ဂေဇက်ရွာကဘယ်တော့မှမထွက်ဘူး………..(စိတ်ပျော်သလောက် နေပါ့မယ် )

snow whiteJuly 5, 20121min32229

စာများကိုရှည်ရှည်ရေးပါ့ မယ်ရေးနိုင်အောင်လည်းကြိုးစားနေပါတယ် …. စနိုးစာဖတ်တာဝါသနာမပါဘူးနော်  ဒါပေမယ့် မန်းဂေဇက်ကိုရောက်လာပြီးတဲ့နောက်ပိုင်း  စာဖတ်တာနည်းနည်းဝါသနာ ပါလာတယ ်ကိုယ့်ကိုယ်တိုင်လည်း စာလေးတွေ ရေးတင်ချင်လာတယ် ကဗျာလေးတွေလည်းစပ်ချင်လာတယ်   စနိုးအပြင်ဗဟုသုတ အနေနဲ့ စိတ်ဝင်စားလာတယ်  စနိုးခုဆိုအလုပ်သွားအလုပ်ပြန်တောင် အပြင်လောက ဘာများတိုးတက်လာတာလည်း ဒီနားမှာဆိုင်လေးအသစ်တိုးလာပါလား အဲ့ဒါကစ လိုက်ကြည့်တက်လာတယ်  ဓာတ်ပုံရို်က်တက်ချင်တဲ့စိတ်လည်းဖြစ်လာတယ်    ဂေဇက်ထဲမှာဆို စနိုးအားကျတဲ့ အကိုအစ်မတွေ များကြီးရှိတယ် လေးလေးပေါက်  မအိတုံ မမမနောဖြူ   ကိုblack chaw မနေဝန်းနီ ကိုမှော်ဆရာ  ကိုတောက်တဲ့  မမ  ကိုမောင်ပေ  water-melonအန်တီနွယ်ပင် ကိုစိန်ဗိုက်ဗိုက်  များကြီးကျန်သေးတယ်ဒါတောင် နာမည်မမှတ်မိတော့လို့ မှတ်မိတဲ့နာမည်လေးတွေ တင်ပြလိုက်တာ   စနိုးတကယ်ကိုအားကျတယ် သူတို့တွေပုံလေးတွေတင်တာလည်းကောင်းတယ် စာတွေလည်းရေးသားကျတာကောင်းတယ်  စနိုးဂေဇက်စဝင်ထဲကသူတို့ ပို့စ်လေးတွေဖတ်တယ်မှတ်တယ်   စနိုး စကတော့ တစ်သိန်းအလကားနေရင်းရမှာဘဲလို့ပေါ့ပေါ့လေးတွေးတယ် တကယ့်ကိုအဲ့လိုတွေးပြီးဝင်လာတာ ဂေဇက်ရောက်ပြီး တစ်ပတ်လောက်လည်းကြာရော  ကိုယ့်ထက်တော်တဲ့သူတွေများသလိုကိုယ့်ထက် အပြင်ဗဟုသုတကြွယ်ဝတဲ့သူတွေလည်းများတယ်   စနိုးစကတော့ အလုပ်လုပ်ရင်း နဲ့အားရင် ဂေဇက်ထဲစာဝင်ဖတ်လိုက်   comment  လေးရေးလိုက်လုပ်တယ် နောက်ပိုင်းကျတော့သူများရေးတာ လေးတွေ ဖတ်ရင်းနဲ့ကိုယ့်ကိုယ်တိုင်လည်းရေးချင်စိတ်ပေါက်လာတယ် ဂေဇက်ကိုစဝင်တော့မမအိတုံရေးတဲ့စာလေးတွေဖတ်တယ် commentလေးတွေပေးတယ် မမမနောရေးတဲ့ကဗျာလေးတွေဖတ်တယ်ကူးတယ်  comment ပေးတယ် လေးလေးပေါက်ရိုက်ထားတဲ့ဓာတ်ပုံလေးတွေကြည့်တယ်  comment လေးတွေပေးတယ်  စနိးစာရေးတာ အရမ်းရှမ်းတယ်နော် ဝန်ခံတယ် တကယ်ကိုမှားတာ  ဒါပေမယ့်အမှန်ကို သိရတယ် ဂေဇက်မှာစတော်တဲ့သူလည်းများတယ ်ဝိုင်းဝန်းပြင်ပေးကျတယ်  ကဲအဲ့တော့အမှန်သိသွားတယ်  ဘယ်လောက် ကောင်းလည်း ဂေဇက်ရွာမှာကိုယ်ရဲ့ရင်တွင်းစကားလည်းရေးခွင့်ရတယ်  မိသားစုအကြောင်းလေးတွေလည်းရေးခွင့်ပေးထားတယ် အပြင်ဗဟုသုတလည်း  ရေးခွင့် ပေးတယ်  တကယ် ကောင်းတဲ့ ဂေဇက် ပါ စနိုးမရေးတက်လို့ တခါတလေ  စာတိုသွားတာ ရှိရင်လည်း  ခွင့်လွှတ်ပေးကျပါ    စနိုးရေးတင်တဲ့ ပို့စ်လေးတခုမှာ comment လေးတခုတက်တိုင်းအပျော်လေးတခုရသလိုပါဘဲ  ဒါကြောင့်အပျော်ကိုစာပေနဲ့ရှာလို့ရပါတယ်   စနိုးအတွေးနဲ့ပြောတာနော် စနိုး ခုဆို စနိုးရေးတင်တဲ့ပို့စ်လေးမှာcomment လေးတခုတက်တိုင်းကြွားရတာလည်းအမောဘဲ ငါ့ရေးတင်တဲ့ပိုစ်လေး comment  တခုတက်တယ်လို့ ပြောမိတာနဲ့ နောက်ကွယ် ကနေ  အတင်းတောင်ပြောခံရပါတယ ် ဒါပေမယ့်ဘယ်တေ့ာမှ ဂေဇက်ကမထွက်ဘူး ဘာလို့လည်းဆိုတော့အပြင်ဗဟုသုတလည်းရတယ်  စာပေဟောပြောပွဲတွေ ဘယ်မှာလုပ်တယ်ဆိုတာက အစ သိခွင့်ရတယ ်တိကျတဲ့သတင်းလည်း ဖတ်ခွင့်ရှိတယ် တယောက်နဲ့တယောက်စနောက် ကာ comment လေးတွေပေးတာလည်းတကယ်ကို   ပျော်ရွှင်မိတယ်  စနိုး တကယ်ကိုကျေးဇူးတင်ထိုက်သူတွေ ဂေဇက်ထဲမှာများကြီးပါဘဲ အကိုမတွေလည်း စနိုးကို ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကျပါလို့   စကားပြောမှားသွားတာ ရိုင်းမိသွားတာများရှိရင်  အပြစ်မမြင်ဘဲ အချစ်နဲ့မြင်ပေးပါလို့ ထိုပို့စ်လေးနဲ့ ရေးသားတင်ပြပေးလိုက်ပါတယ်………..

