လင် နှင့် မယား
လင် ဆိုတာ ယောက်ကျား မယားဆိုတာ မိန်းမ မတူညီတဲ့ ဘ၀နှစ်ခုပေါင်းဖတ်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ …. အခုခေတ်အချိန်ခါမှာ အသက်ပြည့်တာနဲ့ ယောက်ကျားယူတယ် မိန်းမယူတယ် .. တစ်ချို့ဆို မပြည့်သေးဘူး …. ဘ၀ရဲ့ အခတ်အခဲတွေကို ကျော်ဖြတ်ဖို့ ငယ်ရွယ်စဉ်မှာ မိဘတွေက ပင်ပန်းကြီးစွာဖြင့် ဒုက္ခခံပြီးတော့ မိမိရင်သွေးလေးများကို လိမ်မာအောင် ယဉ်ကျေးအောင် သူများအောက်မကျရအောင် အသိပညာ အတက်ပညာများ သင်ပေးကြပါတယ် .. အသိပညာ အတက်ပညာ တောင်မစုံသေးတဲ့ မိဘရင်ခွင်ကို စုံကန်ပြီး အတန်းပညာ တစ်ပိုင်းတစ်စနဲ့ ဘာမှ နားမလည်ပဲ ဆန္ဒတစ်ခုထဲကိုပဲ ရှေ့တန်းတင်ပြီး အိမ်ထောင်ပြုကြတယ် ….အိမ်ထောင်ပြု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုး ချက်မပိုင် နောင် အခါပြင်ရန် ခက်သည့်အမျိုးတဲ့ ……
ကျွန်တော့် သူငယ်ချင်း လင်မယား သုံးခုရဲ့ မတူညီ ခြားနားလှတဲ့ အိမ်ထောင်ရေးများကို တင်ပြပါ့မယ် … ပထမအိမ်ထောင် ကောင်လေး ပထမနှစ် ကောင်မလေး ပထမနှစ် မိဘတွေ ခရီးသွားခိုက် အိမ်ထရံခြားပြီး စကားပြောနေတာ ဘာတွေပြောနေတာလည်းတော့မသိဘူး .. ည ၁၁ နာရီကပြောတာ မနက်ငါးနာရီမှ ဘေးအိမ်က လူတွေ ထမင်းထချက်မှ ကောင်လေးကပြန်လာတာ နောက်နေ့ ဘေးအိမ်က မြင်ပြီး အိမ်ကိုတိုင်တယ် .. သတင်းကလည်း မြန်တယ် သူတောင်အိမ်မရောက်သေးဘူး သူနားထဲမှာ နင်တို့ချိန်းတွေ့တာ နင်အိမ်ကသိသွားပြီတဲ့ … ကောင်မလေးက အိမ်မပြန်ရဲ ကောင်လေးကိုခိုးခိုင်း ကောင်လေးကလည်း ငယ်သေးပြန် မယူချင်သေးပြန် …. သံချပ်တောင်စပ်လို့ရတယ် ရောကုန်ပီ ကောင်မလေးက အိမ်ကို ယောက်ကျားနောက်လိုက်သွားပီလို့ ပြောခိုင်းလိုက်တယ် ကောင်လေးကလည်း ငယ်သေးတော့ မယူချင်သေးလို့ သူအိမ်ကိုသွားတိုင်ပင်တယ် ..ကောင်လေးမိဘတွေကလည်း ကျောင်းပီးမှ မင်္ဂလာဆောင်ကြပါ အခုတော့ ဦးတို့ သွားတောင်းပန်လိုက်မယ်ဆိုပြီးတော့ ကောင်မလေးအိမ်ကို သွားတောင်းပန်နေတုန်းပဲ ရှိသေးတယ် .. ဘယ်သူက မနေနိုင်လည်းတော့ မသိဘူး ခိုးပြေးသွားကြရော ကောင်မလေးအိမ်မှာ သွားတောင်းပန်နေတဲ့ ကောင်လေးမိဘတွေကတော့ တောင်းပန်နေပီ ကောင်မလေးကို မရိုက်ဖို့ မဆူဖို့ နောက်ဆိုရင်လည်း ထိန်းထိန်းသိမ်းသိမ်း နေခိုင်းပါ့မယ် ဆိုပီးတော့ သွားပြောနေတာ .. တိုရင်းလိုရှင်းပဲ ပြောမယ် နောက်ဆုံးတော့ ညားသွားကြလေသတည်း ….. ကောင်လေးက ကောင်မလေးအိမ်မှာ လိုက်နေတယ် ကောင်မလေးအိမ်က ကုန်ဆုံဆိုင်လေး ဖွင့်ထားတယ် ထင်းတွေ မီးသွေးတွေလည်း ရောင်းတယ် အိမ်ကိုကူရင်း လင်မယားနှစ်ယောက်ကျောင်းတက်ကြတယ် ….. တစ်လတစ်ခါ ကောင်လေးအိမ်က မုန့်ဖိုးတွေ ဘာတွေတော့ ပေးတယ် …. အော် ကောင်လေးက ချောကလက် ကောင်မလေးက ပေါင်မုန့် အသားအရေကိုပြောတာ ….