မုန့်ယူမလား တုတ်ယူမလား ..

ေမွာ္ဆရာJuly 6, 20121min29731

မှော်ဆရာ့ကိုက ရှည်တာပါ… (မှတ်ချက် — တလွဲ မတွေးရ ..။)
မိရိုးဖလာ ဓါတ်ပုံလေး ရိုက်စားရင် ဖြောင်း.. ခွမ်း .. ရော့ ဓါတ်ပုံ . ပေး တစ်ထောင် ဆို အေးအေးလေး နေလို့ရနှိုင်သည်..။သို့သော် . သို့သော် ..
အကုသိုလ် ဖိစီးချိန် ကြုံလာတော့လဲ မုဆိုးမကိုမှ နတ်သမီး ထင်မိသည့်သူလို …
အင်တာနက်ဆိုင်လေးကို စထောင်မိသည့် အချိန်မှစတင်၍ အကုသိုလ် အထုတ်အထည်လိုက် ခေါင်းပေါ် ရောက်လာခဲ့ပေပြီ..။
အခုအချိန်မှာ ဘာကို သွားသတိရသလဲဆိုတော့ ကလေးတွေကို မုန့်ကြွေးတဲ့အခါ ဒီမုန့်မလိုချင်ဘူး .. ဟိုမုန့်မှ ဆိုတဲ့ ကလေးမျိုးကို ပြောတဲ့စကား.။ မုန့်ယူမလား တုတ်ယူမလား တဲ့ ။ ဆိုလိုတာက ရတာလေးကို စိတ်ကျေနပ်ပြီး စားမလား .. ဆော်ပလော် တီးခံမလားပေါ့ .။ ကမှော့်ဘဝကလဲ မုန့်ယူမလား တုတ်ယူမလား အမေးခံနေရသည်။
အင်တာနက် ဆိုင်လေးကို စထောင်တော့ ကျန်တာကတော့ စိတ်ကြိုက်ရွေးလို့ ရသည်. ။ ကွန်ပျူတာ ဘယ်လောက်ကောင်းတာ လိုချင်လဲ ရသည်…။ ပေးသည့်ငွေနှင့် တန်တဲ့ ကွန်ပျူတာ အမျိုးအစား ရအောင် ဝယ်လို့ရသည်..။ စိတ်ကျေနပ်သည်.။အင်တာနက်လိုင်း ကျမှသာ……..။
မုန့်လေး တစ်ခါ စားဖို့အရေးဗျာ.။ မုန့်စားချင်လျှင် အားဝါး ပေးပါဦး ..။ ကပြပါဦး ..။ ရီ ပြပါဦး စသည်ဖြင့် လူကြီးသဘောကျ လုပ်ပြရသည့် ကလေးပမာ … စကိုင်းနက် အင်တာနက်လိုင်း လျှောက်ချင်တာလား… တီဗီလိုင်းပါယူမှ ပေးမယ်။ ဖုန်းလိုင်းပါ ယူမှ ပေးမယ် .။ တီဗီလိုင်း တနှစ်စာ အင်တာနက်ခ သုံးလစာ ဖုန်းခ ငါးနာရီစာ ကြိုသွင်းမှပေးမယ်..။ ဟယ် .. သူ့မုန့်စားချင်တော့ လဲ လုပ်ပြရတာပေါ့ဗျာ ..

