စိန် ့မာတင် (သို ့မဟုတ်)မြန်မာများမပိုင်ဆိုင်တော့သော ကျွန်းတစ်ကျွန်း

မှ/ဦးစိုးမြင့်(OLC)

“စိန့်မာတင်ကျွန်း ဆိုတာ မြန်မာ့သမိုင်းမှာ မပါရင် မဖြစ်တဲ့ ရှင်မဖြူ ကျွန်းပါပဲ။”

 

မောင်တောမြို့နယ် တောင်ပိုင်းက ပညောင်ပင်ကြီး ဆိုတဲ့ ရွာရဲ့ အနာက်တည့်တည့် လောက်မှာ ရှိတယ်။ ဘင်္ဂလားဒေ့ရှ်က စစ်သင်္ဘောတွေ ရှိနေတာကို ညဘက်တွေမှာ ကြည့်ရင် မီး ထွန်း ကျောက်ချထားတာ တွေ့ရပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲ အပြီး မောင်တော ဘူသီးတောင် မဲဆန္ဒနယ်တွေက အနိုင်ရတဲ့  ပါတီတွေက သီးခြားပြည်နယ် ဆိုတဲ့ အဆိုတွေ တင်လာလို့ တပ်မတော်က နဲနဲ တင်းမာလာတဲ့နောက် ဒေသခံတွေ ဘင်္ဂလားဒေ့ရ်ကို ထွက်ပြေးကြတဲ့ အခါမှာ အဲ့ဒီရွာကနေ အဲ့ဒီကျွန်းကို ကူးသွားကြတာလေ။  တကယ်တော့ ရှင်မဖြူကျွန်းဆိုတာ ရခိုင်ဘုရင်တွေ အဆက်ဆက်က ပိုင်ခဲ့တဲ့ ရခိုင်ပိုင်နက် ပါ။ (ရခိုင်ရာဇဝင်သစ်ကျမ်း-ရမ်းဗြဲတောင်ကျောင်းဆရာတော်) စာအုပ်မှာလေ့လာနိုင်ပါတယ်။ ဗမာဘုရင် ဘိုးတော်ဘုရား က ရခိုင်ဘုရင်မဟာသမ္မတမင်းကို စစ်နိုင်တဲ့အတွက် ရခိုင်ကို ဗမာနိုင်ငံထဲ သိမ်းသွင်း ခံရတဲ့နောက် ဒီကျွန်းဟာလည်း ဗမာ ပိုင်နက် ဖြစ်သွားရတာပေါ့။

ရခိုင်တော်လှန်ရေးသမားတွေက ဗမာဘုရင်ကို တော်လှန်ကြတဲ့အခါ အထူးသဖြင့်ကတော့ ရခိုင်ရိုးမတကျော ကို ခြေကုတ်ယူထားကြတော့ အထူးသဖြင့် အဲ့ဒီခေတ်ရဲ့ အနေအထားအရ ဒီပင်လယ် ထဲကကျွန်းလေးတစ်ကျွန်းဟာ ဗမာဘုရင်အတွက် ဘာမှ မှတ်ထားစရာမလိုလောက်အောင် အရေးမပါခဲ့တော့ ဘုရင့် အာဏာစက်က တိုက်ရိုက် မသက်ရောက်ဘူး ဖြစ်နေပါလိမ့်မယ်။ ပြီးတော့ အမရပူရ နန်းတော် ဟာလည်း ရေတပ် ရှိမှာ မဟုတ်သလို – ရှိရင်လဲ ရခိုင်ကိုထိတော့ သွားပြီး ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ရခိုင်ဘုရင်တို့ရဲ့ ရေတပ်တော်ကလဲ စစ်ရှုံးလို့ ဖျက်ဆီးခံလိုက်ကြရပြီးပြီလေ။ ဒီကျွန်းလေးက လွတ်နေသလိုဖြစ်မှာပေါ့။ ဒီအချိန်မှာ အင်္ဂလိပ်တွေက အိန္ဒိယ တစ်နိုင်ငံလုံးကို သိမ်းထားပြီး ဖြစ်ရာ ဗမာဘုရင်ကို စစ်ခင်းဖို့ အတွက် အကွက်ချောင်းနေခိုက် – ဒီကျွန်းလေးကို သတိပြုမိတော့တာပေါ့။ သူတို့က ကမ္ဘာပတ် စစ်တိုက်လာတဲ့ မဟာရေတပ်တော်ကြီး ရှိတယ်။ ဒါနှင့် ဒီကျွန်းလေးကို အင်္ဂလိပ်ပိုင်အဖြစ် အလံထူလိုက်တယ်-ဒါကို ဗမာဘုရင်ကြားတော့ မဟာျွန္ဓုလ စစ်သူကြီးကို စေပြီး နှိမ်နင်းတယ်-