29 comments

  • blackchaw

    July 5, 2012 at 10:29 am

    ဒေါ်စနိုးရေ။
    မနေ့က ပြောလိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ။
    နည်းနည်းလေး အားထည့်ပြီးရေးဖို့ ပဲ အကြံပေးတဲ့ သဘောပါ။
    ဂေဇက်ရွာက ဘယ်တော့မှ ဘယ်သူ့ကိုမှ နှင်ထုတ်တာကို
    မတွေ့ဘူးခဲ့ပါ ဘူး ဗျာ။
    ဆက်ရေးဖို့ အားပေးပါတယ်။
    အဲအဲ ဒီတစ်ခုကတော့ နည်းနည်းလွဲနေတယ်ကွယ်။ ဟီး။
    မနေဝန်းနီ ဆိုတာပါပဲ။
    နေဝန်းနီ ဆိုတာ ကျားစစ်စစ်ကြီးပါဗျာ။
    နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး ထူးလဗျစ်ကြီးနဲ့
    အားကောင်းမောင်းသန် ယောက်ျားကြီးဗျ။

    • Khaing Khaing

      July 5, 2012 at 11:18 am

      လေးဘလက် နောက်ထပ်ပို့စ်သစ်တစ်ခုတက်တာမြင်ချင်လို့လား ……… ကိုနေကို မုတ်ဆိတ်မွှေး ထူလဗျစ်တွေဘာတွေ လာပြောနေတယ် ……. ကိုနေက သများရဲ့ ဦးဦး ……. အူးအူးကိုလာ မထိနဲ့ သများမကြိုက်ဘူး ………

  • water-melon

    July 5, 2012 at 10:41 am

    အန်တီစနိုးချင့်
    ဘယ်တော့မှမထွက်ပါနဲ့
    မထားခဲ့ပါနဲ့နော်
    ပျော်ရင်လည်းနေ
    မပျော်ရင်လည်းနေ
    အရမ်းခင်ဖို့ကောင်းတဲ့ ဂဇတ်ပါ အမစနိုးရေ
    ခင်တဲ့ ဖရဲ

