စိတ်ထိခိုက်ရတဲ့ ဘော

ムラカミJuly 5, 20122min23332

ဘယ့်နှယ့် ..

မြန်မာအသင်း ..ဘောပွဲနိုင်လို့ ဝမ်းသာရမလား အောက်မေ့ပါတယ်…

စိတ်ထိခိယက်ရတယ်…အဟုတ်… ငိုပြန်ရင်လည်း မောင်ဂီ့ အလွန်ဖြစ်ဦးမယ်….

အောက်က ပုံ သာ ကြည့်ပါတော့ ပိတ်သတ်ကြီးရယ်…

ပီးမှ တူတူ ငိုပွဲဆင်ကြတာပေါ့နော ….

 

 

အနှီ ပိုစ့်မှာ ရေးထားတဲ့ စာကတော့ ဟောဒလိုပါ..

 

<blockquote>

ကောင်းရော.. လိမ်ရင်လည်း ပိရိအောင် မလိမ်ဘူး.. site လုပ်တဲ့ကောင်ကလည်း တစ်ကမာ္ဘလုံးက ဖတ်လို့ရတဲ့ အင်္ဂလိပ်လိုကျတော့ update

မလုပ်ထားဘူး.. မလေးကောင်တွေ ဘယ်ကနေ ဘယ်လို တွေ့သွားလဲ မသိဘူး.. ဒါကြီး လာပြပြီး မရှက်ဖူးလားဆိုတဲ့ အထာကြီးတွေနဲ့.. :/

 

</blockquote>

 

ဘယ်သူ လုပ်ထားတာလဲ မသိပေမယ့် ..ကျနော် ဆွဲချလာတဲ့ နေရာကိုပဲ ခရက်ဒစ် ပေးလိုက်ပါတယ်…

https://www.facebook.com/photo.php?fbid=466222663390532&set=p.466222663390532&type=1&theater

 

သည်နေရာမှာ နည်းနည်း ဝင်ပြောချင်တာက …မလေးနည်းပြ … ဟော ဒလို ပြောထားတယ် ဆိုတာလေးပါ..

ဆဲဗင်းဒေး ကနေဆွဲချလာတာ ..

 

<blockquote>

အာရှယူ-၂၂ ပြိုင်ပွဲဝင်အသင်းများ၌ အသက်ကျော်အားကစားသမားများ မပါဝင်ရန် မျှော်လင့်ကြောင်း

မလေးရှားအသင်းနည်းပြ အွန်ကင်ဆွီးက မလေးရှား-မြန်မာပွဲအပြီးပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်

ပြောကြားသည်။

 

“ပြိုင်ပွဲဝင်အသင်းတွေမှာ အသက်ကျော်ကစားသမားတွေ မပါဝင်ဖို့မျှော်လင့်ပါတယ်။ ပါခဲ့မယ်ဆိုရင်တော့

ဒီပြိုင်ပွဲအတွက် ပူပန်မိတယ်။ ဒီပွဲစဉ်မှာ မြန်မာအားကစားသမား တော်တော်များများ အရမ်းကောင်းပါတယ်။

ဒါပေမယ့် သက်ကြီးကစားသမားတွေ ပါတယ်လို့(ကျွန်တော်သေချာမသိပေမယ့်) ကြားနေရပါတယ်”ဟု

မလေးရှားအသင်းနည်းပြက ပြောကြားသွားခဲ့သည်။

 

၎င်း၏ မလေးရှားအသင်းတွင် အသက်ကျော်သည့် အားကစားသမားရှိသည်ဆိုပါက ဆွဲထုတ်ပြရန်နှင့်

မလေးရှား ယူ-၂၂အသင်းတွင် ၁၆နှစ်အရွယ်ကစားသမားတစ်ဦးပင်ပါဝင်ကြောင်း ယင်းက

ပြောကြားသွားခဲ့သည်။

 

</blockquote>

 

 

https://www.facebook.com/notes/7day-news-journal/%E1%81%BF%E1%80%95%E1%80%AD%E1%80%B3%E1%80%84%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%81%80%E1%80%84%E1%80%B9%E1%80%A1%E1%80%9E%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%9E%E1%80%80%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%99%E1%80%95%E1%80%AB%E1%81%80%E1%80%84%E1%80%B9%E1%80%9B%E1%80%94%E1%80%B9-%E1%80%B1%E1%80%99%E1%80%BD%E1%80%BA%E1%80%AC%E1%80%B9%E1%80%9C%E1%80%84%E1%80%B7%E1%80%B9%E1%80%9F%E1%80%AF-%E1%80%99%E1%80%B1%E1%80%9C%E1%80%B8%E1%80%9B%E1%80%BD%E1%80%AC%E1%80%B8%E1%80%94%E1%80%8A/468977216465428

 

ကောင်းကြသေးရဲ့လားဗျာ …

အနှီ နေရာတွေမှာ ..ပိုးဇိုးပက်စက် ဆဲထားတာလေးတွေ တွေ့လို့ …ပိုပြီးတောင် ..စိတ်ထိခိယက်ရပါသေးတယ်..

