Teamwork & Performance

“ အစ်ကိုရှာခိုင်းတဲ့စာချုပ်ကို ရှာမတွေ့ဘူးအစ်ကို ”

“ ဟေ… ဒါထက်နေပြည်တော်က ဆောက်လုပ်ရေးဝန်ကြီးဌာရုံးဖုန်းရော…”

“ အဲဒါလဲ…ရှာမတွေ့ဘူးအစ်ကို…”

“ ဟင်… အဲဒီလိုတော့မဟုတ်သေးဘူးလေ… အဲဒါတွေမင်းမသိဘူးလား…”

“ ဟုတ်မသိဘူးအစ်ကို…”

“ မင်းက အဲဒါတွေမသိဘူးပြောရအောင် Admin အလုပ်တွေမင်းလုပ်နေတာမဟုတ်ဘူးလား…”

“ ဟုတ်တော့ဟုတ်ပါတယ်အစ်ကို… ကိုချစ်ထွန်းက အဲဒီဖုန်းနံပါတ်တွေနဲ့ စာချုပ်တွေကိုသူသိမ်းထားတာပါ…”

“ ကိုချစ်ထွန်းသိမ်းထားပေမယ့် မင်းတို့က Department တစ်ခုထဲလေကွာ… သူမရှိရင် မင်းသိရမှာပေါ့…”

“ သူသိမ်းထားပြီး သူပဲပင်တိုင်လုပ်နေတာဆိုတော့ ကျွန်တော်လဲသေချာမသိဘူးအစ်ကို… နောက်တစ်ခုက သူကကျွန်တော့်ကို အဲဒီအကြောင်းတွေကို ပေးမသိဘူး…”

“ အဲဒီအကြောင်းကို မင်းပေးမသိတော့ သူခွင့်ယူရင်အလုပ်လုပ်မရဘူးလား…”

“ ဟုတ်ကဲ့.. သူ့ဖုန်းဆက်မေးတော့လဲ ဖုန်းပိတ်ထားလို့ဆက်သွယ်လို့မရဘူး…”

“ ဒါဆိုရင် ဖိုင်တွေကို အကုန်မတွဲဘူးလား… သူ့အကြောင်းအရာနဲ့သူ သေချာဖိုင်တွဲမထားဘူးလား…”

“ တချို့ဟာတွေတော်တော်များများတော့ ဖိုင်ထဲမှာရှိပါတယ်… ဒါပေမယ့် အရေးကြီးရင် ကိုချစ်ထွန်းက သူ့အံဆွဲထဲမှာ သော့ခတ်ပြီးသိမ်းထားတတ်တော့ ကျွန်တော်လဲသေချာမသိဘူးဖြစ်နေတယ်…”

အဲဒီအချိန်တုန်းက ကျွန်တော်သက်ပြင်းတစ်ချက်ချခဲ့မိတယ်…

ဟိုးလွန်ခဲ့တဲ့ (၈)နှစ်လောက်က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့အချိန်မှာပေါ့…

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နောက်ထပ် (၅)နှစ်လောက်ကြာတော့ အလုပ်တစ်ခုကို ကျွန်တော်ပြောင်းလုပ်ခဲ့တယ်… အဲဒီအလုပ်မှာ ခရီးသွားဖို့အကြောင်းဖန်လာတော့ ခရီးသွားမယ့်အကြောင်းနဲ့ ခရီးသွားမယ့်အစီအစဉ်တွေကို အထက်အရာရှိဆီတင်ပြခွင့်တောင်းပြီး လေယာဉ်လက်မှတ်၊ ဟိုတယ်ကြိုစီစဉ်ဖို့ တာဝန်ရှိတဲ့သူတစ်ယောက်ကို တာဝန်ပေးခဲ့တယ်… ခရီးအစနဲ့ အလယ်မှာတော်တော်အဆင်ပြေလို့ စီစဉ်သူကိုတောင် ကျေးဇူးတင်မိပါတယ်…

ဒါပေမယ့် ပြသနာက ပြန်ခါနီးမှစတော့တာပါပဲ… အလုပ်က သတ်မှတ်ရက်အတွင်းမပြီးတော့ လေယာဉ်လက်မှတ်ကိုရက်ရွှေ့ဆိုင်းဖို့ဖြစ်လာပါရော… အဲဒီတော့ ရန်ကုန်ရုံးကို တောင်ကြီးကနေဖုန်းဆက်… လေယာဉ်လက်မှတ်ရက်ရွှေ့ဆိုင်းဖို့ရာစီစဉ်ခိုင်းပြန်တော့ စီစဉ်သူ ဆရာလေးက လေယာဉ်လက်မှတ်ရက်ရွှေ့ဆိုင်းရာခက်ခဲကြောင်းနဲ့၊ လေယာဉ်လက်မှတ်ရွှေ့ဆိုင်းပေး ဖို့ရာမဖြစ်နိုင်ကြောင်း အကြောင်းပြန်လာပါတယ်… ကျွန်တော်လဲ အလုပ်ရွှေ့ဆိုင်းဖို့မဖြစ်နိုင်… လေယာဉ်လက်မှတ်ဖိုးအဆုံးခံဖို့စဉ်းစားလိုက်ပြီးမှ…

နောက်ဆုံးအကြိမ် Air Bagan ရုံးချုပ်ကို ကိုယ်တိုင်ကြိုးစား ကြည့်ဖို့ဆုံးဖြတ်ပြီး ဖုန်းဆက်ကြည့်ရာမှာတော့… လေယာဉ်ရွှေ့ဆိုင်းနိုင်ရုံတင်မကဘူး… ဟဲဟိုးလေဆိပ်ရောက် မှ ရွှေ့ဆိုင်းခ မြန်မာငွေ (၂၀၀၀)ပေးပြီး လက်မှတ်ပြန်ထုတ်ရုံပါပဲ… စဉ်းစားလိုက်မိတာက မောင်မင်းကြီးသား ဘာတွေများခက်ခဲနေပါလိမ့်နော်…

ပုံမှန်လေယာဉ်လက်မှတ်စီစဉ်နေသူတစ်ယောက်အနေနဲ့ အခုလိုစီစဉ်ရတာကျွန်တော့ထက်တောင်ပိုလွယ်မယ် လို့တွေးမိပါတယ်… နောက်တစ်ခုက ကျွန်တော်တို့အလုပ်မှာ လေယာဉ်ခရီးသွားသူ တစ်လကို အနည်းဆုံး အခေါက်ရေ(၂၀)ခန့်ရှိတာကြောင့်

