လူပါး…

amatminJuly 5, 20121min28832

လူပါး…

အတွေးတစ က..
မျှော်လင့်ခြင်းမျဉ်းမှာ. အဆုံးသတ်သွားတယ်..

ဆန့်ကျင်ဘက်ရန်သူကို
မှန်ထဲမှာ ခပ်စိမ်းစိမ်းကြီးမြင်လိုက်ရတယ်..

လိုအပ်ချက်တခုမှာ..
မလိုအပ်တာတွေက အသက်ဝင်နေတယ်..

အတ္တဆိုးတခုဟာ..
သေချာသိမ်းထုပ်ထားတဲ့ငါ့ပုံဆောင်ခဲဖြစ်နေတယ်..

အမှန်တရားဟာ..
ဘက်လိုက်ဝါးမြိုမှုအတွက် ဓါတ်စာဖြစ်နေတယ်..

မနေ့/ကနေ့ ဆိုတာ..
ရှင်သန်နေမှုရဲ့ အရိပ်တခုဖြစ်နေတယ်..

မိတ်ဆွေရင်းဆိုတာ..
ထုတ်တန်းပေါ်ခွထိုင်ရင်း ရှာတွေ့တတ်တယ်..

ပျော်ရွှင်မှုဆိုတာ..
အလိုကျခြင်းတွေနဲ့အဖော်ပြုနေတတ်တယ်..

ငြိမ်သက်မှုဆိုတာ..
ရုန့်ရင်းဆန်ခတ်မှုတွေရဲ့နောက်တော်ပါးဖြစ်တယ်..

ရိုးသားမှုဆိုတာ..
ပရိယာယ်အပေါင်းတို့ရဲ့ မာန်နတ်ဖြစ်နေတယ်..

ထောင်လွှားမှုဆိုတာ..
စိတ်မလုံခြုံမှုရဲ့ဆောင်ဓါးဖြစ်နေတယ်..

ပြန်ဆန်းစစ်မှုဆိုတာ..
ပြသာနာပေါင်းစုံအတွက် အဆိပ်ခွက်ဖြစ်နေတယ်..

ရိုးရှင်းတဲ့နေထိုင်မှုဆိုတာ..
တွယ်တာမှုပေါင်းစုံကို ခဝါချမှုထက်ပိုနေတတ်တယ်..

အဖြေမှန်ဆိုတာ..
အမှားအလုံးစုံအတွက် ပြင်မရတဲ့နောင်တဖြစ်နေတယ်..

အဆုံးသတ်ဆိုတာ..
အစတချို့အတွက် သာမန်နိဂုံးထက်ပိုနေတတ်တယ်…

ငြင်းခုန်ခြင်းမှာ..
ကိုယ်စီအတွေးတချက်တော့ လက်ဖို့ဆန္ဒပြုမိပါရဲ့..

****************************************************************

ဘာရယ်မဟုတ်ပါဗျာ..စိတ်နေမကောင်းဖြစ်နေတာနဲ့.ပျင်းပျင်းရှိလို့ ပေါက်ကရတွေ တွေးမိလိုက်ပါတယ်..
လျှောက်တွေး.ရေးပြီးတော့လည်း ပို့စ်တင်ချင်ပြန်ရော..ပိုက်ဆံရှာမရတာ အတော်ကြာနေတာလည်း ပါတာကိုး.. 🙂
အရည်အဖတ်မရဘူးဆိုလည်း မရဘူးလို့သာမှတ်ပေးကြပါကုန်လော့..

လိပ်ပြာလှချင်တဲ့
အမတ်မင်း

32 comments

  • ရဲစည်

    July 5, 2012 at 2:01 pm

    ဩော လဒူ…လဒူ
    ပြောင်းပြန်ဖတ်တော့ လူဒွေ…လူဒွေ ပေါ့အေ :mrgreen:

    မိတ်ဆွေရှာတာလောက်တော့ ထုတ်တန်းပေါ် ခွမထိုင်ပါနဲ့အေ
    ဟိုဘက် ဒီဘက် လှည့်ရတာ ခက်သား မသဂါ ညပ်သွားမှဖြင့် 🙁
    မိန်းမပါ မရဘဲ နေဦးမယ် ခွိခွိ…