တခုလေးပါ …လူမျိုး ဒါမှမဟုတ် ..ကိုးကွယ်ရာ ဘာသာ အစွဲ လေး တွေ ခန ဖြုတ်ပြီး … တွေးကြည့်ပေးပါ…

ကျုပ်တို့ အသင်း ကိုသာ သည်လို အသက်လိမ် ထားတဲ့ အသင်းက အနိုင်ယူ သွားရင် … ကျုပ်တို့ လည်း သူတို့ ပြောသလို ပြောဖြစ်

လုပ်ဖြစ်လိမ့်မယ် ဆိုတာ …မမေ့စကောင်းဘူး ထင်ပါရဲ့…

 

အလွန်အင်မတန် အကောင်းမြင်တတ်တဲ့ အုပ်ကထ ကြီးကတော့ ဟောသည့်မှာ ဟောသလို ပြောသွားလေရဲ့ဗျာ. ..

မသိတာ လား .. မသိချင်ထောင်ထောင်တာလား ..သိသိကြီးနဲ့ လုပ်တာလား တော့ မပြောတတ်

 

<blockquote>

 

မြန်မာလူငယ် အသင်း ခြေစစ်ပွဲ အောင်မြင်ခဲ့၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌမှ ပွဲပြီးပြီးချင်း ဆီဒိုးနား ဟိုတယ်တွင် ဂုဏ်ပြုညစာ စားပွဲတစ်ရပ်

ချက်ချင်း စီစဉ်ပြုလုပ် ပေးခဲ့သည်။ ထိုညစာ စားပွဲတွင် ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် အသင်းအား အမေရိကန် ဒေါ်လာ ၂သိန်း ဆုချနိုင်ရန် အတွက်

မိမိတာဝန်ယူကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

 

</blockquote>

 

 

http://soccermyanmar.com/index.php?option=com_content&view=article&id=15764:2012-07-03-18-49-

03&catid=102:others&Itemid=95

 

အော်.. ချီးမြှောက်တဲ့သဘော…

ဆိုတော့ .. ဘာဖြစ်လာမလဲ ..??????

သည်ဘဲတွေ AFC ကို တိုင်ထားတယ်လည်း ကြားရဲ့ … သိပ်လည်း စိတ်မပူပါနဲ့

AFC ဆိုတာ .. ကွာလာလမ်ပူ မှာ ရှိတာ ဖြစ်ပြီး General Secretary ဖြစ်တဲ့ Alex Soosay ဟာ သူတို့ လူမျိုးပါတဲ့…

http://en.wikipedia.org/wiki/Asian_Football_Confederation

ဘာဆက်ဖြစ်မယ်တော့ မသိဘူးဗျာ..

စိတ်ပျက်မိတာတော့ အမှန်ပဲ …

 

ကိုယ့်အသင်း နိုင်တာတော့ ပျော်တာပေါ့ဗျာ …

ကျနော်တို့ အားလုံး အတူတူပါပဲ … အဲ ..တခုလေးပဲ….

အလွန်အင်မတန် … လက်ခမောင်းတွေ ခတ် ..အာရှကျားတွေ

ပြန်လာပြီ အော်လိုအော် …ဒါ့ပုံတွေရှဲ …(သည်လောက်ထိ ..ရသေးရဲ့နော..)

ဆဲတာ ဆိုတာတွေ …ပါလာ တော့ … စိတ်ပျက်ရတယ်ဗျ …

ေ-ာက် – ု-ား တွေ ..သေချင်လို့ လားတို့ … ရှုံးမှ ..ထ ပြောတယ်တို့

လုပ်တာတော့ နည်းနည်း ကလေး ဆန်တယ်ထင်တာပဲ …

ဒီသတင်းသာ အမှန် ဆိုရင် (ကာယကံရှင်တွေ ပိုသိပါတယ်လေ..)

ကိုယ်က စ မဟုတ်တာ လုပ်ခဲ့တာ ကိုး …

ပွင့်လင်းမြင်သာ မှု ရှိရမယ်.. ရိုးသားရမယ်ဆို …

ဒီ .. ခေတ် ရောက်ပြီဆို …နည်းနည်းတော့ လွဲတယ်ထင်တာပဲ ..

ဘောလုံး အဆင့်အတန်း မြင့်လာပြီ .. ဦးမော့လာပြီ ..ပြောကြလို့ပါ…

သည်လို အင်ဂုလိ ဦးမော့တာတော့ …မလိုချင်ဘူးဗျာ ..

ကိုယ်ကလည်း မညာစေချင်သလို ကိုယ်တိုင် အညာလည်း မခံချင်းဘူး ..
ဒီအချိန်မှာ တော့ ဆုတောင်းတာပဲ တတ်နိုင်ပါတယ်…

– ဒီကိစ္စ အမှန် မဖြစ်ပါစေနဲ့ … (အနှီ ကစားသမားကတော့ ..MNL မစခင် အဲဇလုံ အသင်းမှာ

ကန်ဖူးတဲ့ မှတ်တမ်းတော့ ရှိရဲ့ဗျ … ၁၅နှစ်သား နဲ့ နုထွားကြီး ဆိုရင်တော့ မပြောတတ်…)

 

– အမှန်ဖြစ်တယ်ဆိုလည်း ..ဟိုဘဲတွေ ကျယ်ကျယ် လောင်လောင် မလုပ်ပါစေနဲ့..