ရော့ အင့် ယူ ယူ

စကိုင်းနက် အင်တာနက် တစ်လိုင်းရဖို့အရေး မှော်ဆရာ ၁၄ သိန်းကျော် ကျွတ်စကီး ပြခဲ့သည်.။
ဒီလိုဆို မုန့်စားလို့ ရပြီလား ..။ မထင်ပါလေနှင့်နော် ..။ ကမှော် ယူထားတဲ့ အင်တာနက်လိုင်းက သူတို့အခေါ် co-operate 512 လိုင်း တစ်လကို တစ်သိန်းခွဲ သွင်းရသည်.။သုံးလစာ အပြတ် လေးသိန်းခွဲ တစ်ပုံထဲ ပေးလိုက်မှရသည်..။
ဒီလိုင်းလေးကို စိတ်ချမ်းသာ လက်ချမ်းသာ သုံးရလျှင်လဲ တော်ပေဦးမည်။ သို့သော် စကိုင်းနက်က ရတာနဲ့ သူတို့ကို ပြန်ပေးရတာ မကာမိ.။
တစ်လကို တစ်သိန်းခွဲဆိုတော့ တစ်နေ့ကို ငါးထောင်ရှိသည် .။ ဟိုအခ ဒီအခတွေ ပေါင်းလိုက်တော့ တစ်နေ့ကို အရင်းတင် တစ်သောင်း ပတ်လည် ရှိသည်.။ ဒါတောင် မီးပြတ်လို့ မိးစက်နှိုးရတာ မပါသေး။ ဒါကို ပြန်ရှာရဖို့ဆိုတာ သူတို့ပေးတဲ့ လိုင်းအားနဲ့ကတော့ မလွယ်ရေးချ မလွယ် ..။ဘာကြောင့်နည်း..။
512 ဆိုသော်လဲ တကယ် ကမှော့်ဆီ ရောက်တဲ့လိုင်းအား စစ်ကြည့်လိုက် 250 မကျော် ..။ လိုင်းကောင်းကောင်း လိုချင်လို့ တစ်လ တစ်သိန်းကျော် ပေးထားပါတယ် ဆိုမှ တစ်ဝက်လောက် ရောက်တော့ ဘာလုပ်ရမည်နည်း..။
ဒီတော့ မနေသာတော့ ၊ ရုံးချုပ် ကိုဖုန်းလှမ်းဆက် ကျွန်တော့်လိုင်း ဒေါင်းလော့စပိတွေ အရမ်းကျနေပါတယ် ခင်ဗျာ ဆိုတော့ ဟိုမေး ဒီမေး ဆွေခွန်နှစ်ဆက် မျိုးခွန်နှစ်ဆက် စုံအောင် မေးပြီးတော့မှ တစ်ခွန်းထဲသော စကားကို လှလှပပ ဖြေကြားလိုက်ပါတယ်.. ။ အကို လိုင်းကို အမြဲတမ်း ကောင်းကောင်းရမယ်လို့ မမျှော်လင့်စေချင်ပါဘူးတဲ့ဗျာ…။ မှတ်ပြီလား မှတ်ပြီလား .. ကိုယ့်ဟာကိုအေးအေး ဓါတ်ပုံရိုက်မနေချင်တဲ့သူ ခံလေ.။
ဒါ ကတ်စတမ်မာကို ပြောရမယ့် စကားလားဗျာ ..။ စကိုင်းနက်မှာ အင်တာနက်လိုင်းက တစ်လ သုံးသောင်းတန်ကနေစပြီး ရှိပါတယ်..။ လိုင်းအား ကောင်းကောင်းလိုချင်လို့ တစ်လ တစ်သိန်းခွဲ ပေးထားတာပေါ့ဗျ ..။ဒါကိုမှ မညှာမတာ လိုင်းအား ကောင်းကောင်း အမြဲတမ်းရဖို့ မမျှော်လင့်ပါနဲ့တဲ့ ..။သင်းလိုက်တဲ့စကား…။
ဒါဆို လိုင်းအား 256 ပဲ ရလို့ ၆သောင်းပဲ ပေးရတဲ့ တဆင့်နိမ့်တဲ့လိုင်းကို
ပြောင်းသုံးပါလား ဆိုသော်ငြားလဲ အဲဒီလို ချလိုက်လျှင် ရတဲ့လိုင်းအားက အခုရသလောက်ပင် မရတော့ .. ဆိုလိုတာက စကိုင်းနက်က ပေးမယ်ဆိုတဲ့လိုင်းနဲ့ ကိုယ့်ဆီရောက်တဲ့လိုင်းက အပြည့်မရပဲ တစ်ဝက်လောက်ပဲ ရတယ်ဆိုတဲ့ သဘော ..။ပြီးတော့ လုပ်ပုံလေးကလဲ မှတ်သားစရာ .. လိုင်းအားတိုးလိုလျှင် ပိုက်ပိုက် ပေးစရာမလို .. ဒါပေမယ့် လိုင်းအား လျှော့လိုလျှင်တော့ တစ်လစာ ပိုက်ပိုက် ပေးရပါသည် ..။ ဒါတင်မျှ မက ခဏရပ်ချင်ပါတယ်ဆိုရင်တောင် ပိုက်ပိုက် ပေးရသေးသည် ..။စကိုင်းနက်က သူတို့ လုံးဝ မရှံးရအောင် ဆောင်ရွက်ထားပုံကတော့ အကွက်စေ့ ဒေါင့်စေ့ လှသည်။
ဒါဆို လိုင်းထပ်တိုးကွာ နှစ်သိန်းခွဲလိုင်း ယူ ။။ ဒီလို အကြံပေးမယ်လား .. ။ စကိုင်းနက် ရုံးချုပ်က တာဝန်ရှိသူကပင် လိုင်းတိုးယူလဲ အပြည့်ရမယ်လို့ အာမမခံနှိုင်ပါဘူးတဲ့ ခင်ဗျာ ...။ဒီလို လိုင်းဆိုးပုံနဲ့တော့ တစ်လ တစ်သိန်းခွဲကိုတောင် မနဲရှာနေရတာ နှစ်သိန်းခွဲ တိုးယူပြီးမှ လိုင်းမကောင်းလျှင် ဒီထက်ပိုဆိုးမည် ..။
ဒီလောက်တောင် ကတ်စတမ်မာကို တာဝန်မယူတာ ..ဒီလိုင်းမသုံးတော့ဘူး။ ဒီလိုမရပါ …
အဲဒီလို လုပ်လိုက်ရင် လိုင်းယူစဉ်ကပေးခဲ့တဲ့ ၁၄သိန်း ပလုံသာ မြည်ပြီမှတ် ။။ မုန့်မလိုချင်လျှင် တုတ်က အသင့်စောင့်နေသည် ။ကဲ ဘာလုပ်ကြမည်နည်း ..။
ကမှော်တို့ တတွေမှာ မစို့မပို့ ပိုက်ဆံလေးနဲ့ စကိုင်းနက်ကို လုပ်ကြွေးရနေသလို ဖြစ်နေသည်။ တစ်ခါတစ်ခါ လစဉ်ကြေး ရှင်းလိုက်ရလျှင် နင့်ကနဲ နင့်ကနဲ .။ လက်ထဲ အမြတ်ပြန်ကြည့်တော့ လောက်လောက်လားလား ဘာမျှ မကျန် ..။ ဒီအလုပ် မလုပ်တော့ဘူးကွာဆိုတော့လဲ အရင်းက ဆုံးဦးမည်..။ ကွန်ပျူတာကမှ ပြန်ရောင်းလို့ရသေးတယ် .. စကိုင်းနက်လိုင်းက တခြားသူကို ပြန်ရောင်းလို့ မရ..။
မကောင်းမကမ်း မုန့်လေးကိုပဲ စားရင်း တုတ်မလာအောင် ရှောင်နေရတဲ့ ကလေးလိုပါပဲဗျာ ..။
ဒီလို အဖြစ်မျိုးတွေ မရှိသင့်တော့ပါ ..။ ပေးရတဲ့ပိုက်ဆံနဲ့ တန်တဲ့ လိုင်းကိုပဲ ရချင်ပါတယ်…။ 512 ပြောရင် 512 ရချင်တယ်.။ 1မက် ပြောရင် 1မက် ရချင်တယ်..။အခုတော့ ကိုယ့်အပိုင်ခွင်ထဲကို ရောက်တိုင်း လက်ခုတ်ထဲက ရေလို သွန်လိုသွန် မှောက်လိုမှောက် လုပ်နေတာကိုတော့ လုံးဝ ကန့်ကွက်ပါတယ်..။ လူသတင်း လူချင်းဆောင်ပါတယ် ..။
သက်သေအနေနဲ့ နက်ဝါ့ထဲမှာ ကွန်ပျူတာ အလုံး ၂ဝ နီးပါး အင်တာနက်သုံးနေတာတောင် လိုင်းအား ၁၀ဝ ကျော် ၂၀ဝ ကျော်ကနေ တိုးမတက်တဲ့ အနေအထားကိုတင်ပေးလိုက်ပါတယ် .. ကျွန်တော် တကယ်ရရမှာက ၅၁၂ ပါ ..။ RX Bytes: ဆိုတဲ့ နေရာကိုသာ ကြည့်ပါတော့ခင်ဗျာ ..။