ကြားဖူးတာတော့ မဟာဗန္ဓုလ စစ်သူကြီးက အင်္ဂလိပ်အလံတော်ကို ခြေနင်း ရိုက်ချိုး ဖျက်ဆီးလိုက်နိုင်ပါတယ်။ ။ ဒီလိုနှင့် ၁၈၂၄ မှာ ရှင်မဖြူကျွန်းကို သူပိုင် ကိုပိုင် ဖြစ်ရာက အင်္ဂလိပ်မြန်မာ ပထမ စစ်ပွဲ ဖြစ်တယ်။ ရခိုင်နှင့် တနင်္သာရီကို စစ်လျော်ကြေးပေးလိုက်တယ်။ ဒီကျွန်းဟာ ဗမာပိုင်နက် အဖြစ်မှ လုံးဝ ပျောက်ကွယ် သွားတော့တယ်။ နောက်တော့ တစ်နိုင်ငံလုံး ကျွန်ဖြစ် လူတိုင်းသိ။ အိန္ဒိယနှင့်ဗမာ တစ်နိုင်ငံတည်းလေ ဗြိတိသျှအင်ပါယာ အောက်မှာ။ ဒါပေမယ့် ပြဿနာက လွတ်လပ်ရေးပေးတဲ့ အခါမှ စတာ။ ၁၉၄ရ မှာ အိန္ဒိယ ကိုလွတ်လပ်ရေးပေးတော့ အိန္ဒိယနိုင်ငံ နယ်နမိတ်ကို နတ်မြစ်ထိနှင့် နတ်မြစ်ဝမှ ဒီ ရှင်မဖြူကျွန်းကိုပါ ပေးပြီး လွတ်လပ်ရေး ပေးလိုက်တယ်။ ၁၉၄၈ မှာ မြန်မာပြည်လွတ်လပ်ရေးရတယ် – နယ်နမိတ်က နတ်မြစ်ထိပေါ့-ဒီကျွန်းမပါပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီကျွန်းကို သူပိုင် ငါပိုင် အကြောင်းပြုပြီး စစ်ခင်းခဲ့ရတာက ဗမာဘုရင်က သူများပိုင်နက်ကို ကျူးေကျော်လာလို့ စစ်ခင်းခဲ့ရတာပါလို့ အင်္ဂလိပ်တွေက ချပြချင်တဲ့အတွက် လွတ်လပ်ရေးပေးတဲ့အခါ မည်သို့ပင် ရခိုင်ပိုင်နက်ဖြစ်ခဲ့စေကာမူ ဗမာပိုင်နက်နယ်မြေအဖြစ် မသတ်မှတ်ပဲ အိန္ဒိယ ပိုင် အဖြစ် ဟိုဘက်နှင့် တစ်ပေါင်းတည်း လုပ်ထားလိုက်ပြီးဖြစ်တယ်။

