ဒုတိယသမဒရွေးဗွဲ Selection

ဒုတိယသမဒနေရာအတွက် သင့်တော်သူတဦး ရွေးချယ်ရန် ဂေဇက်နိုင်ငံလွှတ်တော်အတွင်း တီးတိုးသဖန်းတိုး ဆွေးနွေးနေဂျသည်။ တိရစာ္ဆန် အကောင်ပလောင် မဟုတ်မည်မှာတော့ သေချာလှသည်၊ အသို့ဆိုလျင် လူသားစင်စစ်သာ ဖြစ်ရဗေမည်။ ထို့ထက်သေချာအောင် ပြောရဗာက စစ်တပ်ကိုယ်စားလှယ် အစုအဖွဲ့မှ ရွေးချယ်လိုက်သော စစ်ဗိုလ်ဂျီးတယောက်သာ ဖြစ်ခွင့်ရှိလသီ။ မည်သူဖြစ်မည်နည်း…
လွန်ခဲ့သော ဆယ်စုနှစ်ကျော်နှစ်ခုခန့်က ဂေဇက်တိုင်းပြည်ဂျီးအား တပ်ချုပ်ကြောင်ကြီးမှ စီမံအုပ်ချုပ်နေရာမှ ဓါးမကပ်ထိက ဘတ်ဒန်တဇောက်ထိုး တယားနာရသည်တွင် ကိလေသာနှင့် အပြုအမူကွဲပြားပုံ သိမြင်သွားပီး နားအေးပါးအေး အိမ်တွင်ယုတ်တရား အားထုတ်နေဒါ့သည်။ တပ်မဒေါ်မှ ဒုတိယသမဒ အသစ်ရွေးပေးရန် ညွှန်ကြားချက် တောင်းခံသော်လည်း အင်တာနက်ရှိ သဇင်ဂလေး၏ ချစ်ဇောဟုန် အမ်ပီဖိုးရုပ်သံဖိုင်လောက် စိတ်မဝင်စားတော့ဂျေ။ မြန်မာ့တပ်မဒေါ်ဂျီးဃါး ယခုမှ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရဒေါ့မည်။
ဒုတိယသမဒရာထူးကို လျှို့ဝှက်မဲစနစ်ဖြစ် တိုက်ရိုက်ရွေးချယ်မည် ဖြစ်သော်လည်း စစ်တပ်ကိုယ်စားလှယ်များ အတွင်းတွင်မူ သူ့ဆြာကိုယ့်ဆြာ ကြိတ်ပုန်းခုတ် အပြိုင်အဆိုင် ဆော်ဩလျက်ရှိဂျသည်။ လေ့လာစောင့်ကြည့် အကဲခတ်သူများ၊ သံတမန်များဂလည်း မည်သူဖြစ်လာမည်ကို စိတ်ဝင်စားနျေသည်။ တပ်မဒေါ်ဂျီး၏ အနာဂတ် ပေါ်လစီမူဝါဒ ထင်ဟပ်စေမည့် အရေးပါသည့် ရာထူးမဟုတ်ပါလော။ ထိုသူ့အပေါ်မူတည်၍ တိုင်းပြည်ရှေ့ခရီး အနာဂတ်ပုံစံ တွက်ချက်နိုင်ဗေသည်။ ပေါ်ပြူလာဖြစ် တစ်ပြေးနေသူများနှင့် သူတို့အပေါ် အကဲခတ်များ၏ အမြင်များဃား…