  • ခပ်မိုက်မိုက် ကောင်မလေး

    July 5, 2012 at 10:46 am

    အရမ်းကောင်းပါတယ်..
    ပျော်သလိုသာနေပါတော့နော်….
    ပျော်သလောက်နေပါ…
    မန်းဂေဇက်…မှာ…….
    စာအရေးအသားနဲ့…….
    စာဖတ်ခြင်းတွေကို တိုးတက်စေပါတယ်…
    အင်းးးးးးးးရေးချင်စိတ်တွေလည်း…
    တကယ်ဖြစ်တယ်….
    စနိုးလည်း ဆက်လက်ကြိုးစားပါနော်…
    မိုက်လေး..လည်းအားပေးနေပါမယ်….။

  • Ma Ei

    July 5, 2012 at 11:07 am

    စနိုးရေ…
    ပျော်သလောက်နေပါနော်…
    နေရင်းနဲ့လဲ ပျော်လာမှာပါ…
    အားရင် စာလာဖတ်၊ စိတ်ဝင်စားရင် Comment ရေး…
    Post လေးတင် Comment လေးတွေရရင် ပျော်…
    ရွာမှာ နေတတ်ရင်
    ဗဟုသုတ လဲရ၊ အပျင်းလဲပြေ၊ ပညာလဲတိုး
    မိတ်ဆွေလဲများ…ဆိုတော့
    ဆက်နေပါနော်…..

  • snow white

    July 5, 2012 at 11:33 am

    ထွက်မယ်လို့မပြောပါဘူး ပျော်တယ်လို့ ပြောထားတယ်လေ အဲ့ဒါဘဲ နောက်နေကျတော့ စနိုးကအပြင်မှာတကယ်မမြင်ဘူး အကိုအမတွေ ကျားတွေလားမတွေလားလည်းမသိတော့ဘူး ဂေဇက် ကသူတွေ အကုန်ပန်းတနော်ကို သွားလှူတုန်းကလည်းစနိုးမလိုက်ရဘူး ဘယ်သူဘယ်ဝါဆိုတာ တကယ်ကောင်းကောင်းမသိဘူး နာမည်လေးတွေဘဲ သိလို့ ရေးပေးလိုက်တာပါ ပန်းတနော်သွားတုန်းကပုံလေးတွေ တင်ထားတာတွေ့လိုက်သေးတယ် ဒါပေမယ့်နောက်ပိုင်းပြန်ရှာတော့မတွေ့တော့ဘူး တကယ်မသိလို့မေးတာပါ ဘယ်လိုပြန်ရှာရမလဲလို့ ဘယ်သူတင်တဲ့ပို့စ်လည်းတောင်မသိတော့ဘူး ပုံလေးတွေတော့တွေ့လိုက်တယ် ပျော်ဖို့လည်းတော်တော်လေးကောင်းပါတယ် နောက်တခေါက်ကျရင်ရွာသူ/သားများတွေ့ဆုံပွဲကျရင် စနိုးကိုပါအောင်ခေါ်ကျပါနော် ကိုယ့်ရွာသူရွာသားတွေ စည်းစည်းလုံးလုံးနဲ့ ခင်ခင်မင်မင် တွေ့ချင်လို့ပါ။

    • MaMa

      July 6, 2012 at 6:23 pm

      စနိုးရေ-
      ရွာသူားတွေ တွေ့နိုင်ဖို့ အချိန်တွေ အကြာကြီး စောင့်စရာမလိုတော့ဘူးလေ။
      အခု တနင်္ဂနွေမှာ ရခိုင်ဒေသ အတွက် အလှူငွေပေးပွဲကို လာလိုက်ရင်
      ကိုယ့်ရွာသူားတွေ အများကြီးနဲ့ တွေ့ရဆုံရ ခင်မင်ရမှာ။ 🙂

  • စိန်ဗိုက်ဗိုက်

    July 5, 2012 at 11:41 am

    ထွက်ခဲ့ရင်လဲ ရထားတဲ့ပွိုင့်လေးတွေ ကျော့်ကို လွှဲပေးခဲ့ဦး..
    ဂိန်..