    စိတ်နေမကောင်းဖြစ်ရင် စိတ်ကျန်းမာရေးဆေးရုံ သွားပါအေ
    နုသေးတဲ့အချိန် ကိုယ့်ကိုကိုယ် သတိထားမိတဲ့အချိန် ကုတာ အကောင်းဆုံးဘဲအေ့
    နီးပါတယ်အေ အဲ့နားက ၆မှတ်တိုင်လောက်ပါဘဲ 😀

    အဲ့ရောက်ရင်လည်းအေ ဟိုကြောင်သားစားလို့ ကျောက်ထပီး ချီးပန်းနေတဲ့ တယောက်ကိုပါ ဝင်တွေ့ခဲ့ပါအေ
    :mrgreen:

    သွပ်..သွပ်
    မိုးတွေရွာနေပီအေ
    ပုဆိုးခြုံပီး ပြေးပီ ….နောက်ကနေ မကြည့်ကျနဲ့

  • ရဲစည်

    July 5, 2012 at 2:03 pm

    မေ့လို့………..အေ့

    နာလက်မ ထောင်ခဲ့တယ်
    ကွက်တိဘဲ ညဉ်းက အပေါ်က ထုတ်တန်းမှာ
    ကျန်တဲ့သူတွေ မော့မကြည့်စေနဲ့ 😛

  • စိန်ဗိုက်ဗိုက်

    July 5, 2012 at 2:10 pm

    ဘီအီး စစ် မစစ်ရှိုဒါ
    ကိုယ်တိုင်သောက်ကြည့်မှ သိမယ်..
    ဂိန်.ဂိန်..
    ဒုတိယလက်မထောင်ခဲ့ပါတယ်…

  • Inz@ghi

    July 5, 2012 at 2:11 pm

    ဆန့်ကျင်ဘက်ရန်သူကို
    မှန်ထဲမှာ ခပ်စိမ်းစိမ်းကြီးမြင်လိုက်ရတယ်..

    ကျုပ်ကတော့ မှန်ထဲမှာ ဂျုလော ပြုံးနေတာပဲ မြင်မြင်နေတယ်ဗျာ…

    ဟိုအချောင်း တတိယ က ကျုပ်ဟာနော ….

    ခင်တဲ့…

  • etone

    July 5, 2012 at 2:22 pm

    ပြန်ဆန်းစစ်မှုဆိုတာ..
    ပြသာနာပေါင်းစုံအတွက် အဆိပ်ခွက်ဖြစ်နေတယ်..

    ဆိုတဲ့စကားကတော့ လုံးဝ မိုက်သွားပြီ … ။
    ပြန်မစစ်ပဲ … ဆရာခိုင်းထားတဲ့ အလုပ်လုပ်ပေးလိုက်တာ …… ပေါ့လျော့လှချည်လားတဲ့ .. အဟင် ့ … 😥

    ပျောက်နေပါတယ် မှတ်တာ …. ကိုမတ်စိတ်မကျန်းမာလို့ ကော်ဖီဆိုင်ထဲ မရောက်တာကိုး …….. ။

  • Khaing Khaing

    July 5, 2012 at 2:35 pm

    ကိုမတ်ရေ ……. ပို့စ်တွေမတက်တာကြာတော့ မျှော်နေတာပ …… လူပါးဆိုတော့ ကိုယ့်ကိုများတင်စား ထားတာလားလို့တောင်ထင်မိတယ် …. သေချာဖတ်ကြည့်မှ စိတ်အာဟာရ ဓာတ်စာလေးဖြစ်နေပါပါ့လား ……

    လူဘဝဆိုတာဒီလိုပါပဲလေ မမွန်မွန်ရေးထားတဲ့ ခဲတံပုံပြင်ထဲက “ဒုတိယဂုဏ်ရည်ကတော့- တစ်ခါတစ်လေမှာ အဖွားက စာရေးတာကို ရပ်ပြီး ခဲတံချွန်ရတယ်။ ခဲတံကိုတော့ နည်းနည်းအထိနာစေတာပေါ့။ ဒါပေမယ့် ပြီးတဲ့အခါမှာ ခဲတံက ပိုပြီး ချွန်ထက်သွားတယ်။ ဒါကြောင့် မင်းလည်းပဲ နာကျင်မှုတွေ၊ ဝမ်းနည်းမှုတွေကို ရအောင် သင်ယူရမယ်။ အဲဒါတွေက မင်းကို ပိုတော်တဲ့လူတစ်ယောက် ဖြစ်စေမှာမို့လို့ပေါ့။”

    လူ့ဘဝဆိုတာ ကောင်းတာတွေချည်းပဲ ဖြစ်မနေပါဘူး အဆိုးအကောင်းအကျိုးအကြောင်းက အမြဲဒွန်တွဲနေကျပါ … ဘာပဲဖြစ်ဖြစ်ကိုမတ်ရေ တရားသဘောနဲ့တွေးကြည့်ရင် ငါဒီနေ့စိတ်မကောင်းဖြစ်နေတယ် မနက်ဖြန်ကျရင်ငါအသက်ရှင်ရပါ့ဦးမလား ဒီတော့ စိတ်မကောင်းတာတွေဖယ်ပီး မနက်ဖြန် မရောက်ခင် ကောင်းတာတွေလုပ်ကောင်းတာတွေတွေး ပျော်ပျော်နေပြီး စိတ်ကိုအဖြူစင်ဆုံးဖြစ်အောင်နေပါလေ ….. ကိုယ့်အရိပ်ကကိုယ့်နောက်ကိုလိုက်ပါတယ် …… ကိုယ့်လုပ်ဆောင်မှုဟာကိုယ့်သမိုင်းပါ ကိုယ့်ကုသိုလ်က ကိုယ့်ဘဝအတွက် လက်ဆောင်ထုပ်ကြီးပါ …… အေးချမ်းပျော်ရွှင်ပါစေ ………

    အစိမ်းရောင်ကော်ဖီလေးကိုတော့ မမေ့နဲ့နော် ……..

    ခင်မင်လေးစားစွာဖြင့်
    Khaing Khaing

  • kyeemite

    July 5, 2012 at 2:54 pm

    မိတ်ဆွေရင်းဆိုတာ..
    ထုတ်တန်းပေါ်ခွထိုင်ရင်း ရှာတွေ့တတ်တယ်..

    ကိုမတ်…ကျုပ်တို့နှစ်ယောက် ထုတ်တန်းပေါ်မှာတွေ့ကြပြီး
    အတူတူပြုတ်ကျကြမှ ခင်သွားတာလေ…မှတ်မိပါသေး အင်းယားဘေး..
    ဟေးဟေးဟေး…

  • Moe Z

    July 5, 2012 at 3:19 pm

    ကိုအမတ်မင်းရေ…..
    မိတ်ဆွေဖြစ်ချင်ပေမယ့် ထုတ်တန်းပေါ်တော့လိုက်မတက်ပါရစေနဲ့ :mrgreen:
    ဒါနဲ့ လူပါးနဲ့လူနပ် ဘာကွာလဲဟင် ?
    စိတ်မကျန်းမာဘူးဆိုလို့ ပိုဆိုး အဲ ပြေပျောက်သွားအောင် ပေါက်ကရပြောသွားပါတယ်
    အဟိ ဘယ်တုန်းကမှလည်း အကောင်းမပြောပါဘူး 😀

  • မောင်ပေ

    July 5, 2012 at 3:35 pm

    လိပ်ပြာဆိုလို့
    လိပ်ခေါင်းဆိုတာ ဂေဇက်မှာ ဖတ်ခဲ့ဖူးတယ်ဗျ
    ကွန်ပျူတာရှေ့အထိုင်များသူတွေ သတိထားတဲ့

    • Khaing Khaing

      July 5, 2012 at 3:50 pm

      ကိုပေရေ …. လိပ်ခေါင်းမှာ ဆောင်ထည့်ရင် အဲဒီအဖွဲ့လေးက ဂေဇက်ထဲမှာ အဖွဲ့တစ်ဖွဲ့ဖြစ်ခဲ့ဖူး ပါတယ် ……….

  • kyeemite

    July 5, 2012 at 4:05 pm

    အမတ်မင်းရေ..

    ငြင်းခုန်ခြင်းမှာ..
    ကိုယ်စီအတွေးတချက်တော့ လက်ဖို့ဆန္ဒပြုမိပါရဲ့..

    ဒီအချက်လေးတော့အကြိုက်တွေ့မိသဗျို့..
    အတွေးတစ်ချက်လက်ဖို့
    အရေးတစ်ချက်မပျက်ဖို့
    အငေးတစ်ဝက်နဲ့
    ပြေးထွက်ခဲ့ပါဂျောင်း..

