မှ/ဦးစိုးမြင့်(OLC)

“စိန့်မာတင်ကျွန်း ဆိုတာ မြန်မာ့သမိုင်းမှာ မပါရင် မဖြစ်တဲ့ ရှင်မဖြူ ကျွန်းပါပဲ။”

 

မောင်တောမြို့နယ် တောင်ပိုင်းက ပညောင်ပင်ကြီး ဆိုတဲ့ ရွာရဲ့ အနာက်တည့်တည့် လောက်မှာ ရှိတယ်။ ဘင်္ဂလားဒေ့ရှ်က စစ်သင်္ဘောတွေ ရှိနေတာကို ညဘက်တွေမှာ ကြည့်ရင် မီး ထွန်း ကျောက်ချထားတာ တွေ့ရပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲ အပြီး မောင်တော ဘူသီးတောင် မဲဆန္ဒနယ်တွေက အနိုင်ရတဲ့  ပါတီတွေက သီးခြားပြည်နယ် ဆိုတဲ့ အဆိုတွေ တင်လာလို့ တပ်မတော်က နဲနဲ တင်းမာလာတဲ့နောက် ဒေသခံတွေ ဘင်္ဂလားဒေ့ရ်ကို ထွက်ပြေးကြတဲ့ အခါမှာ အဲ့ဒီရွာကနေ အဲ့ဒီကျွန်းကို ကူးသွားကြတာလေ။  တကယ်တော့ ရှင်မဖြူကျွန်းဆိုတာ ရခိုင်ဘုရင်တွေ အဆက်ဆက်က ပိုင်ခဲ့တဲ့ ရခိုင်ပိုင်နက် ပါ။ (ရခိုင်ရာဇဝင်သစ်ကျမ်း-ရမ်းဗြဲတောင်ကျောင်းဆရာတော်) စာအုပ်မှာလေ့လာနိုင်ပါတယ်။ ဗမာဘုရင် ဘိုးတော်ဘုရား က ရခိုင်ဘုရင်မဟာသမ္မတမင်းကို စစ်နိုင်တဲ့အတွက် ရခိုင်ကို ဗမာနိုင်ငံထဲ သိမ်းသွင်း ခံရတဲ့နောက် ဒီကျွန်းဟာလည်း ဗမာ ပိုင်နက် ဖြစ်သွားရတာပေါ့။

ရခိုင်တော်လှန်ရေးသမားတွေက ဗမာဘုရင်ကို တော်လှန်ကြတဲ့အခါ အထူးသဖြင့်ကတော့ ရခိုင်ရိုးမတကျော ကို ခြေကုတ်ယူထားကြတော့ အထူးသဖြင့် အဲ့ဒီခေတ်ရဲ့ အနေအထားအရ ဒီပင်လယ် ထဲကကျွန်းလေးတစ်ကျွန်းဟာ ဗမာဘုရင်အတွက် ဘာမှ မှတ်ထားစရာမလိုလောက်အောင် အရေးမပါခဲ့တော့ ဘုရင့် အာဏာစက်က တိုက်ရိုက် မသက်ရောက်ဘူး ဖြစ်နေပါလိမ့်မယ်။ ပြီးတော့ အမရပူရ နန်းတော် ဟာလည်း ရေတပ် ရှိမှာ မဟုတ်သလို – ရှိရင်လဲ ရခိုင်ကိုထိတော့ သွားပြီး ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ရခိုင်ဘုရင်တို့ရဲ့ ရေတပ်တော်ကလဲ စစ်ရှုံးလို့ ဖျက်ဆီးခံလိုက်ကြရပြီးပြီလေ။ ဒီကျွန်းလေးက လွတ်နေသလိုဖြစ်မှာပေါ့။ ဒီအချိန်မှာ အင်္ဂလိပ်တွေက အိန္ဒိယ တစ်နိုင်ငံလုံးကို သိမ်းထားပြီး ဖြစ်ရာ ဗမာဘုရင်ကို စစ်ခင်းဖို့ အတွက် အကွက်ချောင်းနေခိုက် – ဒီကျွန်းလေးကို သတိပြုမိတော့တာပေါ့။ သူတို့က ကမ္ဘာပတ် စစ်တိုက်လာတဲ့ မဟာရေတပ်တော်ကြီး ရှိတယ်။ ဒါနှင့် ဒီကျွန်းလေးကို အင်္ဂလိပ်ပိုင်အဖြစ် အလံထူလိုက်တယ်-ဒါကို ဗမာဘုရင်ကြားတော့ မဟာျွန္ဓုလ စစ်သူကြီးကို စေပြီး နှိမ်နင်းတယ်-

