ရက်စက်လိုက်တာ

မမ အညာသူJuly 5, 20121min21025

ခုအချိန်ကနှမ်းပွင့်လေးတွေဝေဆာနေတဲ့အချိန်ပေါ့

နှမ်းပွင့်လေးတွေဟာ မိုးရွာမည့်နေကိုမျော်လင့်စောင့်စားနေကျတယ်လေ

တကယ်လို့ မိုးမင်းကြီးသာရွာသွင်းမပေးဘူးဆိုရင်နှမ်းပင်လေးတွေရဲ့ဘဝဟာမတွေးရဲစရာပါ

မိုးမင်းကြီးရယ် တောင်သူလယ်သမားတွေရဲ့ဘဝကိုတစ်ချက်လောက်မြင်လှည့်ပေးစေချင်လိုက်တာ

ညနေစောင်းလို့ကောင်ကင်ကြီးညိုမှိုင်းနေရင် မိုးများရွာတော့မှာလားဆိုပြီးတော့တောင်သူဦးကြီးတွေဟာ ကောင်းကင်ကြီးကိုကြည့်ပြီ    မိုးကိုမျော်နေတက်ကြတယ်

နှမ်းပင်လေးတွေကလည်း မိုးရွာတော့မှာပဲဆိုတဲ့အတွေးနှင့် တစ်ပင်နှင့်တစ်ပင်လက်ချင်းယှက်ပြီ ပျော်မြူးနေကျတယ်လေ

ဒါပေမဲ့ ထင်ထားသလိုဖြစ်မလာပါဘူး

မိုးသားတွေဟာ လေယူရာကိုယိမ်းထိုးကာ ကွယ်ပျောက်သွားပါတယ်

မိုးမင်းကြီးရယ် အပြစ်မဲ့တဲ့ တောင်သူလယ်သမားတွေရဲ့ဘဝကို လှည့်စားရက်တယ်နော်

ရက်စက်လိုက်တာ……………………….

ညာတို့ဒေသဟာဆည်မြောင်းတွေမရှိတဲ့အတွက် ရေမရရှိပါဘူး မိုးကိုပဲအားကိုနေရတယ်လေ

တကယ်တော့တောင်သူလယ်သမားတွေဟာ အရမ်းသနားဖို့ကောင်းပါတယ်ဆင်းဆင်းရဲရဲလုပ်ကြရတယ်

မိုးပေးမှသီနှံဆိုတာရတယ်  အခြားကုန်ဈေးနုန်းတွေမြင့်သလောက်   သီးနှံဈေးဟာအရမ်းပဲနည်းလွန်းလှပါတယ် သူတို့တွေဟာဆင်းဆင်းရဲရဲလုပ်ရပြီ ဘာမှခံစားခွင့်မရဘူးလို့

ညာထင်မိတယ်

မိုးမင်းကြီးရယ် ရိုးသားလွန်းလှတဲ့တောင်သူတွေရဲ့ဘဝကို တစ်ချက်လောက်လေးငဲ့ကြည့်ပေးစေချင်ပါတယ်

 

လိုအပ်ချက်လေးတွေကိုဖြည့်စွတ်ပြီးတော့ဖတ်ပေးပါရှင်

အားလုံးကိုခင်တဲ့ညာ……….

25 comments

  • မမ အညာသူ

    July 5, 2012 at 1:43 pm

    ုခုညာတို့ဒေသမှာသီးနှံတွေဟာ
    အရမ်းပဲမိုးကိုလိုအပ်နေပါတယ်
    မိုးရွာမည့်နေကိုထိုင်စောင့်နေရုံကလွဲပြီဘာမှမတက်နိုင်တော့ပါဘူး

  • ခပ်မိုက်မိုက် ကောင်မလေး

    July 5, 2012 at 2:15 pm

    ညာ…နဲ့အတူ…
    မိုက်လေး…လည်း..
    မိုးမင်းကြီးရွာပါစေလို့…
    လိုအပ်ချက်တွေ ဖြည့်ဆည်းပေးပါလို့…
    ဆုတောင်းပေးမယ်နော်….။

    • Inz@ghi

      July 5, 2012 at 2:21 pm

      မိုးမင်းကြီး က မမိုက်ဘူးကွာ ..
      အာဟိ
      😀

    • ဇောက် ထိုး

      July 5, 2012 at 9:07 pm

      ဆုတောင်း……တိုင်းသာ….. ပြည့်မည်ဆိုပါရင်….
      ဂွဲတခွင်….နှမ်းတွေမြင်…လူများတွင်…..အလုပ်တွေများ……သီချင်းနော် …..မိမိုက်…
      မလိမ်မာသေးဘူးလား….

