ခွဲ စိတ် ခမ်းက ဖြစ်ရပ်လေး

thar agJuly 5, 20121min15511

လူနာ တယောက် ကားနဲ့ ရောက်လာတယ် လူနာက ကျောင်းဆရာတယောက်ပါ မိုင် ၄ဝ လောက် ဝေတဲ့ နေရာကနေ ဆေးရုံ ကို ရောက်လာတာပါ အခေအြနေကသိပ်မကောင်း ပရက်ရှာ ကပြတယ်ဆို ရုံ့ကလေးပါ ချက်ချင်းဘဲဆေးရုံ တင်ပြီး ချက်ျချင်းဘဲ အိပ်စ ရေးရိုက် တယ် ထွက်လာတဲ့ ရိစပ်ကတော့ gud ဂတ် အန် ဒါ ဒိုင်ယာဖရင် ဒါကဘာကို ခေါ်လဲဆိုတော့ အိပ် ရေးထဲမှာ ဒိုင်ယာ ဖရင်လို့ ခေါ်တဲံ့ လိုင်းရဲ့ အပေါ်မှာ ဂတ် လိုင်း တလိုင်; ထပ် ပေါ်နေတာကို ပြောတာပါ ဒါကဘာလဲဆိုတော့ လူနာက အစာအီမ်ပေါက်သွားပြီ ဆိုတဲ့ လက္ခ နာလေးပါ ဒါဆိုရင်တော့ လူနာကဖြစ်တာ ကော ဘယ်လောက်ကြာပြီလဲ မေးရတော့မယ် ၂၄ နာရီ ကျော်နေပြီ ၂၄ နာရီ ကျော်နေတဲ့ အစာအိမ် ပေါက်လူနာတယောက်ကို ခွဲ စိတ် ကုသ ရမယ်ဆိုတာက ခွဲ စိတ်ဘို့ ့ဆရာဝန် အတွက် တော်တော် ခက်သွားပြီ လူနာ ပရက်ရှာတက်လာရင် တော့ ခွဲမယ်ဆို ပြီး အားလုံး အဆင်သင့်လုပ်ထားပြီ ဆလု ကော် တက် ကို တနာရီ တကြိမ်လောက်ထိုးပေးတော့ လူနာက တော်တော် လေးလန်းလာတယ် ပရက်ရှာ လေးကလဲကောင်းလာတယ် လူနာ ရှင် ်တွေကလဲခုမှဘဲပြုံးနိုင် တော့တယ် လူနာ ရှင်ကို ခေါ်ပြီး ခွဲစိတ်ဘ ို့သဘောတူကြောင်း လက်မှတ် တိုးခိုင်;ရတယ် ဆေးရုံ့ မှာဒါကတော်တော် အရေးကြီးတယ် ပြီးတော လူနာက၂၄နာရီ ကျော် မှရောက်လာတာ ဆို တော့ မခွဲဘဲ ထားရင်တော့ သေမယ် ခွဲရင် တော့ အသက်ရှင် ဘို့ လမ်းရှိ တယ် ဆိုတဲ့ အကြောင်ကို ခေါ်ပြီးရှင်းပြရသေးတယ် ဆရာဝန်ကြီးကိုဖုန်းနဲ့ဆက်ပြီး ခေါ် ခွဲစိတ်ခမ်းကစ တတ်တွေကို အားလုံးကို ခေါ်ရပါတယ် အား လုံးပြီတော့မှဘဲ ခွဲစိတ်ခမ်းထဲ ထည့်လိုက်တယ် မခွဲစိတ်မှီ သူ့ကို မှိန်းသွားအောင် ဆေးထိုးပေးရပါတယ် ဒါမှဘဲမေ့ ဆေးပေးဘို့အဆင်ပြေပါတယ် အပြင် ဘက်မှာတော့ ခွဲစိတ်ခမ်းဝင်မယ် ဆရာဝန်ကြီးတွေက လက်ဆေး ပြီးခွဲစိတ် ခမ်းဝတ်စုံကို ဝတ်နေကြပါပြီ ခွဲခစိတ်ခမ်းမကြီးထဲကို ဆရာဝန်ကြီးရောက်လာပါပြီ ခွဲစိတ်မယ် နေရာကိုသန် ့ရှင်းရေး အရက်ပြန် နဲ့ သေသေချာချာ သန့်အောင်လုပ် ပြီးတော့ မေ့ဆေး ပေး ဘို့ ပြုလုပ်နေချိန် လေးမှာဘဲ လူနာဖေါက်လာပါတယ် ပရက်ရှာက ကျလာတယ် အသက်ရှု နုန်းက မမှန်ဖြစ် လာတယ် နေက် တော့ နှလုံးကခုန်နှန်း ပါရပ်သွားပါတယ် လူနာကို ရင်ပတ်ကနေဖိပြီး နှလုံးကို အကြိမ်ကြိမ် နိုးကြည့်တယ် မရတော့ပါဘူး ဆရာဝန် ကြီးလဲခွဲခမ်းကပြန် ပြီးထွက်သွားစိတ်မကောင်းခြင်များစွာနဲ့ ဆေးရုံ ရဲ့ ကော ရစ်တာမှာ လမ်းလျောက်ပြီး မွန်ထရီးဆေးလိပ် ကိုဖွါ ပြီးလမ်းလျှေက် ကာ နေပါတယ် လူနာကသေနေပါပြီ အပြင်ကို မထုပ် သေးဘဲ ခွဲခမ်းစင်ပေါ်မှာ တင်ထားပါတယ် လူနာရှင်တွေကတော့ မျှော်လင်ချက် ကြီးစွာနဲ့ အပြင်မှာ စောင် နေကြပါတယ် နောက် ၁၅ မိနစ် လောက် ကြာတော့ အပြင်က လူနာရှင်တွေ လူနာ ဆုံးသွာတာကိုသိသွားပါပြီ ဆရာ ဝန် ကြီးဆီကို သွားပြီးတော့ ဘာပြောလဲဆိုတော့ ငါသားဟာ စေါစေါကမှ အကောင်းကြီးဘဲ ရှိ သေးတယ် ဆရာဝန် ကြီးက ဟို အခေါင်ကြီးထဲကို ခေါ်ပြီးတော့ ငါ့သားကိုသတ်ပြစ် လိုက် တယ် ဆိုပြီးဆရာဝန်ကြီးကို ရန် တွေ့နေပါတယ် ဆရကြီးကတော့ ဘာမှမပြောပါ ဘူး စိတ်မကောင်းလို့ လမ်းလျှောက်ပြီးဆေးလိပ်ကို ဘဲတလိပ်ပြီးတလိပ် ဖွါ နေပါတယ် လူနာရှင်တွေ ကဝိုင်းပြီးရန် တွေနေကြပါတယ် ဒီတော့မှ စောစောက ခွဲစိတ်ခမ်းဝင်စဉ်ကပါတဲ့ ဝန်ထမ်းတယောက်က ထွက်လာပြီး လူနာရှင် တွေကို လူနာတယောက်ကို ခွဲစိတ် ကုသဘို့ အတွက် ဆရာဝန် တွေမှာဘယ်လို စဉ်းစားရတဲ့ အကြောင်း မခွဲရင် သေမဲ့ လူတယောက်ကို စွန်းစားပြီးတော့ ခွဲ စိတ်ဘို့လုပ်ရတဲ့ အကြောင်း အသက်တခုကို ဘယ်လ ို ရအောင် ကယ်မယ် ဆိုတဲ့ စိတ်နဲ့ လုပ်ပေးရင်းက ဆုံးသွားတဲ့ အကြောင်း ပြောပြလိုက်ရပါတယ် ဒီတော့မှ ဆရာဝန် ဘီ့းကို ပြန် ပြီးေ တာင်းပန်စကား ပြောပါတယ် ဒီကိစ္စ ကတကယ် ့ ဖြစ်ရပ် တခုပါ ဘယ်မြို့ ဘယ်နေရာလို့ တော့ မပြောလိုတော့ပါ ကိုယ် တွေ့ အကြောင်းလေးတခုကို ရေးသားခြင်းသာ ဖြစ်ပါတယ် စါရေးဆရာတယောက်လို စီကာပတ်ကုံးမရေးတတ်တာကို တော့ ခွင် လွတ်စေချင်ပါတယ် ကျွန် တော် ပြောချင်တာလေးကတော့ လူနာတယောက် ဗိုက်အောင့်ပြီး ဖေါင်းလာတာ တို့ အူအတက် ပေါက် တာတို့ ့ကို ဆေးရုံကို အချိန်မှီရောက် အောင်ပို့ဖို့ကိုဘဲ ပြောချင်တာပါ အစဉ် လေးစားစွာနဲ့