ဒေါင်းလော့ စပိ ဒီမှာသာ ကြည့်ကြပေရော့
အဲဒါ ည ကိုးနာရီခွဲမှာ ဒေါင်းနေတာ

နောက်ဆုံးအနေနဲ့ အကြံညဏ်ပေးချင်တာကတော့ စကိုင်းနက်အင်တာနက်လိုင်းကို ယူပြီး စီးပွားရေး လုပ်စားမယ်ကြံတဲ့ ကိုကို မမများ နီးစပ်ရာ စကိုင်းနက် အင်တာနက်ဆိုင်များမှာ သေသေချာချာ မေးမြန်းစုံစမ်းကြပါဦးလို့ … ။ မုန့်မရပဲ တုတ်ရနေမှာ စိုးလို့ပါ ။။
လေးစားစွာဖြင့်
မှော်ဆရာ

31 comments

  • Inz@ghi

    July 6, 2012 at 10:36 am

    ဘာဖိုင်တွေ ဒေါင်းနေတာလဲဂျ….
    filename ကို thazin_1.flv ဆိုလား ….တွေ့မိသယောင်ယောင်…
    ခုခိခုခိ..

    😳

    • Inz@ghi

      July 6, 2012 at 10:41 am

      ကနဖျား .. (ရှာရှေနဲ့ ..ဦးတာနဲ့ ဖျားတာ တူတူဗျဲ) စာဖတ်သူအနေနဲ့ ကျေးကျေးပါ..
      သို့သော် ..အဲ့လို မထှော် မနန်းပြောတာတွေ လျှော့ စေလိုကြောင်း…
      လက်မမထောင်ခဲ့လို့ လည်း စိတ်ထိခိယက်ပါကြောင်း …
      နောက်ကို ရှည်ရှည် မန့် စေလိုကြောင်း ..
      (စာရေးသူက ပိုစ့် ကနဖျားမှာ ကတည်းက ရှည်ကြောင်း ..ဝန်ခံထားတာရယ်..)
      သေချာ ဖတ်စေလိုကြောင်း …
      ဟိုအဒေါ်ဂျီး ပွဲခင်းမှာ ဖျာဦးသလို … ရှေ့ကနေဝင်ဝင်ပီး ပေါက်ပန်းဆယ့်ငါး … (ရှာရှေနဲ့ …၄ဝမရဝူးဆယ့်ငါးကျပ်ပဲရတာ)
      ရ ပီးရော ..မမန့်စေလိုကြောင်း …
      စာရေးသူရဲ့ …သောက ကို ကိုယ်ချင်းစာစေချင်ကြောင်း..
      ကြောင်း … ကြောင်း… ကြောင်း …

      တော်သေးဘီ မောဘီ…
      😀

      စကားမစပ် ဟိုအချောင်း ထောင်သွားပါတယ်ဗျာ…
      လက်မ လက်မ..