လေယာဉ်လက်မှတ်အရောင်းစင်တာအနေနဲ့လဲ တော်တော်ဖြုန်းပေးတဲ့ ဖောက်သည်ဖြစ်နေပါတယ်… ဦးစားပေးအဆင့်တော့ရှိသင့်တယ်လို့ မြင်သပေါ့ဗျာ… ဒါဆိုရင်သူဘာ့ကြောင့်မလုပ်ပေးတာပါလိမ့်…

ရန်ကုန်ပြန်ရောက်တော့ အကျိုးအကြောင်းနဲနဲ စနည်းနာကြည့်ရာမှာ မောင်မင်းကြီးသားက သူ့အလုပ်ကို ဘုရားတစ်ဆူဂူတစ်လုံးအသွင်လုပ်တတ်သူကိုး… ရုံးတစ်ရုံးလုံးမှာ သူတစ်ယောက်ထဲ အဲဒီတာဝန်ယူထားပြန်တော့ပြိုင်ဘက်မရှိပြေးနေတဲ့ မြင်းတစ်ကောင်ပေါ့…သူမရှိရင် ဘာမှလုပ်မရဘူး… သူဟာမရှိမဖြစ်ဝန်ထမ်းတစ်ဦးဖြစ်နေတာပါပဲ…

အဲဒီအဖြစ်အပျက်တွေကို ပြန်ပြီးအမှားအမှန်တွေးကြည့်တဲ့အခါ…

ပထမဆုံးတွေ့မိတဲ့ပြသနာက နိုင်ငံတော်ရဲ့အလုပ်အကိုင်ရှားပါးမှုပြသနာ…

ဒုတိယပြသနာက ဝန်ထမ်းလုပ်သူရဲ့ အရည်အသွေးမပြည့်မီသောပြသနာပါ…

တတိယပြသနာက ဝန်ထမ်းများရဲ့ အလုပ်မရှုပ်မပြုတ်ဆိုတဲ့ တာဝန်ယူမှုနည်းပါးတဲ့ပြသနာရယ်လို့ သုံးပိုင်းတွေလာတယ်…

နိုင်ငံတော်မှာ အလုပ်အကိုင်ရှားပါးတော့ ရထားတဲ့နေရာလေးကိုဖက်တွယ်ပြီးနေထိုင်ရရှာပါတယ်… အဲဒီအချိန်မှာ ပိုပြီးပြသနာရှိတာက ဝန်ထမ်းတစ်ဦးဟာအရည်အသွေးမပြည့်မီတဲ့အခါ သူတို့ရဲ့ထိုင်ခုံကို အရေးကြီးတဲ့နေရာတစ်ခုဖြစ်မှန်းမသိဖြစ်အောင် ကြံဆောင်လာပါတော့တယ်… အဲဒီတော့ လုပ်ငန်းတစ်ခု အတွက်သူဟာ မရှိမဖြစ်ပုဂ္ဂိုဟ်တစ်ယောက်အဖြစ် အတင်းဖန်တီးတော့တာပါပဲ…

အဲဒီအချိန်ကနေစပြီးတော့ သူဟာ Teamwork မှာ အနှောက်အယှက်တစ်ခုဖြစ်မှန်းမသိဖြစ်လာတော့တာပါ… လူတစ်ယောက်ဟာ သူ့ရဲ့လုပ်ငန်းခွင်မှာ သူ့ရဲ့ Performance ပြဖို့အတွက် မိမိရဲ့လုပ်ငန်းသဘောသဘာဝကို နားလည်ရမှာဖြစ်ပါတယ်… ကျွန်တော်တခါတုန်းက ပိုစ့်တစ်ခုမှရေးဖူးပါတယ်… အလုပ်မရှိတဲ့ IT တစ်ယောက်ဟာ Performance ကောင်းတဲ့ဝန်ထမ်းတစ်ယောက်ပါလို့ပြောဖူးပါတယ်… အဲဒီလိုပဲ အလုပ်မရှိတဲ့ Sales Man တစ်ယောက်ဟာ Performance မကောင်းတဲ့လူတစ်ယောက်လို့ပဲမှတ်ယူရမှာပါ… များသောအားဖြင့် ကျွန်တော်တွေ့မိတာက မိမိစားပွဲပေါ်မှာအလုပ်တွေပုံထပ်နေပြီးတော့ ရုံးချိန်ပြင်ပအချိန်တော်တော်ကျော်တဲ့အထိ အသဲအသန်အလုပ်လုပ်နေကြသူများပါ…

တစ်ဖက်ကကြည့်ရင် တကယ်အလုပ်ကြိုးစားသူလို့ထင်နေရပေမယ့် တကယ်တန်းမှာတော့ အလုပ်မလုပ်တတ်သူတွေဖြစ်နေကြတာများပါတယ်… တကယ်ကို အလုပ်ရှုပ်နေတဲ့သူတွေကိုလဲ ကျွန်တော်တွေ့ဖူးတယ်နော်…

ဥပမာ Department တစ်ခုမှ လူ(၃)ယောက်ရှိတယ်ဆိုပါစို့… တစ်ယောက်က Performance ပြချင်ဇောနဲ့ ကျန်နှစ်ယောက်ကို အလုပ်ခွဲဝေပေးမှုမလုပ်ဘဲ ကုန်းရုန်းလုပ်နေတာမျိုးတွေ၊ Information Share မလုပ်တာ တွေခဏခဏတွေ့နေရပါတယ်…

အဲဒီလိုပဲ အလုပ်မလုပ်ရပဲ လစာပုံမှန်ရနေတယ်ဆိုပြီး ရေလိုက်ငါးလိုက်နေတဲ့ဝန်ထမ်းတွေ၊ အပါးခိုတတ်သူတွေကိုလဲ မကြာခဏတွေ့နေရပါတယ်…