တကယ်တော့လဲ အဲ့ဒီမှာက ဘင်္ဂလီတွေပဲ များတာဆိုတော့ ယုတ္တိတန်သလိုဖြစ်နေတော့တာပေါ့။  ဒီအကြောင်းတွေကို သိလို့ နယ်မြေအရေးနှင့်ပတ်သက်ပြီး ဖဆပလခေတ်မှာ ရခိုင်အမတ် ဦးကျော်မင်း(ICS)က ဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆိုတင်သွင်းဖို့ကြိုးပမ်းသည်ကို ဝန်ကြီးချုပ်က တင်ပြခွင့်မပေးသဖြင့် စာအုပ်ရိုက်နှိုပ်ပြီးသာလျှင် ဝေငှနိုင်ခဲ့ပါတယ်။ (( ဦးကျော်မင်း ဆိုတာ ဘယ်သူလဲ သိချင်ရင် တော့(၂၀၁ဝ ခုနှစ် မတ်လ မှာ ထုတ်ဝေတဲ့ စာရေးသူ မောင်ဇေယျာရဲ့ မြန်မာ့လူကျော် ၁၀ဝ ပထမအုပ်-ရဲ့ မာတိကာပါ ၃။ အိုင်စီအက်စ် ဦးကျော်မင်း(၁၈၉၉-၁၉၈၅ မှာ ဖတ်နိုင်ပါတယ်))

ဆိုလိုတာကတော့ တိုင်းပြည်ရဲ့ တစ်လက္မတောင် တကယ့်သဘောတရားအရ ပါသွားလို့ မရဘူးဆိုတာပါပဲ။ ဒီနေ့ တစ်လက္မ ဟာ လာမည့် အနာဂတ်မှာ တစ်တိုင်းပြည်လုံး ဖြစ်သွားနိုင်ပါတယ်။  ဒီတော့ ဘာလုပ်ကြမှာလဲ။

ဒီ ရေပိုင်နက်အခြင်းပွါးမှုဟာ အစိုးရချင်း ဖြစ်တာဆိုပေမယ့် အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိတယ်။ အချုပ်အခြာအာဏာကိုထိတယ်။ အသဲနာတယ်။ ကျနော်တို့မှာ သေတော့မှ သွားသဂြိုလ်ရတယ်။ ဆေးလေးတစ်ခွက်တောင် မတိုက်လိုက်ရဘူး။ အစိုးရကိုလဲ အပြစ်မပြောဘူး။ ပညာရှင်တွေကိုလဲ အပြစ်မပြောဘူး။ လှုပ်ရှားတက်ကြွသူတွေကိုလဲ အပြစ်မပြောဘူး။

တကယ်တော့ လွတ်လပ် ပွင်းလင်းပြီး အာမခံတဲ့ နိုင်ငံရေး စနစ် မရှိခဲ့ခြင်းရဲ့ သက်သေပါ။ သိချင်တာ မသိရ- သိသင့်တာလဲ မသိရ။ ပြောချင်တာလဲ မပြောရ ပြောသင့်တာလဲ မပြောရ။ ကြားချင်တာလဲ မကြားရ ကြားသင့်တာလဲ မကြားရ။ သင်ချင်တာလဲ မသင်ရ သင်သင့်တာလဲ မသင်ရ – နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ – နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ဥပဒေတွေနှင့် အသက်ရှင်ခဲ့တာ အတော်ကြာကြာ ရှိပါပြီ။ ဘယ်လောက်တောင်မှ မသိဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ကတော် ဘယ်သူလဲ မသိ၊ ဘာအလုပ်လုပ်လဲ မသိ တဲ့ သူတွေနှင့်အတူ ထမင်းစားနေရတဲ့ ထိဖြစ်ကြောင်းပါ။

ဒါတွေရဲ့ တရားခံက ဘယ်သူလဲ – ဘယ်သူ့မှာ တာဝန်ရှိလဲ – ဘယ်သူတွေက တာဝန်ယူဖြေရှင်းပေးကြမှာလဲ။ ကျနော် ပြောတာတွေ မှားနိုင်တယ်။ လွဲနိုင်တယ်။ ဘာလို့ဆိုတော့ – မပြောရ မဆိုရ – မဖတ်ရ ဆိုတဲ့ ဘောင်ထဲမှာ မွေးဖွားကြီးပြင်း လာခဲ့ ရတာ ဖြစ်လို့ပါ။ မှားရင် ခွင့်လွတ်ပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

16 comments

  • စိန်ဗိုက်ဗိုက်

    July 5, 2012 at 7:21 pm

    အူးလေး ဝမ်းတွင်းရူးရေ့
    သဂျီးက စနစ်ကြောင့် မဟုတ်ဘူးပြောတယ်…
    သဂျီးလာမှ ငြင်းတော့..
    လစ်ပြီ..ဘလစ်..ဘလစ်..