  • P chogyi

    July 6, 2012 at 10:46 am

    မှော်ဆရာရေ
    ဝမ်းသာစကားပြောရဦးမယ်
    လု်ိင်းအပြည့်(ပါဝါအပြည့်)သုံးရမယ်တဲ့
    ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၃ဝ ရက်နေ့မှာ Update လာလုပ်ပါတဲ့။

  • စိန်ဗိုက်ဗိုက်

    July 6, 2012 at 10:46 am

    ကျော်က 256 စပိယူထားတယ်
    DL speed ကတော့ 10/kbs လောက်တောင် အနိုင်နိုင်..
    ဒါတောင် IDM နဲ ့ ဆွဲတာ..

    အပေါ်က အူးဂီပြောတဲ့ ဖိုင်ကိုဆွဲတာ ၂ နာရီကျော် ကြာတယ်..
    ဆိုဒ်ကလဲ 123 MB ဆိုကလားပဲ..
    ကြိုးရှားဒါ…ကြိုးရှားဒါ..

    • Inz@ghi

      July 6, 2012 at 10:57 am

      ကိုက်သလား မကိုက်ဝူးလား
      🙂

  • mamanoyar

    July 6, 2012 at 10:53 am

    အင်း ဟုတ်ပါတယ်
    ဒါကတော့ ကိုယ်ချင်းစာသင့်ပါတယ်
    သူလည်း ပိုက်ဆံလိုချင်လို့ပေးတာ ကိုယ်လဲပိုက်ဆံရဖို့အလုပ်လုပ်တာ
    ့ လိုင်းရောင်းသူဖက်ကလဲ customer ကျေနပ်အောင်တော့
    ဆောင်ရွက်ပေးသင့်တယ်လို့ ထင်ပါတယ်ရှင်
    connection ကောင်းမှလည်း သုံးရတဲ့သူတွေ အဆင်ပြေတာမို့ပါ

  • Moe Z

    July 6, 2012 at 10:53 am

    ကမှော့်အတွက် စကိုင်းနက် 😆

  • htoosan

    July 6, 2012 at 11:13 am

    စကိုင်းနက် တော့တော်ပါပြီဆိုပြီး တစ်ခြားလှည့်ရန်လည်း မစဉ်းစားပါနဲ့ ။ ထူးမခြားနားတွေပါဘဲ….

    • Inz@ghi

      July 6, 2012 at 11:16 am

      ဟိုလူဒွေပြောတော့ တမိနစ် ၄ကျပ် ကော်နက်ရှင် က …လွှတ်ကောင်း ဆို..
      ဒဂျင့်ဗီဒို ဒေါင်းတာများ ..ဖွတ်ကနဲ ပီးသွားဒယ်ရှို…
      ဟုတ်ဝူးလား..

    • Foreign Resident

      July 6, 2012 at 11:50 am

      ” စကိုင်းနက် တော့တော်ပါပြီဆိုပြီး တစ်ခြားလှည့်ရန်လည်း မစဉ်းစားပါနဲ့ ”

      ဟုတ်ပါ့ ၊ Red Link လဲ ညံ့တာပါပဲ ။
      Red Link 128 ( 75 $ / month ) Plan ယူထားတာ ။
      အဘ ရန်ကုန်က ပြန်ခါနီးမှာ ၊ ဆိုးပါ့ ၊
      တစ်ယောက်ထဲ အိမ်မှာသုံးတာ Face Book တောင် မပွင့်ဘူး ။
      တကယ့် လူကို သေချင်စိတ် ပေါက်တယ် ။

      အခုမှ သတိထားမိတယ် ။
      မြန်မာပြည်မှာ ပြောပြောနေတဲ့
      128 တို့ 512 တို့ ဆိုတာ Kbps ကိုပြောတာကိုး ။
      အဘ တို့ ဩဇီ မှာက Mbps နှင့် စကားပြောကြတာ ။
      အဘ အခုသုံးနေတဲ့လိုင်းက 100 Mbps ပေါ့ ။
      ဟီဟိ ။ ဝိုင်းဆဲတော့မှာပဲ ။

  • amatmin

    July 6, 2012 at 11:16 am

    ဟိုတခေါက်ပြောတုန်းကတော့..
    နောက်လဆို အေးရာအေးကြောင်း
    ဓါတ်ပုံလေးရိုက်နေရင်း ..
    တလ ကိုဘယ်လောက်စုနိုင်တော့မယ်ဆိုဗျ…
    ခုကျတော့ တမျိုးရယ်.. 🙁
    မုန့်မျှော်ရင်း..တုတ်စာမိပြီပေါ့ ..
    မှတ်ပလားဟင်င် 😛

  • ho leo

    July 6, 2012 at 11:22 am

    အခုလည်း 430 GSM တွေကိုinternet free က ၂ကျပ်လျော့ပေးတော့ပျော်သွားတာပေါ့
    ဒါပေမယ့်လည်း connection က ဒုံရင်းက ဒုံရင်းပဲ ပိုတောင်ဆိုးသွားသေးတယ်
    ပြောမယ်ဆိုရင် နားလည်ပြီးပါးရိုက်တာပေါ့