  • ရဲစည်

    July 5, 2012 at 12:42 pm

    ကျုပ်တို့လဲ အသစ် အသစ်ခြင်းမို့ ထိုခံစားချက်ရှိကြောင်း
    စပီးတင်တဲ့ ပို့စ်တုန်းကဆို ကိုယ်ကဖြင့် ၃ညအိပ် ၄ရက်လောက်(ဆက်တိုက်တော့ မဟုတ်)
    မနည်းကြိုးစားပမ်းစား ရေးတင်ထားတာကို တယောက်မှ လာမဖတ်လို့ စိတ်အကြီးအကျယ်
    ထိခိုက်ရပါတယ်။ အခုရေးတော့လဲ ဖတ်ကြပါဘူး 🙁 ဘာတွေရေးမှန်းမှ မသိတာကိုး 😀
    ဆိုတော့ ကြီးဒေါ်ရယ်..
    ခင်ညားကဖြင့် ကျုပ်ထက်သာပါတယ်

    ဒါပေမဲ့ ရွာနဲ့ အကျွမ်းတဝင် မဖြစ်ခင်မှာ အော်ဖာဗေးရှင်း ခေါ်မလား အဲလာလေးထား သည်းခံစေချင်တယ်
    မနေ့က ပို့စ်လေးဖတ်ရပါတယ် ခင်ညားလေး ရေးချင်တာနဲ့ ဆိုလိုချင်တာကို နားလည်ပေးပါတယ်……….။
    ဒါပေသိဗျာ ကျုပ်တို့ရဲ့ ချစ်ကိုကြီးကိုမှ တီးရက်လေတယ်အေ ရက်ရက်စက်စက်
    ခင်ညားက ပြောချင်တာပြောပလိုက်ပေမဲ့ (လူငယ်ကိုး) ကျုပ်တို့လူကြီးခင်မျာ မနက်စောစောစီးစီး ထိပ်ဆုံးမှာ
    လာတောင် လေပြေထိုးရတဲ့ အဖြစ် အော် အနိစ္စ….. အနိစ္စ 🙁

    ကျုပ်သိရသလောက်တော့ အဲလူကြီးက တော်ယုံတန်ယုံ ဝင်မပြောဘူးဗျ
    သူ့ဘက်က အဲလိုပြောလို့ လူဘက်လိုက်တယ်တော့ မထင်နဲ့ ကျုပ်တို့သူ့ကို
    ခင်တာ ချစ်တာ သူရဲ့ မဲမဲတုန်းရုပ်ကြီးမဟုတ်ဘူး :mrgreen: (နာတော့ အခြေအနေကောင်းဝူး)
    သူရဲ့ ကျုပ်တို့ရွာအပေါ် ထားတဲ့ စေတနာနဲ့ သူရဲ့ဖန်တီးမှုကို လေးစားတာ ချစ်တာဗျ ………….

    အပြင်မှာ နေတိုးနဲ့ ဝီလီစမစ် စပ်ထားလို့ ဘယ်လောက်ချောနေပါစေ
    အပြင်မှာ ၁ဝဘွဲ့ရပီး ဘာသာ ၁ဝမျိုးတတ်နေပါစေ
    အပြင်မှာ ကုန်ပနီ ၁ဝခုထောင်ထားပီး ဘီလ်ဂိတ်နီးနီး ချမ်းသာပါစေ
    ရွာထဲမှာ လာပီးစာဝင်ရေးတော့ ဖေ့ဘွတ်တို့ ရွှေသွေးတို့ ဟိုနေရာဒီနေရာ ကူးတင်နေတာ
    စာရေးပီးတင်ယုံ ပစ်စလက်ခတ် လုပ်လာတာမျိုးကတော့ လုံးဝလက်မခံပါ 👿

    ဆိုတော့ ကြီးဒေါ်ရေ
    အခုတောင် ကြီးဒေါ် အရေးအသားက ဒေါသသံ မကင်းသေးဘူး ခင်ည 🙁
    ရေးမကူးတတ်လို့ ရေကူးရင်းနဲ့ သင်တယ်ဆိုတဲ့ တဆင့်မြှင့် သဘောတရားကို နားလည်ပေးပါတယ်
    စာဖတ်တာ စိတ်မဝင်စားဘဲ စားရေးရင်းနဲ့ သင်တာကတော့ နည်းနည်း လှစ်ဟာမှုရှိကြောင်း တင်ပြပါရစေ
    မှန်ပါတယ် ခင်ည
    ကြီးဒေါ်ကို ဘယ်သူမှ ရွာထဲက ထုတ်လို့မရပါ
    သို့ပေသိ ဒီမိုရွာ ဖြစ်တဲ့အတွက်ကြောင့် ဆန္ဒပြလို့တော့ (ကြီးဒေါ်ပို့စ်တွေကို) ရကြောင်း ထပ်မံတင်ပြပါရစေ