ကြားဖူးတာတော့ မဟာဗန္ဓုလ စစ်သူကြီးက အင်္ဂလိပ်အလံတော်ကို ခြေနင်း ရိုက်ချိုး ဖျက်ဆီးလိုက်နိုင်ပါတယ်။ ။ ဒီလိုနှင့် ၁၈၂၄ မှာ ရှင်မဖြူကျွန်းကို သူပိုင် ကိုပိုင် ဖြစ်ရာက အင်္ဂလိပ်မြန်မာ ပထမ စစ်ပွဲ ဖြစ်တယ်။ ရခိုင်နှင့် တနင်္သာရီကို စစ်လျော်ကြေးပေးလိုက်တယ်။ ဒီကျွန်းဟာ ဗမာပိုင်နက် အဖြစ်မှ လုံးဝ ပျောက်ကွယ် သွားတော့တယ်။ နောက်တော့ တစ်နိုင်ငံလုံး ကျွန်ဖြစ် လူတိုင်းသိ။ အိန္ဒိယနှင့်ဗမာ တစ်နိုင်ငံတည်းလေ ဗြိတိသျှအင်ပါယာ အောက်မှာ။ ဒါပေမယ့် ပြဿနာက လွတ်လပ်ရေးပေးတဲ့ အခါမှ စတာ။ ၁၉၄ရ မှာ အိန္ဒိယ ကိုလွတ်လပ်ရေးပေးတော့ အိန္ဒိယနိုင်ငံ နယ်နမိတ်ကို နတ်မြစ်ထိနှင့် နတ်မြစ်ဝမှ ဒီ ရှင်မဖြူကျွန်းကိုပါ ပေးပြီး လွတ်လပ်ရေး ပေးလိုက်တယ်။ ၁၉၄၈ မှာ မြန်မာပြည်လွတ်လပ်ရေးရတယ် – နယ်နမိတ်က နတ်မြစ်ထိပေါ့-ဒီကျွန်းမပါပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီကျွန်းကို သူပိုင် ငါပိုင် အကြောင်းပြုပြီး စစ်ခင်းခဲ့ရတာက ဗမာဘုရင်က သူများပိုင်နက်ကို ကျူးေကျော်လာလို့ စစ်ခင်းခဲ့ရတာပါလို့ အင်္ဂလိပ်တွေက ချပြချင်တဲ့အတွက် လွတ်လပ်ရေးပေးတဲ့အခါ မည်သို့ပင် ရခိုင်ပိုင်နက်ဖြစ်ခဲ့စေကာမူ ဗမာပိုင်နက်နယ်မြေအဖြစ် မသတ်မှတ်ပဲ အိန္ဒိယ ပိုင် အဖြစ် ဟိုဘက်နှင့် တစ်ပေါင်းတည်း လုပ်ထားလိုက်ပြီးဖြစ်တယ်။