11 comments

  • etone

    July 5, 2012 at 11:37 am

    ဖတ်ပြီး စိတ်မကောင်းလိုက်တာ …. ဆေးရုံနဲ့ မိုင်လေးဆယ်ကျော် ကွာတဲ့ နေရာက လာခဲ့ရလို့ပဲ လမ်းခရီး ကြန့်ကြာသွားခဲ့တာများလား ။ လူ့အသက်က တန်ဖိုးရှိပါတယ် … အသက်ရှင်နေစဉ်အတွင်းမှာပါ … အသက်သေသွားခဲ့လျှင်တော့ ဘယ်လောက် အသုံးဝင်တဲ့ လူဖြစ်ဖြစ် သဂြိုလ်စက်ထဲ ထည့်ပစ်ခဲ့ရတော့မှာပေါ့လေ … ။

    အစာအိမ်သွေးကြောပေါက်တဲ့ လူနာကို အရေးပေါ် အသက်ကယ်တာ … ကျွန်မ မျက်စိနဲ့ .. အံ့ဩ ကြောက်ရွံ ့စွာ မြင်ခဲ့ဖူးပါတယ် ။ အသက်ကယ်စဉ်အတွင်းမှာ ၊ လူနာဆီက ရမယ့် ငွေကြေး၊ လူနာရဲ့ ဂုဏ်ပကာသန ၊ ပိုင်ဆိုင်မှုတွေ၊ လူနာအဆင်ပြေစေဖို့ ထည့်သုံးပေးရတဲ့ ဆေးတွေ၊ ဆေးတန်ဖိုးတွေကို အားလုံးမေ့ပြီး (ဘာကိုမှသတိမရပဲ) … နှလုံးခုန်ရပ်မသွားဖို့ ဝင်သက်ထွက်သက်မှန်ကန်စေဖို့ .. သတိလေးကပ်နေစေရေးကို ချွေးစေးတွေထွက်ပြီး … အင်တိုက်အားတိုက် ကြိုးစားခဲ့တဲ့ မြင်ကွင်းလေး မျက်လုံးထဲက မထွက်သေးဘူး … ။ ကြည့်ရင်းနဲ့ ကိုယ်တောင် လူနာနဲ့အတူ … အသက်ရှင်ခွင့်ကို မျှော်လင့်မိတယ် … ။ ကံတရားက မျက်နှာသာပေးခဲ့ပါတယ် ..အ ဲ့ဒီလူနာ အသက်ရှင်ခဲ့တယ် … ။ လူနာအခြေနေကောင်းလာတာမြင်ပြီး ရတဲ့ ပီတိက ကြည့်ရသူတောင် မဖော်ပြတတ်အောင်ပဲ ဝမ်းသာမိတယ် ..ကိုယ်တိုင်အသက်ကယ်ခဲ့သူတွေဆို … အရမ်းကို ကြည်နူးမိလိမ့်မယ်ထင်တယ် ။

