မီတာချွေတာတာ တို့တိုက်ခန်းတော့မမီ

snow whiteJuly 5, 20121min10411

စနိုးတို့နေတဲ့တိုက်ခန်းလိပ်စာတော့မရေးပြတော့ပါဘူး  လာလည်မှာဆိုးလို့   တကယ် မီတာချွေတာ တာနော် ဘာလို့ လည်းဆိုတော့ တိုက်ခန်းကအတွဲတိုက်ခန်းလေ မီတာ ကို အတွဲလိုက်ဆောင်ကျရတယ် ဒါပေမယ့် မီတာ က နှစ်ခုခွဲထားတယ် ရေမီတာရယ် လျှပ်စစ် သုံးတဲ့မီတာရယ် နှစ်ခုခွဲထားတယ်   ရေမီတာ သိပ်ပြသနာမရှိဘူး  ပြသနာက လျှပ်စစ်မီတာမှာပြသနာတက်တယ်   ငါ့အိမ်ကဘာမှမသုံးဘဲနဲ့  သူများနဲ့ တန်းတူပေးရတယ် ဆိုပြီးတစ်လတစ်ခါပြသနာကပေါ်ပြီ  မကျေနပ်လို့ရုံးလည်းရောက်ကျတဲ့သူတွေ ရှိတယ်   မီတာ ခတွက်တဲ့သူကလည်း သူဘက်သူသက်သာအောင်တွက်တယ် စနိုးတို့စရောက်တော့ တိုက်ခန်းမှာ  စနိုးအတွဲမှာပေါ့နော် တစ်တွဲကို ဆယ့်နှစ်ခန်းရှိတယ်  စနိုးတို့ အခန်းပါမှ ၁၂ခန်းပြည့်မှာ  စနိုးတို့ကစရောက်တော့ မီတာ ဘယ်လိုဆောင်တယ်ဆိုတာလည်းမသိဘူးဘယ်လိုပေးရတယ် ဆိုတာလည်းမသိဘူး ရောက်ပြီး   တစ်ပတ်လောက်လည်းကြာရောမီတာ ခက၆၅၀ဝတဲ့ စနိုးအဖေလန့်သွားတယ်   ငါ့တို့တီဗီတောင်မဖွင့်ရသေးဘူး ဘယ်လိုဖြစ်တာလည်း ရေတော့သုံးတယ် ရေမီတာပေးဆိုတာလည်းဖြစ်သင့်တယ် လျှပ်စစ်မီတာကဘာလို့အဲ့လောက်တောင်များရတာလည်း လို့ မေးတော့ မျှခံရတာတဲ့ အတွဲမှာနည်းနည်းကြာနေတဲ့ဆရာကြီးကပြောတယ် ကဲဒါနဲ့အဖေလည်းပေးလိုက်တယ် နောက်လရောက်ရင်တော့ ငါ့တို့မီတာကိုသွားမှတ်ထားမယ်ဆိုပြီးအဖေကမှတ်ထားလိုက်တယ်ဒါပေမယ့်ကိုယ့်သုံးတဲ့မီတာထက်ပိုကိုကျနေတာ     ဘာကြောင့်လည်းဆိုတာ နောက်ကျတော့ သိသိလာတယ် စနိုးတို့အခန်းကဆို  ဘာပစ္စည်းမှ မရှိဘူးမီတာတက်စေမယ့် အရာဆိုလို့ တီဗီလေးတစ်လုံး ပေါင်းအိုးလေးရယ် လျှပ်စစ် မီးဖိုရယ် ဒါလေးဘဲင်္သုးတာ တစ်လကို ၆၀၀ဝကျော်   ၇၀၀ဝကျော်ကျတယ်    နောက်တော့မှသိတယ်မီတာတွက်တဲ့သူက မျှခံမျှခံဆိုပြီးတစ်တွဲလုံးကသူတွေဆီကသူသုံးထားတဲ့ မီတာတွေကိုပါကိုယ်တွေထဲကို  ရောချနေတာ   နောက်ပိုင်းရပ်ကွက်ရုံးကလိုက်ကြော်ငြာတယ် မီတာများလျှောက်ထားနိုင်ပါသည်တဲ့ စနိုးအဖေလည်းသွားလျှောက်တာပေါ့     အဲ့မီတာမျှခံဆိုတဲ့ကာလမှာ တစ်တွဲလုံးမီးရောင်ထိန်လို့   ဘာကြောင့်လည်းဆိုတော့မသုံးလည်းမီတာခကများတယ် သုံးလည်းမီတာခကများတယ်ဆိုတော့  မျှခံရမယ့်တူတူ မီတာဖြုန်းတဲ့သဘောအနေနဲ့  မီးသီးလေးတွေကို ညဆိုထိန်နေတာ  ဘဲစနိုးတို့တစ်တွဲထဲထိန်တာမဟုတ်ဘူး  အတွဲတိုင်းလိုလိုထိန်တယ် အဲ့လိုမျိုုးအတွဲမီတာနဲ့     ၂နှစ်ကျော်လောက်နေလိုက်ရတယ်    ခုကိုယ်ပိုင်မီတာလေးတွေနဲ့  တိုက်ကိုချပေးလိုက်တော့      ချွေတာရမယ်တဲ့ ဆိုပြီး     တိုက်ခန်းမီးသီးလေးတွေကနေ မီးချောင်းလေးတွေဖြစ်ကုန်ပြီ  မီးသီးဆိုရင်မီတာပိုကျတယ် လေ မီးချောင်းဆို မီတာခသက်သာတယ်ဆိုပြီး   လမ်းမီးလေးတွေက မီးချောင်းလေးတွေဖြစ်ကုန်ပါပြီ  နောက်ပြီးတော့ နဂိုဆို တစ်ညလုံးလမ်းမီးဖွင့်ထားတဲ့ အခန်း က စနိုးအလုပ်ပြန် ရောက်ချိန်တောင်သူအခန်းကမီးမလင်းတော့ပါဘူး   မီတာ ချွေတာတာလေ   လျှပ်စစ်ဝန်ကြီးသိရင်ဝမ်းသာမှာပါ စနိုးတို့တိုက်မိသားစုတွေ မီတာချွေတာနေပါတယ်လို့   စနိုးညပိုင်းပြန်ရင်တောင် မီးလာလားမလာလားတောင် ကိုယ့်အခန်းလေးတွေ့မှသိရပါတယ်  မီတာချွေတာလို့ လမ်းမီးလည်းသိပ်မလင်းတော့ပါဘူး။။။။။။