(၁) စစ်လက်နက် ထုတ်လုပ်ရေးတပ်မှူးချုပ် ဗိုလ်ချုပ်ကြေးမုံဂျီး။ သူဂါး တရုတ်နိုင်ငံ ဗျောက်အိုးတက္ကသိုလ်မှ ပါရဂူဘွဲ့ရခဲ့ပီး တပ်မဒေါ် ဘောင်ဘောင်သီး လက်နက်စက်ရုံ တည်ဆောက်ခဲ့သည်။ ယနေ့ ကေအိုင်အေနှင့် ဖြစ်နေသော တိုက်ပွဲများတွင် တပ်မဒေါ်ဖက်မှ ပစ်လိုက်သော ဗုံးဆံများမပေါက်ကွဲဂျင်း၊ ကိုယ့်တပ်ဖွဲ့များအပေါ် လမ်းချော်ဗုံးကျဂျင်းများ၏ လက်သည်တရားခံမှာ တရုတ်လက်နက်ပါရဂူ ကြေးမုံဂျီးဖြစ်သည်။ ဒုသမဒ သူသာ ဖြစ်လာဗာက တိုင်းပြည်နိုင်ငံဂျားရေး ပေါ်လစီတွင် တရုတ်ဩဇာသက်ရောက်မှု ကြီးထွားလာဖွယ်ရှိသည်။
(၂) အမေရိကန် ဝက်စ်ပွိုင့်စစ်တက္ကသိုလ် ကျောင်းထွက်ဟု ဂုဏ်ယူနေသူ ဂေဇက်ရွာသဂျီး ဗိုလ်ချုပ်ကြီးခိုင်..။ ကျောင်းလက်နက်စတိုမှ ခဲယမ်းမီးကျောက်များ အလစ်သုတ်ပီး ကျောင်းအုပ်ကြီးပိုင်သော ကိုဘေးနွားဂျီးအား ခိုးယူကင်စားမိခဲ့၍ ကျောင်းထွက်ခဲ့ရသူဖြစ်ကြောင်း ကောလာဟာဠထွက်သည်။ တိုင်းပြည်ဝင်ငွေတိုးစေရန် ဘင်္ဂလားဒေ့ရှ်၊ တရုတ်ပြည်တို့မှ ပြောင်းရွှေ့လိုသူ တဦးလျင် ကျပ်ငါးသိန်းဖြင့် နိုင်ငံသား ပေးလိုသူဖြစ်သည်။ ၎င်းကို မွတ်စလင်ဟု စွတ်စွဲသူများအား ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့သို့နှစ်စဉ် သူသွားဂျင်းမှာ နေ့ဖက် လောင်းကစားလုပ်၊ ညဖက် ခုနှစ်လွှာကပွဲတက် ကိုယ်စိတ်နှစ်ပါး အပန်းဖြေရန်ဖြစ်ကြောင်းဆိုသည်။
(၃) အရက်ချက်စက်ရုံနှင့် ထန်းတောများ ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်အောင်ပု။ သူ့တွင် တပ်တွင်းထောက်ခံမှု အတော်များများ ရှိထားသည်။ သူဖြစ်လာလျင် လွှတ်တော်တွင်း၌ သောက်ရေသန့်ဗူးအစား အာရ်မီရမ်ပုလင်း ထားပေးမည်ဟု ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်နေသည်။ အဖျော်ယမကာ၊ ဧည့်ခံဖျော်ဖြည်ရေးကဏ္ဍများ အရှိန်အဟုန်ဖြင့် ကြီးထွားလာနိုင်သည်။
(၄) အော်မေဂိုဏ်းဟု အများသိဂျသည့် တပ်မဒေါ်စစ်သမီးများအဖွဲ့။ အင်အားကောင်းပီး လူအများချစ်ခင်မှု ရထားသော်လည်း အဖွဲ့အတွင်း ညီညွတ်မှုမရှိလှ။ အစဉ်အလာထိန်းလိုသူ (မမ၊ ပဒုမ္မာ – ပျိုဂျီးမှ..ပျိုဂျီးနော်)၊ ပြုပြင်ပြောင်းလဲရေးဝါဒီ (အန်တီဆူး၊ အီးဒုံးဂျီး – ယူမှာဗဲ..ယူမှာဗဲ)၊ ကြားနေသမား (အန်တီဝေ – ကဗျာတွေရေး အတန်းထဲကကောင်ဂလေး… အခုထိငါ့မှာဆွေး)။ သူတို့တက်လာလျင်တော့ တတိုင်းတပြည်လုံး အလှူငွေ ကောက်ခံပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပဖွယ်ရာရှိသည်။ နိုင်ငံတဂါ အန်ဂျီအိုများအတွက် တအားပင်ဖြစ်၏။