    အစာအိမ်သွေးကြောပေါက်တာ အနည်းများပေါ်မူတည်ပြီး အော်ပရေးရှင်းလုပ်ဖို့ လိုမလို ၊ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးတွေ ဆုံးဖြတ်ကြပါတယ် ။ လူနာဘက်ကလည်း .. အစာအိမ်သွေးကြောပေါက်တာပြင်းထန်မှန်း မသိပဲ … အရည်တောင် အာစွတ်ရုံလေးသောက်ရမယ့်အချိန် အစာတွေလျှောက်စားကောင်းစားခဲ့မယ် ၊ အစာအိမ်သွေးကြောပေါက်လျှင် ဝမ်းသွားတဲ့အခါ သွေးပါတာမျိုးတို့ … ၊ သွေးအန်တာမျိုးတို့ကြောင့်..ေ သွးပေါင်တွေလည်း ကျတာဖြစ်နိုင်ပါတယ် … ။ အစာအိမ်သွေးကြော စပေါက်ပြီဆိုတာနဲ ့… သူ့လက္ခတာတွေတွေ့ရတတ်တယ် … ဒါကို လူတွေက မသိလို့ .. ပေါ့ဆနေရင်း အရေးပေါ် အခြေနေထိဖြစ်လာတာပါ ။ တချို့လူနာတွေ .. ဆီးချိုသွေးချိုဖြစ်နေတာ … မသိပဲ .. အဲ့ဒါကျသွားလျှင်လည်း … ပရက်ရှာပါလိုက်ကျပြီး လူက ဖြူလျှော်လျှော်ဖြစ်လာတာ မြင်ဖူးတယ် …။

    ကျွန်မတို့ နိုင်ငံမှာလေ .. ကျန်းမာရေး ဗဟုသုတပေါ့ … လူထုထဲကို ထဲထဲဝင်ဝင်ရောက်ဖို့ အတော်လိုသေးတာတွေ့ရတယ် … ။ ကိုယ့်အန္တရာယ်ကြုံတဲ့အခါ ကာကွယ်ဖို့ အခြေခံ ဗဟုသုတလေးသာ ရှိလျှင် နှောင့်နှေးမှုကြောင့် … အသက်ဆုံးရတာတွေလျော့ပါးကုန်မယ်ထင်တာပဲ … ။
    ဆရာဝန်ဆိုတဲ့ လူတွေကိုလည်း …..အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်သူတွေ ၊ မသေအောင် လုပ်ပေးနိုင်သူလို့ ယူဆထားတဲ့ အတွေးတွေ စွန့်ထားခဲ့သင့်ပြီ ။ ဆရာဝန်ဆိုတာလည်း လူပါပဲ … ရွေးချယ်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်းပညာကွာသွားလို့ .. ကိုယ်တွေထက်ပိုပြီး ကျန်းမာရေး ကိစ္စကို နားလည်တယ် .. ဒီလိုပဲ လက်ခံထားသင့်ပါတယ် ။ ယုံမှတ်ပြီး ပုံအပ်ထားလျှင် မျှော်လင့်သလို ဖြစ်မလာတဲအခါ ခံစားရစိတ် ပိုပြင်းထန်တတ်လွန်းလို့ပါ ။

    ဆရာဝန်ဆိုတဲ့ နေရာမှာလည်း .. လူအမျိုးမျိုး ရှိပါတယ် ။ ပိုက်ဆံကြောင့်ဆေးကုတာရှိသလို ဝါသနာပါလို့ ဆေးကုတာရှိမယ်၊ ကိုယ်ချင်းစာလို့ ဆေးကုချင်တာရှိမယ် ၊ ဂုဏ်ပေါ်ကျော်ဇောချင်လို့ ကုတာမျိုး ရှိတယ် .. ဘယ်လိုပဲ ဖြစ်ဖြစ်ပါ .. သူတို့ရဲ့ နောက်ဆုံး ရည်ရွယ်ချက်က … ရောဂါသက်သာရေးနဲ့ ၊ လူနာ အသက်ရှင်သန်ရေးပါပဲ ။ ဖြတ်သန်းရတဲ့ အတွေ ့ကြုံ ၊ အယူဆ ၊စေတနာတို့ပေါ် မူတည်ပြီး ကုသပုံခြင်း ကွဲပြားသွာမယ် … လူနာခံစားရတာ ..အဲ့ဒီအကျိုးဆက်ပါပဲ ... တစ်ချို့သော အပိုင်းတွေမှာ …. ဆရာဝန်တွေကို မျက်လှည့်ပညာရှင်လို့ မှတ်ယူမှုတွေ ရှိနေကြလွန်းလို့ပါ … ။
    အခုစာထဲက အခြေနေကို သုံးသပ်ရလျှင်တော့ .. ကြိုးစားပေမယ့် လက်လွှတ်လိုက်ရတဲ့ အခါနှောင်းသွားတဲ့ လူနာလို့ ထင်ပါတယ် … ။