  • ကိုရင်မောင်

    July 5, 2012 at 7:33 pm

    အော်ခံစားချက်တွေတယ်ပြင်းသကို..
    ခံခဲ့ရတဲ့နှစ်တွေကြာလာတော့..
    နာရကောင်းမှန်းမသိသလိုဖြစ်ကုန်ရတော့တာပါဘဲလေ…
    ရှင်မဖြူကျွန်းကိုပေးလိုက်ရတာအတော်အသဲနာဘို့ကောင်းတယ်..
    ဦးနေဝင်းလက်ထက်ကလဲ တရုတ်ပြည်နယ်စပ်က ကျယ်ခေါင် ဆိုတဲ့
    နေရာတရုတ်လက်ထဲပါသွားတာ မြေပုံကြည့်မိတိုင်စိတ်ထဲတမျိုးခံစားရတယ်
    တကယ်ကနယ်နမိတ်ကိုချောင်းအတိုင်သွားရမှာ အဲ့ဒီနေရာရောက်မှာ
    ချောင်းရဲ့ဒီဘက်ကိုဦးချိုပုံထွက်နေတဲ့မြေကတရုတ်နယ်ထဲရောက်နေတာတွေ့ရတယ်..
    မြေပုံကြည့်မိတိုင် စိတ်ထဲ ခံစားရတာအမှန်ဘဲ….

  • ---မိုးကျရွှေကိုယ်-----dennis rockstar

    July 5, 2012 at 8:27 pm

    ကျေးဇူးပါခဗျာ———- သမိုင်း အချက်လေးတွေ တော်တေ်ာ သိခွင့်ရပါတယ်–
    ဒိလိုကျပြန်တော့လည်း ခံစားချက်က ပြင်းမယ်ဆိုလည်း ပြင်းစရာ————–

  • ဆိုးပေ ကြီး

    July 5, 2012 at 9:06 pm

    ယူကြဟေ့ … အကုန်ယူ ။ ဧရာဝတီမြစ်ကြီးလဲအပိုင်ယူ ၊ ရခိုင်သဘာဝဓါတ်ငွေ့လဲအပိုင်ယူ ၊ ကမ်းလွန်ပင်လယ်ပြင်အပိုင်ယူ၊ ၊၊၊၊၊

  • San Hla Gyi

    July 5, 2012 at 9:37 pm

    မျက်စိတောင် လည်တယ်ဗျာ။ အရင်နာမည်လေး ကောင်းနေသားနဲ့ ဘယ်လိုဖြစ်ပြီး နာမည်ပြောင်းလိုက်တာလဲဗျ။

  • blackchaw

    July 5, 2012 at 9:59 pm

    ကိုစံလှကြီးပြောမှ
    ဝမ်းတွင်းရူးဆိုတာ မောင်သန်းထွဋ်ဦးမှန်းသိရတယ်ဗျာ။
    ဘယ်လိုနားလည်ရမှန်းတောင် မသိတော့ပါဘူးကွယ်။
    ဘယ့်နှယ့် နာမည်တွေ ခဏခဏပြောင်းနိုင်လွန်းပါတယ်။
    အသာလုပ်ကြပါဗျာ။

  • kai

    July 6, 2012 at 5:11 am

    အဲဒီကျွန်းမှာ.. အမေရိကရေတပ်သဘောင်္ရှိတယ်လို့.. တယောက်ယောက်များ ပြောဖူးသလားလို့..
    ထားပါတော့…

    ဘင်္ဂလားဒေရှ့်ထဲက.. ဘုရင့်နောင်မျိုးနွယ်တွေအကြောင်းလေ.. ဦးသန့်မြေး -ဦးသန့်မြင့်ဦး ဖေ့စ်ဘုတ်မှာတင်ထားပါတယ်..တဲ့..