  • ခေတ် လုလင်

    July 5, 2012 at 2:23 pm

    မမတို့အညာမှာ မိုးများများရွာပါစေဗျာ

  • ခေတ် လုလင်

    July 5, 2012 at 2:25 pm

    ကျွန်တော်က အခုမှရွာထဲရောက်တာပါ ခင်ဗျာ

  • မမ အညာသူ

    July 5, 2012 at 2:26 pm

    ခုမှရွာထဲရောက်တဲ့ ခေတ်လုလင်ကိုလဲ
    ညာတို.ဂေဇက်ရွာကကြိုဆိုနေပါတယ်ရှင်

  • Khaing Khaing

    July 5, 2012 at 2:40 pm

    နှမ်းပင်လေးတွေရဲ့ဘဝကို သနားလိုက်တာ ……… တောင်သူဦးကြီးတွေကလည်း စိတ်ညစ်နေမှာပေ့ါနော် ….. ဒါနဲ့ စကားမစပ် မိုးအကြောင်းတော့ ရွာထဲမရေးလေနဲ့ မိုးကိုစောင့်နေသူတဲ့ တောင်သူလယ်သမားကြီး တစ်ယောက်လည်းရွာထဲမှာရှိသပ ………

  • kyeemite

    July 5, 2012 at 3:18 pm

    ရန်ကုန်က မိုးကို အညာကိုလွှတ်လိုက်ပါ့မယ်ဗျို့..

  • ရှင်းသန့် နွယ်

    July 5, 2012 at 3:30 pm

    မမရှင်းသန့်လဲ မိုးရွာပါစေလို့ဆုတောင်းလိုက်ပါတယ်နော်…..

  • ko win

    July 5, 2012 at 3:59 pm

    သွားတော့မိုးရယ်…သွားတော့မိုးရယ်..
    သွားကွယ်….
    ကဲ..သွားတော့ အညာကို။ ဟိုမှာ တမ်းတနေရှာပြီ။
    မမအညာသူရေ…အနော်လွှတ်လိုက်ဘီဂျ။ ဘာမှပူမနေနဲ့တော့။

  • snow white

    July 5, 2012 at 4:20 pm

    စနိုးတို့တော့ အလုပ်ပြန်ချိန်စိတ်တောင်ညစ်နေရတယ် မိုးရွာလွန်းလို့ ပြောင်းပြန်ဖြစ်နေတယ် ရန်ကုန်ကမိုး မမအညာတို့ရွာကိုပြောင်းရွာပေးပါလို့ဆုတောင်းပေးလိုက်ပါတယ် မမအညာသူရယ်။

  • ko win

    July 5, 2012 at 4:27 pm

    အင်..အကုန်လုံးတော့ မပို့နဲ့လေ အန်တီနှင်းဖြူလေးရယ်။ ရန်ကုန်အတွက်လည်း နည်းနည်းပါးပါးတော့ချန်ဦးမှပေါ့ဂျ။ ရန်ကုန်မှာ မိုးနဲ့လုပ်စားနေရတဲ့သူတွေ အညားဂျီးအုပ်ချာ။

  • etone

    July 5, 2012 at 4:29 pm

    မမအညာသူရေ .. . အညာမှာ အခုထိ ဘုရားစူး မိုးမရွာသေးဘူးလားဟင် … ။
    ကြားရတာလည်း စိတ်မကောင်းပါဘူး ။ ကုန်တွင်းပိုင်းကျလို့ …. မိုးနည်းတာဖြစ်မယ်နော် …
    ဆုတောင်းလို့သာ မိုးရွာမယ်ဆို … ဝိုင်းပြီး ဆုတောင်းပေးလိုက်ချင်ပါတယ် ။
    ရန်ကုန်မှာ တဗြဲဗြဲမစဲအောင်ရွာနေတဲ့ မိုးတွေ အညာကိုခဏလောက်သွားပါနော်လို့လေ … ။

  • မမ အညာသူ

    July 5, 2012 at 4:37 pm

    ခုလိုဆုတောင်းပေးတာကျေးဇူးပါနော်
    အညာမှာကမိုးအရမ်းနည်းတယ်လေ

  • နှင်းဆီ ငုံ

    July 5, 2012 at 5:02 pm

    ဆောင်းလေတသင်း ၊ မိုးငပျင်း
    နွေဦးအခါ ၊ မိုးမလာ
    မိုးဦးရောက်လည်း ၊ မိုးမသည်း
    မိုးနှောင်းချိန်မှ ၊ မိုးဖွဲကျတဲ့
    အပူပိုင်းမြေ …. ဆိုတာ မမအညာသူ တို့ ဒေသကိုပြောတာနေမှာနော် …