    လွန်ခဲ့တဲ့ ငါးနှစ်က ကျွန်မဖိုးဖိုးသေတော့ .. ဆေးရုံကုတင်ပေါ်မှာ ထိုင်ရာက ရုတ်တရက်လဲကျပြီး သတိပြန်မလည်လာတော့ဘူး … ဆရာဝန်တွေ သူနာပြုတွေ အကုန်လုံး တတ်နိုင်သမျှ ဇောတွေကပ်ပြီး … နှလုံးခုန်ဖို့ ကြိုးစားကြပါတယ် … မအောင်မြင်ခဲ့ဘူး … ။ လူနာရှင်ဘက်ကတော့ မျှော်လင့်တာပေါ့နော် … ။မရတော့ဘူးလို့ လက်လျော့တဲ့အခါ … နှလုံးခုန်စက်ကြောင့် ခုန်နေတဲ့ နှလုံးနားကို ဖိပြီး အသက်ရှင်သေးတယ်လို့ … ပြောပြီး .. သေနေတဲ့အလောင်းကိုဖက် … အမှန်တရားကို လက်မခံနိုင်သူလည်း ဖြစ်ခဲ့ဖူးတယ် ။ ပြန်တွေးရင်းတောင် .. ကျွန်မလုပ်ရက် ၊ မရင့်ကျက်သေးခင်အချိန်ကမို့ … ရှက်မိပါတယ် .. ။ (အခုလည်း မရင့်ကျက်သေးပါဘူး.. ကြိုးစားစဲပါ) .. နှလုံးခုန်နေပါလျှက် အသက်ကို မကယ်တဲ့ ဆရာဝန်တွေသူနာပြုတွေကိုလည်း … အသက်ပြန်ရှင်အောင ်နှိုးပေးဖို့ ပိုက်ဆံ ဘယ်လောက်ပေးရမလဲဆိုတာအထိ မေးဖူးတယ် … ။ တကယ်တော့.. နှလုံးက အလုပ်မလုပ်တော့တာပါ … နှလုံးခုန်စက်အရှိန်ကြောင့် .. အထဲမှာ ဗိုင်ဘရေးရှင်းဖြစ်နေတာကြောင့်. . အသက်ရှင်ဖို့ မျှော်လင့်မိတာပါ .. ။

    အသက်ကယ်တဲ့လူတွေဘက်ကရော ၊ လူနာရှင်ဘက်ကရော နှဖူးတွေ့ ဒူးတွေ့ ခံစားခဲ့ဖူးလို့ .. ကျန်းမာရေး ဗဟုသုတတွေ တိုးမြင့်လုပ်ဆောင်နိုင်ပါစေလို့ပဲ … ဆုတောင်းမိပါတယ် ။

    • nicolus agral

      July 5, 2012 at 3:05 pm

      မအိတုံရေ
      (ဆေးရုံနဲ့ မိုင်လေးဆယ်ကျော် ကွာတဲ့ နေရာက လာခဲ့ရလို့ပဲ လမ်းခရီး ကြန့်ကြာသွားခဲ့တာများလား ။)