    ဦးသန့်မြင့်ဦးကအောက်ကအတိုင်းရေးထားတယ်..

    I think all Burmese historians know this, but others probably do not: by historical accident, a direct male-line descendent of King Bayinnaung still holds hereditary office in neighbouring Bangladesh. A son of King Nanda Bayin (son of Bayinnaung) was placed in charge of an area around Chittagong by the King of Arakan in 1599 (after the successful Arakanese attack on Pegu). He was Maung Saw Pru and reigned until 1631. Ever since, his descendants have ruled over what’s become known as the “Bohmong Circle”, home to over 200,000 people of Arakanese, Burmese, and Mon ancestry in the Chittagong Hill Tracts, now in Bangladesh. This is a recent photograph of Raja Aung Shwe Pru, the 15th “Raja of the Bohmong Circle”, a 16th generation descendent of Bayinnaung.

    =
    ပိုသိချင်ရင်..အောက်ကလင့်မှာသွားဖတ်ကြ..
    http://www.blogymate.com/post.aspx?blogid=7654&t=Discover-Bangladesh-2-Bandarban-the-land-of-wonder-and-indigenous-hill-tribes
    Discover Bangladesh-2: Bandarban, the land of wonder and indigenous hill tribes

    Published Date: July 15, 2011 – Views: 2682 .

    Bandarban Hill District is the remotest and least populated district in Bangladesh. The lure of the tallest peaks of Bangladesh, treks through virgin forests and chance to meet more than 15 tribes of the region up close is growing both among Bangladeshis and tourists from other countries

    Bandarban is known as the land of wooded hills. This beautiful hilly district is located in the south-east of Bangladesh. It is a place of captivating beauty, with plenty of places barely touched by men, that let you enjoy the tranquility and silence. The highest peak of Bangladesh Tah-Jin-Dong, Chimbuk and the mysterious ‘Boga Lake’ on 3700 feet high hills are in Bandarban.
    Not only nature in its pristine glory but Bandarban with hill people belonging to eleven tribes is equally fascinating for their simple way of life and colorful cultural heritage.

    The Bohmong Circle:

    Bandarban is known as Arvumi or the Bohmong Circle or Bohmong Htaung. Bandarban town is the home town of the Bohmong Chief. Current Bohmong Chief or Raja is Aung shwe Prue Chowdhury. He is the 15th Bohmong Chief or Raja of the Bohmong dynasty.
    The first 4 Bohmong kings were governors of the Chittagong region and they did not enter into the Chittagong hill tracts. The 5th Bohmongree Kong hia Prue entered into the Chittagong hill tracts region in 1727 with his followers and settled in the Sangu valley now known as Bandarban Rajbari. He died at the age of 103 having ruled as an independent Bohmongree. Till the year 1875the Bohmongs were not interfered by anybody from other areas. From the available record we found that the East India Company or the British Raj very cunningly managed the simple hearted Bohmongree sa Nhine Nyo to enter into an agreement by forming the regulation – 1 of Chittagong hill tracts.
    It was during the reign of the 9th Bohmongree sa Nhine Nyo that the system of Bohmong Raj Punnyah or annual revenue collection was introduces. A convenient or favourable day is fixed for the said Raj Punnayah in the winter season in the darbar hall of the Bohmongree. This is done not only holding the Raj Punniyah but it is a meeting place of people of all walks of life irrespective of caste or creed. The age of this fair is 132 years. This fair is very colorful and cannot be compared with any other function elsewhere.