  • သူရဇော်

    July 5, 2012 at 4:06 pm

    လောကမှာ သမိုင်းလှဖို့ ဘဝဆိုတဲ့အရေးအသားမှာ အလွမ်းဓါတ်ခံတွေနဲ့ပြည့်နှက်နေတယ်……
    မှောင်နေတဲ့အခန်းတွင်းမှာ လင်းလက်ဖို့အတွက် ဖယောင်းတိုင်တို စွမ်းဆောင်နေတယ်…..
    ဂျောင်ကျတဲ့တစ်နေရာမှာ မောင်မင်းကြီးသား အခန့်သား ဆေးလိပ်တိုနဲ့ နှပ်နေတယ်…..
    ကျွန်တော်ဆိုတဲ့ ကြောင်တောင်တောင်ငမောင်လဲ ထုတ်တန်းပေါ်က သူငယ်ချင်းကို ကြည့်နေတယ်
    သူက ငုံ့ကြည့်ပီးပြောတယ်…….ဟေ့ငမောင် မော့မကြည့်နဲ့တဲ့……..ခိခိ

  • blackchaw

    July 5, 2012 at 4:10 pm

    နောက်ဆုံးတော့
    လောကကြီးက
    လောကကြီးပါပဲဗျာ…။
    လိပ်ပြာ လှတာတော့ မကြားဖူးဘူး။
    လိပ်ပြာသန့်တာတော့ ကြားဖူးတယ်။
    အဲဒီ လိပ်ပြာကြီး သန့်ချင်ပါတယ် ညီလေးရေ။
    လေးစားခင်မင်စွာနဲ့
    ဘလက်…။

  • နှင်းဆီ ငုံ

    July 5, 2012 at 5:18 pm

    လေးမတ်ရေ – ပိုက်ဆံများ ရှာမနေနဲ့၊ ပိုက်ဆံရှာလည်း တစ်နေ့တော့ သေရမှာပဲ၊ မရှာလည်း တစ်နေ့တော့ သေရမှာပဲ၊ သေရမှာချင်းတူတူ ရှာမနေနဲ့ သိလား …. ဟိ .. နောက်တာ…
    လေးဘလက်ကလည်း လိပ်ပြာလှတာ ဘာလို့မကြားဖူးတာလဲ မကြားဖူးရင် မမအညာသူ ကိုမေးကြည့်ပါလား အညာက နတ်ပွဲတွေမှာ သားတော်လိပ်ပြာလေးက လှသကွယ်၊ သမီးတော်လေးလိပ်ပြာကလှလိုက်တာ လို့တွေပြောတယ်လေ … နော်

  • ဝမ်းတွင်းရူး

    July 5, 2012 at 6:04 pm

    အဖြေမှန်ဆိုတာ..
    အမှားအလုံးစုံအတွက် ပြင်မရတဲ့နောင်တဖြစ်နေတယ်..
    အဆုံးသတ်ဆိုတာ..
    အစတချို့အတွက် သာမန်နိဂုံးထက်ပိုနေတတ်တယ်…
    ငြင်းခုန်ခြင်းမှာ..
    ကိုယ်စီအတွေးတချက်တော့ လက်ဖို့ဆန္ဒပြုမိပါရဲ့..

  • shwe kyi

    July 5, 2012 at 6:37 pm

    ပျော်ရွှင်မှုဆိုတာ..
    အလိုကျခြင်းတွေနဲ့အဖော်ပြုနေတတ်တယ်..

    ကိုအမတ်ရေ
    အလိုကျခြင်းတွေဆိုတာ မရှိတော့တဲ့အခါ ဝမ်းနည်းလာတာပေါ့။
    ရွှေကြည်လည်းလူပါးပဲ ပိန်ပြီးပါးနေတာ။ 😀

  • အလင်းဆက်

    July 5, 2012 at 6:52 pm

    စာသားတွေနောက်…
    ကျွန်တော်လည်း..လိုက်ပါ…မိတယ် ။
    လိုက်ပါ စီးမျော…. မိပါတယ်…..

    • amatmin

      July 6, 2012 at 10:16 am

      ကိုအလင်းဆက်ရေ..
      ဘာရယ်မဟုတ်.တောင်မရောက်မြောက်မရောက်ကို.
      ဝင်စီးမျောပေးတဲ့အတွက်.
      လေးစားပါ၏..။

      ဒေါက်တာကြီးရေ..
      အသုံးဝင် ထိရောက်တဲ့နည်းလမ်းမို့..
      ကျေးဇူးလို့ပြောချင်ပါတယ်.

