တစ်နေ့သ၌ ကျွန်ုပ်မောင်သူရတစ်ယောက် တောရွာလေးတစ်ရွာသို့ အလည်တစ်ခေါက် သွားရောက်မိရာမှ အစပြု၍ ဤဇာတ်လမ်းလေးဖြစ်တည်လာရပေတော့သည်…….. ရွာဝင်လမ်းတစ်လျှောက်တွေ့သမျှ ရွာသူအချောအလှများကိုလဲ မလွတ်စတမ်းလိုက်ကြည့်မိချေသည်တမုံ…….. လှည်းဝင်ရိုးသံ တကျွီကျွီနှင့် နွားခလောက်များမှ တချွင်ချွင်မြည်သံများမှာလဲ ရွာ၏အလှကို တစ်ဖက်တစ်လမ်းမှ အားဖြည့် ပေးနေလေသည်……ထိုရွာမှ ရွာသူရွာသားများမှာလဲ လွန်စွာမှ ဖော်ရွှေလှသည်ထင့်…….. သို့နှင့် တောင်ငေးမြောက်ငေးနှင့် ရွာဝင်လမ်းလေးတိုင်းလျှောက်လာရင်း ကျွန်ုပ်၏ ဦးကြီးတော်စပ်သူ ဦးဘလက်ချောနေအိမ်သို့ရောက်ရှိခဲ့လေပီ……. ကျွန်ုပ်ကိုမြင်သည်နှင့်  ဦးကြီးဘလက်မှ ၀မ်းသာအားရဖြင့် ဟေးမောင်သူရကြီးလာတယ်ဟေ့…….. မင်းကွာ ဆိုင်းမဆင့် ဗုံမဆင့်…..လာကွာဟုဆိုကာ တဲရှေ့မှ ကွပ်ပျစ်ကြီးပေါ်သို့ခေါ်ဆောင်သွားကာ ခရီးဦးကြိုပြုလေ၏…….. ဦးကြီး၏ ဇနီးမှာလဲ အလိုက်သိတတ်စွာ ထန်းလျက်ခဲ၊ ဆက်သားခြောက်နှင့် ရေနွေးကြမ်းများယူဆောင်လာလေသည်……… မောင်သူရ စားနော်……ဆက်သားခြောက်လေးက သူ့သားတော်မောင် ဗိုက်ကလေး မနေ့က တောတွင်းဝင်ထားလို့ စားရတာ…… ဦးကြီးဘလက်မှ …… မောင်ရင်တို့ မြို့လို အတုအပမဟုတ်တဲ့အတွက် အားရပါးရလွေးကွာ မောင်သူရ…… ဟုဆိုလေသည်……. ကျွန်ုပ်လဲ ဆက်သားခြောက်ကို အားရပါးရလွေးကာ ရေနွေးကြမ်းတစ်ခွက်ကို သောက်လိုက်စဉ်…..ဟေး သူရကြီး…. ခြံဝမှ အသံကြားသဖြင့် လှမ်းကြည့်လိုက်ရာ ရွာသို့အလည်လာလျှင် ကဲဖော်ကဲဖက် ရွှေတိုက်ဆိုသူပင်ဖြစ်လေတော့သည်……. ဟာ ရွှေတိုက်ကြီး မတွေ့ရတာကြာတော့ အရပ်တောင်နည်းနည်းရှည်လာသလိုပဲနော်….. သို့နှင့် ရွှေတိုက်၊ ကျွန်ုပ်နှင့် ဦးကြီးဘလက်တို့ စကားကောင်းနေကြလေတော့သည်…..နေ့လည် ထမင်းစားချိန်ရောက်ရှိလာလေသော်……ရွှေတိုက်မှ ဟေ့သူရ ငါပြန်တော့မကွ…… ရွာထိပ်မှာ ချစ်သူပျိုကညာ မမစိမ်းနဲ့ချိန်းထားသဗျ…..ဆိုကာ တွံတေးသိန်းတန်၏ စိမ်းသရဖူစိမ်းသီချင်းလေး တအေးအေးဖြင့် ထွက်သွားလေသည်……..သို့နှင့် နေ့လည်စာအဖြစ် ဗိုက်ကလေး စီမံထားသည့် ကြောင်သားဟင်းဖြင့် အားရပါးရလွေးလိုက်သည်…..ကျွန်ုပ်နှင့် ညီကို ၀မ်းကွဲတော်စပ်သူ စိန်ဗိုက်ကလေးမှလဲ တာဝန်ကျေလှပေသည်တမုံ…….. ထမင်းလေးလွေးအပီးတွင် ခံတွင်းချဉ်လာသဖြင့် စီးကရက်တစ်လိပ်ကို ဖွာရှိုက်၍ ညနေ အတွက် ရွာ၏ဂျကာများကို မျက်လုံးတွင်းပုံဖော်ကာ ကာလသားခေါင်း အမက်မင်းအိမ်ဘက်သို့ ခြေဦးလှည့်ခဲ့မိသည်…….သို့နှင့် လမ်းလျှောက်လာရင်း အမက်မင်းအိမ်ဝသို့ ရောက်မှန်းမသိရောက်လာ ခဲ့လေသည်…….အမက်မင်းအိမ်အတွင်းသို့လှမ်းဝင်လာခဲ့သည်……အိမ်တွင်းသို့မရောက်မီ နောက်မှခေါ်သံတစ်ခုကြားမိသဖြင့် လှည့်ကြည့်လိုက်ရာ အိုးဟိုးဟိုး ယစ်ထုပ်ကြီးကြောင်ဝတုတ်ပါကလားဗျို့……. အေးဗျာ ကိုကြောင်ဝတုတ်လာဗျာ….. ကျုပ်အခုပဲ အကြံအစည်နဲ့ ကာလသားခေါင်း ကိုမက်မင်းစီကို တမင်လာခဲ့တာဗျ….. ကြောင်ဝတုတ်နှင့် ကျွန်ုပ်သူရဇော်တို့ မက်မင်းအိမ်တွင်းသို့အတူတကွဝင်ရောက်ခဲ့လေသည်……..ဗျိုး ကိုမက်ရေ ကိုမက် ဧည့်သည်လာသဗျို့……..

ဆက်ရန်——-

 

About Thuyazaw

has written 38 post in this Website..

121712 Contributor