    • အရီးခင်လတ်

      July 6, 2012 at 5:23 am

      { kai says: အဲဒီကျွန်းမှာ.. အမေရိကရေတပ်သဘောင်္ရှိတယ်လို့.. တယောက်ယောက်များ ပြောဖူးသလားလို့..}

      ဟုတ်တယ်လေ။ ကျွန်မ ပြောတာ။
      သူကြီး ဘဲ အလုပ်ရှာပေးပါဆိုလို့ အဲဒီမှာ သူကြီး လုပ်မလားလို့ မေးခဲ့တာ ကို ဘယ်လို ဖြစ်ပြီး မေ့သွားတာလဲ။ 👿
      မပြောတော့ဘူး။
      အဟတ်။ 😉

      • P chogyi

        July 6, 2012 at 10:08 am

        အမေရိကန်ရေတပ်သင်္ဘောတင်မကဘူး
        အမေရိကန်စစ်အခြေစိုက်စခန်းပါရှိတယ်။
        ခံစားချက်ပြင်းနေရုံနဲ့မရဘူး၊
        ပြန်ရအောင်လုပ်လေ(မြှောက်ပေးတာ)

    • ဝမ်းတွင်းရူး

      July 7, 2012 at 1:14 pm

      နေကာ မျက်မှန်လေးနဲ ့လေးနှမရယ်ကွယ်. အော်မှားလို ့
      နေကာညှက်မှန်နဲ ့အူးလေးကြီးးးးးးးး

  • same kyaw

    July 6, 2012 at 8:40 am

    ထပ်တူခံစား မိပါတယ်။

  • Passing By

    July 6, 2012 at 11:13 am

    ဟုတ်တယ်ဗျို့ .. စိန့်မာတင်ကျွန်းတင်မကဘူး . တကမာ္ဘလုံး ပြန်ရအောင်လုပ်ပေး .. ကျွန်တော်တို့မွေးတာ မြန်မာနိုင်ငံမှာမဟုတ်ဘူး ကမာ္ဘပေါ်မှာ .. !

  • Wow

    July 6, 2012 at 1:44 pm

    ပြီးခဲ့တာတွေလွမ်းမနေပဲ…. အခုရှိသလောက်လေးကိုပဲ တိုးတက်အောင်လုပ်ကြည့်လိုက်စမ်းဘာာာ…. Don’t cry for spill milk. လေ….

  • ဝမ်းတွင်းရူး

    July 6, 2012 at 5:31 pm

    အထူးသဖြင့်ကတော့ -ကိုယ်မှလွဲ ဒူးတောင်မယုံရဆိုတဲ့ ဝါဒစွဲတွေကို ကိုင်စွဲထားတဲ့ သူတွေ မင်းမူနေသ၍ ခုတော့ ရေပြင်ပိုင်နက် မိုင် ၂၀၀။ လာပါအုံးမယ် စစ်တွေ ကုလားတန် ပလက်ဝ စီမံကိန်း၊ ကျောက်ဖြူ မူဆယ် ယူနန် ဓါတ်ငွေ့ပိုက်လိုင်း၊ ကားလမ်း ရထားလမ်း စီမံကိန်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုံစီမံကိန်း၊ မော်လမြိုင်-မြဝတီ ထိုင်း ရထားလမ်းစီမံကိတ်းတွေ – တိုင်းပြည်ကို မသိလိုက်ပဲ ဖဲ့ပေးရမယ့် အနေအထားများ။ တခြား ဘယ်သူမှ မသိတဲ့ များစွာသော Capital Intensive စီမံကိန်းတွေ။ Macro Economic သဘောအရ သိပ်လှတဲ့ စီမံကိန်းတွေ – အနှစ်ကတော့ ဘယ်သူ ရသွားမလဲ။ သေချာတာကတော့ မြန်မာနိုင်ငံသူတွေ မဟုတ်ဘူး- အစိုးရနှင့် အစိုးရအာဏာပိုင်ကုမ္ပဏီတွေပဲ။ တကယ့်ပြည်သူက အလုပ်ကြမ်းသမား ပေါ့။ ခုမှ တစ်နေ့ လုပ်အား ခ ၁၁၀ဝ မှ ၁၀၀ဝ ထောက်ပံ့ကြေးပေးမယ်တဲ့။