သဒင်းထောက်များမှာ စစ်ဗိုလ်အမတ်များအား နည်းမျိုးစုံ အစ်အောက် ကြိုးစားမေးဂျသော်လည်း တပ်မဒေါ် စိတ်ဓါတ်၊ အမူအကျင့်အား အပြည့်အဝ ကိုယ်စားပြုထားသူကို ရွေးချယ်ထားသည်ဟုသာ အဖြေရသည်။ သဒင်းဒေါက် နွယ်ဗင်နှင့် မြတ်ကျော်သူ တို့မှာ သဒင်းလိုက်ရာတွင် အကဲဆုံးဖြစ်ပီး ပူလစ်ဇာ သဒင်းထောက်ဆု ရနိုင်ဂျောင်း နာမည်ကြီးသည်။ နေပူလာလျင် လစ်ပြေးတတ်သောကြောင့်ဖြစ်၏။
ဤသို့ဖြင့် ရွေးကောက်ပွဲနေ့သို့ ရောက်ရှိလာဂျေဗျီ။ လွှတ်တော်ခန်းမတခုလုံး အပ်ကျသံဗင်မကြားရ၊ ဘူ….. ထိုအချိန်တွင် အသံချဲ့စက်မှ အချက်ပေးသံကြားရသဖြင့် ခန်းမရှိလူများအားလုံး မတ်တပ်ရပ်လိုက်ကြသည်။ လွှတ်တော်အုတ်ကထဂျီး နှစ်ယောက်လည်း ဘာမသိညာမသိ လိုက်ထရသည်။ အခမ်းအနားမှူးမှ ကပျာကယာ ပဲဂျီးလှော်အစားများ၍ လေလည်မိလိုက်ဂျောင်း တောင်းပန်ပြောဆိုမှ ရှက်ကိုးရှက်ကန်းနှင့် ပြန်ထိုင်သူထိုင်၊ အညောင်းဆန့်သူဆန့်၊ ချောင်းဟန့်သူဟန့်ဖြင့် အတန်ငယ် လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။
ထို့နောက် အစီစဉ်အတိုင်း အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာ၊ မိန့်ခွန်းဖောသူဖော၊ အတန်ငယ် ကွိကွိကွကွ လုပ်ပြီးနောက် ဒုတိယသမဒအဖြစ် စစ်တပ်ကိုယ်စားလှယ် အစုအဖွဲ့၏ ရွေးချယ်သူအမည်ကို ကြေငြာလိုက်ရာ အားလုံး တဟင်ဟင် တဟာဟာဖြင့် ဘယ်သူမှ မျှော်လင့်မထားသူ စစ်ဗိုလ်ဂျီးတဂေါင် ဖြစ်နေသည်။ ထိုသူဂါး တုတ်ချင်းတူ ဘက်မရွေး ကြွေးကျော်ကာ လိင်တူချင်းအပြတ်တီးသူ တပ်မဒေါ်စိတ်ဓါတ်ကြံခိုင်ရေး တပ်မှူးချုပ် ဗိုလ်ချုပ်ကြီးဖြိုး ဖြစ်နေသောကြောင့်ဗေတီး….ကွိ ကွိ ကွိ။
ပူနောင်ချပ်ခြိမ်း ပူချပ်ခြိမ်း – ၂ကြိမ်ဆို (နတ်ကတော်များ အောင်ပွဲခံသံဖြစ်သည်။)

