သစ္စာ

သစ္စာ

အရိပ်လိုစိုး  စိတ်ကိုမိုးလို့

မိုးမြေပမာ မြတ်နိုးခင်မင်

သံယောဇဉ်များ ရင်ဝယ်သိုသိပ်

တစ်ပါးသူထံမယိုဖိတ်ဘူး…………ချစ်သူ…

မှန်သောသစ္စာ တိုင်တည်ပါချင်

သခင်သိမလား ခံစားချက်များ

ခိုင်ကြင်ဘဝ တိုင်ပင်ကြရင်း

ထာဝရအပါး တစ်ဖဝါးမခွာဘဲ

ကာလများစွာရှိချင်တယ်….ချစ်ရသူရယ်..

စိမ်းကားတဲ့ ကံကြမ္မာရေ

ဖြေစမ်းပါ……………မင်း

တို့နှစ်ဦး ဆုံစည်းဖို့

ဘရ်လောက်ထိစောင့်ရမှာလဲ…?…….

8 comments

  • mamanoyar

    July 6, 2012 at 12:02 pm

    ကဗျာလေးကို ခံစားဖတ်ရှုသွားပါတယ်ရှင်

  • blackchaw

    July 6, 2012 at 12:44 pm

    Posted by ပန်း ချစ်သူ on Jul 6, 2012 in Arts & Humanities, Buddhism, Celebrity, Christianity, Computer & Cell Phone, Computers & Technology, Consumer Electronics, Contributor, Columnist, Copy/Paste, Cover Faces, Editor’s Choice, Editor’s Notes, Education, Entertainment, Environment, Food, Drink & Recipes, History, How To.., Know-How, DIY, Literature/Books, Mandalay Gazette, Members Only, Movies/TV, Music, Myanma News, Parenting & Pregnancy, Software & Links, Sports & Recreation, World News | 1 comment

    အော် ဖြစ်မှ ဖြစ်ရလေ…။
    တစ်နေ့ကို ပို့စ် နှစ်ပုဒ်ပဲ တင်ခွင့်ရှိပါတယ် ပန်းချစ်သူရေ…။
    အင်း စံနစ်ကြောင့်တော့ မဟုတ်လောက်ဘူးဗျာ…။
    :mrgreen:

    • etone

      July 6, 2012 at 1:50 pm

      အာ .. လေးဘလက်ကြီးဦးသွားတယ် …. ။
      သမီးလည်း အခုလေးတင် ခေါင်းစဉ်အောက်က ကဗျာထက်ပိုရှည်တဲ့ categories ကြီးကို ဖတ်မိရင်း .. ကော့မန့်ဆီ တန်းပြေးလာတာ အဟိ … 😀

  • လတ်လတ်

    July 6, 2012 at 3:09 pm

    ဝုတ်ဘ အဲတာပြောမလို. ……..သများဦးသွားဘီ…… 😀

  • ခပ်မိုက်မိုက် ကောင်မလေး

    July 6, 2012 at 3:43 pm

    အချိန်အတိုင်းအတာ တစ်ခုအထိတော့….
    စောင့်ပေါ့..ပန်းချစ်သူ ရယ်…..
    နော်…………..။။။

    • etone

      July 7, 2012 at 8:54 am

      ကိုပေ …. အူဝဲကတော့ပြောတယ် .. သုံးမိနစ်ပဲ စောင့်တဲ့ အဟိ ဟိ … 😀

  • Gipsy

    July 9, 2012 at 8:53 am

    မှိတ်တုပ်မှိတ်တုပ်ကြယ်ပွင့်တို့သည် ချစ်သူ၏အလှတရားအောက်တွင်ငုပ်လျှိုးကွယ်ပျောက်ကုန်၏။ လရောင်၏လင်းလက်မှုသည် ချစ်သူ့အနီးတစ်ဝိုက်တွင် ဝန်းရံခစားလျှက်ရှိသည်။ ငါ၏ရင်တွင်းမှ နှလုံးသည်းပွတ်တို့သည်ကား သူရိန်နေမင်း၏စစ်ခင်းမှုအောက်တွင် ယိမ်းယိုင်ကျရှုံးပြီး မီးတမျှပူလောင်လွန်းလှချေ၏။ ချစ်သူ၏အပြုံးတို့သည် တစ်ပါးသောသူတို့အတွက် အေးချမ်းရာကိုဖြစ်တည်စေ၏။ ငါ့အတွက်မှာမူကား ချစ်သူ၏အပြုံးတို့သည် မီးပြင်းပြင်းမြစ်ထဲ လက်ပစ်ကူးသလိုခံစားရ၏ ။ ဪ … ချစ်သူသည် ညပျော်နတ်ဘုရားမတစ်ပါ ဖြစ်လို့နေချေပြီ …
    စပ်သူမူရင်း…နဖြိုးစ်( ဒွါရာမြေ ) ဖြစ်ပါသီ…. တဲ့..။

Leave a Reply