– သူတို့လည်း အကောင်းဆုံး အုပ်စု တတိယအနေနဲ့ ခြေစစ်ပွဲအောင်ပြီး ထားလိုက်ပါတော့ကွာ
ဆိုပီး လျှော်သွားပါစေ ….။

 

အင်း …

ဆုတောင်းတာတောင် …ကွန်ဒစ်ရှင် စစ် ပြီး ဆုတောင်းနေရတော့ ..သိပ်တော့ ခံစားလို့ မကောင်းတာအမှန်…

ပြောရရင် ဒေသတွင်း ဘောလုံးအသင်းတွေ အတွက်

အသက်လိမ်တာ ..အသက်ကျော် ကစားသမား (အနည်း အများ)

ထည့်သွင်း တတ်တာ အဆန်းတော့ မဟုတ်တော့ပါဘူး ….

ရေရှည်မှာ ဘယ်လို မှ ကောင်းမယ် လို့ မထင်ဘူး ….

နောက်တခုက ဒေသတွင်း ပြိုင်ဘက်တွေ ကို နိုင်လို့ ပျော်တာတော့ ပျော်ကြတာပေါ့ဗျာ..

ကိုယ့်ထက် ဆယ်စုနှစ် ၁ခု ဒါမှမဟုတ် ၂ခု လောက် စောပီး ပရိုလိဂ် ကန်လာတဲ့

တိုင်းပြည်တွေ ဆိုတော့ ရှုံးရင် မဆန်းသလို ရှက်စရာလို့ သိပ်မမြင်မိတာ အမှန်ပါပဲ..

အဲ ..တခုလေး … (မမှန်မကန် နည်းနဲ့) နိုင်တာသာ ရှက်ဖို့ကောင်းတာ …

ကျုပ်တို့တွေ ပရိုလိဂ် စတာ ..ဘယ်နှနှစ်ရှိသေးလို့တုန်းဗျာ ..လိုအပ်နေသေးတဲ့

အုတ်မြစ်တွေ အများကြီးမှ အများကြီး ……

 

တကယ်တမ်း .. ပြန်စဉ်းစားကြည့်ရင် ဘာရိန်းနဲ့ ပွဲမှာ ..အောက်တန်းစား လူရမ်းကား

တချို့ကြောင့် ပွဲပျက်ပြီး .. အရှက်ကွဲခဲ့ဖူးပါတယ်… အင်း…

ခုလုပ်ရပ်သာ အမှန်ဆိုရင်တော့ (ဘယ်သူ သိသိမသိသိ)အလွန်ပိုမိုကြီးမားတဲ့ ..အရှက်ကွဲမှု

လို့ပဲ ဆိုချင်တော့တယ်ဗျာ …။

 

ကြုံလို့ တခုလေး ..ပြောချင်ပါတယ်..

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နာမည်ကျော် ဘော ဂျာနယ်တစ်စောင် မှာ ဖတ်ခဲ့တာပါ. ..

ဂျပန် ဘောလုံး အဖွဲ့ချုပ်က သူတို့နိုင်ငံ ဘောလုံး လောက အုတ်မြစ်ချ ခဲ့တဲ့ ကာလ

က ကျေးဇူး ရှိဖူးသူ မိတ်ဆက်ပေးဖူးသူ …တယောက် …(ကြီးကြီးကျယ်ကျယ်ပြောရရင်

ဂျပန်ဘောလုံး ဖခင် ၁ဦး) ပေါ့ဗျာ .. မြန်မာလူမျိုး ၁ဦး ကို ဂုဏ်ပြုချင်လို့ ..ဆက်သွယ်တဲ့

သတင်း ဖတ်ဖူးပါရဲ့ … (ဆရာတော် ဦးဥတ္တမ ဂျပန်သွားတော့ ပါသွားတဲ့.. ကပ္ပိယ တစ်ဦး

လို့ နောက်ပိုင်း သိခဲ့မှတ်ခဲ့ရပါတယ်..) ကျုပ်တို့ အင်္ဂလိပ် ကိုလိုနီ ဖြစ်ဖူးတော့ ဘောလုံးကို

သူတို့ထက် အရင် ထိတွေ့ ခဲ့တာမို့ပါ ..

 

စောခဲ့ ဦးခဲ့ တယ်ေ ဆိုပေမယ့် လက်ရှိ အနေအထားကတော့ အားလုံး သိတဲ့အတိုင်းဖြစ်ပါတယ်..

ဟုတ်ကဲ့ …ကိုယ့်ဆြာတို့ သိပ်ကြိုက်တယ်ဆိုတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ

(သက်တမ်းအလိုက် ပြိုင်ပွဲတွေ မှန်မှန်ကန်ကန် ယှဉ်ပြိုင် ကစားခဲ့တဲ့ ..) ကကြီး နဲ့ ဂငယ် ကစားသမား

၁ဦးစီ ရှိနေပါတယ်…..