နောက်ဆုံးနှစ်တော့ ကောင်လေးကအိမ်အလုပ်တွေကူလုပ်ရင်းကျောင်းတက်တယ် .. တစ်ခါတစ်လေ ကျောင်းပျက်တယ် ..ကောင်မလေးကတော့ သူငယ်ချင်းတွေနဲ့ကျောင်းဆက်တက်တယ် အိမ်ရောက်မှ ယောက်ကျားကို စာတွေပြန်ပြပေါ့ .. အစကတော့ သဘောမတူဘူးဆိုတဲ့ ကောင်မလေးအမေတွေက ကောင်လေးက လူကြီးသူမကို သိတက်တာ အလုပ်ကြိုးစားတာတွေကော သိလာတော့ ဘာမှမပြောတော့ဘူး .. အဲဒီထိ အဆင်ပြေသွားတယ် .. နောက်ဆုံးနှစ်စာမေးပွဲလည်း ပြီးလည်း ကောင်မလေးမိဘတွေက ထော်လာဂျီ တစ်စီးဝယ်လိုက်တယ် …. ထင်း တိုက် မီးသွေးတိုက်ပေါ့ …. ကောင်လေးကတော့ အရင်ထက်ပိုပြီး အလုပ်တွေ လုပ်ရပါတော့တယ် … နေပူကြီးထဲမှာ ထော်လာဂျီ မောင်းပြီး ထင်းတိုက်ရ မီးသွေးတိုက်ရနဲ့ဆိုတော့ နဂို ချောကလက် အရောင်ကနေ မီးသွေးခဲ အရောက်ဖြစ်သွားပါရော … အလုပ်ကတော့ တော်တော်လုပ်ရှာတယ် ရွာသားဆိုတော့ အပင်ပန်းလည်း ခံနိုင်တယ် .. လူက ညက်စီလေး …. ကောင်မလေးကတော့ သူဦးလေး တီးဝိုင်းမှာ သီချင်းဆိုတယ် …. နဂိုကပေါင်မုန့် အလှတွေ အသားကုန်ပြင် နေပူထဲမထွက် ဘာမှ မလုပ်တော့ ပေါင်မုန့်ကနေ ၀ါဂွမ်းလေးလိုပဲ .. အပြင်သွားရင်တောင် ယောက်ကျားနဲ့မသွားတော့ဘူး သူတစ်ယောက်တည်း ဒါမှ မဟုတ် သူမောင့်လေးနဲ့သွားတယ် … ကောင်လေးကို မသိရင် သူအိမ်က ထော်လာဂျီ မောင်းတဲ့ အလုပ်သမားလိုပဲ …. အလုပ်တွေ ပင်ပန်းလွန်းတော့ မလုပ်နိုင်တဲ့ အဆုံး ကောင်လေးက မီးသွေးသွားတိုက်ရင်း ထော်လာဂျီကော မီးသွေးတွေကော ထားခဲ့ပီး ထွက်ပြေးသွားတယ် ဘယ်သွားမှန်းလဲမသိဘူး . ရွာကသူမိဘတွေ ဆီမှာလည်း မရှိဘူး …. သူငယ်ချင်းနဲ့လိုက်သွားတယ်လို့တော့ ကြားတယ် …… ဒီဇာက်လမ်းမှာ ရိုးသားက လူငယ်လေးကို သားသမီးချင်း ကိုယ်ချင်းမစာပဲ အလုပ်တွေ အရမ်းခိုင်းတဲ့ ယောက္ခမ နဲ့ အလှမက်ပြီး ယောက်ကျားနဲ့တော် မတွဲချင်တော့တဲ့ မိန်းမတို့ကြောင့် ဒုက္ခတွေ ခံစားလိုက်ရတဲ့ ကျွန်တော်သူငယ်ချင်း ကောင်လေးတစ်ယောက်အကြောင်း ……… နောက်ထပ်နှစ်တွဲကျန်သေးတယ် လက်ဆက်အားပေးကြပါဦး
ဒါမျိုး အသိယူလို့ ရတဲ့ ဇာတ်လမ်း လေးတွေ ကို အားပေးပါတယ်။
ဆက်ရေးပါ။
စိတ်ဝင်စားစရာဘဲ။
မြန်မာပြည်က လူငယ် တွေ အကြောင်း Research လုပ်ချင်တယ်။ :-)
Was this answer helpful?