      မိုင်လေးဆယ်ကျော်ဆိုတာသိပ်မဝေးပါဘူး
      infra structure(လမ်း) တွေကောင်းခဲ့မယ်ဆိုရင်ပေါ့
      အချိန်မှီကုသနိုင်ရင် ကောင်းသွားမယ့်ရောဂါမျိုးပါ
      နှမျှောဖို ့ကောင်းပါတယ်

      (ကျွန်မတို့ နိုင်ငံမှာလေ .. ကျန်းမာရေး ဗဟုသုတပေါ့ … လူထုထဲကို ထဲထဲဝင်ဝင်ရောက်ဖို့ အတော်လိုသေးတာတွေ့ရတယ် … ။ ကိုယ့်အန္တရာယ်ကြုံတဲ့အခါ ကာကွယ်ဖို့ အခြေခံ ဗဟုသုတလေးသာ ရှိလျှင် နှောင့်နှေးမှုကြောင့် … အသက်ဆုံးရတာတွေလျော့ပါးကုန်မယ်ထင်တာပဲ)

      ဒါကတော့ဒီလိုရှိတယ်ပေါ့နော
      အခုလက်ရှိမှာက health education HE ( ကျန်းမာရေးပညာပေး ) ကို
      Preventive and Social department (ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာန) ကအဓိကလုပ်ပါတယ်
      ဥပမာ ရွာတခုမှာကျန်းမာရေးပညာပေး ဟောပြောမယ်ဆိုပါတော့
      ရွာလူကြီးက ရွာသူ/သားတွေကို စုရုံးစေပါတယ် ( စိတ်ဝင်စားမှု ရှိရှိ မရှိရှိ )
      လာတဲ့လူကလဲ အစုံပါပဲ(အလုပ်အကိုင်၊ပညာ၊ယောက်ကျားမိန်းမ၊အစရှိသဖြင့်ကွဲပြားနေတယ်)
      different targets တွေဖြစ်နေပါတယ်
      ပြောတဲ့လူကလဲ ပီးပီးရော ပြောပါတယ်
      အဲဒီတော့ mission failed ပေါ့

      ကျွန်တော်ကလေးဆေးရုံမှာအလုပ်သင်ဆင်းတုံးကပေါ့
      ဝမ်းပျက်ဝမ်းလျှောအခန်း နဲ ့ သွေးလွန်တုပ်ကွေးအခန်းမှာ တာဝန်ကျပါတယ်
      Professor က house officerတွေက ကလေးမိခင်တွေကို HE(health education ပေးရမယ်လို ့ပြောလာပါတယ်
      ဘာလို ့လဲဆိုတော့
      ၁) ကာကွယ်လို ့ရတယ့်ရောဂါတွေပါ ( prevention is better than cure )
      ၂) ကလေးမိခင်တွေဆိုတာ ကလေးတွေကိုအဓိကစောင့်ရှောက်ပေးတဲ့သူတွေပါ
      ( main target / same community —-> mothers )
      ၃) သူတို ့ကလေးက အခုလောလောဆယ် ရောဂါဝေဒနာခံစားနေရပါတယ်
      (awareness ရနေပါတယ်) အာရုံစိုက်မိနေတယ်
      ဒီအချိန်မှာ ဒီလူတွေကို HE ပေးရင် ရလာမယ့်အကျိုးဆက်က
      ၁)နောက်တခါ သူတို ့ကလေးဒီရောဂါထပ်မဖြစ်အောင် ကာကွယ်တတ်သွားပါတယ်
      ၂) ရပ်ကွက်ထဲမှာ ကလေးအမေတွေအချင်းချင်းပြောတဲ့အခါ ငါ့ကလေးတုံးကဘယ်လိုဘယ်ဝါ
      ဆိုပြီးပြန်ပြောတာက ပိုပြိးထိရောက်တယ့် ကျန်းမာရေးပညာပေးပါ
      ( ရပ်ကွက်လူကြီးက လူစုစေပြီး HE ပြောတာနဲ ့စာရင် )