တကယ်တော့လဲ အဲ့ဒီမှာက ဘင်္ဂလီတွေပဲ များတာဆိုတော့ ယုတ္တိတန်သလိုဖြစ်နေတော့တာပေါ့။  ဒီအကြောင်းတွေကို သိလို့ နယ်မြေအရေးနှင့်ပတ်သက်ပြီး ဖဆပလခေတ်မှာ ရခိုင်အမတ် ဦးကျော်မင်း(ICS)က ဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆိုတင်သွင်းဖို့ကြိုးပမ်းသည်ကို ဝန်ကြီးချုပ်က တင်ပြခွင့်မပေးသဖြင့် စာအုပ်ရိုက်နှိုပ်ပြီးသာလျှင် ဝေငှနိုင်ခဲ့ပါတယ်။ (( ဦးကျော်မင်း ဆိုတာ ဘယ်သူလဲ သိချင်ရင် တော့(၂၀၁ဝ ခုနှစ် မတ်လ မှာ ထုတ်ဝေတဲ့ စာရေးသူ မောင်ဇေယျာရဲ့ မြန်မာ့လူကျော် ၁၀ဝ ပထမအုပ်-ရဲ့ မာတိကာပါ ၃။ အိုင်စီအက်စ် ဦးကျော်မင်း(၁၈၉၉-၁၉၈၅ မှာ ဖတ်နိုင်ပါတယ်))

ဆိုလိုတာကတော့ တိုင်းပြည်ရဲ့ တစ်လက္မတောင် တကယ့်သဘောတရားအရ ပါသွားလို့ မရဘူးဆိုတာပါပဲ။ ဒီနေ့ တစ်လက္မ ဟာ လာမည့် အနာဂတ်မှာ တစ်တိုင်းပြည်လုံး ဖြစ်သွားနိုင်ပါတယ်။  ဒီတော့ ဘာလုပ်ကြမှာလဲ။

ဒီ ရေပိုင်နက်အခြင်းပွါးမှုဟာ အစိုးရချင်း ဖြစ်တာဆိုပေမယ့် အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိတယ်။ အချုပ်အခြာအာဏာကိုထိတယ်။ အသဲနာတယ်။ ကျနော်တို့မှာ သေတော့မှ သွားသဂြိုလ်ရတယ်။ ဆေးလေးတစ်ခွက်တောင် မတိုက်လိုက်ရဘူး။ အစိုးရကိုလဲ အပြစ်မပြောဘူး။ ပညာရှင်တွေကိုလဲ အပြစ်မပြောဘူး။ လှုပ်ရှားတက်ကြွသူတွေကိုလဲ အပြစ်မပြောဘူး။

တကယ်တော့ လွတ်လပ် ပွင်းလင်းပြီး အာမခံတဲ့ နိုင်ငံရေး စနစ် မရှိခဲ့ခြင်းရဲ့ သက်သေပါ။ သိချင်တာ မသိရ- သိသင့်တာလဲ မသိရ။ ပြောချင်တာလဲ မပြောရ ပြောသင့်တာလဲ မပြောရ။ ကြားချင်တာလဲ မကြားရ ကြားသင့်တာလဲ မကြားရ။ သင်ချင်တာလဲ မသင်ရ သင်သင့်တာလဲ မသင်ရ – နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ – နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ဥပဒေတွေနှင့် အသက်ရှင်ခဲ့တာ အတော်ကြာကြာ ရှိပါပြီ။ ဘယ်လောက်တောင်မှ မသိဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ကတော် ဘယ်သူလဲ မသိ၊ ဘာအလုပ်လုပ်လဲ မသိ တဲ့ သူတွေနှင့်အတူ ထမင်းစားနေရတဲ့ ထိဖြစ်ကြောင်းပါ။

ဒါတွေရဲ့ တရားခံက ဘယ်သူလဲ – ဘယ်သူ့မှာ တာဝန်ရှိလဲ – ဘယ်သူတွေက တာဝန်ယူဖြေရှင်းပေးကြမှာလဲ။ ကျနော် ပြောတာတွေ မှားနိုင်တယ်။ လွဲနိုင်တယ်။ ဘာလို့ဆိုတော့ – မပြောရ မဆိုရ – မဖတ်ရ ဆိုတဲ့ ဘောင်ထဲမှာ မွေးဖွားကြီးပြင်း လာခဲ့ ရတာ ဖြစ်လို့ပါ။ မှားရင် ခွင့်လွတ်ပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

About အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး

အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး has written 139 post in this Website..

ကြောက်တတ် ရင် နှစ်ခါ သေတယ်။