အဲဒီလိုအခြေအနေမျိုးမှာ အဲဒီလူကို Performance ကောင်းသူဆိုတဲ့ ခေါင်းစဉ်တပ်ကြမလား…

Teamwork နဲ့ အလုပ်မလုပ်တတ်သူလို့ပြောရမလား…

ကျွန်တော့အမြင်ဆိုရင်တော့ Teamwork နဲ့အလုပ်မလုပ်တတ်သူလို့ ပက်ပက်စက်စက်ပြောမှာပါ… အဲဒီလူဟာသူဌေးတစ်ယောက်အနေနဲ့ဆိုရင်တော့ထားပါတော့…

ရုံးအလုပ်မှာ အလုပ်ကိုကုန်းရုံးလုပ်ပြီး တခြားလူကို နေရာမပေးတာ… Information Share မလုပ်တာဟာ ဝန်ထမ်းတစ်ဦးရဲ့အရည်အသွေးတော်တော်ညံ့ဖျင်းပါတယ်လို့ရဲရဲဝံ့ဝံ့ခေါင်းစဉ်တပ်ပါတယ်…

လူတစ်ဦးတစ်ယောက် ခွင့်ယူရင်ပဲဖြစ်ဖြစ်၊ နာမကျန်းဖြစ်ရင်ပဲဖြစ်ဖြစ် တခြားလူတစ်ဦးတစ်ယောက်က အစားထိုးဝင်ရောက်နိုင်အောင် စီစဉ်ပေးရမှာကား လူများစုနဲ့အလုပ်လုပ်သောလူတိုင်းတာဝန်ပါ… အဲဒီလိုပဲ အစားထိုးဝင်ရောက်နိုင်ဖို့ကြိုးစားရမှာလဲ ဝန်ထမ်းတိုင်းရဲ့တာဝန်ပဲပေါ့… ဒါပေမယ့် သူဌေးတွေအနေကလဲ အကုန်ခိုင်းရတယ်ဆိုပြီး ချေးရောသေးရောခိုင်းလို့တော့မဖြစ်ဘူးလေ…

တရုတ်ကားထဲက သိုင်းလောကလို သိုင်းစာအုပ်တစ်အုပ်လဲရရော… သိုင်းလောကစိုးမိုးဖို့ကြံတဲ့လူလို မဖြစ်သင့်ပါဘူး…

တကယ်လို့များ အဲဒီလိုတစ်ကိုယ်ကောင်းဆန်တတ်တဲ့ လူတစ်ယောက်ဟာ နေရာတစ်ခုမှ ခေါင်းဆောင်တစ်ယောက်ဖြစ်လာမယ်ဆိုရင် Teamwork ကို ဘယ်လိုများ ဦးဆောင်ကြမလဲဗျာ… Teamwork မှာ ခေါင်းဆောင်တစ်ဦးအပေါ် အခြား Team Member တွေက ယုံကြည်လေးစားမှုလိုပါတယ်… ခေါင်းဆောင်တစ်ဦးဟာ တစ်ချိန်ချိန်မှာခေါင်းဆောင်မဆန်ခဲ့ရင် ယုံကြည်ကိုးစားမှုမခံရရင် သူဟာခေါင်းဆောင် ပြန်ဖြစ်ဖို့ အသေအလဲကြိုးစားပြီး ယုံကြည်မှုကိုပြန်လည်ထူထောင်ဖို့ အချိန်အများကြီးပေးရမှာပါ…

ကျွန်တော်တို့က လူငယ်ဆိုတာထက် လူလတ်ပိုင်းတွေရောက်သွားပါပြီ… ကျွန်တော်တို့နောက်မျိုးဆက်သစ် ခေါင်းဆောင်လုပ်ကြမယ့်လူငယ်တွေမှာ အခုလိုသိုင်းကျမ်းပိုင်ရှင်လူငယ်လေးတွေမဖြစ်စေလိုပဲ…

တကယ်ကို Teamwork မှာ ဝင်ရောက်ပူးပေါင်းလှုပ်ရှားနိုင်မယ့် ခေါင်းဆောင်လေးတွေကို အခုအချိန်မှာတိုင်းပြည်က လိုအပ်နေပါပြီ… တစ်ကိုယ်ကောင်းမဆန်ကြပဲ… တိုင်းပြည်အတွက် ကိုယ့်အနားမှာရှိတဲ့လူမှုအဖွဲ့အစည်းတွေ အတွက် တကယ်တန်ဖိုးရှိသောလူငယ်လေးများဖြစ်စေချင်သောရည်ရွယ်ချက်ဖြင့် ဒီစာကိုရင်နှင့်ရင်းပြီး ရေးပါသည်…

ထိုနည်းတူ လက်ရှိခေါင်းဆောင်များအဖြစ်ရောက်ရှိနေပြီးဖြစ်သောသူများကိုလဲ ဒီစာကိုမြင်ပြီး အမှားလေးတွေကို အချိန်မီပြင်ဆင်ခွင့်ရရင်ဖြင့်…

 

ခင်မင်လေးစားလျက်-

ကြောင်ဝတုတ်

ဇူလိုင်လ၊ ၂၀၁၂

35 comments

  • Khaing Khaing

    July 5, 2012 at 3:45 pm

    ကိုကြောင်ဝတုတ်ရေ ……. ကျွန်မတို့အလုပ်မှာလည်း ဒီလိုပဲ လူတစ်ယောက်က သူ့အလုပ်နဲ့သူ တစ်ယောက်ခွင့်ယူရင်နောက်တစ်ယောက်မနိုင်တော့ဘူး …… သူဌေးကလည်းသူဌေးတွက်တွက် အောက်ဝန်ထမ်းကလည်း မျက်နှာလိုအားရဖား …… တော်ပါပီအေ သိတဲ့သူတွေရှိရင် နာကွဲအုံးမယ် …………

    • Foreign Resident

      July 5, 2012 at 5:34 pm

      ” သိတဲ့သူတွေရှိရင် နာကွဲအုံးမယ် ”

      ဘာအခုမှ ၊ သိတဲ့သူတွေရှိရင် နာကွဲအုံးမယ် လည်း ။
      အဘ ရန်ကုန်က ထွက်မယ့် မနက်မှာ ၊
      အဘ ဆီကို အဘ ရဲ့ နောက်ဆုံး သင်္ဘောက ၊
      အရာရှိ တစ်ယောက်က ဖုန်းဆက်တယ် ၊
      ကပ္ပတိန်ကြီး Web Site မှာ စာတွေရေးနေတယ်ဆို တဲ့ ။

      ဟင်းနော် ၊ ဟင်းနော် ။ 😛

  • Mလုလင်

    July 5, 2012 at 3:57 pm

    ကျွန်တော် အခု ကြုံနေတာ လေး က အဲ့ဒါလေးပေါ့ဗျာ … အမျိုးတွေ ဆိုတော့ ပြောရခက်သားလား ….. ကိုယ်ကလဲ နားမလည် .. သင်ပေး ဆိုတော့ လဲ မသင်ပေး … ခွီးတဲ့မှ ပဲ ကွာ .. ခွီး ပဲ ……………..

