အိပ် မက် အ ကြောင်း…(၅)

aye.kkJuly 5, 20121min625

ကျွန် မ အ နေ ဖြင့် ၊ အိပ် မက် မက် ခြင်း အ ကြောင်း များ အား

သိ သ မျှ ပြော ပြ ချင် မိ ပါ သည် ။

အိပ် မက် မက် ခြင်း အ ကြောင်း နှင့် ပတ် သက် ၍ ၊ အ ကြောင်း လေး ပါး

ရှိ ကြောင်း ၊ မ ဟာ သု ပိ န ဒီ ပ နီ ကျမ်း တွင် ဖတ် ဘူး ပါ သည်။

အိပ် မက် အ ကြောင်း လေး ပါး ကား …

၁ ။ ဓာတ် ခြောက် ခြား သော ကြောင့် မြင် မက် ခြင်း ။

၂ ။ ရှေး ၌ ခံ စား ဘူး သော ကြောင့် မြင် မက် ခြင်း ။

၃ ။ နတ် တို ့ဆောင် ပြ သော ကြောင့် မက် ခြင်း ။

၄ ။ အ ကျိုး အ ပြစ် ဖြစ် အံ့ သော ပု ဗ္ဗ နိ မိတ် ကြောင့် မြင် မက် ခြင်း ။

တို ့ ဖြစ် ပါ သည် ။

ပါ ရာ ဇိ ကဏ် အ ဌ က ထာ ၌ လာ သော လေး ပါး သော အိမ် မက် တို ့တွင် ၊
သည်း ခြေ စ သည် တို ့၏ ချောက် ခြား ခြင်း ကို ပြု တတ် သော အ ကြောင်း နှင့် ယှဉ် ခြင်း ကြောင့် ။ ခြောက် ခြား သော ဓာတ် ရှိ သော ပု ဂ္ဂိုလ် မြင် မက် သော ၊ အိပ် မက် အ ခြင်း အ ရာ မျိုး ကား ၊ အိပ် မက် ထဲ တွင် အ ထူး ထူး အ ပြား ပြား တောင် ထက် မှ ကျ သ ကဲ့ သို ့၎င်း ၊ ကောင်း ကင် ဖြင့် ပြန် သွား ရ သ ကဲ့ သို့ ၎င်း ၊မြင် မက် ခြင်း မျိုး ဖြစ် သည် ဟု သိ ရှိ ရ ပါ သည် ။

ရှေး ၌ ခံ စား ဘူး သည် ကို စွဲ ၍ ၊ မြင် မက် သော အိပ် မက် မျိုး ကား ၊ ရှေး ၌ ခံ စား ဘူး ခဲ့ သော ၊ အ စာ အာ ဟာ ရ ၊ ကာ မ ဂုဏ် ကိ စ္စ ၊ အ ဝတ် တန် ဆာ စ သော အာ ရုံ တို ့ကို စွဲ ၍ ၊ အိပ် မက် ထဲ တွင် ၊ ရှေး ခံ စား ဘူး သည့် အ တိုင်း ပင် ၊ ခဲ ဘွယ် ရ သာ စား ရ သည် ။ ကာ မ ဂုဏ် ခံ စား ရ သည် မြင် မက် သော အိပ် မက် မျိုး ဖြစ် ပါ သည် ။

နတ် တို ့ဆောင် ပြ သော ကြောင့် ၊ မြင် မက် သော အိပ် မက် မျိုး ကား ၊ နတ် တို ့သည် အ ကျိုး စီး ပွား ကို အ လို ရှိ သော ကြောင့် ၎င်း ၊ အ ကျိုး မဲ့ ကို အ လို ရှိ သော ကြောင့် ၎င်း ၊ အ ထူး ထူး ကုန် သော အာ ရုံ တို ့ကို ၊ အိမ် မက် ထဲ ၌ ဆောင် ၍ ပြ ကုန် သည် ။ နတ် တို ့အာ နု ဘော် ဖြင့် ၊ ပြ တိုင်း သော အ ထူး ထူး သော အာ ရုံ တို့ ကို အိပ် မက် မက် သူ မြင် ရ သည် ။

ပု ဗ္ဗ နိ မိတ် ကြောင့် မြင် မက် သော ၊ အိပ် မက် မျိုး ကား ၊ ကောင်း မှု ၊ မ ကောင်း မှု ၏ စွမ်း အား ဖြင့် ဖြစ် လို သော ၊ အ ကျိုး စီး ပွား ၏ ၎င်း ၊ အ ကျိုး မဲ့ ၏ ၎င်း ၊ ရှေ့ ပြေး ဖြစ် သော အာ ရုံ ကို ၊ မြင် မက် သော အိပ် မက် မျိုး ဖြစ် ပါ သည် ။ ဥ ပ မာ ပြ ရ လျှင် သော် ၊ကောင်း မှု ၏ အ စွမ်း ဖြင့် ၊ ဖြစ် လ တံ့ သော ရှေ့ ပြေး အ ကြောင်း ဖြစ် သော အိပ် မက် မျိုး ကား ၊ မယ် တော် မာ ယာ သည် ၊ ဘု ရား လောင်း ပ ဋိ သ န္ဓေ တည် အံ့ သော အ ခါ ၊ မြင် မက် သော အိပ် မက် မျိုး ၊ ဘု ရား လောင်း ဖြစ် မည့် နေ့ ည-မြင် မက် တော် မူ သော အိပ် မက် ကြီး များ ကဲ့ သို့ ၊ မြင် မက် သော အိပ် မက် မျိုး တည်း ။
မ ကောင်း သည် ၏ အ စွမ်း ဖြင့် ၊ ဖြစ် လ တံ့ သော ရှေ့ ပြေး အ ကြောင်း ၊ အိပ် မက် မျိုး ကား ၊ ကော သ ဠ မင်း ကြီး ၊ အိပ် မက် တ ဆဲ့ ခြောက် ချက် ကဲ့ သို ့မြင် မက် သော အိပ် မက် မျိုး ဖြစ် ပါ သည် ။