    နောက်တချက်က စီမံချက်ကာလမို့ စည်းကမ်းနဲ့ အရည်အသွေးပိုုင်း အားလုံးတွန်းတွန်းတိုက်တိုက် သွားနေချိန်မှာ
    လက်တဆစ် မာနလေးကို ခဏသိမ်း၍………………………………………………………………………….. 🙁

    ခွင့်သာခိုက်မှ မလိုက်ချင်လျှင်

  • ရဲစည်

    July 5, 2012 at 12:46 pm

    ဒီလောက် သေချာရေးနေတဲ့ ကြားက မှားသွားသေးတယ်
    * အော်ဇာဗေးရှင်းလို့ ပြောင်းဖတ်ပါရန် (ဒါတောင် အသံထွက်က မှားနိူင်သေးတယ် 😀 )
    *လက်တဆစ် ( ဟို ပီအိပ်ချ်ရှ် ကဲ ဆေး မဟုတ်ကြောင်း )

    • စိန်ဗိုက်ဗိုက်

      July 5, 2012 at 12:51 pm

      အဲဒါကြောင့်ပေါပါတယ်..
      အူးမပြေသေးရင်လဲ အိပ်နေပါဦးလို ့..
      ဂိန်..

  • blackchaw

    July 5, 2012 at 12:49 pm

    အေးပေါ့ အေးပေါ့ အေးပေါ့ အေးပေါ့ … ။
    နင်ပြောမှပဲ
    ငါ့ ရုပ်ကြီး ငါပြန်ရွံနေမိတယ် ကွယ်…။
    အော်
    သောက်စား ညီအစ်ကိုတွေမို့ ခွင့်လွှတ်ပါတယ် ကွယ်…။
    :mrgreen:
    လေပြေထိုးတာ မဟုတ်ရပါဘူး စည်စည်ရယ်။
    အသစ်ကလေးဆိုတော့ စိတ်ထိခယက်သွားရှာမှာပဲ ဆိုတဲ့
    ကိုယ်ချင်းစာစိတ်လေးနဲ့ပါ။
    ငါလည်း အသစ်ဘဝတုန်းက ခံခဲ့ရတာပါပဲကွယ်…။
    :mrgreen:

  • Shwe Tike Soe

    July 5, 2012 at 1:34 pm

    ဘာမှစိတ်ထဲမထားပါနဲ. မနှင်းဖြူလေးရေ…ဒီလိုပါပဲ…ရွာထဲကို ကျွန်တော်တို.စဝင်တုန်းကလဲ အဲလိုပို.စ်တင်ချင်တဲ့ဟာ ကိုယ်ပို.စ်လေးကို ဘယ်သူက အရေးတယူဖတ်ပေးမလဲ ဆိုတဲ့ဟာ တစ်ခါတလေ ကိုယ်နစ်နိမ်းလေးကို ထည့်ရေးရင် ပျော်လို.မဆုံး တွေ.တဲ့သူအကုန်လိုက်ပြော လိုက်ပြ လုပ်နေတာလေ….အခုထိလဲ အဲလို ဖြစ်နေတုံးပါပဲ မနှင်းဖြူလေးရယ်….
    ဒါကြောင့်…ဘာမှမဟုတ်တဲ့အကြောင်းအရာတစ်ခုကို ကိုယ့်ဉာဏ်လေးနဲ. ကွန်.ပီး လူစိတ်ဝင်စားအောင်ရေးတတ်အောင် လေ့ကျင့်ပေါ့ ဥပမာ လစာဘယ်တော့တိုးမှာလဲ ဆိုတဲ့ အကြောင်းမျိုးဆိုရင်…ကိုယ်ရုံးမှာ ဘယ်လိုလုပ်ရတယ် ဘယ်လောက် ပင်ပန်းလဲ ဘာအခက်အခဲတွေရှိလဲ..အဲဒါကို လစာကတော့ ဘယ်လောက် ကုန်ဈေးနှုန်းကဖြင့် ဒီလောက် ဒါဆို ဘယ်လောက်ရသင့်လဲ……..အဲအဲ အဲလိုမျိုးလေးတွေပေါ့ ကွန်.ပီး ရေးရင်ဖြစ်တာပဲလေ….

