မင်းကင်းမြို ့နယ် ကဗျက်ရွာအနီး ရေတွင်းရွှေကျင်လုပ်ငန်းများကြောင့် ချင်းတွင်းမြစ်ရေကို အဓိက အားထားသောက်သုံးနေကြသော ပြည်သူများ ကျန်းမာရေးထိခိုက်မှု ့များရှိနေ

ta muJuly 6, 20121min18412

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကင်းမြို ့နယ် ကဗျက်ရွာအနီး ချင်းတွင်းမြစ်ပေါ်တွင် ရေတွင်းရွှေကျင်လုပ်ငန်းများကြောင့် ချင်းတွင်းမြစ်ရေကို အဓိက အားထားသောက်သုံးနေကြသော

ကျေးရွာနေ ပြည်သူများ ကျန်းမာရေးဆိုးဝါးစွာခံစားနေရကြောင်း သိရှိရပါသည်။

“ မြစ်ပြင်တွေမှာ ရေတွင်းရွှေမှော်လုပ်ငန်းများ လုပ်ဆောင်ခွင့်ကို ပြည်ထောင်စုလွှတ်တော်က တရားဝင်ကန့်သတ်ထားပါတယ်။ ဒီရေတွင်းရွှေမှော်လုပ်ငန်းများမှာသုံးတဲ့ ဓာတုပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းတွေဟာ မြစ်ရေကိုသောက်သုံးသူတွေအတွက် အသက်အန္တာရယ်စိုးရိမ်ရတဲ့အတွက် တားမြစ်ထားတာပါ။ဒါဟာဘာကိုပြသလဲဆိုတော့ အထက်ကဘယ်လောက်ပဲ ဥပဒေတွေချချ အောက်ခြေမှာရှိတဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေက လိုက်နာမှု ့မရှိဘူးဆိုရင် အောင်မြင်မှာမဟုတ်ဘူးဆိုတာကို ပြသလိုက်တာပဲ “ဟု မင်းကင်းမြို ့မှ  မြို ့ခံတစ်ဦးကပြောပါသည်။

အဆိုပါရွှေမှော်လုပ်ငန်းကို ၈၊၆၊၂၀၁၂ ခုနှစ်တွင် မင်းကင်းမြို ့နယ် မြို ့နယ်အုပ်ချုပ်ရေးမှုး ဦး နေလင်းထွန်း မှ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ချပေးခဲ့ပါသည်။အဆိုပါ ရွှေမှော်ကို  ဦးအောင်လင်းက ဦးဆောင်ပြီး အဖွဲ ့(၈)ဖွဲ ့ခွဲကာ လုပ်ဆောင်နေကြပါသည်။

“  ရွှေမှော်လိုင်စင်ကြဖို ့ မင်းကင်းမြို ့နယ် မြို ့နယ်အုပ်ချုပ်ရေးမှုး ဦးနေလင်းထွန်း  ကို ကျွန်တော်တို ့(၈)ဖွဲ ့က စုပေါင်းပြီး ငွေသားစုစုပေါင်း ၂၅ သိန်း ၆ သောင်းကို ၁၂၊၆၊၂၀၁၂ ရက်နေ ့ကပေးခဲ့ရပါတယ်။ရွှေက သိပ်မထွက်သေးတော့  မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူးဖြစ်နေတယ် “ဟု အဆိုပါရွှေမှော်မှ လူငယ်တစ်ဦးက ပြောကြာခဲ့ပါသည်။

 

12 comments

  • mgwalone

    July 6, 2012 at 12:31 pm

    ဝိသမလောဘသမားများ၊ မိမိအကျိုးအတွက်သာ ကြည့်ပြီး အသိပညာ အားနည်းကြသော အောက်ခြေမှာ အုပ်ချုပ်သူများကြောင့် တိုင်းပြည်ရဲ ့ သယံဇာတတွေ ပျက်စီး ဆုံးရှုံးရသလို ပြည်သူတွေလဲ ထိခိုက်ကြတယ်။ ဒါတွေကို မပြင်နိုင်သရွေ ့ တိုင်းပြည်တိုးတက်ဖို့ကတော့…. ရင်လေးစရာပါပဲ။
    ပြောင်းလဲတယ်လို့ ပြောနေပြီး ဒီလိုမျိုးတွေ ရှိနေသေးတာ တိုင်းပြည်အတွက် လုပ်စရတွေ အများကြီး ရှိနေသေးတယ်ဆိုတာကို ပြနေတာပါပဲ။ သက်ဆိုင်သူများ၊ သိသင့်သိထိုက်သူများထံ သတင်းရောက်အောင် ဆောင်ရွက်နိုင်သူများ ကူညီဆောင်ရွက်စေလိုပါတယ်ခင်ဗျား၊ ဆင်ခန်းတံတား(ဧရာဝတီ) နားက ရွှေတူးတဲ့အကြောင်းကိုတော့ တံတားဖွင့်ပွဲသွားတဲ့ သတင်းဂျာနယ်များရဲ ့ ကောင်းမှုနဲ့ အများသိခဲ့ရတာပါ။