ဒုတိယသမဒ အရည်အချင်း မပြည့်မှီသူများ

24 comments

  • မစ္စတာ တောက်တဲ့

    July 6, 2012 at 9:08 am

    အောာ် ..
    ဥကြောင်ဂျီးဒို့လည်းဘဲ
    ဥဇောက်ထိုး တရားနာရလို့
    တရားရသွားပီ မှတ်နေဒါ ..
    အမှန်ဒေါ့ သချင်လေးက မြူထားလို့ဂိုး ………. 😀

  • Inz@ghi

    July 6, 2012 at 9:10 am

    အော်.. ကိုကိုကြောင်တယောက် မမေ့နိုင်ဘဲ တသသ ဖြစ်နေရှာသကိုး ……
    😀

  • Wow

    July 6, 2012 at 10:11 am

    ဒီကတော့ ရွာထဲကြောင်ပျောက်လို့ ပူလိုက်ရတာ…
    သူကတော့… ဒူသမဒ ရွေးကောက်ပွဲအတွက် လှုပ်ရှားနေဒါကိုး….
    လူဇိုး… အဲလေ… ကြောင်ဇိုး….

  • Moe Z

    July 6, 2012 at 11:15 am

    သို့
    “ဖြိုး”
    ဦးကြောင်သတိရနေသည်၊ အပြစ်များအားလုံးခွင့်လွှတ်သည်။
    ရောက်ရာအရပ်မှ အမြန်ပြန်လာပါ ….
    ပုံ/ ဦးကြောင်(ကတ်ချုပ်ကြီး)

    • Inz@ghi

      July 6, 2012 at 11:18 am

      မငိုပါနဲ့တော့ သားလေး ဘာလိုတယ်လီ …
      ၄ဂိုးပြတ်လည်း ဂုဏ်မငယ်ပါဝူး…
      ကိုကိုဇက် တို့က ဝမ်းသာဂုဏ်ယူပါတယ်…

      တိန်…

  • htoosan

    July 6, 2012 at 11:35 am

    ယုတ်တရားအားထုတ်နေတာက ဖြိုးနဲ့ကိုး ….. သိပါပြီ.သိပါပြီ..

  • စိန်ဗိုက်ဗိုက်

    July 6, 2012 at 12:44 pm

    လက်ရှသက်တော့ အုချောင်က မာမီဖြိုးကို ဒဒိရနေဒါဂိုးဗျ
    ဂိန်..

  • မွန်မွန်

    July 6, 2012 at 1:17 pm

    ရေးမှ ရေးပါ့မလားလို့ မျှော်လိုက်ရတာ… 🙂
    ဖတ်လိုက်ရလို့ ကျေးဇူးတင်ပါတယ်။

  • kai

    July 6, 2012 at 2:43 pm

    ယူအက်စ်နို်င်ငံရေးသဘောတရားအတိုင်းဆိုရင်တော့.. ဒုသမ္မတက.. သမ္မတရဲ့လက်ထောက်အဆင့်ပါပဲ..
    အစိုးရပေါ်လစီပိုင်း.. ဆုံးဖြတ်ချက်ချခွင့်မရှိပဲ.. သမ္မတအဆုံးအဖြတ်ကို. လိုက်တာအကောင်အထည်ဖော်သူပါပဲ..
    သမ္မတက သက်တန်းအတွင်း.. ရုတ်တရက်ဆုံးပါးရင်တော့.. ဒုသမ္မတက.. သမ္မတတက်ဖြစ်တာပေါ့လေ…

    စကားအတင်းစပ်…
    ဆော်ဒီအာရေဗျ မက္ကာမြို့က.. ကျောက်နက်တုံးကိုတော့.. သွားကြည့်ချင်သား..
    ဘာတံဆိပ်ကပ်ကပ်… 🙂

    • ဦးဦးပါလေရာ

      July 7, 2012 at 8:53 am

      ကျုပ်ကတော့ အဲဒီ မက္ကာဘုရားဖူးခရီးစဉ်ကို လိုက်ကြည့်ချင်မိတယ်။
      အဲဒီခရီးစဉ်မှာ အစ္စလာမ်ဘာသာရဲ့ စာနဲ့ရေးရခက်တဲ့ သဘောသဘာဝတွေကို မြင်ရမယ်ခံစားရမယ်လို့ ထင်မိပါတယ်။
      ခက်တာက မွတ်စလင်ဆိုတာ ဗုဒ္ဓဘာသာတွေရှင်ရဟန်းပြုသလို ခဏလောက် ဒုလ္လဘဝတ်လို့ မရဘူး…။