    • မှော်ဆရာ

      July 5, 2012 at 7:43 pm

      ကဲ လိုက်မှတ် လိုက်မှတ် …
      သင်ပေးမယ် ။
      အားလုံး ခွန်နှစ်မျိုးရှိတယ် ….
      ပထမက #####

      • Mလုလင်

        July 6, 2012 at 4:40 pm

        အိမ်တိုင်ရာရောက် အခမဲ့ လိုက်လံ တပ်ဆင် မွန်းမံ ပေးပါတယ်ခင်ဗျ ..။

  • amatmin

    July 5, 2012 at 3:58 pm

    အရင်ဆုံးဖတ်သွားပါတယ် ဆိုတာလေး ကို
    ရိုးသားစွာပြောချင်ပါတယ်ဗျ..
    သူများတွေ လာဆွေးနွေးတာကိုလည်း
    ဖွင့်ထားသော နားနဲ့ပြန်လာနားထောင်ပါ့မယ်ဗျ 🙂

  • Moe Z

    July 5, 2012 at 4:03 pm

    ကိုကြောင်ဝတုတ်ရေ
    ပြန်လာခဲ့ပါဦးမယ် အခုတော့ ဘယ်သူ့ကိုမှမပေးလိုက်ရတဲ့
    ဂလက်ဆီပေါ်ကမို့လို့ … အဟိ :mrgreen:
    ကျေးဇူး အဇူရီ ….

    • Inz@ghi

      July 5, 2012 at 5:14 pm

      ဗျို့ ကို ဝတုတ်ရေ…
      ညင်းညင်း ..တွေ့ဒလယ်မလား …
      ကျုပ်လည်း ပြန်လာပါ့မယ် ..ခုခိခုခိ

  • etone

    July 5, 2012 at 4:24 pm

    ကိုဖက်ကတ်ရေ … အလွန်ကောင်းတဲ့ပို့စ်လေးလည်း ဖြစ်ပြီး .. လတ်တလော ကုမ္ပဏီအများစုမှာဖြစ်ပျက်နေတာနဲ့ ပတ်သတ်လို့ … တိုက်ဆိုင်မှုရှိတဲ့ ပို့စ်လေးမို့လို့ … နှစ်သက်မိပါတယ် ။ လက်မ ပိစိကွေးလေးထောင်သွားပါတယ်နော် ..
    ပြန်လည်ချေပချက်ကို …. ပို့စ်တပုဒ်အနေနဲ့ ရေးပါမယ် ။
    ကော့မန့်အနေနဲ့ … အရမ်းရှည်သွားလို့ပါ

  • blackchaw

    July 5, 2012 at 4:31 pm

    အော် ဦးဝတုတ်ကြီးရယ်…။
    စကားအတင်းစပ်လိုက်ဦးမယ်ဗျို့…။
    တိုက်တိုက်ဆိုင်ဆိုင်ဗျာ
    ဟိုး အင်္ဂလန်မှာနေတဲ့ အရီးခင်လတ်ရဲ့ သူငယ်ချင်းက
    လွန်ခဲ့တဲ့ ၅နှစ်လောက်က ကျွန်တော်သင်တန်းတက်ခဲ့ဘူးတဲ့
    Management သင်တဲ့ ဆရာဖြစ်နေတယ်ဗျာ..။
    ကြည့် သူနဲ့ကျမှ တိုက်တိုက် ဆိုင်ဆိုင်။
    အဲဒီဆရာက သင်လိုက်တယ်ဗျ
    သင်္ချာမှာတဲ့ ၁+၁+၁= ၃ ရပါတယ်တဲ့။
    Management မှာတဲ့
    Teamwork တည်ဆောက်နိုင်ခဲ့ရင်တဲ့
    ၁+၁+၁= ၅ ဖြစ်နိုင်ပါတယ်တဲ့။
    ဆိုတော့ Teamwork ကြောင့် ရလဒ် ပိုကောင်းလာတယ်ဆိုတာကို ပြောတယ်ပေါ့။
    တစ်ခုတော့ရှိတယ်
    အဲဒီ Teamwork ကြီးက တည်ဆောက်ယူရပါတယ်တဲ့ ခင်ဗျာ။
    မမှီမကမ်း နည်းနည်းသိတာကို အကြီးကြီးဖြစ်အောင် ဝင်ပွားသွားတာပါ
    ဝတုတ်ရေ။
    :mrgreen:

    • အရီးခင်လတ်

      July 6, 2012 at 3:48 am

      တောက်(စ်) (မူ- ဂ)
      ကဘချော ရယ်
      အဲဒီ အဖိုးကြီး နဲ့ ကျွန်မ သူငယ်ချင်း ဆိုတော့ ကျွန်မ ပါ အဖွားကြီး ဖြစ်ရောပေါ့။
      (ငိုသံပါကြီး ဖြင့် ပြောသည်)
      (မျက်ရည် များ မဆည် နိုင်တော့ အိ အိ အိ) 😥 😥
      (မောင်ဂီ ဆီက ဓာတ် ကူးသွားသည်)

  • Wow

    July 5, 2012 at 5:15 pm

    လက်မတစ်ချောင်းထောင်ပြီး အကြီးကြီးအားပေးသွားပါတယ် ကြောင်ဝတုတ်ရေ အခုလောလောဆယ် အဲလို Teamwork မသိသူတွေကြောင့်လက်တွေ့ ခံစားနေရလို့ပါ…..