  • the best

    July 6, 2012 at 12:01 pm

    စကိုင်းနက် ရုံးချုပ်က တာဝန်ရှိသူကပင် “လိုင်းတိုးယူလဲ အပြည့်ရမယ်လို့ အာမမခံနှိုင်ပါဘူးတဲ့ ခင်ဗျာ …။” လို ့ပြောကတည်းက
    စကိုင်းနက်အင်တာနက်လိုင်းဟာ စံမပြည့်တဲ့ကုန်ပစ္စည်းကို လိမ်ရောင်းနေတာနဲ ့အတူတူပဲပေါ့။

    စီးပွါးရေးလောကမှာ- စံမပြည့်တဲ့အရောအနှော စားသုံးဆီ၊ စက်သုံးဆီတွေလို
    စကိုင်းနက်အင်တာနက်လိုင်းဟာ ပြည်သူများသုံးရန်မသင့်သော
    စံမပြည့်တဲ့အင်တာနက်လိုင်းလို ့ကြေညာပေးရတော့မယ်။

  • လတ်လတ်

    July 6, 2012 at 12:34 pm

    မီးလေးအချိန်မှန်လာနေတာ အဆိုးထဲကအကောင်း……..နို.မိုဆို…..
    တနေ.မနက် ၈ နာရီကနေ ၄ နာရီအထိ..လူပါးရင် တစ်သောင်းဝန်းကျင်..လူများရင်၂သောင်းဝန်းကျင်..
    ညကတော့ လူများရင်၂ သောင်းကျော် လူနည်းရင် ၁သောင်း ၅ ထောင်ကျော်….ဝင်ငွေနော်….
    အဲတော့တစ်နေ.ကို ၃ သောင်းဝန်းကျင်..တစ်လကို ကိုးသိန်းဝန်းကျင်…ဝန်ထမ်းခက တလကို
    မနက်နဲ.ညနှစ်ယောက်ပေါင်း ၁ သိန်း၊ ဘာဘာညာညာ ပျက်ရင် ၁ သိန်းကျော်ထွက်၊မီတာခဆောင်ရတာက တစ်လကို ၁ သိန်းဝန်းကျင်…ဆိုတော့ ၈ သိန်းကျန် မီးပျက်ရင်ဒီဇယ်ဝယ်ရတာက တစ်နေ.ကို၂သောင်းနီးပါး…….
    လိုင်းကြေးရောဘာရော….ဝန်ဆောင်ခတွေရောနှုတ်လိုက်ရင် တလ ကိုအရာရှိဝန်ထမ်းတစ်ယောက်ရဲ. ဝင်ငွေလောက်သာကျန်တော့တယ်…..ဆိုတော့အင်တာနက်ဆိုင်လုပ်ငန်းက….လုံးလုံးလျားလျား မက်လောက်တဲ့ လုပ်ငန်းတစ်ခုမဟုတ်ကြောင်းရယ်ပါ…….မှော်ချာဂိုကိုယ်ချင်းစာဗာသီ……။

    • မှော်ဆရာ

      July 6, 2012 at 12:48 pm

      လတ်လတ်က မြို့ကြီးမှာ အင်တာနက်ဆိုင် ဖွင့်ထားတာ ထင်တယ် ..
      ကျွန်တော်ကတော့ နယ်မြို့မှာပါ .. အဲဒီလောက် ဝင်ငွေ မရပါဘူး ..။ သုံးတဲ့သူ နဲပါတယ်.
      ဒါပေမယ့် လိုင်းကတော့ မြို့ကြီးက အင်တာနက်ဆိုင်တွေ ယူတဲ့ လိုင်းအားလောက်ကို ယူထားရပါတယ် ..။
      co-operate 512 ဆိုတာ 2M လိုင်းနဲ့ ညီမျှပါတယ်..။
      လိုင်းကောင်းကို ယူထားတယ် .. သုံးတဲ့သူက နဲတယ်.. ဒီကြားထဲ လိုင်းက မကောင်းဆိုတော့ အခက်တွေ့ရပါတယ် ..။လိုင်းမကောင်းရင် ၂ နာရီထိုင်မယ့်သူက တစ်နာရီပဲ ထိုင်ဖြစ်တော့တယ်လေ …။
      လိုင်းကောင်းနေတယ် .. အပြည့်ရတယ်ဆိုရင်တောင် သုံးတဲ့သူတွေ များလာဖို့ ကြိုးစားနှိုင်ဦးမှာပါ .. အခုတော့ ရှိတဲ့ မိတ်ကိုတောင် ပျက်မသွားအောင် မနဲလုပ်နေရတယ်..။

