သယ်ဆောင်ခြင်း

zaw winJuly 5, 20121min814

ငါ့ဘေးနားကလူတွေ
တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားကြပြီ
ငါရော ဘယ်နေ့ပျောက်မှာလဲ
သူတို့တွေ ဘာတွေယူသွားကြသလဲ
ကုသိုလ်တွေလား
အကုသိုလ်တွေလား
ဘယ်ကိုရောက်သွားကြမှာလဲ
ငါရော ဘာတွေယူသွားရမလဲ
ဒါန သီလ ဘာဝနာ
ဒါတွေယူသွားရင်ကောင်းမယ်

မင်းသုတ
13:25
5.7.2012

4 comments

  • ဆိုးပေ ကြီး

    July 5, 2012 at 9:03 pm

    ကောင်းပါသည်။

  • မမ အညာသူ

    July 6, 2012 at 10:02 am

    မသေခင်ဟုတ် သေရင်ပုတ် စက်စုတ်ဖွယ်ရာငါ့ခန္တာ
    မသေခင်ချစ် သေရင်ပြစ် အနှစ်မပါငါ့ခန္တာ
    မသေခင်ကောင်း သေရင်ခေါင်း အကောင်းမပါငါခန္တာ

  • mamanoyar

    July 6, 2012 at 11:08 am

    ဒါန၊ သီလ၊ ဘာဝနာ

  • aye.kk

    July 6, 2012 at 11:16 am

    အကောင်းအဆိုးတွေ..
    သယ်ဆောင်ရင်း…
    သံသရာခရီးဆိုတဲ့မျှောလမ်းမှာ..
    အလောင်းကောင်ကိုထမ်းရင်း..
    သီလ,နဲ ့ဒါနမပါ,ဘာဝနာမပွားခဲ့ရင်တော့..
    အပါယ်ဘုံကစောင့်ကြိုနေမှာအမှန်ပါဘဲလေ..။

Leave a Reply