  • အရီးခင်လတ်

    July 6, 2012 at 3:50 pm

    ဒီ ရက်မှာ အဲလက်စ် ရဲ့ “အရင်လိုဘဲ” သီချင်း ကို ဘဲ ညီး နေ ပါတယ်။
    ” အရင်လို မဟုတ် လဲ မင်းကို အရင်လိုဘဲ လို့ ဆိုပြန်တော့ လဲ ………….” 😎

    ဒါထက် ကျုပ် က တော့ အော်မေဂိုဏ်း မှ အော်မေဂိုဏ်း ဘဲ။ 😉 😛

  • San Hla Gyi

    July 6, 2012 at 6:56 pm

    ကိုကြောင်ကြီးပို့စ် လေးတွေက အလွန်ဖတ်လို့ ကောင်းကြောင်းပါ။ များများပြောချင်သော်လည်း ပြောရန်သိပ်မရှိပါ။ ဟိုရက်ပိုင်း ပျောက်နေတုန်းကတောင် အကြမ်းဖက် ဘာသာရေးခေါင်းဆောင် မိုဟာမက် အယာတိုလာ ခိုမေနီ ဒစ္စကိုဒန်းဆားရဲ့ လက်ချက်မိသွားတယ် ထင်လို့စိတ်မကောင်း ဖြစ်မိပါကြောင်း။ နောင်ဆို ကျမ်းတော်မြတ်ကို ပုတ်ခတ်မှုများကို ရှောင်ကြဉ်ပါရန်။ ခုလို စာရေးနိုင်လို့ ဝမ်းသာမိပါကြောင်း။

  • MaMa

    July 6, 2012 at 8:46 pm

    ရွာထဲမှာ ပျင်းစရာကောင်းတယ်လို့ ပြောသူကပြော
    ပိုစ့်ကောင်းတွေ မတက်ဘူးလို့ ပြောသူကပြော နေကြတာ….
    ကိုယ်တိုင်လည်း ဘာလိုမှန်းမသိ ရွာကြီးက ခြောက်ကပ်နေတယ်လို့ ခံစားရတာ….
    ခုမှပဲ သိတော့တယ်….လက်စသပ်တော့ ရွာထဲမှာ ကြောင်မျိုးနွယ်တွေရဲ့ ဥသျှောင် မရှိမဖြစ်အမောင်ကြောင်ရဲ့ Technicolor ပိုစ့်တွေ ပျောက်နေလို့ပဲပေ့ါ။ 😉

    ဒါ့ထက် တူတော်မောင်ဝတ္တရားပျက်ကွက်တာ သတိပေးရဦးမယ်။
    တော်ကြာ အုတ်၂ချပ်လပ်လို့ မင်းကြီးမင်းလေးဘဝရောက်သွားတဲ့ ရွှေဖျင်းညီနောင်လို့ ရွှေဖော့ရိုးနဲ့ ဆုံးမခံနေရမှာစိုးလို့။
    ဦးရီးတော် ဦးပေါက်ရဲ့ မွေးနေ့မှာ တူတောင်မောင် အရင်းခေါက်ခေါက်ကြီးရဲ့ ဆုတောင်းလွှာမတွေ့လို့ ထုချေလွှာတင်ပါတဲ့။ 😛

  • မောင်ပေ

    July 6, 2012 at 9:04 pm

    လုပ်ပြန်ပြီ… ကွန်ပျူတာမော်နီတာမှာ ကွမ်းသွေးတွေ ပေကုန်ဘီ
    အုကြောင်စာဖတ်တော့မယ်ဆိုရင် ကွမ်းမစားဘဲဖတ်မှလို ့၊ ကိုယ့်ဟာကို သိရဲ ့နဲ ့၊ ကွမ်းစားရင်းတန်းလမ်း ဖတ်မိတော့
    ခွိခွိခွိ
    ကွမ်းတွေးတွေ ထွက်ကုန်ပါပြီ