သု ပိ နာ ဓျာ ယ မည် သော ၊ သ င်္သ က ရိုက် ကျမ်း တွင် ၊ အိပ် မက် ခြင်း

အ ကြောင်း ခု နှစ် ပါး သာ ရှိ သည် ဟု လာ ထား ကြောင်း သိ ရှိ ရ ပါ သည် ။

၁ ။ မြင် ဘူး သည် ကို စွဲ ၍ မြင် မက် ခြင်း ။

၂ ။ ကြား ဘူး သည် ကို စွဲ ၍ မြင် မက် ခြင်း ။

၃ ။ ခံ စား ဘူး သည် ကို စွဲ ၍ မြင် မက် ခြင်း ။

၄ ။ ပြော ဘူး သည် ကို စွဲ ၍ မြင် မက် ခြင်း ။

၅ ။ ကြံ ဘူး သည် ကို စွဲ ၍ မြင် မက် ခြင်း ။

၆ ။ ဖြစ် ပွား စေ ဘူး သည် ကို စွဲ ၍ မြင် မက် ခြင်း ။

ရ ။ ဓာတ် ခြောက် ခြား သည် ကို စွဲ ၍ မြင် မက် ခြင်း ။

အိပ် မက် မက် ရာ တွင် လည်း ၊ မိုး သောက် အား ကြီး ၊ အာ ရုံ တက် သော အ

ခါ မြင် မက် သော အိပ် မက် တို ့ သာ လျှင် ၊ ကောင်း ကျိုး ၊ မ ကောင်း ကျိုး ပေး

သည် ဟု မှတ် သား ဘူး ပါ သည် ။

သု ပိ နာ ဓျာ ယ ကျမ်း ၌ မူ ..

၁ ။ ညဉ့် ပ ဌ မ ယံ ၌ မြင် မက် မူ-တ နှစ် အ တွင်း ကောင်း ကျိုး ၊ မ ကောင်း

ကျိုး ရောက် သည်။

၂ ။ ညဉ့် ဒု တိ ယံ ၌ မြင် မက် မူ-ခြောက် လ အ တွင်း ကောင်း ကျိုး ၊ မ ကောင်း

ကျိုး ရောက် သည် ။

၃ ။ ညဉ့် တ တိ ယံ ၌ မြင် မက် မူ-သုံး လ အ တွင်း ကောင်း ကျိုး ၊ မ ကောင်း

ကျိုး ရောက် သည် ။

၄ ။ ညဉ့် စ တု ထ္ထ ယံ ၌ မြင် မက် မူ-တ လ အ တွင်း ကောင်း ကျိုး ၊ မ ကောင်း

ကျိုး ရောက် သည် ။

၅ ။ အာ ရုံ တက် ချိန် ၌ မြင် မက် မူ-ဆယ် ရက် အ တွင်း ကောင်း ကျိုး ၊

မ ကောင်း ကျိုး ရောက် သည် ဟု သိ ရှိ ရ ပါ သည်။

(ဆက် လက် ဖော် ပြ ပေး ပါ မည် )

5 comments

  • MaMa

    July 5, 2012 at 10:52 pm

    မအေးရေ-
    ဂေဇက်မှာ ရေးသမျှဟာ မှတ်တမ်းတစ်ခုဖြစ်လို့ ……….
    အခုလို စာတွေဟာ သမိုင်းတင်ကျန်ခဲ့မှာမို့ ရေးရကျိုးနပ်တယ်လို့ ပြောနိုင်ပါတယ်။
    ရွာထဲမှာလည်း ကဏ္ဍစုံသွားတာပေါ့။ 🙂

  • မောင်ပေ

    July 6, 2012 at 1:17 am

    aunty aye k ရေ လေးစားပါတယ် ခင်ဗျ
    စာဖတ်အားကောင်းလို့ပါ
    အခုပိုစ့်ကိုဖတ်အပြီး သီချင်းလေးတစ်ပုဒ်ကို သတိရမိပါတယ်
    …မှောင်ရီဝေဝိုးတဝါး ကြယ်တွေမစုံတဲ့ညက …
    ရင်ထဲ
    ရောက်လာတယ် ကွယ်…

  • kyeemite

    July 6, 2012 at 9:02 am

    အိပ်မက်များအကြောင်း အသေးစိတ်
    ဗဟုသုတရလို့ ကျေးဇူးတင်ပါတယ်
    စာတွေတော်တော်ဖတ်နိုင်ရေးနိုင်တာကိုလည်း
    လေးစားပါတယ်ဗျာ..

  • kyi phyu

    July 6, 2012 at 1:21 pm

    အန်တီအေးပြောမှပဲ
    အိပ်မက်အကြောင်းကို သေချာသိတော့တယ်
    တခါတလေအိပ်မက်တွေကို မှတ်မိပေမဲ့
    တခါတလေတော့လဲ မမှတ်မိတော့ဘူး…

  • ကြောင်ကြီး

    July 8, 2012 at 10:35 am

    အနော်လည်း ဂုတလော ကြေးမုံဂျီးမျက်နှာ အိမ်မက်ထဲ ခဏခဏ မက်နေတယ်။ ကျောင်းစရာဂျီး…. 😥

Leave a Reply