  • မှော်ဆရာ

    July 6, 2012 at 12:42 pm

    ူဒီစာကို ဖတ်ရတဲ့ သူတွေက မှော်ဆရာ သူ့စီးပွားရေးကို စကိုင်းနက်က ဒုတ်နဲ့ထိုးလို့ ရေးတယ် ထင်ကြမယ် .. တကယ်တော့ ဒုတ်နဲ့ အထိုးခံရတာ ကျွန်တော့ဆိုင်ကို လာသုံးတဲ့ သူတွေပါ ..။
    ကျွန်တော်တို့အနေနဲ့တော့ ပေးတဲ့ပိုက်ဆံနဲ့ တန်တဲ့လိုင်းကို မရရင်တော့ ကိုက်အောင် လိုင်းချရမှာပါ ..
    ဥပမာ ခြောက်သောင်းလိုင်းပေါ့ .. ဒါဆိုရင် နစ်နာတာ ဘယ်သူတွေ နစ်နာမှာလဲ .. ကျွန်တော့ဆိုင်ကို လာသုံးတဲ့သူတွေ လိုင်းအညံ့ကိုပဲ ဈေးကြီးပေး သုံးရတော့မှာပါ … ။ မြန်မာပြည်မှာ အင်တာနက်လိုင်းတွေ ညံ့ရခြင်းရဲ့ အဓိက တရားခံက ကိုယ့်တာဝန် ကိုယ်မယူတဲ့ ISP တွေပဲလို့ ဆိုချင်ပါတယ် ..။ မြန်မာပြည်မှာ ပေးရတဲ့ အင်တာနက်ကြေးက တခြားတိုင်းပြည်တွေထက် ပိုပါတယ်..။ ဒါတောင် ဘာလို့ လစ်မစ်ပြည့်အောင် မပေးနှိုင်လဲ …။ ကျွန်တော် တစ်ခုပဲ ပြောချင်ပါတယ် ..။ အမြတ်ကြီးစားချင်လို့ မပေးတာပါ ..။တန်အောင်ယူပြီး တန်အောင် မပေးတာဟာ အမြတ်ကြီးစားတာပါ ..။
    သူတို့က ဒီလိုလုပ်တော့ အင်တာနက်ဆိုင်တွေ မကိုက်တော့ လိုင်းချယူရတယ်.. ။လိုင်းက မကောင်းရတဲ့အထဲ ချလိုက်ရတော့ ပိုဆိုးတယ်…။ အင်တာနက်ကို အခြေခံ သုံးစွဲသူတွေ လိုင်းအစုတ်နဲ့ သုံးရတယ်..။ အားလုံးအတွက် အရေးကြီးပါတယ် …။
    ကျွန်တော့ဆိုင်ကတော့ တစ်သိန်းခွဲလိုင်းနဲ့ တောင့်ခံထားဆဲပါ ..။ ကျွန်တော့မျက်စိရှေ့တင် မကိုက်လို့ အင်တာနက်လိုင်းကို ချလိုက်ရတဲ့ဆိုင် သုံးဆိုင် ရှိသွားပါပြီ …။
    တန်အောင်ယူပြီးရင် တန်အောင်ပေးနှိုင်ကြပါစေ ..။

    • pan pan

      July 6, 2012 at 1:59 pm

      ကမှော် စိတ်လျှော့စိတ်လျှော့ :mrgreen:
      အမြတ်ကြီးစားပြီး မတန်တဆလုပ်တဲ့လူတွေ သူ့စရိတ်နဲ့သူ သွားလိမ့်မယ်
      ပေးတာနဲ့တန်အောင်မရလို့ ကွန်ပလိန်းတက်လို့လည်းမရ
      တုတ်စာလည်း မမိချင်တော့
      သဂျီးဆီလာအော်တယ်ပေ့ါ
      🙂

  • char too lan

    July 6, 2012 at 12:56 pm

    ပြောဒေါ့ဖြင့် ခန ္တီပါရမီဖြည့်တော်မှုတဲ့ ပါရမီဖြည့်ဘက် စကိုင်းနက်ဆို……
    ခုတော့ အပစ်ပြောပီပေါ့လေ… 🙁

  • ကျနော်ကတော့ မန်းလေးမှာ လိုင်းကောင်းတယ်ဆိုတဲ့ဆိုင်လှည့်သုံးတာပါ၊။
    ညတော့ အိမ်နားကဆိုင်ပေါ့။
    ဘာတတ်နို်င်မှာလဲ ရသလောက်နဲ့ကျေနပ်ရမှာပေါ့။
    ကျနော်ကတော့ ပေးထားတာကနေ ရသလောက်ယူမယ်ဗျာ

  • Nyein Nyein

    July 6, 2012 at 1:07 pm

    ကိုမှော်ပြောတာကို ဖတ်လိုက်တော့ Barcamp Yangon ပွဲတုန်းက Myanmar Vs Internet ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောကြတာလေးကို သတိရမိသွားပါတယ်။ မြန်မာနိုင်ငံရဲ့ အင်တာနက်လိုင်းဟာ လာဘ်စားပါတယ်။ မျက်နှာလိုက်ပါတယ်။ နေရာနာမည်နဲ့ အဆောက်အဦးတွေရဲ့ ဆိုင်းပုဒ်ပေါ်မူတည်ပြီး အင်တာနက်လိုင်းဟာ ကွာခြားပါတယ်။ ဘယ်တော့များမှ တက်လာမှာလဲဆိုပြီးစောင့်ရင်း ရင်မောရပါကြောင်းးးးးးးးးးးးးးးးး 😥