ကျုပ်တို့ကတော့ … အစဉ်အဆက်… သက်တမ်းအလိုက်ပွဲတွေမှာ ……..

 

 

တော်သေးဘီ…

 

 

32 comments

  • Khaing Khaing

    July 5, 2012 at 11:14 am

    အော် ဒီတစ်ခါ ဘဝမှန်ကိုပြန်ရောက်သွားပါပေ့ါလား ……. ကောင်းလေစွ ကောင်းလေစွ … ဘောလုံးအကြောင်းတော့ ပြောတော့ဘူးအေ ….. နာလဲကလားလားမှမဆိုင် ………

    • Inz@ghi

      July 5, 2012 at 11:19 am

      မဖတ်ဘဲ မန့်မှန်း သိသာလိုက်တာ …
      အမျိုးသားရေး စိတ်ဓါတ် ကင်းမဲ့ပုံများ …
      🙁

      အနီတကတ် ချီးမြှင့်လိုက်ပါသည်…

      ပုံ
      မစ္စတာဂီ

      • Khaing Khaing

        July 5, 2012 at 12:13 pm

        မဖတ်ဘဲမန့်တာ မသိဘူးလား “နာလဲကလားလားမှမဆိုင် ………” လို့ပြောထားတယ်လေ ….. ပထမက ညည်းကပို့တင်ရင်တစ်မျိုး နံမည်ပေးရင်တစ်မျိုးဆိုတော့ … စိတ်ပါလက်ပါ ဝင်ကြည့်တာပေါ့ ……. နောက်တော့မှ တွင်ကျယ်စွာပြောထားတာဘောလုံးဆိုတော့ မျက်စိက ပါဝါကို ချွေတာပီး တစ်ဝက်ပဲဖတ်ပီးမန့်တာပေ့ါအေ ……..

  • ချစ်ရင်ထူး II

    July 5, 2012 at 11:21 am

    မပြောချင်ပါဘူးအေ … ဘာဒွေမှန်းကို မသိဘူး ..
    စိတ်ဆင်းပလိပ်တယ် ..

  • Inz@ghi

    July 5, 2012 at 11:23 am

    လာဗြန်ဘီ နောက်တယောက်…
    မပြောဂျင်လည်း ..မမန့်ပါနဲ့လား..
    🙁

    အနီတကတ် ချီးမြှင့်လိုက်ပါသည်…

    ပုံ
    မစ္စတာဂီ

  • မောင်ပေ

    July 5, 2012 at 11:27 am

    မြန်မာအသင်းနဲ့မီဒီယာတွေကြားမှာ မေးချင်တာမေး အသက်မမေးကြေး ဆိုလား…..

  • Crystalline

    July 5, 2012 at 11:57 am

    မြန်မာ့အားကစားနဲ့ကမ္ဘာကိုလွှမ်းချင်သေးတယ်.. အားကစားအဆင့်အတန်းနဲ့တော့လွှမ်းမယ်မထင်.. အသက်လိမ်တဲ့ကိစ္စတွေက ရှေ့ပဝေသဏီကတည်းကပါ..ကျမတို့ ကလေးဘဝကတည်းက ရင်းနှီးနေတဲ့ နာမည်တွေက ကျမတို့အထက်တန်းရောက်လည်း ယူ ၂ဝ တွေ ၂၂တွေကမတက်ဘူး.. သူတို့ရဲ့အသက်က ဘောသက် (ဘောကန်တဲ့သက်တမ်း) ထင်ပါတယ်..
    ပြောရင်းနဲ့ငိုချင်လာပြန်ပြီး 🙁

  • King of Secrets (Bo Min)

    July 5, 2012 at 12:20 pm

    အော် ခေါင်းစဉ် ကြည့်တုန်းက တမျိုးထင်မိလိုက်တယ်

  • Inz@ghi

    July 5, 2012 at 12:30 pm

    ခုပဲ သဒင်းတက်လာတယ်…
    ရှော့ မရှိဘူး တဲ့ …. ဘာမှ အရေးယူမခံရဝူးတဲ့ ….
    စာရွက် စာတမ်းအထောက်အထားတွေ အကုန်ပြင်ပြီး ..
    အဲ့လေ… တင်ပြီး မှ ပြိုင်တာတဲ့ ….

    ညင်းညင်း …
    ၁ရနှစ်သားမှ ပရို ဖြစ်တဲ့ ..ရူနီ တို့ ပီလီတို့ လောက်တော့ သနားဒယ်…
    ၁၅နှစ်သားနဲ့ ပရိုလိဂ် စကန်တဲ့ ဘောသမား နုထွားကြီးဒွေ ပိုင်တဲ့
    အသင်းကွ ….

    အိုဘယ့် …. စိတ်ထိခိယက်ရပါတဲ့ ဘော..