LikeDislikeငယ်ငယ်ရွယ်ရွယ်နှင့်အိမ်ထောင်ကျတာမကောင်းပါဘူး
သူတို့လေးတွေကအချစ်တစ်ခုတည်းကိုပဲဦးစားပေးတယ်
စိတ်ကစားတဲ့အရွယ်ဆိုတော့ပိုဆိုးတာပေါ့
အိမ်ထောင်တစ်ခုကိုဘဝနှင့်တည်ဆောက်မယ်ဆိုရင်တော့ ဦးနှောက်စဉ်းစားဖို့လိုလိမ့်မယ်လို့
ညာတော့ထင်မိတယ်………….
Was this answer helpful?
LikeDislikeရိုးသားတဲ့ ကောင်လေး အသုံးချခံလိုက်ရတာပေါ့…
Was this answer helpful?
LikeDislikeအင်း……….မိန်းမ ယူမယ်ဆိုရင်တော်တော်စဉ်းစားရမယ်
သင်ခန်းစာ ရတာပေါ့
ဆက်လက်စောင့်မျော်နေပါမယ်
အားပေးပါတယ်
Was this answer helpful?
LikeDislikeဒါက လူငယ် လင်မယား ဇာတ်လမ်းလေးနော်..
လူလတ်ပိုင်းလင်မယား၊ လူကြီးပိုင်း လင်မယား ဇာတ်လမ်းလေးလဲ သိချင်ပါတယ်ဗျို့ …..
Was this answer helpful?
LikeDislikeမတရားမပြောနဲ့နော် နောက်တာ ခုခေတ်ကိုကအဲ့လိုတွေဖြစ်နေတာ ယောင်္ကျားရပြီးမှ အပျိုလုပ်တဲ့သူတွေလည်းမြင်ဖူးတယ် မိန်းမရပြီးမှ လူပျိုလုပ်နေကျတဲ့သူတွေလည်းမြင်ဖူးတယ် ဒါပေမယ့် ဒီ စာကိုဖတ်ရတာ တော့ ကောင်လေးဘ၀သနားပါတယ် ငယ်စဉ်အခါ ပညာရှာ ပါဆို သူတို့ကကြင်ရာရှာကျတာကို..
Was this answer helpful?
LikeDislikeဘာပဲဖြစ်ဖြစ်
နှစ်ဦးနှစ်ဖက် ပြေပြေလည်လည် နားလည်မှုရှိဖို့လိုပါတယ်
ဒီလိုမှမဟုတ်ရင်တော့……………..
ဟီးးးးးးးးးးးးး ကြောက် ကြောက်
Was this answer helpful?
LikeDislikeကောင်လေးအတွက် စိတ်မကောင်းဖြစ်မိတယ်။ စိတ်ထားကောင်းတဲ့ကောင်လေး နောင်တစ်ချိန်မှာ အဆင်ပြေပါစေ။
Was this answer helpful?
LikeDislikeနောက်ထပ်ပို့ စ်စောင့်ဖတ်ပေါ့မယ် ကိုသီဟရာဇာရေ။
ဘယ်တုန်းက ရခိုင်က ပြန်သွားတာလဲ။အဟမ်းးးးး
Was this answer helpful?
LikeDislikeဘုရားဘုရားဘုရား
ကျုပ်နောက်ယူမယ့် စမောလ်လေးတွေထဲမှာ အဲဒီလိုမိန်းမမျိုးတွေ ပါမလာစေပါနဲ့ ဗျာ…။ ဟီဟိ
ကိုသီဟရာဇာရေ …
နောက်ထပ်ရေးမယ့် ဇါတ်လမ်းလေးတွေကိုလဲ စောင့်မျှော်နေပါတယ် ဗျို့ 
Was this answer helpful?
LikeDislike