ကိုယ် ကျင့် တရား အလေးအနက်ထား

Khin Thida SoeJune 29, 20101min1255

ကိုယ် ကျင့် တရား အလေးအနက်ထား

လူ့ဘဝ တွင် အရေးကြီးဆုံးသော အရာမှာ ကိုယ်ကျင့် တရားဖြစ်သည်။

ကိုယ်ကျင့်တရားမကောင်းသူသည် အများပြည်သူ၏ အန္တရယ်ဖြစ်သည်။

ကမ္ဘာပေါ်တွင် အကောင်းဆုံးကိုယ်ကျင့် တရား သည် ငါးပါးသီလ ဖြစ်သည်။

ငါးပါးသီလ စောင့်ထိန်းခြင်းသည် တရားမှုများကို ရှောင်ကြဉ် ၍ တရား မျှတ မှုကို

လုပ်ဆောင် ခြင်းဖြစ်သည်။ ကိုယ် အပြု အမူ နှင့် နှုတ်အပြောအဆို တို့ ကို

အပြစ်ကင်းအောင် စောင့်ထိန်းခြင်းဖြစ်သည်။

ယဉ်ကျေးမှု ဆိုသည်မှာ လည်း ကိုယ်နှုတ် အမူအရာကို

တို့အပြစ်ကင်းပြီး ယဉ်ကျေး သိမ်မွေ့ခြင်းကို ဆိုလိုပါသည်။

ကိုယ်နှုတ်ယဉ်ကျေးမှ စိတ်ပါ ယဉ်ကျေးနိုင်မည်။

ကိုယ်နှုတ် စိတ်သုံးပါး ယဉ်ကျေးသူမှာ အယဉ်ကျေးဆုံးပုဂိုလ်  ဖြစ်မည်။

တရားမျှတမှု သည်မြင့်မြတ်၏ မတရားမှုသည် ယုတ်ညံ့သည် မတရားမှု ကို

ရှောင် ၍ တရားမှုကိုဆောင်ခြင်းသည် မိမိ ကိုယ် ကို မြင့်မြတ်အောင် ပြုခြင်းဖြစ်သည်။

သီလ ဂုဏ် သည် အမြင့် ဆုံးဂုဏ်ဖြစ်သည်။သီလ ဂုဏ် သည် အမြတ်ဆုံးကုသိုလ် ဖြစ်သည်

သီလ သည် ကုသိုလ် အားလုံးအတွက် အခြေခံအုတ်မြစ်သည်။ သီလ အပေါ် ရပ်တည်၍

ဒါန ပြုလျှင် ပို၍ အကျိုး ကြီးမားပါသည်။

သီလ သည် အလှပဆုံး အဆင်တန်ဆာဖြစ်၏။ သီလသည် အမွှေးကြိုင်ဆုုံးသော ပန်းထက်

မွှေးပြန့် ပါသည်။

သီလ  သည်စိတ်ကို ကြည်လင်အေးမြစေသည်။ သီလ ဖြူစင်သူသည် အလိုရှိသမျှ အကုန်

ပြည့်စုံသည်။

စန္ဒာကူး အနံ့သည် လည်းကောင်း၊ တောင် ဇလပ်ပန်းသည် လည်းကောင်း ၊ကြာညိုပန်းနံ့သည်

လည်းကောင်း၊ မြလေးပန်းနံ့သည်လည်းကောင်း ရှိ၏ ။၎င်း ပန်းရနံ့ အမျိုးမျိုးတို့ ထက် သီလ အနံ့ သည်