    • စိန်ဗိုက်ဗိုက်

      July 5, 2012 at 12:43 pm

      ဒါဆို ပိုးစိုးပက်စက် နုတာပဲနော်..
      ပြင်ပြီး..အဲလေ..တင်ပြီးမှ ပြိုင်တာရှိုဒေါ့လဲ ပြီးဒါဘာဘဲ..
      တစ်ကယ်က..ချဉ်ဆီတို ့.သွားတို ့ စတဲ့..ဟာတွေ သေချာမသိ..
      အဲတာတွေကိုကြည့်ပြီး စစ်ကြတာမဟုတ်ဘူးလားဗျာ

      • Inz@ghi

        July 5, 2012 at 12:53 pm

        ဇဂါးမစပ် … သထုံလမ်းက ကော်ရည်ခေါက်ဆွဲ မြီးရှည် ရှမ်းခေါက်ဆွဲ ဆိုင်တွေ…
        က အချက်ဆြာ အကြော်ဆြာဒွေ ကို ကာတာလန် ယူနိုက်တက် ဘောလုံးအကယ်ဒမီ
        က သန်းချီပေး ပီး ခေါ်သင့်တယ် … ခစ်ခစ်..

        သူတို့များ မက်ဆီလေး ထွားမလာ လို့ ..ဟော်မုန်းဆေးတွေဘာဒွေ သုံးရတယ် ဆိုပဲ…
        အနှီ အကြော်အချက်ဆြာတွေ တော်ကြလွန်းလို့.. အနှီဆိုင်တွေမှာ ..
        ဘရိတ်ဖတ် ဝင်ဝင်အုပ်တဲ့ ညန်မာ ဘောသမားဒွေ ၁၅နှစ်သား နုထွားကြီးတွေ
        ..ထွန်းတောက်လာတာ ….
        ခုခိခုခိ…

    • Moe Z

      July 5, 2012 at 1:55 pm

      တော်ပါသေးရဲ့ မနေ့က အဲဒီသတင်းကြားပြီးကတည်းကအခုထိ
      ထမင်းတောင်မစားနိုင်ဘူး (ခေါက်ဆွဲပဲစားတယ်)
      ရှားရှားပါးပါးအောင်ပွဲခံပြီးကာမှ အရှက်ကွဲရတော့မှာလားဆိုပြီး
      တကယ်ငိုချင်နေတာ 🙁
      အခုလိုအဆင်ပြေသွားတော့လည်း စိတ်အေးသွားပြီ
      နောက်တစ်ခါဆို ဆင်ခြင်ကြပါမောင်လေးတို့ရယ် အဲ.. အကိုတို့ရယ် ..

      • Inz@ghi

        July 5, 2012 at 2:07 pm

        အစ်ကိုတွေ မောင်လေးဒွေ ဆင်ခြင် ကြရမှာ မဟုတ်ဘူး..
        ရေပါတာ လိုချင်တယ် ဆိုလို့ …ရေဗူးမရှိ ရွစိအိတ်နဲ့သယ် ဆိုတဲ့လူဂျီးဒွေ
        ဆင်ခြင်ကြရ မှာ ….

        နည်းပြကြီးက ဒီအသင်း က ဆီးဂိမ်း အတွက် တဲ့ …
        ကျုပ်သိသလောက် ဆီးဂိမ်းက U-23 …

        စကားမစပ် ..ဘာလိုတယ်လီ က ၂၁ နှစ်ပဲရှိသေးဒယ်…
        သူ့ပြောင်းအားပေးလိုက်ပါလား ဟင်င်င်င်င်
        😀

  • blackchaw

    July 5, 2012 at 1:01 pm

    အဲဒီနေ့က အားပေးနေကြတဲ့ ပရိသတ်တွေကို ကြည့်ပြီး
    စိတ်ထဲက သနားနေတာ။
    သူတို့ခဗျာ ဘယ်ပြိုင်ပွဲကို ပြိုင်ပြိုင် မြန်မာအသင်းနိုင်ရင် ပျော်နေကြရှာတာပါဗျာ။
    အောင်ပွဲခံနေကြတဲ့ ဘောသမားတွေကြည့်ပြန်တော့လည်း
    ယူရိုမှာ ဗိုလ်စွဲတဲ့ စပိန်ကကောင်ကြီးတွေထက်တောင်
    ပိုပျော်နေကြပုံပဲ။
    ထုံးစံအတိုင်းအနိုင်သေချာနေပါလျက်ကယ်နဲ့ ပင်နတီပေးရလောက်အောင်
    ခံစစ်ကစားပုံမတည်ငြိမ်တာတွေ၊ မကြာခဏ ဂိုးသွင်းခွင့်ပေးနေရတာတွေကိုတော့
    ထည့်မပြောတော့ပါဘူး ဦးလေးရယ်။
    ဒီနေရာမှာပြောချင်တာက
    ပွဲတစ်ပွဲရဲ့ တန်ဘိုးကိုကြည့်ပြီးမှ ဆုချီးမြှင့်ကြဖို့ပါ။
    လက်ထဲ ဖလားတစ်လုံးမှ မရသေးပဲ ဒေါ်လာ နှစ်သိန်း ရော့ဟဲ့လို့
    ပေးတာတော့ နည်းနည်းများ အိုဗာဖြစ်နေသလားလို့။
    မနာလို မဖြစ်ပါဘူးဗျာ။
    ိကိုယ့်အိတ်ထဲက ပေးရတာမှ မဟုတ်တာ။
    အောင်မြင်မှုရဲ့ တန်ဘိုးကို မတိုင်းတာတတ်လေခြင်းဆိုပြီး
    ရင်ထုမနာဖြစ်ရတာပါ။
    အော် ရခိုင် မှာ ဒုက္ခရောက်နေကြရှာသူတွေ၊
    အော် ကချင် မှာ ဒုက္ခရောက်နေကြရှာသူတွေ၊
    သူတို့တတွေကို အားနာနေမိတယ်…။
    :mrgreen:

