သူငယ်ချင်းတို့ အတွက် ဟာသလေးတစ်ခုပေါ့။ တောရွာမှာတုန်းကဖြစ်ခဲ့တဲ့ ဟာသဖြစ်ရပ်မှန်လေးပါ။အားလုံးရီမောနိုင်ပါစေ။ ဘယ်ကစရမယ်မသိတော့  အဆင်ပြေသလိုစလိုက်ပါတယ်။

တောမှာကနွေဆိုရင် မီးရှို့ ပြီးတော့ထင်းခုပ်တဲ့ဓလေ့ရှိခဲ့တယ်။ထင်းခုပ်တယ်ဆိုတာ လူစုပြီးအစုလိုက် ခုပ်ကြတာများတယ်။ တောဓလေ့ဆိုတော့ သိတဲ့အတိုင်းပဲလေဗျာ တောထဲမှာထင်တွေခွေပြီဆိုတာနဲ့  အိမ်မှာထဲက ထမင်းကြမ်းအပြီးစား နေ့ လည်စာကို ထမင်းထုပ်ထုပ်ပြီးသယ်ယူသွားရတာ ထုံးစံတစ်ခုပေါ့။ထမင်းထုပ်ကိုလည် တောမှာက အင်ဖတ်တို့  ငှက်ပျောဖတ်တို့  ပေါတယ်ဆိုတော့ မီးကလေးကင်ပြီးပျော့ သွားတာနဲ့ ထမင်းလေးထည့် လိုက်ရုံပဲ။ ဘာချိုင့်မှမလိုဘူးလေ။ထမင်းစားချိန်ရောက်ပြီဆိုတာနဲ့  ထင်းခွေလာတဲ့ လူတွေ အကုန်စုပြီး ထမင်းစားကြတာကလည်း တောဓလေ့၇ဲ့ ပျော်စရာတစ်ခုပါပဲ။

တစ်နေ့ ထုံးစံအတိုင်းပဲ ထင်းခွေထွက်ကြတာပေါ့။နေကလည်း ပူလိုက်တာဗျာ။ချစ်ချစ်တောက်ပဲ အေးပေါ့ မီးရှို့  ထားတာဆိုတော့ အားလုံးပြောင်သလင်းခါနေပြီး အောက်ပိုင်းကိုရှင်းနေတာပဲ။မီးလောင်တာဘယ်လောက်ပြင်းသလဲ ဆိုရင်စည်းမရှိကမ်းမရှိ ပါထားတဲ့ ချီးပုံလေးတွေတောင် ခြောက်သရောင်….. ထင်းခွေရင်းနဲ့ နေလည်မွန်းတည့်ပြီ ဆိုတာနဲ့  အားလုံးထမင်းစာနေကြပြီလေ။ ဒါပေမယ့် အဖေလေအဖေ မနားဘူးဗျာ ဇွဲနဲ့ ခုပ်နေတာ ဒီမှာကလူဦးရေများလာတော့ ထင်းတောင်လုခုပ်ရတာ ဆိုတော့ လောဘကြီးတာမမှားပါဘူး။သိုပေမယ့် ခလေးဖြစ်တဲ့ ကျွန်တော်တို့ မှာ ထမင်းကစာနေပြီလေ။အဲဒီအချိန်မှာပဲ အဖေက သူအသံဝါကြီးနဲ့ .. Xx အားလုံးပဲ ထမင်းစားနားကြမယ်ဟေ့xx ဆိုတဲ့ အသံကြားတာနဲ့  ပျော်လိုက်တာဗျာ။ဗိုက်ကစာနေတာကို ပုံမှန် ၁၁း၃၀ ဆိုစားနေကြဟာ ဒီနေ့ ကြမှ ၁၃း၀၀ နာရီတောင်ထိုးတော့မယ် စာလိုက်တာဗျာ။အူကိုလိမ့်နေတာပဲ။ဒါတောင်အဖေက ပြောသေးတယ် ဟင်းအကောင်းဆုံးအချိန်ကိုစောင့်နေတာတဲ့။အစကဘာမှန်းမသိဘူး နောက်ကြမှ အဖေက ..
Xxလူတွေကအစကတာ ဟိုဟင်းစားခြင် ဒီဟင်းစားခြင် ဟိုဟာမကြိုက်ရတာနဲ့  ဒီဟာမကြိုက်ရတာနဲ့ တဲ့ တစ်ကယ်တမ်းဗိုက်အရမ်း စာလာပြီ ဆိုတာနဲ့ ငပိဖုတ်တောင်အရမ်းကောင်း တာကိုပြောတာသားxx ဆိုတော့မှသဘောပေါက်တယ်။