အတု မရှိ သော မြတ်၏ ။ ထို ပန်းရနံ့ များသည် လေညာ သို့ မသွားပေ ။

သူတောင် ကောင်း တို့ ၏ ရနံ့သည် လေ ညာသို့သွားသည်။ သူတော်ကောင်းတို့ ၏

ဂုဏ်သတင်းသည် အရပ်မျက်နှာ အားလုံးတို့ ကို ပျံ့နှံ့ ကြိုင်လှိုင်စေသည်။

သီလ ပို၍ပြည့်စုံသော ဖြူစင် စေရန်အတွက်  သားသမီး ကျင့်ဝတ်၊ မိဘ ကျင့်ဝတ်၊

တပည့်ကျင့်ဝတ်၊ ဆရာကျင့် ဝတ်၊ စသည့် လူမှု ကျင့်ဝတ်များကိုလည်းဖြည့်ကျင့်ရပေမည်.။

ကိုယ်ကျင့် သီလပြည့်စုံ သူသည် သူတော်ကောင်းဖြစ်၏ ။ သေလွန်သော အခါ နတ်ရွာ

သုဂတိသို့ရောက် ရ သည်။

သီလ စောင့်ထိန်းခြင်း အကျိုး  ( ၅ )ပါး

၁။ စီးပွါး ဥစ္စာ ရတနာတို့ ကို မြောက်များစွာ ရခြင်း။

၂။ နာမည်ကောင်း သတင်း ကျော်ကြားခြင်း။

၃။ ပရိတ်သတ် ဗိုလ်ပုံအလယ် တွင် တင့်တယ် ရဲရင့်ခြင်း

၄။ တွေဝေမေ့ မောမှု မရှိ သတိ ကောင်းလျက် သေခြင်း။

၅။ သေလွန်ပြီး နောက် ကောင်းမြတ်သော လူ့ဘဝ

နတ်ဘဝ  ကို ရရှိခြင်း။

ဆွမ်းလှူခြင်း အကျိုး (၅)ပါး

သက်ရှည် ဆင်းလှ၊ ချမ်းသာရ ၊ဗလ ဉာဏ်ပညာ

ဆွမ်းလှူ အကျိုး၊ ဤ ငါးမျိုး တန်းခိုးကြီးလှစွာ

၁။ အာယု     =  အသက်ရှည်ခြင်း။

၂။ ဝဏ္ဏ       =  အဆင်းလှခြင်း။

၃။ သုခ       =  ချမ်းသာ များခြင်း။

၄။ ဗလ       =  ခွန်အားကြီးခြင်း။

၅။ ပဋိဘာန = ဉာဏ်ပညာ ကြီးခြင်း။

ရေလှူ ခြင်း အကျိုး (၁၀) ပါး

သက်ရှည်။ဆင်းလှ၊ ချမ်းသာ ရ ၊ ဗလ ၊ ဉာဏ်ပညာ၊

စင်ကြယ်သန့်ရှင်း ၊ကျော်စောခြင်း။ ခပင်း ခြွေရံကာ၊

ရေမငတ်ငြား၊ လျင်မြန်သွား၊ ဆယ် ပါး ရေကျိုးလား၊

ပန်းလှူခြင်း အကျိုး (၃ )

ပန်းလိုလှပ ၊ ဘဝ ရုပ်ရည်

ခန္ဓာကိုယ် တွင်း၊ သန့်ရှင်းပေသည်၊

နံစော်ကင်းလို့၊ ခံတွင်းမွှေးကြည်

ပန်းလှူ ကျိုး ၊ သုံးမျိုး ရနိုင်သည်၊

ဆီမီး လှု ခြင်း အကျိုး (၂) ပါး

ဘုရားရှင်အား၊ စိတ်ထားကြည့်ဖြူ

ဆီမီး လျှပ်ပန်း၊ လှူဒါန်းသောသူ

စက္ခုမံသ ၊ ဉာဏ်နှစ်သူ

ကြည်လင်၏ ၊ ဖြစ်ဘိ ဉာဏ်ကြီးသူ။

မံသစက္ခု = ပကတိ မျက်လုံးကြည်လင် အားကောင်းခြင်း

ဉာဏစက္ခု  = အသိဉာဏ် မျက်လုံး အားကောင်းခြင်း၊

တံမြက်လှည်းခြင်း အကျိုး ( ၅) ပါး

ကိုယ့်စိတ် သူ့စိတ်၊ ယိုဖိတ်ကြည်လင်

နတ်တို့ လေးစား။ လွန်ပွား ချစ်ခင်

ကြည်ညို ဖွယ် ကောင်း၊ ဂုဏ်ပေါင်းမျက်ရှင်

နတ်ပြည်သို့ ရောက် ၊ ထွန်းတောက်ကျိုးငါးအင်။

5 comments

  • zamte

    June 29, 2010 at 3:30 pm

    မှတ်သားစရာပါပဲ။ ဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လင်္ကာလေးတွေ ဖော်ပြတဲ့အခါ ရေးသူကို ဖော်ပြပေးစေချင်ပါတယ်။ ကိုယ်တိုင် စပ်ဆိုတယ်ဆိုရင်လည်း စပ်ဆိုတဲ့အကြောင်းပေါ့။ ရေးသူဖော်ပြမထားတော့ ဖတ်ရတာ တခုခု လိုနေသလို ခံစားရလို့ပါ။

  • Khin Thida Soe

    June 30, 2010 at 3:23 am

    ရေးသူ က တော့ ပိုစ့် တင်တဲ့သူ ကိုယ်တိုင်ပါဘဲ ဘာလို့လည်းဆိုတော့
    နွေရာသီမှာ ယဉ်ကျေးမှု သင်တန်း ကျောင်းမှာ သင်တဲ့ စာတွေကို
    ကောက်နုတ်ထားတာမို့လို့ပါ။။။။။။။။။။။

    လိုအပ်တာများရှိရင် ပြောပြပေးစေချင်ပါတယ်ရှင်

    ကျေးဇူးတင်လျှက်

    ခင်သီတာစိုး

  • etone

    June 30, 2010 at 4:13 am

    သမီးလေးကတော်လိုက်တာကွယ် နွေရာသီမှာတောင် ဗုဒ္ဓဘာသာသင်တန်းကျောင်းတွေဘာတွေတက်လို့ ။

  • snow

    June 30, 2010 at 4:58 am

    အရမ်းတော်ပါတယ်
    ဒီလိုpostတွေတင်ပေးလို့
    ကျေးဇူးတင်ပါတယ်
    နောက်လဲထပ်တင်ပေးပါ
    တချို ့လူတွေလဲအသိတရားလေးရသွားတာပေါ့

  • Khin Thida Soe

    June 30, 2010 at 5:26 am

    etone ဆိုတာ ဘယ်သူလည်းဟင် နွေရာသီမှာ ဗုဒ္ဓဘာသာ ကျောင်းတတ်တာမဟုတ်ပါဘူးရှင်
    ဘုန်းဘုန်းတစ်ပါး နဲ့ အတူ ကလေး တွေကို စာကူ သင်ပေးတာပါ sunday အလုပ်နားတဲ့ နေ့မျိုးမှာပေါ့

    ခင်သီတာက မန္တလေးက ပါ…… etone ဆိုတာနဲ့ ခင်မင်ချင်ပါတယ်။။။။။။။။။။။။။။။။။။

Leave a Reply