 

11 comments

  • snow white

    July 5, 2012 at 3:48 pm

    shift+y shift+u သတိထားတဲ့ကြားကမှားပါသွားရင် ခွင့်လွတ်ပေးပါ လူကြီးပြောစကားနားမထောင်တာ မဟုတ်ဘူးနော ် သတိထားရင်းနဲ့မှားသွားတာပါ

  • Crystalline

    July 5, 2012 at 4:19 pm

    စနိုးတို့တိုက်တန်းတွေမီးချွေတာလိုက်လို့ဖြစ်မယ်..အခု မီးအချိန်ပြည့်ပြန်ပေးနိုင်ပြီးလေ.. 🙂

  • etone

    July 5, 2012 at 4:48 pm

    အရာဆိုလို့ တီဗီလေးတစ်လုံး ပေါင်းအိုးလေးရယ် လျှပ်စစ် မီးဖိုရယ် ဒါလေးဘဲင်္သုးတာ တစ်လကို ၆၀၀ဝကျော် ၇၀၀ဝကျော်ကျတယ် ဒါလေးပဲ သ ုံးတာတဲ့လား စနိုးရယ် … ။ 😀 မီးပူရော မတိုက်ဘူးလား ၊ အင်ဗာတာရောအားမသွင်းဘူးလား ၊ ရေခဲသေတ္တာလေးရော မသုံးဘူးလား .. ဟိဟိ နောက်တာပါ … ။

    ပြောရလျှင် ဟော့ပလိတ်လို့ ခေါ်တဲ့ ကွိုင်နဲ့ လျှပ်စစ်မီးဖိုက အရမ်းစွဲတာ … ။ အဲ့ဒီကွိုင်အစား ဓါတ်မလိုက်နိုင်တဲ့ ဂတ်စ်လိုမျိုးလေးတွေ အင်ဖာရိုက်မီးဖိုလေးတွေပြောင်းသုံးကြည့်ပါလားဟင် … ။