      ဒါပေမဲ့ ဆရာဝန်အများစုက ပညာပေးလုပ်ငန်း နဲ ့ကုသရေးလုပငန်းကိုတွဲမလုပ်ကြပါဘူး
      သပ်သပ်စီလုပ်တော့ ထိရောက်မှုအားနည်းသွားပါတယ်
      လူတွေဘက်ကလည်း ဖြစ်တဲ့အချိန်ပဲဂရုစိုက်မိပါတယ် ကျန်တဲ့အချိန်ဆို လာပြောလည်း စိတ်ဝင်တစားမရှိပါဘူး မမှတ်သားထားကြပါဘူး
      ဒီလို ဒီလိုတွေရှိနေပါတယ်

  • thar ag

    July 5, 2012 at 12:04 pm

    လေးစားပါတယ် etone ‘ဒါက အရင်က မြို့နယ် ဆေးရုံ့ လေး ရဲ့ အဖြစ် အပျက်ပါ တောမှာနေတဲ့လူတွေရော မြို့မှာနေတဲ့လူတွေရောဘဲ ဗဟုသုတရစေချင်လို့ ရေးရတာပါ လူနာရဲ့ အသက်ကိုကယ်ချင်လို့ ည၁နာရီလောက်အချိန်မှာ ဆေးရုံ ရဲ့ ခွဲ စိတ် ခမ်းဝန်ထမ်းတွေ အိပ်ရာကထပြီး သူများအသက်ကို ကယ်တင်ဘို့လုပ်ခဲံတဲ့ ဖြစ်ရပ်လေးပါ ဆရာဝန်ကြီး ကတော့ အခုတော့ မရှိတော့ပါဘူး ဆုံးသွားပါပြီ အဲဒီတုံးက ခုလိုမျိုး ခွဲစိတ်ဘို့ ငွေပေးရတဲ့ ခေတ်မဟုတ်ပါဘူး မetone ပြောပြသွားတာလေးတွေက တော်တော် ပြည့် စုံပါတယ် ခွဲ စိတ်ခမ်းမှာ ဘာမှ မလုပ်ရသေးဘဲဆုံးသွားတာကို ကျွန် တော် နှစ်ယောက်လောက်မြင်ဘူးပါတယ် နောက် မှဘဲရေးပါမယ်

  • nozomi

    July 5, 2012 at 12:18 pm

    ကိုသာအောင်က – စါရေးဆရာတယောက်လို စီကာပတ်ကုံးမရေးတတ်တာကို တော့ ခွင် လွတ်စေချင်ပါတယ် – လို့ ရေးထားပေမဲ့ မျက်လုံးထဲ မြင်လာအောင် ရေးနိုင်တာမို့ ဖတ်လို့ ကောင်းပါတယ်
    နောက်ထပ်ရေးလာမဲ့ ဆေးလောက အတွေ့အကြုံ ပို့စ် တွေကိုစောင့်မျှော်နေပါ့မယ်

    ဒေါက်တာအိတုံးရော အရင်ဆေးခန်းမှာပဲလား
    ဒေါက်တာကြီးအရင်တစ်ခါကပေးလိုက်တဲ့ ဆေးက တော်တော်စွမ်းတယ် ဗျ
    ဒေါ်အိတုံကြီး ဒီရက်ထဲ သီချင်းတွေ ဆိုလို့ပါလား

    • etone

      July 5, 2012 at 1:15 pm

      ကိုနိုဇိုမီရေးမှ ကျွန်မလို ကုမ္ပဏီတစ်ခုက အောက်ခြေသိမ်းဝန်းထမ်း၊ တောက်တိုမယ်ရကို … ဆရာဝန်ထင်နေကြပါဦးမယ် … :mrgreen:
      သီချင်းတွေဆိုနေတယ်ဆိုလို့ .. ပြန်စဉ်းစားတော့ … ဂျီတော့ပ်က တင်ထားတာကိုပြောတာမှတ်တယ် …. ။ အမှန်တိုင်းပြောရလျှင် ယုန်ထင်ထင်၊ ကြောင်ထင်ထင် ထင်အောင်ကို တင်ထားတာ .. အဟီး 😀