  • laypai

    July 5, 2012 at 5:20 pm

    ခု ခေတ် ကြီး မှာ Information Share မလုပ်ရင် ကိုယ် လည်း Information Share ရမှာ မဟုတ်ပါဘူး။

  • မွန်မွန်

    July 5, 2012 at 5:43 pm

    လူအမျိုးမျိုး စိတ်အထွေထွေဆိုတာလည်း ရှိသေးတော့ ခက်တယ်။ Teamwork ဆိုတာကလည်း စိတ်တူကိုယ်တူ တာဝန်ယူစိတ်ရှိတဲ့သူအချင်းချင်း လုပ်မှသာ အောင်မြင်တာဆိုတော့…

    တစ်ခါတစ်လေကျတော့ ကိုယ်က အချိန်ကုန်ခံ အပင်ပန်းခံပြီး ရှာထားတဲ့ information တွေကို ခပ်တည်တည်နဲ့ share ခိုင်းပြီးတော့ အချောင်လိုချင်သူတွေလည်း ရှိသေးတယ်။

    တစ်ချို့လူကြီးတွေကျတော့လည်း information ကို သေသေချာချာ share လုပ်ပေးထားတာတောင် ကွန်ပျူတာထဲအပြင်ကို စာအုပ်ထဲကိုပါ မှတ်ထည့်ပေးတဲ့။ စာအုပ်လှန်တာနဲ့ ကွန်ပျူတာခေါက်တာ ဘယ်ဟာက ပိုမြန်လဲတောင် ပြန်စဉ်းစားရတယ်။

    Teamwork မှာ အဓိကလိုအပ်ချက်ကတော့ responsibility လို့ ထင်ပါတယ်။

  • Nyein Nyein

    July 5, 2012 at 5:52 pm

    ဖတ်ပြီးမှတ်သွားပါတယ် ကိုကြောင်ဝတုတ်ရေ။ ကို်ကြောင်ဝတုတ်ပြောသလို teamwork မှာ ဝင်ရောက်ပူးပေါင်းလှုပ်ရှားနိုင်မယ့်သူဖြစ်အောင် ကြိုးစားပါ့မယ်လို့ပြောရင်း လက်မထောင်သွားပါတယ်။

  • ဝမ်းတွင်းရူး

    July 5, 2012 at 5:53 pm

    ရည်ရွယ်ချက်ကောင်းလိုက်တာဗျာ။

    ““တကယ်ကို Teamwork မှာ ဝင်ရောက်ပူးပေါင်းလှုပ်ရှားနိုင်မယ့် ခေါင်းဆောင်လေးတွေကို အခုအချိန်မှာတိုင်းပြည်က လိုအပ်နေပါပြီ… တစ်ကိုယ်ကောင်းမဆန်ကြပဲ… တိုင်းပြည်အတွက် ကိုယ့်အနားမှာရှိတဲ့လူမှုအဖွဲ့အစည်းတွေ အတွက် တကယ်တန်ဖိုးရှိသောလူငယ်လေးများဖြစ်စေချင်သောရည်ရွယ်ချက်ဖြင့် ဒီစာကိုရင်နှင့်ရင်းပြီး ရေးပါသည်…””

  • စိန်ဗိုက်ဗိုက်

    July 5, 2012 at 6:49 pm

    ကျော့်ကိုကျော် ခေါင်းဆောင်လိုလို ဒဘဲ့လိုလို ပဲမိုလို ့..
    ဘယ်နေရာက ဝင်ဖောရမှန်း မသိတာ အမှန်ပါဗျာ..
    ခေါင်းဆောင်ဖြစ်ရင် စနစ်တကျ အင်ဖော်မေးရှင်း ရှဲပြီး ဦးဆောင်နိုင်သူဖြစ်အောင် ကြိုးစားကြည့်ပါဦးမယ်.

  • AKKO

    July 5, 2012 at 7:49 pm

    teamwork ဆိုတာမျိုးကလည်း တက်ညီလက်ညီ လုပ်လိုစိတ်ရှိမှ လုပ်နိုင်တာမျိုးလေ ။
    ရလဒ်ကောင်းတွေရဖို့အတူတကွမျှပြီး ပေါင်းစပ်လုပ်ကြတယ် ဆိုပေမယ့် ၊ တဖွဲ့လုံးက တက်ညီလက်ညီလုပ်နိုင်ကြပါ့မလားဆိုတာမျိုးတွေးမိပါတယ် ။ အချောင်ခိုစိတ်ရှိတဲ့သူလည်း ပါချင်ပါနေမှာ ။
    နောက်ပြီး ပေါ့ပါးတဲ့ အလုပ်တစ်ခုကို အားလုံးဝိုင်းမျှပြီးလုပ်နေလျှင် အချိန်ကြာပြီး အလုပ်တွင်ကျယ်မယ်မထင်ဘူး ။ လေနဲ့လုပ်တဲ့သူနဲ့ တကယ်လုပ်တဲ့သူ ကပ်သတ်နေမယ့် ပြသနာလည်းရှိသေးတယ် ။ အလုပ်ရဲ့ အပိုင်းတစ်ခုကို ကျွမ်းကျင်စွာလုပ်နိုင်မယ့်အပြင် အပြင် တွဲဖက် တစ်ယောက်လောက်ရှိတာနဲ့တင် အောင်အောင်မြင်မြင်လုပ်နိုင်ပါတယ် ။ လူတိုင်းမှာ တာဝန်ယူမှု ကိုယ်စီနဲ ့မိမိတို့တာဝန်အပိုင်းခြားတိုင်းပြီးမြောက်စေသင့်ပါတယ် ။
    သူလည်း သူ့အပိုင်းက တာဝန်ကျေ ၊ ကိုယ်လည်း ကိုယ့်အပိုင်းကတာဝန်ကျေပြီး အဆင့်ဆင့်ပေါင်းစည်းတဲ့အခါ အောင်မြင်တဲ့ အလုပ်တစ်ခု အချိန်တိုတွင်းမှာ ပြီးမြောက်စေမယ်မဟုတ်လား ။ အဲ့ဒါလည်း teamwork ပါပဲ ။

    အခု Fatty Cat ပြောတဲ့ပြသနာက စုပေါင်းစပ်ပေါင်းမလုပ်ဘူးဆိုတာထက် ၊ သူ့အလုပ်နဲ့ တွဲဖက်လုပ်မယ့်လူ ၊ အကူလက်ထောက်လိုမျိုး မထားခဲ့တာကြောင့်လို့ ထင်ပါတယ် ။