  • ဝမ်းတွင်းရူး

    July 5, 2012 at 6:02 pm

    မကွေးဖက် ကျနော်နေဖူးလို ့နည်းနည်းသိပါတယ်။
    မိုးခေါင်နေတယ်ဆိုလို ့စိတ်မကောင်းပါဘူး။မိုးအမြန်
    ရွာဖို ့ဆုတောင်းပေးပါတယ်။

  • ဇောက် ထိုး

    July 5, 2012 at 9:02 pm

    မမညာရယ်…ခင်ဗျားက ကျွန်တော်မိုးမင်းကိုပဲ အပြစ်မြင်တာကိုဗျ…. ကျွန်တော်တို့ ရာသီဥတု ..သစ်ပင် တောတောင်နဲ့ လာရတာဗျ… ခင်ဗျားတို့က ကျွန်တော်တို့လာဖို့ သစ်ပင်တွေကျ ခုတ်ပစ်နေပြီး ကျွန်တော်တို့ဘာနဲ့လာမှာလဲ…
    နောက် ဟိုကတမျိုး ဒီကတမျိုးနဲ့ဗျ… မြို့ပေါ်က ရေခဲရောင်းသူတွေ…အအေးရောင်းသူတွေက တော့လဲ မိုးရယ်မရွာပါနဲ့ဦး…ကျွန်တော်တို့မှာ ဒီနွေလေးလုပ်စားရတာပါတဲ့….
    နောက် သိပ်ဆင်းရဲတဲ့ ကျူးတဲက လူတွေကလဲ သူတို့အိမ်လေး မိုးမလုံသေးလို့ မရွာပါနဲ့အုံးတဲ့….
    ဟို ရခိုင်က လူတွေကလဲ.. သူတို့မှာ အိမ်တွေမဆောက်ရသေးပဲ မိုးတွေရွာနေတော့ အခက်တွေ့လိုပါတဲ့…..

    ဒီတော့ ကျွန်တော် မိုးနတ်မင်းပြောတတ်ကတော့ မညာတို့အနေနဲ့ စီးပွားရှာတော့မယ်ဆိုရင်… ငှက်လိမ်မာ ဆိုတာ ကိုင်းရွေးနားတယ်တဲ့….
    ကိုယ်မပိုင်တဲ့ မိုးနဲ့အလုပ်လုပ်ရတဲ့ နေရာမှာမလုပ်ကြနဲ့ပေါ့ဗျာ…. အဲဒီဘဝတွေကနေ လွတ်အောင် ကျိုးစားကြ…..
    အများကိုသနားတယ်ဆိုရင်လဲ… မိုးမင်းလာလို့ရအောင်… သစ်ပင်တွေခုတ်တာမျိုးတွေ မလုပ်အောင် တိုက်တွန်းနိုးဆော်ကြပေါ့ဗျာ…..

  • မောင်ပေ

    July 6, 2012 at 12:10 am

    မိုးခေါင်တာလဲ အားလုံးပျက်စီးစေပါတယ်
    မှိုင်းတိုက်တာကိုလဲ သတိပြုပါ ညာ

  • မမ အညာသူ

    July 6, 2012 at 9:35 am

    အန်ကယ်ဇောက်ရယ်ဟုတ်ပါတယ်
    လူတွေကလဲမကောင်းကျတော့ဘူးလေ
    အဲတော့ရာသီဥတုကလဲဖောက်ပြန်လာပြီပေါ့………..
    အဓိကကတော့ ကိုယ်ပြုတဲ့ကံ ကိုယ့်ကံပါပဲလေ

  • ခပ်မိုက်မိုက် ကောင်မလေး

    July 6, 2012 at 10:05 am

    အန်ကယ်ဇောက်ရယ်…
    မိုက်လေးက..မမိုက်ပါဘူးဆို…
    လိမ္မာပြီးသားနော်…
    မိုင်လေး…လိုပြောလိုက်မယ်…
    မယုံရင်..ပုံပြင်မှတ်လို့….:P

  • mamanoyar

    July 6, 2012 at 1:18 pm

    ဟုတ်ပါ့
    မိုးဘာလို့ခေါင်မှန်းမသိဘူး
    ရန်ကုန်ကျ မိုးတွေ အရမ်းရွာတယ်

  • မဂွတ် ထော်

    July 6, 2012 at 2:47 pm

    မိုးရွာအောင်လွန်ဆွဲကြမယ်လေ
    ရွာမယ်လို့ပြောဘက်ကိုလွတ်ချလိုက်မယ်
    မိုးရွာပါစေတော ် ကဲကဲ စတာ
    မိုးမရွာနယ်မှန်သမျှရွာစေ
    ငါမေတ္တာပို့လိုက်မယ်
    ရွာစေ …ရွာစေ

Leave a Reply