  • သော်ကြီး

    July 6, 2012 at 10:35 pm

    အဲ ။ ဒီအတိုင်းသားဆိုရင် သော်ကြီးဒို့ မြန်မာနိုင်ငံကြီးတော့ တိုးတက်ချီ ရသေးရဲ့။

  • ko win

    July 6, 2012 at 10:42 pm

    ဘာပဲပြောပြော တပ်ချုပ်ကြောင်ကြီင်္းအား ထိုင်လျက်အလေးပြုသွားပါဃျောင်း။
    ပုံ
    ဒုတိယတပ်ကျပ်အရာခံဗိုလ်ချုပ်မှူးဂျီး

  • ဇောက် ထိုး

    July 7, 2012 at 7:56 am

    အင်း…..ငဒို့ ဒတဝါတွေမှာယဲ..ယောဘ ဒေါဒ တွေ တယ်များဒဂိုး…. အင်း….ကိုလုပ်ဒါ ကိုရဂျမှာပေါ့လေ..

    ကိုကြောင်ဂျီးကိုအားကျဒယ်။ ဒါလေးရေးဒါကို အကြာဂျီးပဲ။

  • ဦးဦးပါလေရာ

    July 7, 2012 at 8:55 am

    ဖတ်မိသမျှ ကိုကြောင်ကြီးရဲ့စတိုင်းယားတွေထဲမှာ
    ဒီတပုဒ် အကြိုက်ဆုံးပဲ… 😛

  • maungmoenyo

    July 7, 2012 at 11:04 am

    ဗိုလ်ချုပ်ကြီးစိုးဝင်း

  • အရီးခင်လတ်

    July 9, 2012 at 4:07 am

    Eleven ထဲ က
    “လွှတ်တော်ကိုယ်စားလှယ်များ၏ ဒုတိယသမ္မတ ရွေးချယ်မှုအပေါ် အမြင်နှင့် ခန့်မှန်းချက်များ” မှာ
    ဦးအောင်သောင်း ရဲ့ သဘောထား ကို ဖတ်ရပါတယ်။
    ဒီလိုပါ။
    {{ “ကျွန်တော်ထင်တာက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့အဖွဲ့က တိုင်ပင်ပြီး ရွေးလိမ့်မယ်ထင်တယ်။ ကျွန်တော်ထင်တာကတော့ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်ထဲက မဟုတ်ဘဲ အပြင်လူလည်း ဖြစ်နိုင်ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရွေးပိုင်ခွင့် ရှိတယ်။ တပ်မတော်အစုအဖွဲ့က ရွေးချယ်နိုင်ခွင့် ရှိတယ်ဆိုတာက ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဆန္ဒနဲ့သဘောထားကို ရယူပြီး သူကရွေးရမှာ။ အဲဒီတော့ သူရွေးတဲ့သူပဲ ဖြစ်မှာပေါ့။ သူရွေးတဲ့သူကိုပဲ လွှတ်တော်က သဘောတူလား မတူလား အတည်ပြုပေးရမှာ။ တကယ်တန်းကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးချယ်ခွင့်၊ လုပ်ပိုင်ခွင့်၊ စဉ်းစားခွင့်က သူ့ကိုပဲ ပေးထားတာ။ ကျွန်တော်ထင်တာတော့ တပ်မတော်ထဲမှာလည်းပဲ လက်ရှိမှာ မကြာမီ နှစ်ပိုင်းအတွင်း အငြိမ်းစားယူခါနီး ဗိုလ်ချုပ်ကြီးတွေ ရှိတယ်။ သူ့ဘက်ကလည်း တပ်မတော်အတွက် သူပြန်ကြည့်ဖို့ လိုသေး တယ်လေ။ သူကနေပြီး အရပ်ဘက်ကို သွားပြီးသား လူတစ်ယောက်ကိုပေးမယ့်အစား မကြာမီသွားတော့မယ့် လူတစ်ယောက်ကို ပေးလိုက်ရင် တပ်မတော်အတွက် ပိုမကောင်းဘူးလား။ ဒါတွေလည်း စဉ်းစားစရာတွေပါ။ စဉ်းစားကြည့်တဲ့သဘောပါ။”}}