  • AKKO

    July 5, 2012 at 7:59 pm

    ကိုမတ်ကြီးရေ
    လူတိုင်းမှာ တသက်တော့ အကြိမ်ကြိမ် စိတ်မကျန်းမာဖြစ်ဖူးကြပါတယ် ။
    စိတ်မကျန်းမာဘူးဆိုတာထက် ၊ ခဏတာ စိတ်ဖိစီးမှုဖြစ်တယ်လို့ သုံးလျှင်ပိုသင့်တော်တာပေါ့ ။
    စိတ်ခံစားချက် အရမ်းပြင်းထန်နေတဲ့အချိန်မှာ စိတ်ဝေဒနာရစေတဲ့အဖြစ်ပျက်၊အရာတွေကို သတိမထားပဲ တခြား တစ်ခုခုကို အာရုံလွဲထားဖို့ အကြံပေးပါရစေ ။
    Get well soon ပါဗျာ ။

  • Crystalline

    July 5, 2012 at 8:20 pm

    ကိုအမတ်မင်းရေ..စိတ်နေမကောင်းတဲ့လူရဲ့ပေါက်ကရအတွေးလေးတွေထဲက အချို့က ကိုယ်အခုခံစားနေရတာနဲ့ကွက်တိဖြစ်နေတယ်.. ကျမလည်းစိတ်နေမကောင်းဖြစ်နေသူလို့ပြောလို့ရတယ်.. အမြန်ဆုံးကျော်လွန်နိုင်ပါစေနော်..

    • Inz@ghi

      July 5, 2012 at 8:31 pm

      စိတ်နေမကောင်းရင် ဆိုက်ခယား အထွစ် နဲ့ ပြကြည့်ပါလား ဟင်င်င်
      စာတီဖီကိတ်တွေဘာတွေ ထုတ်ပေးမလား မဆိုနိုင်
      😀

      • Crystalline

        July 5, 2012 at 9:20 pm

        ပြကြည့်ရမှာက ဟိုတလောက ရွာထဲရိပ်ကနဲတွေ့လိုက်တဲ့ ရုပ်ဆိုးဆိုးလူကြီး… အပူသည်ရုပ်နဲ့ငိုကြောမသတ်နိုင်ဖြစ်လိုက်.. အခုလည်းသူ့ကိုယ်သူ မင်းသားနဲ့တူတယ်ပြော နေပြန်ပြီး… ကနဦး လက္ခဏာတွေနော်.. 🙂

  • pooch

    July 5, 2012 at 11:06 pm

    ကိုအမတ်ရေ စိတ်နေမကောင်းရင် chicken soup လေးတွေ များများသောက်ရှင့်။ 😀

    • Inz@ghi

      July 5, 2012 at 11:11 pm

      အများကြီး သောက်ဖူးတဲ့လူ ဆီက
      လမ်းညွှန်မှုဆိုတော့ …
      လေးလေးစားစား လိုက်နာသင့်ပါဂျောင်း..
      လက်တို့ပါတယ်….

      ခိခုခိခု..
      (ရန်တွေ့မယ်ဆို သဘောထားမိရင် အောက်ပါစာကို အရင်ဖတ်ပါ…)
      ဖြစ်ဖူး ကြုံဖူး တွေ့ဖူး မျက်စိဝ ကြားဖူး နားဝ လောက်နဲ့မန့်တယ်ဆိုရင်တော့ …
      ကြည့်ဖြီး-မှန်းတီး-ဘလိုင်ရွှီး ဂိုဏ်း ကို အော်တိုမက်တစ် ဝင်ရောက်မိပြီးကြောင်းပါ…
      အာဟိ …

      (ကြုံလို့ မျှဝေတာပါ …)

      • pooch

        July 5, 2012 at 11:25 pm

        အေးပါ ဒီတခါတော့ ရှိစေတော့ ကိုယ်တိုင်သောက်ခဲ့တာမို့ လက်တို့တာ ဘာဖြစ်လဲ ။ နင်တောင် မျက်ရည်မဆယ်နိုင်တာ ဆာကူရာကျိ ပုခုံးတဖက်ငှားလို့ ပြန်ကောင်းလာတာမလား။ 😀

