လူပါး…

အတွေးတစ က..
မျှော်လင့်ခြင်းမျဉ်းမှာ. အဆုံးသတ်သွားတယ်..

ဆန့်ကျင်ဘက်ရန်သူကို
မှန်ထဲမှာ ခပ်စိမ်းစိမ်းကြီးမြင်လိုက်ရတယ်..

လိုအပ်ချက်တခုမှာ..
မလိုအပ်တာတွေက အသက်ဝင်နေတယ်..

အတ္တဆိုးတခုဟာ..
သေချာသိမ်းထုပ်ထားတဲ့ငါ့ပုံဆောင်ခဲဖြစ်နေတယ်..

အမှန်တရားဟာ..
ဘက်လိုက်ဝါးမြိုမှုအတွက် ဓါတ်စာဖြစ်နေတယ်..

မနေ့/ကနေ့ ဆိုတာ..
ရှင်သန်နေမှုရဲ့ အရိပ်တခုဖြစ်နေတယ်..

မိတ်ဆွေရင်းဆိုတာ..
ထုတ်တန်းပေါ်ခွထိုင်ရင်း ရှာတွေ့တတ်တယ်..

ပျော်ရွှင်မှုဆိုတာ..
အလိုကျခြင်းတွေနဲ့အဖော်ပြုနေတတ်တယ်..

ငြိမ်သက်မှုဆိုတာ..
ရုန့်ရင်းဆန်ခတ်မှုတွေရဲ့နောက်တော်ပါးဖြစ်တယ်..

ရိုးသားမှုဆိုတာ..
ပရိယာယ်အပေါင်းတို့ရဲ့ မာန်နတ်ဖြစ်နေတယ်..

ထောင်လွှားမှုဆိုတာ..
စိတ်မလုံခြုံမှုရဲ့ဆောင်ဓါးဖြစ်နေတယ်..

ပြန်ဆန်းစစ်မှုဆိုတာ..
ပြသာနာပေါင်းစုံအတွက် အဆိပ်ခွက်ဖြစ်နေတယ်..

ရိုးရှင်းတဲ့နေထိုင်မှုဆိုတာ..
တွယ်တာမှုပေါင်းစုံကို ခ၀ါချမှုထက်ပိုနေတတ်တယ်..

အဖြေမှန်ဆိုတာ..
အမှားအလုံးစုံအတွက် ပြင်မရတဲ့နောင်တဖြစ်နေတယ်..

အဆုံးသတ်ဆိုတာ..
အစတချို့အတွက် သာမန်နိဂုံးထက်ပိုနေတတ်တယ်…

ငြင်းခုန်ခြင်းမှာ..
ကိုယ်စီအတွေးတချက်တော့ လက်ဖို့ဆန္ဒပြုမိပါရဲ့..

****************************************************************

ဘာရယ်မဟုတ်ပါဗျာ..စိတ်နေမကောင်းဖြစ်နေတာနဲ့.ပျင်းပျင်းရှိလို့ ပေါက်ကရတွေ တွေးမိလိုက်ပါတယ်..
လျှောက်တွေး.ရေးပြီးတော့လည်း ပို့စ်တင်ချင်ပြန်ရော..ပိုက်ဆံရှာမရတာ အတော်ကြာနေတာလည်း ပါတာကိုး.. :)
အရည်အဖတ်မရဘူးဆိုလည်း မရဘူးလို့သာမှတ်ပေးကြပါကုန်လော့..

လိပ်ပြာလှချင်တဲ့
အမတ်မင်း

About amatmin

amatmin has written 27 post in this Website..