    သူပြောတဲ့
    “တကယ်တန်းကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးချယ်ခွင့်၊ လုပ်ပိုင်ခွင့်၊ စဉ်းစားခွင့်က သူ့ကိုပဲ ပေးထားတာ။”
    ဆိုတဲ့ စကားဟာ ဒီမိုကရေစီ စနစ် ရဲ့ သဘောထား နဲ့ ဆန့်ကျင်နေတာ ကို မသိဘူးလား အဘ ရယ်။
    သူများတွေ အကောင်အထည် ဖော်ဖို့ ကြိုးစားနေတာ ဘာကို ဆိုတာကို နဲနဲပါးပါး လေးများ မျက်စိဖွင့်၊ နားစွင့် ကြည့်လိုက်ပါဦး။

    နောက်ပြီး “တပ်မတော်အတွက် ပိုမကောင်းဘူးလား။” ဆိုတဲ့စကား။
    တပ်မတော်အတွက် ပိုကောင်း/မကောင်း ထက် တိုင်းပြည်အတွက် ပိုကောင်း/မကောင်း ကို ကြည့်ရမှာလေ အဘ ရဲ့။

    အဘ တော့ တစ်ခုခု မှာ အလွဲကြီး လွဲ နေပြီ။
    နားလိုက်ပါတော့။

    • htoosan

      July 9, 2012 at 7:19 am

      မစားရတဲ့ အမဲ သဲနဲ့ ပက်ပြီလား အရီးရေ .. ဦးစီးချုပ်နဲ့ ပြည်သူလှည့်တိုက်ပေးလိုက် တယ် ထင်တာဘဲ…..

  • nature

    July 9, 2012 at 6:55 am

    ကတ်ချုပ်ကြောင်ကြီးအနားယူတော့မည်။ (ညကကြွက်ချောင်းရတာ အိပ်ရေးပျက်သောကြောင့်) 🙂

    သဇင်၏ချစ်ဇောဟုန်အမ်ပီဖိုး ခွေလေးကြည့်ချင်သည်။( ဒေါင်းလုပ်မရသောကြောင့်) 😀

    မြန်မာ့တပ်မဒေါ်ဂျီးဃါး ယခုမှ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရဒေါ့မည်။ (ယခင်က ကင်းမြီးကောက်ထောင်နေသောကြောင့်) 😛

    ပေါက်ဖော် နှင့်အဖွဲ့ဗိုလ်ချုပ်အောင်ပုအတွက်မဲဆွယ်ပေးနေသည်။ (သောက်ရေသန့်ဗူးအစား အာရ်မီရမ်ပုလင်း ထားပေးမည်ဟု ဆိုသောကြောင့်) :O

  • padonmar

    August 14, 2012 at 7:57 pm

    ဒေါက်ဒေါက်ဒေါက်
    ဦးကြောင်ရေ

    ဖိတ်စာပို့ပါတယ် (စာပို့သမားမအားလို့ နောက်ကျတာခွင့်လွှတ်ပါ)

    သမဒ ရွေးပွဲ လို့ မထင်ပါနဲ့နော်။

    http://myanmargazette.net/143974
    http://myanmargazette.net/143981

    နှစ်သက်သူတွေရဲ့ မှတ်ချက်တွေဖတ်ပြီး ပီတိလေး ခံစားရဖို့ရယ်။
    အခြားသူတွေလည်း အလွယ်တကူဖတ်မိကြဖို့ ရည်ရွယ်ပါတယ်။

Leave a Reply