    ဒီနေရာမှာ တစ်ခုတော့ ရှိတယ်။ ဒီစီမံကိန်းတွေကိုတော့ ကျနော် လုံးဝ မကန့်ကွက်ဘူး။ လုပ်သင့်တာ ကုန်ခဲ့တဲ့ နှစ် ငါးဆယ် ကတည်းက။ ခုမှ လုပ်ရတယ် ထောက်ခံသေးတယ်။

    ဒါပေမယ့် တောင်းဆိုချင်တာက ဒီစီမံကိန်းတွေကိုဆောင်ရွက်တဲ့အခါ နှစ်နိုင်ငံချင်း သော်လည်းကောင်း၊ ပါဝင်တဲ့လုပ်ငန်းတွေနှင့်သော်လည်းကောင်း မလုပ်မနေလုပ်ရတာကတော့ Partnership Agreement ဖြစ်ပါတယ်။ ဒီ Partnership Agreement တွေကို ဘယ်သူတွေ သာဖတ်ခွင့်ရှိလဲ။ နိုင်ငံကို ပိုင်တဲ့ နိုင်ငံသားမှန်ရင် လူတိုင်းဖတ်ခွင့် လေ့လာခွင့် ဆန်းစစ်ခွင့် မရှိဘူးလား။ တကယ်တော့ နိုင်ငံရဲ့ အရင်းအမြစ်ကို အခြေခ့သော မည်သည့် စီးပွါးရေးလုပ်ငန်း-စီမံကိန်း ဖြစ်ပါစေ နိုင်ငံသားတိုင်းက တိတိကျကျ သိခွင့်ရှိရပါမယ်။ 

    သန်း ၆ဝ သော လူဦရေ မှာ ဆယ်ယောက် အယောက်နှစ်ဆယ် သာ နားလည်ပါစေအုံး – ခုလို တိုင်းပြည်နစ်နာ သွားမယ့် အရေးမျိုး ရှိရင် ချက်ချင်း ပြင်လို့ရတာပေါ့။ ဒီ ရေပိုင်နက်အခြင်းပွါးမှုဟာ အစိုးရချင်း ဖြစ်တာဆိုပေမယ့် အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိတယ်။ အချုပ်အခြာအာဏာကိုထိတယ်။ အသဲနာတယ်။

  • ဦးဦးပါလေရာ

    July 7, 2012 at 5:06 pm

    နယ်နိမိတ်တွေဆိုတာကတော့ နိုင်တဲ့သူက သတ်မှတ်တာကို ရှုံးတဲ့သူက ခံကြရမြဲပါပဲ…။

    ကျုပ်တို့ မြန်မာလူမျိုးက ခွေးရှုံးဝက်ရူံး ရှုံးခဲ့ပြီးလို့ မြေတမှုန့်မကျန် သူများသိမ်းသွားတာ ၊ ကျွန်ပြုတာကို ခံခဲ့ရတာကိုး..။

    ပြန်ပေးတဲ့အခါ ရသလောက်နဲ့ လက်ခံခဲ့ကြရတာပေါ့…။

    ဆိုတော့….

    နောက်ထပ် ထပ်မရှုံးဘို့ လိုတယ်…။

    နောက်ထပ် ထပ်မပေးလိုက်ရဘို့ လိုတယ်…။

    အဲဒီအတွက် နောက်မျိုးဆက်ဟာ အလုံအလောက် “ တော် ” ဘို့ လိုတယ်…။

  • ဝမ်းတွင်းရူး

    July 7, 2012 at 6:53 pm

    @ဦးဦးပါလေရာ၏. ထောက်ပြဝေဖန်ပေးချက်ဖြစ်တဲ့
    ““နောက်ထပ် ထပ်မရှုံးဘို့ လိုတယ်…။
    နောက်ထပ် ထပ်မပေးလိုက်ရဘို့ လိုတယ်…။
    အဲဒီအတွက် နောက်မျိုးဆက်ဟာ အလုံအလောက် “ တော် ” ဘို့ လိုတယ်…။””
    ကို နှစ်သက်လေးစားပါတယ်ဗျားး

Leave a Reply