    မနှင်းဖြူလေးရေ အဲလို ရေးတတ်ချင်ရင်တော့ ဟိုးအပေါ်က ပြောတုန်းကပြောပီး အခုမှ လာချော့တဲ့ ဥူးလေးကြီးဆီ သင်တန်းတက် …….. သူက အဲဒီလို အညွန်.အကွန်.သိပ်တော်တာ……ဟီးဟီးဟီး

  • snow white

    July 5, 2012 at 1:49 pm

    ကိုShwe Tike Soe ကျေးဇူးတင်ပါတယ် နော် မှတ်သားထားပါ့မယ် စနိုး ဂေဇက်ကို သဘောကျ တာအဲ့ဒါလေးတွေ တယောက်နဲ့တယောက်အပြစ်လေးတွေမြင် ကျ ပြီးရင် အမှားလေးတွေထောက်ပြကျ အမှန်ပြင်ပေးကျ မန်းဂေဇက် ရွာအတွင်း ရှိသူများအားလုံးကိုကျေးဇူးတင်တယ်မနေ့ကဆို စနိုးတကယ်ကို ဂေဇက် ကိုလုံးဝမသုံးတော့ဘူးလို့ စိတ်ကတွေးလိုက်မိတယ် ဒါပေမယ့်အကျိုးမရှိဘူးလေ ကိုယ်သာမသုံးရင် ကိုယ့်ဘဲ မလေ့လာဖြစ်ဘူး ကောင်းတယ် ဒါကြောင့် ဂေဇက်ကဘယ်တော့မှမထွက်ဘူး ကိုယ်မရေးတက်သေးဘူး ဘာမှမလုပ်တက်သေးဘူး ဆိုသူများဘယ်လိုလေးတွေရေးတယ် သူများဘယ်လိုလေးတွေ တွေးသလဲ ဘယ်လိုလေးတွေ ဓာတ်ပုံရိုက်တင်တယ် သတင်းလေးတွေ ကျန်းမာရေးတွေ ဘယ်လိုတင်တယ်ဆိုတာ လေ့လာလိုက်ပါအုံးမယ် နားလည် သည်းခံပေးပြီးလာရောက်ဖတ်ပေးတဲ့ သူများကိုလည်းကျေးဇူးတင်ပါတယ်။။။

    • Inz@ghi

      July 5, 2012 at 1:53 pm

      လိမ္မာစမ်းပါ သမီးရယ်…
      လိမ္မာစမ်းပါ သမီးရဲ့ …

      အန်တီ မနေ့က ပြောတဲ့ အောက်ကမြင် ကိစ္စလေး လည်း ပြင်ဦးနော..
      Shift+Y or Shift+U ကွဲ့..

      😀

  • kyeemite

    July 5, 2012 at 2:23 pm

    ဝမ်းသာပါ၏…ဒါနဲ့..မနေဝန်းနီ တစ်ယောက်လဲ
    ပျောက်နေတယ်..နေလို့မှကောင်းရဲ့လားမသိ…
    ဒေါ်စနိုးရေ…

    ဒါကြောင့်အပျော်ကိုစာပေနဲ့ရှာလို့ရပါတယ်

    အဲဒါအမှန်ပါ…အန္တရာယ်လဲကင်းတဲ့အပျော်…ဗဟုသုတလဲရတဲ့အပျော်…
    ကိုယ်တိုင်လဲ အရည်အချင်းတွေတက်လာစေတဲ့အပျော်အစစ်ပါ..ဆက်ပျော်နိုင်ပါစေလို့..
    ခင်တဲ့..ကြီးမိုက်။

  • နှင်းဆီ ငုံ

    July 5, 2012 at 2:25 pm

    ရွာလေးထဲကို ရောက်တာမကြာသေးပေမယ့် ရွာသူရွာသားတွေ ချစ်ချစ်ခင်ခင်ရှိနေကြတာတွေ့ရတော့ အရမ်းဝမ်းသာမိပါတယ်။ တစ်ယောက်ကိုတစ်ယောက် ဝေဖန် ထောက်ပြကြတယ်ဆိုတာလည်း အပြစ်မြင်လို့မဟုတ်ပဲ ခင်မင်ရင်းနှီးလွန်းလို့ လို့ထင်ပါတယ်။ အူးဘလက်က စနိုးကို ဆန်ရင်းမို့ နာနာဖွပ်တဲ့သဘောပေါ့နော်။ ဘာပဲပြောပြော စနိုးရေ ဒီရွာလေးက အရမ်းပျော်စရာကောင်းလို့ ထွက်ဖို့ ဘယ်သူမှတွေးကြမှာ မဟုတ်ပါဘူးနော်။ စနိုးလည်း အမြဲပျော်ရွှင်နိုင်ပါစေလို့ ။