  • ရဲစည်

    July 5, 2012 at 1:12 pm

    ဒီကိစ္စက
    သားတို့လို ရုပ်ပျို ကိုယ်နုလေးတွေနဲ့ လိမ်ရင် အဆင်ပြေနိူင်ကြောင်း
    မဖြေရှင်းနိူင်တောင် အဆင်းဘီးတပ်ပေးတာ 😛
    သားတောင် မပုတင် နှထု ရှိကြောင်း 😀

    လင်းဝက်ကြီးဒွေ လိုက်လာဘီ
    ပြေးမှ………………………..

  • snow white

    July 5, 2012 at 1:32 pm

    အသက် ကတော့မလိမ်ဘူးလူကောင်ထွားတာနေမှာပေါ့ ဘာပြောပြောနိုင်တာကနိုင်တာဘဲ တို့မြန်မာ နိုင်ပြီ နိုင်ယူဗိုလ်ဆွဲတော့ မည်……….

  • amatmin

    July 5, 2012 at 1:40 pm

    ဘရာကြော်ပါ..ကိုဂီ.
    အရင်ဆုံးထောင်ထားတာကျုပ်လက်မပါဗျ.. 🙂
    ရေးပါ..ပြောပါ..ဒါမှရဲရဲပျော်ရမှာရယ်..
    ထိုနေ့က ကိုကမ်းကြီးနဲ့ ထိုင်ကြည့်ကြတယ်ဗျာ..
    အောင်ပွဲခံ ဂိုးသွင်းတော့ပျော်မိတယ်..
    တဖက်က ရှုံးတဲ့ ချာတိတ်လေးဒွေကို
    ပြန်မြင်လိုက်ရတော့ လိပ်ပြာမလုံဖြစ်ခဲ့တယ်..
    သိရက်နဲ့ မှိန်းပျော်ရတာ ရှက်စရာပါဗျာ..
    အခုတော့ ဆီးဂိမ်းကလည်းကိုယ့်တွေစီမှာမို့..
    အိမ်ရှင်အခွင့်အရေး..အသက်လိမ်..ဒိုင်ကူ..
    စကားသံများခံနိုင်ဖို့.အားမွေးရမယ်ထင့်.. 🙁
    လိပ်ပြန်သန့်သန့် နိုင်ချင် အောင်ပွဲ ခံချင်ပါတယ်.
    ကိုယ့်ဆြာတို့ရေ..
    စောင့်ခဲ့ရတာ..ကြာပါပီ.
    အလျင်မလိုတော့ပါဘူးရယ်..

  • Foreign Resident

    July 5, 2012 at 1:43 pm

    မှန်တာပြောရင် ဝိုင်းဆဲကြတော့မှာပဲ ။
    U 16, U 19, U 21, U 23 အကုန် ဒီလူတွေကြီးပဲ ။

    အသက် လိမ်မလိမ် က အသိသာကြီး ။
    မြန်မာတွေ နိုင်သလား မမေးနှင့် U 19 တို့ U 21 တို့ ဆို ။
    အသက် အမှန်သာကစားရင် ၊ ပုံမှန်အားဖြင့် ၊
    U 19 နိုင်ပြီး ၅ နှစ်အကြာမှာ ၊ U 21 နိုင်ပြီး ၃ နှစ်အကြာမှာ ၊
    Over 23 အသင်း ( Unlimited ) အသင်းကြီး အောင်မြင်ရမှာပေါ့ ။

    အသင်းကြီး ကဖြင့် ဘယ်တော့မှ မ အောင်မြင်ဘူး ။
    အသက်တွေ လိမ်ထားမှန်း သိပ်သိသာတယ် ။

    အဲဒီလို အသက် လိမ်ထားတဲ့ အသင်းကို အားပေးရင် ၊
    ကိုယ်ပါ လူလိမ် အားပေးဖြစ်ပြီး ၊
    အားပေးမိတဲ့ ကိုယ့်ပါးစပ်ပါ သန သွားမှာစိုးတဲ့ အတွက် ၊
    မြန်မာ ( U ) အသင်းကို ဘယ်တော့မှ အားမပေးဘူး ။

    • ssa

      July 5, 2012 at 4:33 pm

      နုထွားကြီးတွေလို့ ဆိုနေ..

  • mayjuly

    July 5, 2012 at 1:54 pm

    ဒီနိုင်ငံမှာပဲ ဒီကိစ္စမျိုး ရှိတာလား..

    တခြားနိုင်ငံတွေမှာရော ရှိလားဟင်..

