ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးဧ။် ကိုယ်ရေးအကျဉ်း

kalinkJuly 5, 20122min1126

 

 

 

 

 

 

 

 

 

 

 

 

 

 

ဒီပို့စ်လေးကိုမနေ့ညနေထဲကတင်မလို့ပါဘဲ.. တင်ဖို့ပြင်နေတုန်း source က maintenance လုပ်တာနဲ့ကြုံတော့  ကျနော်လည်းဘန်းတယ်ထင်ပီး လိုက်ကျော်ခွတာ တစ်ညနေကုန်သွားတယ်။ ခုအားလုံးဖတ်ရအောင်တင်ပေးလိုက်ပါတယ်။

 

မွေးသက်ကရာဇ် – ၂၉.၅.၁၉
လက်ရှိရာထူး – ဒုတိယ သမ္မတ၊ ဗဟိုနာယကအဖွဲ့ဝင် (ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး)
ယခင်ရာထူး – အတွင်းရေးမှူး ၁ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ)

တပ်မတော်ထဲဝင်ရောက်ခြင်း
ပြင်ဦးလွင် စစ်တက္ကသိုလ်အပတ်စဉ် ၁၂ ဆင်းဖြစ်သည်။
နအဖ အတွင်းရေးမှူး ၁ ဖြစ်လာခြင်း
၁၉၈ဝ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကသ) နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ဘက်ဆိုင်ရာ သီဟသူရဘွဲ့ရရှိခဲ့သည်။
၁၉၉ဝ ခုနှစ်တွင် စစ်ကိုင်းတိုင်းခြေလျင်တပ်ရင်း ၁၁၁ တွင် တပ်ရင်းမှူးအဖြစ် တာဝန်ယူခဲ့ပြီးနောက်
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တမခ ၃၃ တွင် စစ်ဦးစီးမှူး ပထမတန်းအနေဖြင့် စစ်ဗျူဟာမှူး တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့နောက် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်လက်အောက်ခံ ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု
စစ်ဌာနချုပ် (စကခ-၁) တွင် ဗိုလ်မှူးချုပ်အဖြစ် တာဝန်ပေးအပ်ခံရပြီး ၁၉၉ရ ခုနှစ်တွင် လာရှိုး အခြေစိုက်အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တိုးမြှင့်းခန့်အပ်ခံရသည်။

၂၀၀၂ ခုနှစ်တွင် စစ်ထောက်ချုပ်၊ ၂၀၀၃ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီးအထိ ဖြစ်လာခဲ့ပြီး ၂၀၀ရ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

နအဖတွင် အတွင်းရေးမှူး ၁ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ် မတ်လမှစ၍ ဗိုလ်ချုပ်ကြီး ရာထူးအထိ တိုးမြင့်ခံခဲ့ရသည်။

ပါတီနိုင်ငံရေး လှုပ်ရှားမှု
၂၀၁ဝ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာ တာဝန်များမှ အနားယူကာ နအဖ အတွင်းရေးမှူး ၁ ရာထူးအပြင်၊

ပါတီအသွင်ပြောင်းလာသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ဗဟိုနာယကအဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
၂၀၁ဝ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အဖြစ် မန္တလေးတိုင်း ပုဗ္ဗသီရိမြို့နယ်မှနေ၍
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ဝင်ရောက်အရွေးခံကာ အနိုင်ရခဲ့သည်။

ဦးတင်အောင်မြင့်ဦးဧ။် ဇနီးသည်မှာ ဒေါ်စောနှင်းဖြစ်ပြီး၊ သားဖြစ်သူမှာ နိုင်လင်းဦး (ခေါ်) တေဇာစောဦး ဖြစ်သည်။နိုင်လင်းဦးသည် ဗိုလ်ကြီးဟောင်းတဦးဖြစ်ပြီး ဧရာဟင်္သာ ကုမ္ပဏီပိုင်ရှင်လည်းဖြစ်သည်။
လက်ရှိတွင်နေပြည်တော်၌ နေထိုင်လျက်ရှိသည်။

source : http://thevoicemyanmar.com/index.php/politics/item/2118-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A-%E1%80%9E%E1%80%99%E1%80%B9%E1%80%99%E1%80%90-%E1%80%A6%E1%80%B8%E1%80%9E%E1%80%AE%E1%80%9F%E1%80%9E%E1%80%B0%E1%80%9B-%E1%80%90%E1%80%84%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%E1%80%A6%E1%80%B8%E1%81%8F-%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%A1%E1%80%80%E1%80%BB%E1%80%89%E1%80%BA%E1%80%B8.html

 

6 comments

  • လူ ဟား

    July 5, 2012 at 3:00 pm

    မွေးသက္ကရာဇ်က ဟုတ်ပါသလားခင်ဗျာ.. ဒါဆို ခု အသက် ၉ဝ ကျော်ဘီပေါ့…။ ပြန်စစ်ပါအုံးဗျို့..။

  • ssa

    July 5, 2012 at 4:09 pm

    ဖတ်သွားတယ်ဗျို့

  • P chogyi

    July 6, 2012 at 10:41 am

    ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ဖြစ်မယ်ထင်တယ်။

Leave a Reply