  • MaMa

    July 5, 2012 at 7:58 pm

    တခါက teamwork အကြောင်း ကာတွန်းလေး Forward Mail မှာ တွေ့ဖူးတယ်။
    တော်တော်ပြောင်မြောက်တဲ့ လက်ရာကလေးတစ်ခုပါ။
    ကိုဘလက်ပြောသလို teamwork က 1+1+1= 5 ဖြစ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပေါ်လွင်စေတယ်။

  • padonmar

    July 5, 2012 at 9:19 pm

    ဖက်ဖက်ကက်ရေ
    ခြောက်ခုမြောက်လက်မပါ။
    တစ်ချို့သောသူတွေက အောက်ဆိုက်မန်းနီးလေးတွေ သူများသိသွားမှာစိုးလို့ တစ်မိုးလုံးဖျောက်ဆိတ်လုပ်ထားကြတာလည်း တွေ့ဖူးပါတယ်။
    သူများကိုယ့်လိုတတ်သိသွားမှာစိုးတဲ့ မစ္ဆရိယစိတ်နဲ့ ဖွက်ကြတယ်လို့လည်း မြင်ပါတယ်။

    ဒီလိုလူတွေကို ဘယ်လို ပြုပြင်ရမလဲလို့ solution လေးပါဆွဲပေးပါအုံး။

  • အရီးခင်လတ်

    July 6, 2012 at 3:54 am

    ကြောင်ဝ လေး

    လက်မ ကို အမြင့် ကြီး ထောင်သွားပါတယ်။

    ဒီနေ့ လုပ်ငန်း တွေ မှာ တစ်ယောက်ကောင်း ခေတ်က ကုန် နေပါပြီ။
    အဖွဲ့အစည်း ဆိုတာ လူ့ခန္တာလိုဘဲ။
    အဖွဲ့အစည်း ထဲ က လူတွေ ကတော့ ခန္တာ့ အစိတ်အပိုင်းတွေပေါ့။
    အားလုံး က သူ့ဟာနဲ့ သူ အရေးကြီးတာဘဲ။
    တစ်ခု ချို့ယွင်း တာ နဲ့ ခန္တာကြီးက ကောင်းတော့မှာ မဟုတ်ဘူး။
    သူ မကောင်း ရင် ကိုယ်လဲ ပျက်မှာ။
    ဒီတော့ မကောင်းတာ ကို တွေ့လိုက်ရင် အဲဒါ ကို ဖယ် ပြစ် မဲ့အစား သူ့ကို ကောင်း အောင် ကူညီ လိုက်ဖို့ ပိုအရေးကြီးတယ်။
    အဖွဲ့ကို တကယ်တိုးတက်ချင်ရင် တစ်ယောက်ချင်း ကို motivate လုပ်ပြီး အများ နဲ့ ပူးပေါင်း လုပ်နိုင်အောင် ဖန်တီးပေးတတ်မှ ဖြစ်မှာ။
    ဒီ ရွာမှာ လဲ ဒီလို ပုံစံ ဘဲပေါ့။ 😉

    မင်းကြည့်ရတာ Team Work လုပ်ရတာ အထာကျ နေပြီ ထင်ရဲ့။
    ဂုဏ်ယူပါတယ် ကြောင်ဝလေးရေ။ 🙂

    • etone

      July 6, 2012 at 9:32 am

      အရီးလတ်ရေ .. သူကလေ .. Teamwork ကို အားသာမှာပေါ့ …. သူများတွေကို အလုပ်လုပ်ခိုင်းပြီး တချိန်လုံး အွန်လိုင်းမှာ လေလာလာကန်နေတာ ..အဲ့ဒါကြောင့် သိလား … အတော့်ကို အထာကျနေပြီ ဟိဟိ 😉

  • eipu

    July 6, 2012 at 9:26 am

    အရမ်းကောင်းတဲ့ post လေးပါ။

    “ဥပမာ Department တစ်ခုမှ လူ(၃)ယောက်ရှိတယ်ဆိုပါစို့… တစ်ယောက်က Performance ပြချင်ဇောနဲ့ ကျန်နှစ်ယောက်ကို အလုပ်ခွဲဝေပေးမှုမလုပ်ဘဲ ကုန်းရုန်းလုပ်နေတာမျိုးတွေ၊ Information Share မလုပ်တာ တွေခဏခဏတွေ့နေရပါတယ်…”
    Department တခုထဲမှာဘဲ information share မလုပ်ပေးတော့ တခြားလူတွေက အလုပ်လိုက်လုပ်ရတာ အဆင်မပြေဘူးနော်။
    Team work ဖြစ်တဲ့အတွက် သူတယောက်ထဲ Information သိပြီးတခြားလူက ဘာမှမသိတော့ ဒီ Department အတွက် တိုးတက်မှုတိုတာမျိုးကမရှိတော့ဘူးပေါ့။
    Team နဲ့လုပ်ရတာဖြစ်တဲ့အတွက် အားလုံးကတသားထဲကျနေဖို့လိုပါတယ်။
    ဒါမှ Department တခုလုံးရဲ့ Performance ကိုပြနိုင်မှာပါ။

  • mamanoyar

    July 6, 2012 at 9:38 am

    သိပ်မှန်တာပဲ ဦးကြောင်ရေ
    တစ်ချို့လူတွေက
    သူတို့တာဝန်ကို လူသိမခံချင်ကြဘူး
    သင်လဲမပေးချင်ကြဘူး သူတို့မရှိရင် မဖြစ်အောင်နေချင်ကြတယ်

  • Shwe Ei

    July 6, 2012 at 10:00 am

    သများတို့ရုံးမှာတော့ အင်ဖော်မေးရှင်းမရှယ်ရင် ဘော့စ်ကိုပြေးတိုင်လိုက်တာဘဲ နောက်မလုပ်ရဲအောင်။ 🙂

  • kyeemite

    July 6, 2012 at 1:30 pm

    မည်သို့မန့်ရမည်မသိ ဖြစ်ရပါ၏။
    မှန်ပါသည်..လုပ်ငန်းဋ္ဌာနများတိုးတက်လိုပါက
    “မရှိမဖြစ်မိုး” ဆိုသူတွေကိုရှင်းပစ်ရပါမည်။
    အဓိက ကတော့ ဦးဆောင်သူပါးနပ်ဖို့လိုပါသည်
    မိမိဋ္ဌာနတွင် ထိုသို့သော “မရှိမဖြစ်မိုး” တစ်ဦးရှိနေပါက
    တနေ့ မိမိကိုယ်တိုင်ပင် သူ့အားခယနေရပါလိမ့်မည်…

