယ်သား)

    July 5, 2012 at 4:57 pm

    ပုံစံကလေးကတော့ စိတ်ဝင်စားစရာပဲ … စမ်းသုံးကြည့်အုံးမယ် …

Leave a Reply