    ကျွန်မတို့ ဆေးခန်းဖွင့်တဲ့ အခန်းမှာ မီတာ ခိုးခိုးသွယ်လို့ အရင်ကဆို ကိုယ်မသုံးလည်း ပေးပေးနေရတယ်
    နောက်ပိုင်းတော့ နပ်သွားတော့မှ .. ပြန်တိုင်းမိန်းချသွားရတော့တယ် ..အ ဲ့ဒီမှာ အတော်ဆိုးတယ် … ရသမျှလိုင်းကကို ခိုးသွယ်တာ … မီတာဆောင်ရတဲ့အိမ်ကတော့ ဟက်ကော့ကြီးကိုဖြတ်လို့ … 🙄

  • စိန်ဗိုက်ဗိုက်

    July 5, 2012 at 5:49 pm

    ဦးကိုကိုလှိုင်ကြားရင်တော့ မီးချွေတာတဲ့တိုက်ခန်းရှိုပြီး စံပြ ဆုပေးမှာမြင်ယောင်သေး..

    • AKKO

      July 5, 2012 at 8:18 pm

      တစ်ယူနစ်ကို အဲ့ဒီလောက်ပေးရတယ်လား ။ အားပါးပါး တကယ့်သူဌေးတွေနေတဲ့နေရာကြောင့်ထင်တယ်ဗျ ။

      • ဦးဦးပါလေရာ

        July 5, 2012 at 8:41 pm

        ရခိုင်ပြည်နယ်တင်မကပါဘူး
        မဟာဓါတ်အားလိုင်းမရောက်တဲ့နေရာတွေကို
        ပုဂ္ဂလိက ကိုလုပ်ခိုင်းတော့ ဒီဇယ်ဘိုးအလိုက်တွက်ပြီး ဒေသအလိုက် ၄၀၀-၅၀ဝ ပေးကြရတယ်။

  • same kyaw

    July 6, 2012 at 8:58 am

    သူများတိုင်းပြည်ဆို မီတာခ ကတအိမ်နဲ့တအိမ်မတူဘူး ဥပမာ မလေးရှားမှာ ဆို မလေးလူမျိုးပိုင်တဲ့အိမ်နဲ့ တရုတ် ကုလားပိုင်တဲ့အိမ် တွေ မီတာခ မတူကြဘူး။အရမ်းကွာတယ်။မလေးရှားအစိုး ရဟာ သူ့မလေးလူမျီုးကို အရမ်းကြည့်တာ။မြန်မာတွေ တရုတ်ပိုင်တဲ့တိုက်ခန်းကို ဌါးရင် မီတာခတွေ တအားပေးရတယ်။တတိုက်ထဲမှာဘဲ။တရုတ်အိမ်က ပုံမှန်သုံး တလrm ၇ဝ ကျရင် ပုံမှန်သုံးမလေးအိမ် ကrm ၁ဝ ကျော်လောက်ဘဲ ပေးရတယ်။မြန်မာပြည်ရော အဲ့လို မလုပ်ပေးနိုင်ဘူးလား

  • မောင်ပေ

    July 6, 2012 at 9:25 am

    လျှပ်စစ်ဌာနက စနိုးလေးကို ပြည်သူားကောင်း ဘွဲ့ပေးမယ်တဲ့…
    just kidding ! 🙂

  • mamanoyar

    July 6, 2012 at 9:31 am

    စနိုးရေ
    အခုလိုချွေတာလိုက်တော့
    မီတာဘယ်လောက်ကျတော့တာလဲ
    အဲဒါလေး ထည့်ရေးမပေးဘူးနော်
    အရင်ကစာရင် သက်သာသွားလား

  • snow white

    July 9, 2012 at 3:03 pm

    မမရယ်သက်သာသွားတာပေါ့ ကိုယ့်သုံးတာကိုယ်ကျဆိုတော့ ဘာပြောပြောသုံးပျော်တာပေါ့လေ ။။။။

Leave a Reply