***…ဇူလိုင်ဆယ့်ကိုး….မျက်ရည်မိုး…***

maung khinminJuly 6, 20121min21711

ဇူလိုင် ဆယ့်ကိုး…..မေ့နိုင် ရိုးလား

မိုးနှင့် အပြိုင်…မျက်ရည် ဖြိုင်ရျ်

မခိုင် မျက်ဝန်း…..ပြိုရျ် ဆင်းကာ

မြန်ပြည် အဝှမ်း…. သောက လွှမ်းခြုံ

ဦးညွတ် ကုန်လင့်….မမေ့ သင့်ပေ

ဇာနည် တွေမို ့…………….၊

 

သွေးစွန်း ခဲ့သည်….အာဇာနည် များ

သည်နေ ့ သည်ရက်….အာဏာ မက်မော

ငစော ဂဠုန်…ကမ်းကုန် အောင်မိုက်

စည်းဝေး ခိုက်မှာ… အငိုက် ကိုဖမ်း

ရမ်းကား ပစ်ခတ်….စက်သေနတ် ဖြင့်

ပြည်ချစ် ပန်းတို ့….ကြွေလွင့် ရှာသည်…၊

 

အသက် သွေး ချွေး…စွန် ့လှုပေးဆပ်

ချစ်မြတ် တိုင်းပြည်…ခေါင်းဆောင် ပီသ

မျှတ လူ ့ဘောင်….ထူထောင် လိုသူ

သူလို လူကား….ပြိုင်စံ ရှားမို ့

ငါတို ့ ဂုဏ်ယူ…ကျ် ဇမ္ဗူမှာ

ဝမ်းသာ ဝမ်းနည်း…မျက်ရည် ရွှဲလျှက်

ဦးညွတ် လိုက်သည်…အို..ဖခင်..။။။။

 

11 comments

  • မွန်မွန်

    July 6, 2012 at 10:27 am

    မျက်ရည်သွန်လို့ ဘဝင်ငြိုး၊ ဇူလိုင် တစ်ဆယ့်ကိုး။

    ကိုယ်တိုင် မကြုံခဲ့ရပေမယ့် မွန်မွန်တို့ အဖေခေတ်က မြန်မာစာသင်ရိုးမှာပါတဲ့ ဇူလိုင်ဆယ့်ကိုးအကြောင်းရေးထားတဲ့ ဆောင်းပါးကိုဖတ်ပြီး ငိုခဲ့ဖူးပါတယ်။

    ကဗျာအရေးအသားကို ကြိုက်လို့ လက်မအကြီးကြီး ထောင်သွားပါတယ်ရှင်။

    • maung khinmin

      July 6, 2012 at 10:53 am

      အာဇာနည်နေ ့မှာ..အလိုချင်ဆုံးဆန္ဒကတော့….
      ဝမ်းနည်းခြင်းအထိမ်းအမှတ်..ဥဩသံတွေပြန်ကြားချင်မိတယ်…ဆိုတာပါပဲ

  • P chogyi

    July 6, 2012 at 10:51 am

    ဇူလိုင် ၁၉ ရက်နေ့တိုင်း
    မိုးဖွဲဖွဲလေးရွာနေတဲ့အချိန်မှာ
    မျက်ရည်လည်မိတာအမှန်ပါ။
    လေးစားချစ်ခင်လျှက်ပါ ဗိုလ်ချုပ်ရယ်။

  • mamanoyar

    July 6, 2012 at 10:55 am

    အရမ်းကြိုက်လို့ ဒုတိယလက်မလေး ထောင်သွားပါတယ်ရှင့်

    • maung khinmin

      July 6, 2012 at 11:03 am

      ကျေးဇူးတင်ပါသည်..မမနိုရာ….

  • ခေတ် လုလင်

    July 6, 2012 at 1:20 pm

    အသက် သွေး ချွေး…စွန် ့လှုပေးဆပ်

    ချစ်မြတ် တိုင်းပြည်…ခေါင်းဆောင် ပီသ

    မျှတ လူ ့ဘောင်….ထူထောင် လိုသူ

    သူလို လူကား….ပြိုင်စံ ရှားမို ့

    ငါတို ့ ဂုဏ်ယူ…ကျ် ဇမ္ဗူမှာ

    ဝမ်းသာ ဝမ်းနည်း…မျက်ရည် ရွှဲလျှက်

    ဦးညွတ် လိုက်သည်…အို..ဖခင်..။။။။

    အရမ်းကို နှစ်သက်မိတဲ့ ကဗျာတစ်ပုဒ်အဖြစ်ရင်ထဲသိမ်းဆည်းမိပါသည်။

  • Nyein Nyein

    July 6, 2012 at 1:40 pm

    အရမ်းကောင်းတဲ့ ကဗျာလေးနော်။ လေးလုံးစပ်ပုံစံလေး ဖွဲ့ထားတာ အရမ်းကောင်းပါတယ်။ ကြိုက်လို့ ကူးထားလိုက်ရင်း လက်မလည်း ထောင်သွားပါတယ် ။

  • မောင်ပေ

    July 6, 2012 at 9:24 pm

    မြန်မာအားလုံးအတွက် အမှတ်တရ ဖြစ်ရမယ့်
    အာဇာနည်နေ ့ကို
    နှလုံးသားနဲ ့ခံစား
    စာကဗျာထုဆစ်တဲ့ ဆြာခင်မင်ရေ
    လေးစားပါတယ်။

    • maung khinmin

      July 7, 2012 at 12:16 pm

      ဆြာပေ ရေ…..
      ကျုပ်တို ့မြန်မာတစ်နိုင်ငံလုံးကလူတွေ…
      မမေ့ကြရင်…ပိုကောင်းမှာပါ….

  • ဝမ်းတွင်းရူး

    July 6, 2012 at 10:16 pm

    ငယ်ငယ်က ဥဩောဆွဲသံကို ခဏ ခဏကြားဖူးတယ်။
    ဇူလိုင်(၁၉)့မှည မိုးလဲ သည်းသည်းမဲမဲရွာတတ်တယ်။
    ခုတော့ဖြင့်—–

  • snow white

    July 7, 2012 at 11:04 am

    အမေတို့လည်းပြောဖူးတယ် နဂိုက အာဇာနည်နေ့ဆို ဥဩော ဆွဲသံကြားတာနဲ့မျက်ရည်ကအလိုလိုကျတယ်တဲ့ ဝမ်းနည်းမိတယ် လို့အမေပြောပြဖူးတယ် စနိုးငယ်စဉ်ကနေ ဥဩောဆွဲသံ မကြားဖူးဘူး ဒါကြောင့်ကို maung khinmin ပြောသလိုပါဘဲ ဥဩောဆွဲသံပြန်လည်ကြားချင်မိပါတယ် ကြားဖူးချင်ပါတယ် အာဇာနည်နေ့ကိုတော့ တို့တွေ မမေ့သင့်

Leave a Reply