လွင့်မျောနေတဲ့ တိမ်

◄◄◄ လွင့်မျောနေတဲ့ တိမ် ►►►

~~~~~~~~~~~~~~~~~~~~~~~~~~
♥ ♥ ♥
အတွေးတွေမှာ နစ်မွန်း
စကားသံတွေမှာကျဆုံး
စိတ်အခန့် မသင့်ရင် နှလုံးသားက
အတွေးတွေအကုန်လုံး မင်းယူသွားသလို
ငါ့ရဲ့ ညတွေကိုပါ
မင်းအပိုင်သိမ်းသွားတတ်သေးတယ် ♥ ♥ ♥
♥ ♥ ♥
တောက်ပနေတဲ့ မင်းရဲ့ ကောင်းကင်မှာ
အရောင်မှိန်ကြယ်တစ်လုံးး ငါမဖြစ်ချင်ဘူး
မင်းကို သိမ်ငယ်စေမှာစိုးလို့ လေ ♥ ♥ ♥
♥ ♥ ♥
အနာဂတ် မရေရာတဲ့  ဘ၀မို့ 
အားငယ်မိတာလည်းအခါခါပါ
မပြည့် စုံတဲ့ ဘ၀မို့ 
စိတ်တိုင်းမကျတာလည်းအမြဲပါပဲ ♥ ♥ ♥
♥ ♥ ♥
ပိုင်ဆိုင်ခွင့်ဆိုတာကို မင်းနဲ့ ပတ်သက်လို့ 
မတွေးရဲပေမယ့် စိတ်မှာတော့
မချင့်မရဲ မျှော်လင့်မိနေတယ် ♥ ♥ ♥
♥ ♥ ♥
ချစ်သမျှအချစ်ပိုင်ဆိုင်မှုတွေနဲ့ သာ
ဘ၀တွေပြည့်စုံသွားမယ်ဆိုရင်
အခက်အခဲ ရှိသမျှငါရင်ဆိုင်ရဲပါတယ် ချစ်သူ ♥ ♥ ♥
♥ ♥ ♥
ခုတော့… ♫♪♫♪♫♪♫
အက်ကွဲနေတဲ့ နှလုံးသားအစုံမှာ
စီးဆင်းနေတဲ့ မျက်ရည်စက်လေးတွေက
စမ်းချောင်းလေးတွေအလားဖြစ်တည်နေရပြီပေါ့ ♥ ♥ ♥
♥ ♥ ♥
ချစ်သူရေ …
မင်းကိုချစ်တဲ့ အချစ်တွေကြောင့်သာ
ဆုတောင်းပြည့်ခဲ့ မယ်ဆိုရင် …
ဒီကမ္ဘာပေါ်မှာ ငါက မီလျှံနာဖြစ်နေပြီပေါ့ကွယ် ♥ ♥ ♥
♥ ♥ ♥
နှလုံးသားထဲ က ငါ့ချစ်သူ ရေ
ငါ့ ဘ၀ရဲ့ မသေချာခဲ့ တဲ့ နေ့ ရက်တွေကြောင့်
တောက်ပခြင်းကင်းမဲ့ တဲ့ ဘ၀စာမျက်နှာတွေ နဲ့ အတူ
နူးညံ့ တဲ့  မင်း ရဲ့ ကြင်နာခြင်းတွေ ..
ချစ်ခြင်းတွေကို အသိအမှတ်ပြုယုံထက်အပြင်
ငါဘာများတတ်နိုင်ဦးမှာလဲကွယ် ။ ။
♥ ♥ ♥
ရင်ဘတ်ထဲမှာ စမ်းချောင်းလေးဆက်လက်စီးဆင်းနေပါတယ် ♥ ♥ ♥

ညိုလင်းထွဏ်း အချစ်အတွက် သီကုံးသည် ♥ ♥ ♥
(4.7.2012) 1:00 AM
( Nyolinn Htun facebook ) မှ ကူးယူပါသည် ။

About အမုန်း လုလင်

အမုန်း လုလင် has written 18 post in this Website..

လူလူချင်း ညှာတာထောက်ထားမှု ကင်းမဲ့ တာမျိုးကို လုံး ၀မနှစ်သက်ပါ ။

   Send article as PDF