      ကိုယ့်အချစ်ကိုရဖို့ နောက်ကမာ္ဘထိစောင့်ဆိုလည်း စောင့်မယ်ဆိုတဲ့ လူ … နှစ်နှစ်လောက်စောင့်ပြီး စိတ်မရှည်တော့လို့ … မိန်းမယူတော့မယ်တဲ့..ဂုဏ်ယူစွာ စာပို့လာလို့ …. ။ လွတ်သွားတဲ့ငါးကြီးပြလိုက်တာပါ .. အဟိ … တကယ်တော့ … ရင်ထဲမှာ ဗလာ ဗလာပါ .. ခွိခွိ 😛

  • snow white

    July 5, 2012 at 1:19 pm

    ဆရာဝန်ဘဝလည်းမလွယ်ပါလားနော် ကုသလို့အောင်မြင်ရင်နာမည်ကြီးတယ် နာမည်ကြီးဆရာဝန်နဲ့ဘဲကုသချင်တယ် ခွဲစိတ်ချင်တယ်ဖြစ်လာရောလူနာအယောက်100ရဲ့အသက်ကိုကယ်လဲ့ပါစေ တစ်ယောက်လောက်များ မှားကြည့်လိုက်ပါလား နာမည် ကချက်ချင်းကိုပျက်ပြီ တခါတလေများဆရာဝန်လက်မှတ်တောင် သိမ်းခံရတဲ့ အထိ အဖြစ်ဆိုးလှပါတယ်။။။

  • ရှင်းသန့် နွယ်

    July 5, 2012 at 2:04 pm

    ဖတ်ရတာတကယ်စိတ်မကောင်းပါဘူးးးးးးး

  • Thu Wai

    July 5, 2012 at 4:42 pm

    ဖတ်ရတာ ကောင်းပါတယ် ခွဲစိတ်ခန်း ကအဖြစ်အပျက်ကို အပြင်လူ မမြင်နိုင်ပဲ ဆရာဝန်တွေက လက်တည့်စမ်းလိုက်တယ် ဆိုတဲ့ အတွေးမျိုးဝင်သွားတာပါ ။
    ဒါပေမယ့် ခွဲစိတ်ခန်း ပါ ခွဲစိတ်ခမ်း မဟုတ်ပါဘူး တခြားမှားတာတွေကိုတော့မပြောတော့ပါဘူး။
    အင်္ဂလိပ် လိုရေးတာ များလို့ထင်ပါတယ် မိခင် မြန်မာစာ ကို မေ့နေတာလဲ ဖြစ်ကောင်းဖြစ်မှာပါ။

  • thar ag

    July 5, 2012 at 6:57 pm

    စါ ရေးသူမှာ ဆရာဝန် တယောက် တော့ မဟုတ်ပါ အရေးပေါ် တာဝန်များကို အမြဲ ထမ်းဆောင်နေရသော ဝန်ထမ်းတယောက်ဟု သိစေချင်ပါတယ် ကျွန် တော့ကစာရိုက်လဲ ညံ့ ပါတယ် ရေချင်တာလေးတွေရှိပေမယ် ့ စာရိုက်ပျင်းလို့ မရေးဖြစ်တာပါ လူနာတယောက်အဖို့ ဒီလိုအခြေအနေထိရောက်သွားရင် အသက်ရှင်ဘို့ဆိုတာမလွယ်တော့ တာလေးကို ပြောချင်တာလေးပါ

  • မောင်ပေ

    July 5, 2012 at 8:02 pm

    ကိုသာအောင် ရဲ ့ကိုယ်တွေ ့ဖြစ်ရပ်လေးကို ဖတ်ရတာ စိတ်မကောင်းဖြစ်ရပါတယ် ။
    နောက်ပြီး ကိုသာအောင် ရဲ ့သတိပေးချက်ကိုလဲ ကျေးကျေးပါ။

Leave a Reply