  • manawphyulay

    July 5, 2012 at 3:50 pm

    ရွာထဲမှာ နေရင် အချင်းချင်း အရင်ဆုံး နားလည်မှု ပေးတတ်ရမယ်။ တစ်ဦးနဲ့ တစ်ဦး ဗွေမယူရဘူး။ သည်းခံရမယ်။ နောက် စည်းလုံးရမယ်။ စနိုးလေး ဒါလေးတွေ သိထားရမယ်နော်။ 😛
    အလကားစတာပါ ညီမလေးရယ်။ ဒီလိုနဲ့ ရွာကြီးတစ်ရွာမှာ ရွာသူရွာသားတွေ အများကြီးရှိတဲ့နေရာမှာ ပျော်ရွှင်မှု ပေးသလို တစ်ခါတလေ စိတ်ခုစရာလေးတွေလည်း ပေးတတ်ကြပါတယ်။ ဒီအခါကျရင် နားလည်မှုပေးနိုင်ရမယ်နော်။ နောက် စာရိုက်ရင်း လက်ကွက်ကျင့်သလို စာလုံးပေါင်းသတ်ပုံလေးတွေလည်း တဖြည်းဖြည်း မှန်သွားမှာပါ။ စိတ်လည်း မညစ်နဲ့ စိတ်ဓာတ်လည်းမကျနဲ့။ အားလုံးက သုညက စကြတာချင်း အတူတူပါပဲ။ ခြေလှမ်းပေါင်းများစွာအတွက် ခြေလှမ်းတစ်လှမ်း စလှမ်းဖို့တော့ လိုတာပေါ့နော်။ ပျော်ရွှင်စွာ ရွာထဲမှာ နေနိုင်ပါစေ….
    တစ်ခုတော့ မနော အမှတ်တရ စကားပေးလိုက်မယ်။ ပျော်ရွှင်မှုဆိုတာ အမြဲတမ်းကြီး ရှိမနေသလို စိတ်ညစ်မှုတွေဟာလည်း ကြာရှည် မတည်မြဲဘူးဆိုတာပါပဲ။ 🙂

  • မောင်ပေ

    July 5, 2012 at 3:58 pm

    snow white ခင်ဗျာ
    ကိုဘလက်ချောပြောသလိုပါဘဲ
    ပိုစ့်တစ်ခုကို စာလုံးရေ ၆၀ဝလောက်ရေးရင်
    ဘာအကြောင်းဘဲဖြစ်ဖြစ်
    ဖတ်ရတဲ့သူတွေအတွက် အားရပါတယ်
    ကျုပ်ဆို ဝင်ကာစတုန်းက စာလုံးရေ၁၅၀ဝပြည့်အောင် ကြိုးစားခဲ့ဖူးပါတယ် မလွယ်ပါဘူး
    နောက်ပြီး ဖတ်မယ့်လူလဲငြီးငွေ့စရာပါ အကြောင်းအရာက မလန်းခဲ့ရင်
    ဆိုတော့ဗျာ
    ဂေဇက်မှာ ပျော်ပါ
    တစ်ကယ် စွဲလန်းစရာ ဝက်ဆိုက်ကြီးပါ

    ကိုယ်တိုင်လဲ ဂေဇက်ကို လာတဲ့သူတွေအတွက် အကောင်းဆုံးဖြစ်အောင် ရေးပြကြပါစို့

  • အဖော်တစ်ယောက်တိုးပြီ။
    ဂေဇက်က ထွက်မယ်ဆိုသူတိုင်းကို အပြင်မှာ ဖုန်းတစ်လုံးနဲ့မထွက်ဘို့
    တားခဲ့ရတဲ့သူပေါင်းများလှပေါ့။
    နောက်တော့လဲရွာထဲမှာပြန်ပျော်သွားတာပါဘဲ။
    ရွာထဲဝင်လာတာရဲ့ အဓိကအချက်က ကိုယ်ခံစားချက် အသိပညာတွေမျှပေးလိုတယ်။
    အဲတော့စာရေးတယ်။
    ကိုယ်က ဗဟုသုတရလိုတော့ သူများရေးတာတွေလိုက်ဖတ်
    မိတ်ဆွေတိုးချင်တော့ကော်မင့်ပေးပေါ့
    ကျနော်ကတော့ ဒီလောက်လွတ်လွတ်လပ်လပ်နေရမှထွက်စရာအောကာင်းမမြင်ဘူးလို့ထင်ပါတယ်။
    ဟုတ်တယ်ဟုတ်………………………………..