  • the best

    July 6, 2012 at 1:51 pm

    တစ်ကယ်စိတ်မကောင်းပါဘူး။စီးပွါးရှာတာချင်းအတူတူ ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီရှိသင့်တာပေါ့။

    “ကျွန်တော့မျက်စိရှေ့တင် မကိုက်လို့ အင်တာနက်လိုင်းကို ချလိုက်ရတဲ့ဆိုင် သုံးဆိုင် ရှိသွားပါပြီ …။”ဆိုတော့
    ဒီလိုလူတွေများလာရင် စကိုင်းနက်အင်တာနက်လိုင်းကော ဘယ်လိုရပ်တည်မလဲ။

    တာဝန်ရှိတဲ့သူ ရဲ့နာမည်လေးသိရအောင် မေးလိုက်ပါလား။
    ဘယ်တာဝန်ကိုယူထားသလဲ။ ဌာန နဲ ့ ရာထူးကိုသိရင်
    သူတို ့သူဌေးကို စာနဲ ့တရားဝင်ပို ့ပြီး တိကျတဲ့ အဖြေတစ်ခု ရအောင်ယူစေချင်တယ်။

    တစ်ချို ့ကိစ္စက အောက်ခြေမှာပဲရှင်းပေးတယ်။မထိရောက်ဘူး။
    သူဌေးလည်းတကယ်မသိလို ့ ဒီလိုဖြစ်နေတာလည်းဖြစ်နိုင်တယ်။

    ပညာရှင်တွေလုပ်ရတဲ့ ဒီလိုလုပ်ငန်းမျိုးမှာ မကျွမ်းကျင် မတတ်ပေမဲ့ အလုပ်ပြုတ်မှာစိုးလို ့
    တတ်ယောင်ကားလုပ်နေတဲ့သူတွေရှိတယ်လေ။
    ဆိုလိုတာက တတ်လို ့လုပ်တာမဟုတ်ဘူး၊ ငတ်မှာစိုးလို ့လုပ်နေတာပေါ ့။

    စကိုင်းနက်အင်တာနက်လိုင်းမှာ ဒီလိုလူတွေ ဘယ်လောက်ရှိသလဲဆိုတာ မသိနိုင်ဘူး။

    သူဌေးဘက်ကလည်း တကယ်အရည်အချင်းရှိသူတွေကို
    လစာကောင်းကောင်းမပေးလို ့ဝန်ထမ်းကောင်းမရတာလဲဖြစ်နိုင်တယ်။

    တစ်ကျပ်တန်အစား တစ်မတ်တန် လေးယောက်ခေါ်တော့
    ကျပ်မပြည့်တဲ့သူတွေကြောင် ့ ဝန်ဆောင်မှုကောင်းကောင်းမပေးနိုင်တာလား။

    စကိုင်းနက်အင်တာနက်လိုင်းလို ကျွမ်းကျင်ပညာရှင်တွေနဲ ့လုပ်ရမဲ့လုပ်ငန်းမျိုးမှာ
    တကယ်အရည်အချင်းရှိသူတွေကို များများခန် ့ဖို ့ အကြံပေးပါရစေ။

    ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူညီအစ်ကိုမောင်နှမများမှ တုန် ့ပြန်သော ချစ်ခင်မှုများရပါစေကြောင်း
    စကိုင်းနက်သို ့ဆုတောင်းမေတ္တာပို ့သပါတယ်။

  • kyeemite

    July 6, 2012 at 2:22 pm

    စာနာပါသည် ကမှော်ညီ..
    ဒါနဲ့ နေပါအုံး..ဒီကိစ္စကျတော့
    ခင်ဗျားမှော်အစွမ်းနဲ့မလုပ်နိုင်ဘူးလား…ဟီး..

  • Thu Wai

    July 6, 2012 at 2:23 pm

    တော်သေးတာပေါ့ ကျွန်တော် မဝယ်မိလို့ နေ့ခင်းဆို ရုံးက နေ အင်တာနက်သုံးတယ် ညဆိုရင် မူးပြီးအိပ်နေတယ် တော်သေးတယ် အနေအထိုင် မှန်သွားလို့ 😀

  • manawphyulay

    July 6, 2012 at 2:58 pm

    မှော်ဆရာက မှော်အစွမ်းနဲ့ ဖိုင်တွေ တအား ဒေါင်းတော့ စကိုင်းနက်တောင် မခံနိုင်တော့ပါလား ဟရို့

  • MaMa

    July 6, 2012 at 5:51 pm

    စကိုင်းနက်ကို အပြစ်မတင်နဲ့။
    သူတို့ကြောင့်သာ အင်တာနက်ဆိုတာကြီးကို ဖြူသလား၊ မဲသလား သိခွင့်ရတာ။
    အရင်ကဆိုရင် ပိုစ့်တင်ဖို့ကို လို်င်းမကောင်းတာနဲ့ စာရေးချင်စိတ်တောင်ပျောက်တယ်။
    ခုတော့လည်း- ကိုပေါက်သင်ပေးလို့ စာရေးပြီး ကွန်ပြူမှာ သိမ်းထား။
    နောက်-မောင်ဂီသင်ကြားပေးလို့ တရုတ်ဗေလုဝထုံး နှလုံးမူပြီး ပိုစ့်တင်တာ အဆင်ပြေသား။ 😆