    အဲ လို လိမ်ဆင်ကြီးကလေ ..

    မသိလို့မေးမိတာနော် …

  • တညင်သား

    July 5, 2012 at 1:55 pm

    ပြုပြင် ပြောင်းလဲရေးတွေနဲ့အတူ အားကစားအပါအဝင် စိတ်ဓါတ်တွေပါ မြင့်တင်ဖို့ နိုင်ငံတကာ က ကူညီနေတယ်လို့ မြင်မိပါတယ်..တင်ပို့ထားတဲ့ အထောက်အထားတွေ မှန်နေရင် မြန်မာဘက်ကနေပြီး AFC က ဖင်ပိတ်ငြင်းပေးပါလိမ့်မယ်…
    လူတိုင်း မြန်မာအသင်း တော်တော် ကောင်းတယ် ချီးကျူး ချိန်မှာ တားတားအမြင် တော့အားမရသေးပါဘူး.. ကိုရီးယား မှာ ရောက်နေတဲ့သူတွေခန့်မှန်းတာ ကိုရီးယားနဲ့ပွဲကို မြန်မာတွေ ဘယ်လိုမှ မနိုင်ဘူးပေါ့…တားတား က ကို့အသင်း ကိုယ်တာအားမရတာ ခဏထား အဲဒီပွဲ သရေဖြစ်မယ်လို့ မှန်းလိုက်တယ် .. ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင် ကိုရီးယား နည်းပြ ဖြစ်တာရယ် ကိုရီးယားမှာ ပွဲမတိုင်ခင် ၃ ပတ် လောက် လေ့ကျင့်ထားတာနဲ့ပေါင်းပြီး ခန့်မှန်းလိုက်တာပါ……
    မလေရှားနဲ့ပွဲကို အရိတ်သတ်နဲ့ ပေါင်းပြီး အနိင်ယူ အာရှေ့တောင်အာရှ ပထမဦးဆုံး ခြေစစ်ပွဲ အောင် အသင်းဖြစ်ရောပေါ့…
    ခုမှ ပရို အဆင့်သက်တမ်းနု ရှိသေးတော့ ပရိုသက်တမ်း ကြာလာရင် အကိုကြီး ပြောတဲ့ အမှန်အကန်တွေ ဖြစ်လာမှာပါဗျာ……
    တနေ့က ဖတ်လိုက်မိတယ် ဗီယနမ်က ဘောလုံး အကယ်မဒီ လေ့လာချင်လို့ ဆိုတော့ ဖီဖာ က မြန်မာနိင်ငံ ကို သွားလေ့လာရင် အကောင်းဆုံးပါပဲတဲ့…အကိုကြီးလဲ ဖတ်မိမှာပါ မှားရင် ပြင်ပေးပါအုံး…..
    ခုလဲ ဖိုင်နယ်ပွဲကို မြန်မာ မှာ အိမ်ရှင် အဖြစ်ကျင်းပခွင့် တင်ထားတယ် ရအုံးမှာ…ရအုံးမှာ… ဒါတောင် ကိုယ့်ရှေ့မှာ နှစ်နိင်ငံ တင်ထားတယ်တဲ့ …
    မြန်မာတွေ ကြံရင် ထရံ တောင် ချီးကုန်းလို့ ဖြစ်သေးတာပဲနော့်….

    ကြုံတုန်းလေ ပွဲဖျတ်လိုက်ရတာ အိုမန်နဲ့ ပွဲလားလို့….

    တော်တော်ရှည်သွားပြီ …:(

    • Inz@ghi

      July 5, 2012 at 2:09 pm

      အဲ ..ဟုတ်တယ် ဆောဒီး..
      ပြင်လိုက်မယ်
      ကျေးကျေး
      အိုဘယ့်
      အိုမန်

  • မမ အညာသူ

    July 5, 2012 at 3:08 pm

    ဟူးးးးးးးးးးးးး
    ဘာတွေမှန်းကိုမသိဘူး
    ပျော်ရမှာလားများအောင့်မေ့ပါတယ်

  • Thu Wai

    July 5, 2012 at 3:47 pm

    အော် ပရိတ်သတ်ကြီးရယ် အူးဇော်ဇော် ကိုလဲ သနားကြပါအုံး သူ့ခင်မျာ အိုမန် နဲ့ ပွဲပြီးတော့ လဲ ဘယ်လိုတွေ ပေးကမ်းပြီးတောင်းပန်ထားလဲ မသိ အခု အိမ်ရှင်ဖြစ်ဖို့ ကိုလဲ ဘယ်လိုထိုးသိပ်ထား ရလဲမသိ
    နောက်ပြီး အခု အသက်လိမ်ထားတာတွေကော ဒိုင်တွေကို စည်းရုံးထားတာ ကော ဘယ်လိုတွေ အမ်းပြီး
    ဘယ်မြန်မာ မော်ဒယ်မလေးတွေကို ကျွေးထားရလဲ မသိရပါဘူး ပရိတ်သတ်ကြီးရယ် ။
    ဟဲဟဲ..ဒါပေမယ် သူဘယ်လို အခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေပြန်ရလဲ ဆိုတာတော့ ဘယ်သူမှလဲ မသိရပါဘူး ကျွန်တော်လဲ မသိရပါဘူး ကွယ်………..