  • surmi

    July 5, 2012 at 4:24 pm

    ဘယ်လက်ဝှေ ့သမားမှဒဏ်ရာမကင်းဘူး
    ဒီလိုဘဲ ကွန်မန် ့တွေနဲ ့ လမ်းကြောင်းချပေးတတ်တာဘဲ
    စာအစုံဖတ်ဖို ့တော ့ အကြံပေးချင်တယ်
    တစ်နေ ့နားလည်သွားမှာပါ။ ဦးဘလက်ဆိုတာ ကျုပ်ကို ဆွဲခေါ်ထားတဲ ့သူတွေထဲကတစ်ယောက်ပေါ ့

  • ဝမ်းတွင်းရူး

    July 5, 2012 at 6:19 pm

    ကျနော့် သဘော ကတော့ ကြိုးစားပြီး ဆက်ရေးဖို ့
    တိုက်တွန်းပါရစေဗျား

  • မိုး မင်းသား

    July 5, 2012 at 6:42 pm

    စနိူးလေးရေ….fighting,…….ကြိုးစားထားနော်………..

    ရွာထဲမှာရှိတဲ ့သူတွေက…..နည်းနည်းနောနောမဟုတ်ဘူးနော်……

    အများကြီးမှတကယ် ့ကိုအများကြီးပဲ…….

  • အလင်းဆက်

    July 5, 2012 at 7:24 pm

    စနိုးရေ.. လိမ္မာ လာပြီ….နော် ။
    အဲဒီလို လေး နေပါကွယ်..။
    အဟိ ။

  • padonmar

    July 5, 2012 at 8:53 pm

    မနှင်းဖြူရေ
    ပို့စ်ကို မတင်ခင် တစ်ခေါက်လောက်ပြန်ဖတ်ပြီး သတ်ပုံလေးပြင် စာချောအောင်ပြန်ရိုက်ဆိုရင်
    ခွန်အားရှိသောစာ ဖြစ်လာပါလိမ့်မယ်။
    ကိုယ့်ရဲ့ မြန်မာစာ အရေးအသားလည်း တိုးတက်လာမှာပေါ့နော်။
    လူတိုင်းဟာ တစ်ကစခဲ့ရတာချည်းပါဘဲ။အားမငယ်ပါနဲ့။

  • htoosan

    July 5, 2012 at 9:37 pm

    မေဖလားဝါရေ .. မနှင်းဖြူကို အားလုံးပြောကြသလိုပါဘဲ . မေဖလားဝါးလည်း ဖတ်ရုံသာ ဆိုတာ မလုပ်ပါနဲ့။ မန့်ပါ ရေးပါ ဗျို့။
    မေဖလားဝါး ဖတ်မိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

  • ညလေး

    July 6, 2012 at 5:31 pm

    စနိုးလေးရယ်အားပေးနေပါတယ်နော်……
    ညလေးတို.တော့စာအရေးအသားညံ.တဲ့အထဲကဆိုရင်+1
    နေရာကပေါ့…..အဟိဟိမန်.တဲ့နေရာမှာတော့……10
    ပေါ့နော်.ကောင်းကောင်းမကောင်းကောင်း….+10ရမှာလေ…
    စာရေးတာဝါသနာပါပေမယ်….စကားလုံးလှလှလေးတွေမရွှေးတတ်လို.အခက်ကြုံတယ်…..
    စနိုးရယ်…….အားပေးနေမယ်နော်

    • snow white

      July 9, 2012 at 4:08 pm

      ကျေးဇူးတင်ပါတယ် တကယ်ကိုကျေးဇူးတင်တာပါ အားပေးသူအပေါင်းကို စနိုးကိုအဲ့လိုအားပေးမှုတွေ ရှိမှ စာဆက်ရေးချင်စိတ်လည်းဖြစ်လာတယ် စာလုံးပေါင်းလည်းမှန်အောင် ရေးနေပါတယ် စာများလည်းရှည်လာအောင်ရေးတက်အောင်အကျင့် ဖြစ်အောင်ရေးနေပါတယ် ။။။

Leave a Reply