◄◄◄ လွင့်မျောနေတဲ ့တိမ်►►►

လွင့်မျောနေတဲ ့တိမ်

◄◄◄ လွင့်မျောနေတဲ ့တိမ် ►►►

~~~~~~~~~~~~~~~~~~~~~~~~~~
♥ ♥ ♥
အတွေးတွေမှာ နစ်မွန်း
စကားသံတွေမှာကျဆုံး
စိတ်အခန် ့မသင့်ရင် နှလုံးသားက
အတွေးတွေအကုန်လုံး မင်းယူသွားသလို
ငါ့ရဲ ့ညတွေကိုပါ
မင်းအပိုင်သိမ်းသွားတတ်သေးတယ် ♥ ♥ ♥
♥ ♥ ♥
တောက်ပနေတဲ ့မင်းရဲ ့ကောင်းကင်မှာ
အရောင်မှိန်ကြယ်တစ်လုံးး ငါမဖြစ်ချင်ဘူး
မင်းကို သိမ်ငယ်စေမှာစိုးလို ့လေ ♥ ♥ ♥
♥ ♥ ♥
အနာဂတ် မရေရာတဲ ့ ဘဝမို ့
အားငယ်မိတာလည်းအခါခါပါ
မပြည် ့စုံတဲ ့ဘဝမို ့
စိတ်တိုင်းမကျတာလည်းအမြဲပါပဲ ♥ ♥ ♥
♥ ♥ ♥
ပိုင်ဆိုင်ခွင့်ဆိုတာကို မင်းနဲ ့ပတ်သက်လို ့
မတွေးရဲပေမယ် ့စိတ်မှာတော့
မချင့်မရဲ မျှော်လင့်မိနေတယ် ♥ ♥ ♥
♥ ♥ ♥
ချစ်သမျှအချစ်ပိုင်ဆိုင်မှုတွေနဲ ့သာ
ဘဝတွေပြည့်စုံသွားမယ်ဆိုရင်
အခက်အခဲ ရှိသမျှငါရင်ဆိုင်ရဲပါတယ် ချစ်သူ ♥ ♥ ♥
♥ ♥ ♥
ခုတော့… ♫♪♫♪♫♪♫
အက်ကွဲနေတဲ ့နှလုံးသားအစုံမှာ
စီးဆင်းနေတဲ ့မျက်ရည်စက်လေးတွေက
စမ်းချောင်းလေးတွေအလားဖြစ်တည်နေရပြီပေါ့ ♥ ♥ ♥
♥ ♥ ♥
ချစ်သူရေ …
မင်းကိုချစ်တဲ ့အချစ်တွေကြောင့်သာ
ဆုတောင်းပြည့်ခဲ ့မယ်ဆိုရင် …
ဒီကမ္ဘာပေါ်မှာ ငါက မီလျှံနာဖြစ်နေပြီပေါ့ကွယ် ♥ ♥ ♥
♥ ♥ ♥
နှလုံးသားထဲ က ငါ့ချစ်သူ ရေ
ငါ ့ဘဝရဲ ့မသေချာခဲ ့တဲ ့နေ ့ရက်တွေကြောင့်
တောက်ပခြင်းကင်းမဲ ့တဲ ့ဘဝစာမျက်နှာတွေ နဲ ့အတူ
နူးညံ ့တဲ ့ မင်း ရဲ ့ကြင်နာခြင်းတွေ ..
ချစ်ခြင်းတွေကို အသိအမှတ်ပြုယုံထက်အပြင်
ငါဘာများတတ်နိုင်ဦးမှာလဲကွယ် ။ ။
♥ ♥ ♥
ရင်ဘတ်ထဲမှာ စမ်းချောင်းလေးဆက်လက်စီးဆင်းနေပါတယ် ♥ ♥ ♥

ညိုလင်းထွဏ်း အချစ်အတွက် သီကုံးသည် ♥ ♥ ♥
(4.7.2012) 1:00 AM
( Nyolinn Htun facebook ) မှ ကူးယူပါသည် ။

9 comments

  • မဂွတ် ထော်

    July 6, 2012 at 11:53 am

    နှလုံးသားထဲ က ငါ့ချစ်သူ ရေ
    ငါ ့ဘဝရဲ ့မသေချာခဲ ့တဲ ့နေ ့ရက်တွေကြောင့်
    တောက်ပခြင်းကင်းမဲ ့တဲ ့ဘဝစာမျက်နှာတွေ နဲ ့အတူ
    နူးညံ ့တဲ ့ မင်း ရဲ ့ကြင်နာခြင်းတွေ ..
    ချစ်ခြင်းတွေကို အသိအမှတ်ပြုယုံထက်အပြင်
    ငါဘာများတတ်နိုင်ဦးမှာလဲကွယ် ။ ။

  • mamanoyar

    July 6, 2012 at 12:00 pm

    ကဗျာလေးက ခံစားလို့ကောင်းပါတယ်

  • maung khinmin

    July 6, 2012 at 4:21 pm

    အချစ်နဲ့အတူ…စီးမျောခံစားသွားပါတယ်ဗျာ

  • snow white

    July 6, 2012 at 4:24 pm

    မပြည် ့စုံတဲ ့ဘဝမို ့
    စိတ်တိုင်းမကျတာလည်းအမြဲပါပဲ ♥ ♥ ♥ လူတိုင်းကိုယ်စီ မပြည့်မှုတွေနဲ့ပါလားနော် ခံစားလို့လည်းရတယ် ဖတ်လို့လည်းကောင်းပါတယ် အားပေးတယ်နော် ဆက်လေက်ရေးသားပါအုုံး။။။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 6, 2012 at 4:30 pm

    အနာဂတ် မရေရာတဲ ့ ဘဝမို ့
    အားငယ်မိတာလည်းအခါခါပါ
    မပြည် ့စုံတဲ ့ဘဝမို ့
    စိတ်တိုင်းမကျတာလည်းအမြဲပါပဲ ♥ ♥ ♥
    ♥ ♥ ♥♥ ♥ ♥♥ ♥ ♥♥ ♥ ♥♥ ♥ ♥♥ ♥ ♥
    ကဗျာလေး အရမ်းမိုက်ပါတယ်….
    အားပေးသွားတယ်နော်….။။။။။။။။။။။။

  • ဝမ်းတွင်းရူး

    July 6, 2012 at 6:57 pm

    ယုံကြည်ချက်နဲ ့လမ်းလျှောက်နဲ ့တဲ့ ကလေးပုံက ကလေးလေးပေမယ့်
    အားရ စရာပါ။

  • မောင်ပေ

    July 6, 2012 at 9:51 pm

    မျောလွင့်နေတဲ့တိမ်
    စိတ္တဇဆန်တဲ့ ဒီမိုးများ… ရွာနေတုန်း…
    ငါလွမ်းလို ့ငို….
    မိုးသည်းတဲ့ညတွေမှာ
    ( ကောင်းမြတ် သီချင်းစာသား ပါ )

    • အမုန်း လုလင်

      July 13, 2012 at 8:35 pm

      ဟုတ်ချင်လည်းဟုတ်မှာပါ
      ဒါပေမယ့် နားမထောင်ဖူးပါဘူး ။
      ကျေးဇူးတင်ပါတယ် ။

Leave a Reply