ပါတာက လူ ( ၅ ) ယောက် အားလုံးဝိုင်းထိုင်ပြီး ထမင်းထုပ်ကိုဖြည်လိုက်။ပါတဲ့ ဟင်းထုပ်ကလေးတွေကို အလည်မှာစုပြီးထမင်းထုပ်ကို မြေကြီးပေါ်မှာ ချပြီးစားရတာက ပျော်စရာပေါ့ဗျာ။ ကျွန်တော်ကိုအမေက ထမင်းကို ဆီလေးးဆမ်းပြီး ငါးပိဖုတ်ကိုသေသေချာချာ ဖုတ်ပေးထားတာမွှေးနေတာပဲဗျာ။ထင်းခုပ်ရင်းနဲ့  ချက်ထားတဲ့ ဟင်းချိုပူပူလေးကို အလယ်မှာချပြီး ဟင်းထုပ်လေးတွေ ၀ိုင်းထားတာ မျက်စိထဲမြင်ပါရဲ့လား သူငယ်ချင်း။ ထိုင်ပြီဆိုတာနဲ့  ဟင်းထုပ်တွေကို တစ်ချက်ဝေ့ကြည့်လိုက်တယ်။ဆီမပါသောငါးခြောက်ဖုတ်က တစ်ထုပ်၊ အရည်မပါသောကြက်သားကနှစ်တုံး၊ငါးကျော်ကတိုင်းများပေးလိုက်လးတောင်မသိဘူး (၅)ကောင်၊၊ သားအဖနှစ်ယောက်က ငါးပိဖုတ်။ဒါပေမယ့် ဗိုလ်စွဲတာက ငါးပိဖုတ်ဗျ။ဘာလို့ လဲဆိုတော့ ဟင်းချိုနဲ့ လိုက်တဲ့ ဟင်းဆိုလို့ ငါးပိဖုတ်ပဲရှိတာကို ဟားဟားဟားဟား ဒါကြောင့်ပြောတာ အမြင်နုပ်ပေမဲ့ ရွှေထုပ်တယ်ဆိုတာ။
ထမင်းကလည်းစာစာနဲ့ စားလိုက်ကြတာဗျာ။ဒါတောင်ပြောသေးတယ်..

xx မင်းငါးပိကမလက်သလိုပဲxxတဲ့။
xxမဟုပ်တာဗျာ။အမေကိုယ်တိုင်သေသေချာချာဖုတ်ပေးလိုက်တဲ့ဟာကိုxx အားလုံးစားလိုက်ကြတာဗျာ ခင်ဗျားတို့ ကိုမြင်စေခြင်တယ်ပြိုက်ကနဲပြိုက်ကနဲပဲ။အဲဒီအချိန်နောက်တစ်ယောက်က ထပ်ပြောတယ်။
xxဟုပ်တယ်ကွ မင်းတို့ ငါးပိက မလပ်သလိုပဲxx အဖေက
Xxလူတွေလူတွေ အဲဒါတာကြည့်တော့ သားရေ ဗိုက်စာတုန်းက အရသာမခံနိုင်ဘူး ဗိုက်လေးပြည့်ပြီဆိုတာနဲ့ ဟိုဟာကချိုတယ်ဟိုဟာကခါးတယ်နဲ့ xx
အေးပေါ့နော် သူက အမေလုပ်တာမကောင်းဘူးပြောတာကို ဟားဟား….အဲဒီအချိန်နောက်ဆုံးကျန်တဲ့ တစ်ယောက်ကထပ်ပြောတယ်
Xxဟုပ်တယ်ဦးလေးရဲ့ ငါးပိကနည်းနည်းနံတယ် မလတ်တာလားမီးဖုတ်တာ မကျတ်တာလားမသိဘူးxx
( ၃ ) ယောက်ဆိုတော့ အဖေနည်းနည်း တွေသွားတယ် ဟုပ်တယ်လေ ထမင်းစားတာက ( ၅ ) ယောက် ၊သားအဖနှစ်ယောက် ဖယ်လိုက်ရင် သူစိမ်း( ၃ ) ယောက်မှာ (၃) ယေက်လုံးကတစ်လေ သံထဲဆိုတော့ စဉ်းစားရတာပေါ့။သိုပေမယ့် သူမိန်းမ ကွှန်တော်အမေကို မကောင်းပြောတာလည်း မခံနိုင်တော့ ကိုယ်တိုင်ထကြည့်ရတာပေါ့။
ငါးပိကကုန်တောင်ကုန်တော့မယ်။ငါးပိထုပ်ကိုကြည့်တယ်သေသေချာချာ ကြည့်တယ် ပြီးတော့မတယ် မလည်းပြီးရော….တစ်ခွန်းထဲပဲ..
Xxxဟာကွာxxx ဆိုပြီးအံ့ပါလေရော…စားနေတဲ့ ကျွန်တော်တို့ ဘာလုပ်ရမှာလဲဟင်..
Xxxအဖေ.ဘာဖြစ်လို့ လဲxxx ဘာမှမပြောနိုင်ဘူး ငါးပိထုပ်ကိုလက်ညိုးထိုးပြတယ်။ လေးယောက်သား ငါးပိထုပ်ကို သွားကြည့်တယ်။ပြီးလည်းပြီးရော လေးယောက်သား အံလိုက်ကြတာအပြိုင်အဆိုင် အံလို့ ဝမှတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရီရမလို ငိုရမလိုနဲ့ ပေါ့။
သူငယ်ချင်းရေ ဖြစ်ပုံကဒီလို ငါးပိထုပ်ကို ကျွန်တော်က မီးလောင်ထားတဲ့ လူချီးခြေက်သရောင်ပေါ်မှာ တင်မိရက်သားဖြစ်နေတော့ ငါးပိကိုကော်တော့ လူတိုင်းကလက်ညိုးလေးနဲ့ ကော်လိုက် ထမင်းထဲမြုပ်စားလိုက်မဟုပ်လား စားရင်းစားရင်းနဲ့  ဘယ်လက်ညိုးက ဖတ်ကိုဖောက်မိသွားတယ်တော့ မသိဘူး သေချာတာကတော့ အောက်ကချီးပုံက တစ်ဝက်ကျိုးနေပြီ ဒီလိုဆိုတော့ ……
ဒါကြောင့်ဟိုကောင်ကတော့ ပြောသား ငါးပိကနံသလိုပဲလို့ …..
သူငယ်ချင်းတို့ ကော ငါးပိဖုတ်စားကြအုံးမလား….
နည်းဖြစ်ဖြစ်ရီပေးပါလား…..

P.S: ရယ်ရလို့ ForeverFriends က ကူးတင်ပေးတာပါ….

About intro

Lionel Intro has written 162 post in this Website..