    • Inz@ghi

      July 6, 2012 at 1:36 pm

      တိန်…
      မိုးကို ရှင်းပစ်မယ်တဲ့ ….
      ဖယားဖယား
      စိုးတယ် ..စိုးမိတယ်.. စိုးထိတ်မိတော့တယ်…အိုဘယ့် ..အိသဒ္ဒါမိုး ရယ်…

    • အရီးခင်လတ်

      July 6, 2012 at 4:14 pm

      ကကြီးမိုက် ရေ
      မတူတဲ့ ရှုဒေါင့် နဲ့ ဝင်ပြီ။ 😉

      တစ်ခါတစ်ခါ တော့ လဲ “မရှိ မဖြစ် မိုး” ဆိုတာ လစ်ဟာ နေတဲ့ အားလုံး ကို ကောင်းအောင် ချိတ်ဆက် ပေးနိုင် သူလဲ ဖြစ်နိုင်တယ်။
      ဒီတော့ တစ်ခါတစ်ခါ တော့ လဲ အချိန်ကာလ တစ်ခုမှာ “မရှိ မဖြစ် မိုး” ကို မရှိ လို့ကို မဖြစ်တာ။
      ဥပမာ – ဒေါ်အောင်ဆန်းစုကြည်

      အမှန်တော့ မရှိမဖြစ် ဆိုတာ မရှိလေ ကောင်းလေဆိုတာ ကို တော့ သဘောတူပါတယ်။
      ဒါပေမဲ့ တစ်ခါတစ်လေ ပေါ့။
      အမြဲ ဆိုရင်တော့ စိုင်းစိုင်းခမ်းလှိုင် ( သေပြီဆရာ) ဘဲ။ (မြန်မာပြည်မှာ တူလေး ပြောတာ ကြားဘူး တဲ့ စကား) 😀

  • မောင်ပေ

    July 6, 2012 at 2:56 pm

    ကိုကြောင်ဖက်ရေ
    သေချာဖတ်ဖြစ်ခဲ့တယ်
    ဝင်ပွားဖို ့ကြပြန်တော့
    ကျုပ်နဲ ့တော်တော်လေး ဝေးနေတာမို ့
    လက်မတစ်ချောင်းနဲ ့အတူ
    ကွန်မင့် မင့်ခဲ့ကြောင်းရယ်ပါ ခင်ဗျ

  • Mon Kit

    July 6, 2012 at 3:21 pm

    အရမ်းကို ကောင်းပါတယ်.. ပို့စ်ပိုင်ရှင် ကြောင်ဝတုတ်ရေ…
    မွန်ကစ်တို့အလုပ်မှာလဲ Teamwork နဲ့ အလုပ်လုပ်ကြပါတယ်.. သက်ဆိုင်ရာ Department တွေ စုပေါင်းပြီး Management Group ကိုလည်းဖွဲ့စည်းပြီး အလုပ်လုပ်ကြပါတယ်… အဲဒီ Teamwork ထဲမှာလဲ ရှေ့ကနေ ဦးဆောင်လုပ်ရတဲ့ လူရှိသလို နောက်ပိုင်းကနေ ပံ့ပိုးကူညီ လုပ်ပေးရတဲ့အဖွဲ့တွေလဲ ရှိပါတယ်… အဲဒီခါမှာတော့ ရှေ့ကနေ ဘယ်လောက်ဘဲကောင်းအောင်လုပ်ပြနိုင်ပါစေ နောက်ကပံ့ပိုးကူညီ ရမဲ့သူက လွတ်ဟာနေရင်..link ပြတ်နေရင်လဲ တော်တော်ဒုတ်ခရောက်ပါတယ်… Teamwork မှာဖွဲ့စည်းထားတဲ့ Department တွေအားလုံး တစ်ယောက်နဲ့ တစ်ယောက် (သို့) Department တစ်ခုနဲ့ တစ်ခုက အမြဲကွန်ယက်လို ဆက်သွယ်မှု ရှိနေမှ အောင်မြင်တဲ့ လုပ်ဆောင်မှုတွေ ရကြမှာပါ..

  • char too lan

    July 6, 2012 at 3:23 pm

    အခုအလုပ်လုပ်ကြတဲ့ နှစ်ဆယ်စွန်းစွန်းကလေး တော်တော်များများဟာ အလုပ်ကိုအမှန်တကယ်လုပ်ကိုင်ချင်စိတ် နဲပါးပါတယ်
    အလုပ်အပေါ်မှာတာဝန်ယူလိုစိတ် နဲပါးပါတယ်
    မတတ်တာကို မတတ်ကြောင်း ဝန်ခံလိုစိတ် နဲပါးပါတယ်
    အမှားကို ကျနော်/ကျမ မှားသွားတာပါ ဆိုတာမျိုး ပြောလေ့ပြောထမရှိသလောက် နဲပါးပါတယ်
    ပြည့်စုံတဲ့မိသားစုတွေကြောင့်ပဲလား အော်ရဂျင်နယ် စရိုက်ကြောင့်ပဲလားတော့မသိဘူး
    အလုပ်တစ်ခုမှာနေရာမြဲအောင်နေလိုစိတ် (ကိုဖက်ကတ်ပိုစ့်နဲ့ပြောင်းပြန်) အလုပ်ကိုလေးစားခင်မင်ဖက်တွယ်လိုစိတ် နဲပါးပါတယ်
    (အလုပ်တွေတစ်ခုပီး တစ်ခု ခုန်ကူးနေတတ်ပါတယ်။ ဥမပါ : ဘောပွဲကြည့်ပီးမထနိုင်လို့ အလုပ်မသွားတော့ဘူးဆိုတာမျိုးတွေ၊ ဒီနေ့ရှိုးပွဲရှိလို့ ဈေးဝယ်ထွက်ရင်း ပွဲကြည့်မှာမို့ အလုပ်မသွားတော့ဘူးဆိုတာမျိုးတွေ လုပ်တတ်ကြပါတယ်)
    အဲ့ဒလိုဇလေးတွေ ကလေးတွေမှာ တွေ ့ရလေ့ရှိတာကို
    အာချောင်သွားပါတယ်
    လွန်တာရှိ ဝံနာမိဘာခည !!