  • အရီးခင်လတ်

    July 6, 2012 at 3:09 am

    အမတ်မင်း ရယ်
    ဒီလို ကဗျာ ကို ပျင်းလို့ စပ်တာတောင် တကဲ့ ကို အရမ်းကို ကောင်းပါတယ်။
    အကြိုက်ဆုံး က
    { ပြန်ဆန်းစစ်မှုဆိုတာ.. ပြသနာပေါင်းစုံအတွက် အဆိပ်ခွက်ဖြစ်နေတယ်..}
    အတွေး တွေ အများကြီး …. ရှုဒေါင့်စုံက။ ;-P
    ကျေးဇူးပါ။ 🙂

    • amatmin

      July 6, 2012 at 10:23 am

      အရီးရေ..
      ရှု့ဒေါင့်စုံလို့ ပြောပီးအားပေးတဲ့ အတွက်.ကျေးကျေး.
      ခုတလော.စိတ်ဖိစီး ပင်ပန်းတာတွေ
      တကဲ့ကို များနေတော့ကာ….
      အရီးစကားကြောင့် အတော်လျော့သွားပါပေါ့လား 🙂

      • pan pan

        July 7, 2012 at 2:59 am

        ”’ပြန်ဆန်းစစ်မှုဆိုတာ.. ပြသနာပေါင်းစုံအတွက် အဆိပ်ခွက်ဖြစ်နေတယ်..”’
        အဲ့ဒါခုတလော အူးမတ်Kaizenလုပ်လို့ပေ့ါဗျ
        ပြီးတော့ ဘာဆိုလား
        ပလန်တွေရော ဒူးတွေရော ချက်တွေရော
        ခုတလော တော်တော်ချက်(check)တယ်ထင်တယ်
        အဆိပ်ခွက်တွေ့လို့နဲ့တူပါ့ ဟိ 😆
        ဒါနဲ့ ထုတ်တန်းပေါ်ကပြုတ်ကျရင်တော့ မထူပေးဘူးနော် 😛

  • ကြောင်ဝတုတ်

    July 6, 2012 at 9:38 am

    အင်း….
    နောက်ဆုံးတော့ ကိုမတ်ကြီးက ကဗျာဆရာလုံးလုံးဖြစ်နေပါပေါ့လား…
    တကယ်တော့ ရင်ထဲမှာရှိနေပြီးသား ပိုးလေးတွေထလာတယ်ထင်ပါ့…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • mamanoyar

    July 6, 2012 at 9:48 am

    “ရိုးသားမှုဆိုတာ..
    ပရိယာယ်အပေါင်းတို့ရဲ့ မာန်နတ်ဖြစ်နေတယ်”
    အင်း အဓိပ္ပာယ်ရှိတယ်နော်

  • amatmin

    July 6, 2012 at 10:12 am

    @ကိုရင်ရဲစည်.
    ကနဦးကွန်မန့်ပေးတဲ့အတွက်.. (ကော်ပီ.. တီချယ်ကြီး)
    ပြန်ရောက်ရင် ဘလက်တပက်တိုက်ပါ့မယ်ဗျာ..
    တလုံးမတိုက်နိုင်တာကတော့ စိတ်နေမကောင်းတဲ့အပြင်.
    ဘက်ဂျက်ပါ မလန်းဖြစ်နေလို့ပါ.. 🙂

    @စိန်ဗိုက်.ဂီဂျု့လော.ကိုသူရ.ကိုဘလက်.ဦးမိုက်.ကိုပေ.ကိုဖက်တီးကပ်.ကိုသန်းထွတ်ဦး.
    ကိုယ့်ဆြာတွေရဲ့ ကွန်မန့်တွေအတွက်.တကယ့်ကို ကျေးကျေးကြီးပါဗျာ..

    @မအိတုန်.မခိုင်.မမိုးစက်.မပုချ်.မနှင်းဆီ.မရွှေကြည်.ခရစ်..မနိုရာ.
    စိတ်မကျန်းမာတာပဲပြောပြော..စိတ်နေမကောင်းတာပဲဆိုဆို.
    လာမန့်ပေးတဲ့အတွက်.ကို.ကျေးဇူးအထူးပါ နော့ 🙂

  • ကြောင်ကြီး

    July 8, 2012 at 10:30 am

    လူပါး
    အူယားရင်
    ခြူစားတယ်
    သူများ
    လှူထားတဲ့
    ဘူကား..။

Leave a Reply