  • mamanoyar

    July 6, 2012 at 12:42 pm

    ရွှေလဲသိပ်မထွက်တာအတူ
    ရေလည်းသန့်အောင်
    မကျင်တာပဲကောင်းမယ်ထင်တယ်နော်

  • Nyein Nyein

    July 6, 2012 at 12:53 pm

    မြို့တစ်မြို့ရဲ့ အုပ်ချုပ်ရေးမှူးက အကျင့်ပျက်ရင် အဲဒီ့မြို့သူားတွေအတွက်တော့ အခွင့်အရေးတွေနဲ့ အောင်မြင်မှုတွေ အားလုံး ဆုံးရှုံးတာပါပဲ။ ကိုယ့်မြို့ သာယာတိုးတက်ရေးမကြည့်ဘဲ ငါတစ်ယောက်ကောင်းစားရင်ပြီးရော ဆိုတဲ့လူတွေကိုလက်မခံနိုင်ကြောင်း အားလုံးက ပွင့်ပွင့်လင်းလင်းပြောသင့်တယ်။ ရွှေတူးတဲ့လူတွေအနေနဲ့ကလည်း လူသားအချင်းချင်းစာနာသင့်တယ်။ မမနိုရာပြောသလိုပဲ ရွှေလဲသိပ်မှ မတွက်တာဘဲ မတူးတော့ရင်ကောင်းမယ်။

  • kai

    July 6, 2012 at 2:46 pm

    ဧရာဝတီမြစ်ကျောကရော…
    ကျောက်တူးတာနဲ့.. ရွေဖေါ်တာနဲ့… နှုန်းတွေကျ.. အဆိပ်တွေပါပြီး…
    ဒန်တန်တန်…

  • ခေတ် လုလင်

    July 6, 2012 at 2:48 pm

    ဒေသခံတွေ အသက်အန္တရာယ်ရှိတဲ့ ဒီလုပ်ငန်းတွေကို အမြန်ဆုံး
    ရပ်ဆိုင်းနိုင်ပါစေဗျာ။တာဝန်ရှိသူတွေလည်းကူညီကြပါဦး။

  • htoosan

    July 6, 2012 at 9:55 pm

    ကို tamu ရေ ..သစ်ထူးလွင် ကသတင်း ကူူးတင်ထားတယ်လို့ယူဆမိပါသည်။

    http://www.thithtoolwin.com/2012/07/blog-post_7110.html#.T_cBd5FKNQk

    4. အခြားမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ။

    ဆိုတဲ့ ညာဘက်က ပြာပြာနဲ့ သတိပေးထားတာ ရှိပါတယ်ခင်ဗျာ။ လက်တို့တာပါနော်..

  • မောင်ပေ

    July 6, 2012 at 10:01 pm

    အပေါ်က ကွန်မင့်မှာ ကိုထူးဆန်း ပြောသွားသလိုပါဘဲ…
    သတင်းကို ပေးဖတ်စေချင်တဲ့ စေတနာကို တော့ လေးစားပါတယ်
    ကျွန်တော်တို ့မန်းတလေးဂေဇက်ဝက်ဆိုက် ရဲ ့စည်းကမ်းလေးတွေကိုလဲ လေးစားလိုက်နာစေချင်ပါတယ်။

    • ta mu

      July 7, 2012 at 1:46 pm

      ယခုလို ပြောပြပေးတာကျေးဇူးတင်ပါတယ်။ကျွန်တော့ ရဲ့ မူရင်းစာသားပါ ခင်ဗျာ။

      • htoosan

        July 7, 2012 at 6:02 pm

        ဝမ်းသာပါတယ် ta mu ရေ ။ အခုလိုကိုယ်တိုင်မှုရင်း ဖြစ်ကြောင်းပြန်လာရင်သိပ်ကောင်းမှာ ဘဲလဲ တွေးမိလို့ပါ ။ ဆိုတော့ သစ်ထူးလွင်ကိုလည်း ta mu ပို့တာပေါ့နော် ..
        ကြိုဆိုပါတယ်ဗျာ ။

        • မောင်ပေ

          July 7, 2012 at 7:09 pm

          ကိုတမူး ရေ
          ကိုယ်ပိုင်ဖြစ်ကြောင်း သိရတဲ့အတွက် အရမ်းဝမ်းသာ ဂုဏ်ယူမိပါတယ်
          နောက်ထပ် သတင်းထူးတွေကိုလဲ
          မန်းတလေးဂေဇက်မှာ အမြဲတမ်း လာတင်ပေးပါ ခင်ဗျား။
          လေးစားစွာဖြင့်
          မောင်ပေ

  • snow white

    July 7, 2012 at 5:41 pm

    ဖတ်ရှု သွားပါတယ် သတင်းထူးရှိသေးရင်းလည်းထပ်တင်ပေးပါနော် အားပေးသွားပါတယ် ။။။

Leave a Reply