    • မွန်မွန်

      July 6, 2012 at 4:07 pm

      မွန်မွန့် အမြင်ကတော့ ဘွဲ့ရပြီးကာစ၊ လုပ်ငန်းခွင် ဝင်ကာစ နှစ်ဆယ်ကျော်တွေက လေ့လာသင်ယူချင်စိတ် များတဲ့သူတွေ ဖြစ်ပါတယ်။ ဒီလူငယ်တွေကို လုပ်ငန်းခွင်က လူကြီးတွေက သေသေချာချာလေ့ကျင့်ပေးရင် အားကိုးရတဲ့လူတွေ ဖြစ်လာမှာပါ။ တာဝန်ယူလိုစိတ်ဆိုတာ တာဝန်ပေးပုံဆိုတဲ့ အပေါ်မှာလည်း မူတည်မယ်ထင်ပါတယ်။ မတတ်လို့မှားတာကို ပြန်မပြင်ပေးဘဲ အသုံးမကျတဲ့ပုံစံပြောနေရင် လူငယ်တွေရဲ့ စိတ်မှာ နာခံပုံကွဲပြားနိုင်ပါတယ်။
      ပြီးတော့ လူငယ်တွေက ဖြစ်နိုင်ရင် တစ်နေရာတည်းမှာ အတွေ့အကြုံယူချင်ကြပါတယ်။ အလုပ်ခဏခဏပြောင်းပြီး အချိန်ကုန်မခံချင်ကြပါဘူး။ အဆင်မပြေလို့သာ ပြောင်းကြရတာပါ။

      တစ်ခုကတော့ လူငယ်ပီပီ အပျော်မက်ကြပါတယ်။ လုပ်ငန်းခွင်အတွင်းက ခွင့်ယူတဲ့စည်းမျဉ်းတွေ၊ အလုပ်ချိန်စည်းကမ်းတွေက ဝင်ကာစမှာ အခက်အခဲဖြစ်စေပါတယ်။ ဒါတွေကို ကြိုတင်မပြင်ဆင်ထားတာတွေကတော့ လူငယ်တွေရဲ့ အမှားဖြစ်နိုင်ပါတယ်။

      မတူသောအမြင်ဖြင့် ပြန်မန့်သည်။ 🙂

  • nozomi

    July 6, 2012 at 6:14 pm

    မနက်က ဝင်နေတာဗျာ ဝင်လို့ မရဘူး

    အများနဲ့ လုပ်ရတဲ့ အလုပ်တွေမှာ mechanism က အရေးကြီးတယ်
    ဥပမာ မနက် ၉ နာရီ အလုပ်တက် ညနေ ၄ နာရီ အလုပ်ဆင်းရတဲ့ အလုပ်ခွင် တစ်ခုမှာ
    တစ်ခါတစ်လေကလွဲလို့ အမြဲလောက်နီးနီး အိုဗာတိုင်ဆင်းနေရရင်တော့
    တစ်ခုခုမှားနေပြီ တစ်ခုခုပြုပြင်ဘို့လိုနေပြီ
    သတ်မှတ်ချိန်ရုံးတက် သတ်မှတ်ချိန် ရုံးဆင်းနိုင်မှ mechanism မှန်နေတယ်လို့ ခေါ်နိုင်မှာ
    တည့်ပြောရရင်တော့ စနစ်ကြီးတစ်ခုလုံးကို ကိုင်တွယ်နေတဲ့ တာဝန်ရှိတဲ့သူ အသုံးမကျတာပဲ

    နောက် မရှိမဖြစ် ဆိုတဲ့ လူတွေကိစ္စ
    အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်ရှိမှန်း မသိရရင် အဲဒီခေါင်းဆောင်တော်တာပဲ
    ခေါင်းဆောင် မရှိတာနဲ့ အလုပ်ရပ်သွားရင် အလုပ်မဖြစ်ရင် ခေါင်းဆောင် အသုံးမကျတာပဲ
    ကိုယ့်အောက်က လူတစ်ယောက် မရှိမဖြစ် ဖြစ်နေတာလဲ ခေါင်းဆောင် အသုံးမကျတာပဲ

    မရှိမဖြစ် ဆိုတဲ့ ခေါင်းဆောင်တွေ စဉ်းစားကြည့်ဘို့ပါ

    မနက်ကတဲက ဝင်ပြောချင်တာဗျာ အခု မှ ဝင်လို့ ရလို့ အခုမှ ပြောရတာ ဆောရီးပါ

  • ဦးဦးပါလေရာ

    July 7, 2012 at 8:11 am

    team work ဆိုတော့ တဖွဲ့လုံး ပါဝင်လှုပ်ရှားနိုင်တဲ့ level တူ ground မှာဆိုရင်
    အခုဆွေးနွေးကြသလိုပဲ
    တကိုယ်ကောင်းမဆန်ဘို့၊ ဗိုလ်မကျဘို့၊ လုပ်ပိုင်ခွင့်မျှဝေဘို့
    ဆိုတာတွေဟာ အရေးကြီးပါတယ်။

    ဒါပေမယ့်
    အလုပ်ဌာနတွေမှာ
    ဘယ်ကိစ္စကို ဘယ်သူတွေပဲ သိရမယ်၊ ဘယ်ကိစ္စကို ဘယ်သူတွေပဲ လုပ်ရမယ်.. ဆိုတာ
    လုပ်ငန်းလိုအပ်ချက်အရ ရှိတတ်ပါတယ်။
    အဲဒီလူမရှိရင်ဘယ်လိုလုပ်မလဲ… ဆိုတဲ့မေးခွန်းအတွက်လဲ
    အဲဒီဌာနတွေမှာ လုပ်ထုံးလုပ်နည်း ရှိပြီးသားဖြစ်ရပါတယ်။

    အဲဒီလူမရှိရင်ဘယ်လိုလုပ်ရမှန်းမသိဘူး (သို့မဟုတ်) အဲဒီလူမရှိရင်ဘာမှလုပ်လို့မရဘူး.. လို့ဖြစ်နေခဲ့ရင်
    အဲဒါ အဲဒီဌာနကို ဖွဲ့စည်းထားတာ ညံ့လို့/မှားလို့ ဖြစ်ပါတယ်။

  • garuda

    July 8, 2012 at 7:38 pm

    ကောင်းဗျာ

Leave a Reply