  • ကြောင်ဝတုတ်

    July 5, 2012 at 3:54 pm

    ရက်ရက်စက်စက်ပြောရရင်…
    မြန်မာတွေ… စည်းကမ်းရှိဖို့လိုပြီ…
    ခြေစစ်ပွဲမအောင်လို့ ပြိုင်ပွဲမဝင်ရလဲ ပြသနာမဟုတ်ဘူး… မြန်မာသိက္ခာမကျဘူး…
    တကယ်တန်းကျတော့ လိမ်ပြိုင်လို့နိုင်လိုက်တယ်ဆိုမှ မြန်မာတွေသိက္ခာတစ်ပြားမှမကျန်တော့ဘူး…
    အဲဒီလိုလုပ်နေသ၍ မြန်မာဆိုတဲ့ကောင်တွေ နိုင်ငံတကာအလယ်မှာ ဘယ်နေရာမှာမှ ခေါင်းထောင်မပြနိုင်တဲ့ဘဝရောက်လိမ့်မယ်…

    ကြောင်ဝတုတ်

  • Phaung Phaung

    July 5, 2012 at 4:04 pm

    အသက်လိမ်တဲ့ကိစ္စကတော့ ကိုယ့်မြန်မာတစ်သင်းထဲဒီလိုဖြစ်နေတယ်လို့တော့မထင်ပါဘူး….
    တစ်ခြားနိုင်ငံ တွေလည်း over 22 ပါမှာပါ… လုံးဝတော့ လွတ်မှာမဟုတ်ပါဘူး…
    ကိုရီယားတွေဆို 22 အောက်ဘယ်လိုမှမဖြစ်နိုင်ဘူး ….
    သူတို့ရုပ်တွေလည်း မြန်မာတွေထက် ငယ်ပုံမပေါက်ပါဘူး ….

  • ဟိန်း ဝင်း (ထားဝယ်သား)

    July 5, 2012 at 4:31 pm

    အခုမြန်မာအသင်းက ပြီးခဲ့တဲ့အသင်းနဲ့ယှဉ်ရင် တော်တော်ကွာခြားသွားတာတွေ့ရမှာပါ …. အပေးအယူ အချိတ်အဆက် တော်တော်ကောင်းလာတဲ့အပြင် အသင်းလိုက်ကစားနိုင်တဲ့ အထိပါ တိုးတက်မှုတွေကို တွေ့ရပါတယ် …. အရင်က လိမ်တာတွေက ဒီထက်ပိုပါတယ် …. ဒါပေမယ့်လဲ ဘယ်လိုပဲလိမ်လိမ် ရှုံးတာပဲ …. ဗီယက်နမ်မှာ ပိုးစိုးပက်စက်ရှုံးခဲ့တာတွေကို် ဒီအချိန်ပြန် စဉ်းစားရင်တောင် စိတ်ပျက်မိတယ် … ဒါပေမယ့်လဲ သူတို့တွေမအောင်ဘူးတဲ့ ခြေစစ်ပွဲကို မြန်မာတွေက ဗွေဆော်ဦးအောင်ပြီးတော့ မော်ကွန်းသစ်ရေးထိုးနိုင်တာကို ပဲ အတိုင်းမသိ ဝမ်းသာမိပါတယ် … ဟိုတစ်ခါတုန်းက ခြေစစ်ပွဲတုန်းက အိုမန်တောင် အခု ခြေစစ်ပွဲ မအောင်ဘူးဗျ ….http://www.the-afc.com/en/u22ac-schedule-results?type=Stage&id=132

  • ဝမ်းတွင်းရူး

    July 5, 2012 at 6:13 pm

    အရေးတော့ ယူခံထိတော့မယ်ထင်တယ်။ဟူးးးးးးးးးဒုံယင်းအတိုင်းပါလားးးးးးး

  • အလင်းဆက်

    July 5, 2012 at 7:11 pm

    ကိုယ် လည်း..စိတ်ထိခိုက်တယ် .။
    အခု အိမ်ပြန်ရင် ဘီအီ..တစ်ပိုင်းလောက် ဝင် ကစ်လိုက်ဦးမယ်.။

  • ရွှေရည်နိုင်

    July 6, 2012 at 11:18 am

    မျက်နှာတစ်ခုလုံး ထွတ်ပြီး ရင့်ထော်နေတဲ့ ကျော်ကိုကို အသက်ဘယ်လောက်ရှိမလဲ ခန့်မှန်းပေးပါ ကိုဂီ။

  • mamanoyar

    July 6, 2012 at 11:26 am

    အသက်တွေဘာတွေတော့မသိဘူး
    နိုင်လို့တော့ပျော်တယ်
    ဒါပေမယ့် အခုပြောသလိုဆို စိတ်တောင်ညစ်သွားပြီ

  • a ye

    July 10, 2012 at 2:37 pm

    တကယ်ကြီးလား ပျော်နေတုန်းကို စိတ်ညစ်လိုက်တာ—

Leave a Reply