  • snow white

    July 6, 2012 at 7:56 pm

    (ကိုယ့်ပိုက်ဆံတော့အရှုုံးမခံပါနဲ့ ဆက်လက်သာသုံးရမှာဘဲလေ လိုင်းမကောင်းရင် တစ်ဝက်ပြန်ပေးမယ်လို့လည်း သူတို့ကမပြောထားတော့ကိုယ့်ဘက် ကပြန်ရမယ့်လမ်း တစ်လမ်းတောင်မမြင်ဘူး မိအေးနှစ်ခါနာတော့အဖြစ်မခံပါနဲ့ သည်းညည်းခံပြီးတော့သာ ကိုမှော်ဆရာဆက်လက်အားပေးလိုက်ပါအုံးပြည်သူ့အတွက် sky net)…

  • padonmar

    July 6, 2012 at 8:29 pm

    ADSL လည်း ထိုနည်းလည်းကောင်းပါဘဲ။
    လိုင်းလေးများကောင်းမလားလို့256 ကို တစ်လ 70 ပေးထားရပါတယ်။သူများတွေ ဖတ်ကနဲ ဖတ်ကနဲ မန့်နေတာတွေ့နေရတာတောင် ကိုယ့်မှာ network error တွေချည်းတွေ့နေရတယ်။
    ဒါနဲ့ တစ်လ 35 ပေးရတဲ့ 128 plan ပြန်ချတော့ တစ်လစာ 70 အပိုပေးပြီးချခဲ့ရပါတယ်။
    128 ရောက်တော့လည်း အရင်လိုပါပဲ။
    ခုတော့ သိပ်အရေးကြီးတဲ့အခါ ဖုန်းနဲ့ connection ယူပြီးဖမ်းလိုဖမ်းပေါ့။ဒါကလည်းစိတ်မချရသေးဘူး။ကောင်းချင်တဲ့အချိန်မှကောင်းတာ။တစ်ခုမရတစ်ခုဆိုပြီးဆောင်ထားရတယ်။
    EPC မီး၊Generatorမီး။Invertor မီး။rechargable Lamp မီး ၊ဖယောင်းတိုင်မီးစုံအောင် ရံထားရသလိုပါဘဲ။
    အင်း……ဒို့မြန်မာပြည်

  • မောင်ပေ

    July 6, 2012 at 8:53 pm

    အဟမ်း
    တောင်ကြည့် မြောက်ကြည့်
    ကြည့်ရသေးတယ်
    ဒီကွန်မင့်ကို မန် ့ဖို ့အရေး
    တစ်လ တစ်သိန်းတဲ့
    ဆာဗာခန်းကို အမြဲဝင်လို ့ရတဲ့အကောင်တဲ့
    ကိုယ့် အိုင်ပီကို အဲ့ကောင်က ဗီအိုင်ပီ ပုံးထဲမှာ ကောက်ထိုးပေးတယ်တဲ့
    နှစ်ဦးနှစ်ဘက် ယုံကြည်စိတ်ချစွာနဲ ့ရေရှည်ဆက်ဆံနိုင်ဖို ့အရေး
    တစ်လအရင်ပေးစမ်းသုံးတယ်တဲ့ဗျာ..
    အဟမ်း
    တိုးတိုးတိတ်တိတ် စုံစမ်းကြည့်ပေါ့နော
    တစ်လ တစ်သိန်း

  • ဇောက် ထိုး

    July 7, 2012 at 7:31 am

    ကျွန်တော် ပြောတတ်တာ တစ်ခုပဲ ရှိတယ်။ ကျွန်တော် တကယ်ကိုယ်ချင်းစာမိတယ်။
    ဘယ်သူ့အပြစ်ဆိုရမယ်မသိဘူး။ အစက စာချုပ်မပါတာ အဓိက အမှားထင်တာပဲ။
    တလအတွင်းပြန်ဖြုတ်ရင်..ဘယ်လို…စသဖြင့်ပေါ့။
    အဲဒီတုန်းကဆို မာလို့ရသေးတယ်။
    အခုတော့…ခုတော့..ခုတော့…..ခုတော့..မင်းနောက်မှာ………….တုတ်ပဲ။

  • ဦးဦးပါလေရာ

    July 7, 2012 at 8:24 am

    တခုတော့ရှိတယ် ကိုမှော်
    စကိုင်းနက်က လိုင်းမကောင်းတာခြင်းတူရင်
    အော်ပရေတာက စကားပြောယဉ်ကျေးသေးတယ်….
    (((အကို လိုင်းကို အမြဲတမ်း ကောင်းကောင်းရမယ်လို့ မမျှော်လင့်စေချင်ပါဘူးတဲ့ဗျာ…။ ))))ဆိုတာလေး..

    အဲဒီစကားကို Redlink ကအော်ပရေတာ(မ)ကပြောရင် ဘယ်လိုပြောမယ်လို့ထင်လို့လဲ 🙁

Leave a Reply