眠りの不思議 အိပ်စက်ခြင်းရဲ့ အံ့ဩဖွယ်ကောင်းခြင်း

panpanJuly 6, 20121min52755

ရွာသူားများအားလုံး
မင်္ဂလာပါ။
ပန်ပန်ချစ်ပါရှင်။

ဒီနေ့ပန်ပန်ပိုစ့်တစ်ခုတင်လိုက်ပါတယ်။
ဂျာပွန်စာသင်တန်းမှာ သင်ရတဲ့စာပုဒ်လေးကို ဘာသာပြန်ထားတာပါ။
ဖတ်ရတာ အဆီအငေါ်မတည့်ဖြစ်နေရင်လည်း သည်းခံဖတ်ပေးကြပါ။ (စစချင်းဘာသာပြန်တာဆိုတော့ စာလုံးတွေ ဘုကန့်လန့်နေမလားပဲ 🙄 :mrgreen: )
အဲ့ဒီပိုစ့်ကိုတင်ရတဲ့ရည်ရွယ်ချက်က-
(၁) ကိုယ်တိုင်ဂျာပွန်စာကျွမ်းကျင်ရန်
(၂) လေ့လာနေသူများရှိရင်လည်း ဖတ်ပြီးလေ့လာရန်
(၃) ကျွမ်းကျင်ပြီးသူများရှိရင်လည်း မှားတာတွေပြင်ပေးလို့ အဲ့ဒီကနေပညာရယူရန်
(၄) ဒီတိုင်းဖတ်ချင်တဲ့လူတွေလည်း ဖတ်လို့ရရန်
(၅) သဂျီးအိတ်ထဲမှ ပိုက်ပိုက်ရရန် (ခုတလော နေ့တွက်မစီဘူး၊ ပီးတော့ ပြီးခဲ့တဲ့လက လစာဟတ်ထိသွားတယ် 😥 )
အဲ့ဒါကြောင့်ပိုစ့်တင်လိုက်ရတာပါ။
နောက်ထပ်လည်း အလျဉ်းသင့်သလို ထပ်ပြီးဘာသာပြန် ထပ်လေ့ကျင့် ပိုစ့်ထပ်တင် သဂျီးအိတ်ကပ်ထဲကထပ်နှိုက် အဲ့လေ ထပ်ကြိုးစားပါ့မယ်ရှင်။ 🙂

眠りの不思議
အိပ်စက်ခြင်းရဲ့ အံ့ဩဖွယ်ကောင်းခြင်း

どうして人は眠るのでしょうか。私たちは、一日の約三分の一を眠っ
ံလူတွေဘာလို့ အိပ်ကြတာပါလဲ။ ကျမတို့တွေဟာ ရက်၁ရက်ရဲ့ ၃ပုံ၁ပုံလောက်ဟာ
て過ごします。人間の寿命を七十五年とすると、何と私たちは二十
အိပ်စက်ရင်းကုန်ဆုံးကြပါတယ်။ လူတစ်ယောက်ရဲ့သက်တမ်းဟာ ၇၅နှစ်ဆိုပါစို့၊ ကျမတို့တွေဟာ

五年間も眠って過ごすことになるのです。では、この二十五年間につ
အိပ်စက်ခြင်းကြောင့်၂၅နှစ်တောင်ကုန်လွန်ကြပါတယ်။ (ဟိုးတုန်းက စာအုပ်တစ်အုပ်ဖတ်ရတယ်၊ အဲ့လိုပဲ၊ “လူ့သက်တမ်း၇၅ဆို ၂၅နှစ်တောင် အိပ်တာပေ့ါ၊ နှမြောစရာတဲ့”။
ပန်ပန်အစ်ကိုပြောတယ်၊ အဲ့၂၅နှစ်နှမြောရင် မအိပ်ဘဲလမ်းထလျှောက်ပေ့ါတဲ့ 😛 ပြန်ဆက်မယ်နော်)

ဟုတ်ပါပြီ၊ ဒီ၂၅နှစ်နဲ့ပတ်သက်ပြီး နည်းနည်းလောက် တွေးကြည့်ကြရအောင်။
いて、ちょっと考えてみることにしましょう。

眠りについては昔から、多くの学者がいろいろと考えながら研究を進
အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး အရင်တုန်းက ပညာရှင်တော်တော်များများဟာ အမျိုးမျိုးစဉ်းစားတွေးတော့ပြီး သုတေသနကို
ပြုလုပ်ခဲ့ကြပါတယ်။

めてきました。しかし、それらは、例えば目の運動とか呼吸の状態な
ဒါပေမယ့် အဲ့ဒီသုတေသနတွေဟာ ဥပမာပြောရရင် မျက်လုံးရဲ့ လှုပ်ရှားမှုတို့၊
အသက်ရှုထုတ်တာရဲ့အခြေအနေစတာတွေကို စဉ်းစားတာဖြစ်ပါတယ်။

どで考えられていたのです。これがもっと科学的に研究されるようにな
ဒီအိပ်စက်ခြင်းကို သိပ္ပံပညာရပ်ဆိုင်ရာသုတေသနလုပ်ခဲ့တာ အချိန်အားဖြင့်တော်တော်ကြာခဲ့တာကတော့

ったのは、一九二九年に脳波が発見されてからのことです。脳波とい
၁၉၂၉ခုနှစ်မှာ ဦးနှောက်လှိုင်းလှုပ်ရှားမှုကို စတင်တွေ့ရှိခဲ့ရတာကြောင့်ပါ။

うのは、脳が働くときに起こる、非常に弱い電流(電気の流れ)の変
ဦးနှောက်လှိုင်းလှုပ်ရှားမှုဆိုတာက ဦးနှောက်အလုပ်လုပ်တဲ့အချိန်မှာ ဖြစ်ပေါ်တဲ့ အားပျော့လျှပ်စီးပြောင်းလဲတာကို

化を記録したものです。
မှတ်တမ်းတင်ထားတဲ့ကိစ္စ ဖြစ်ပါတယ်။

脳波を研究することで、今日では眠りについて、色々な事が分かって
ဦးနှောကလှိုင်းလှုပ်ရှားမှုကို သုတေသနပြုတဲ့ကိစ္စကြောင့် ယနေ့မှာ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး
အမျိုးမျိုးသော နားလည်လာပါတယ်။

きました。例えば眠りの形、少し難しく言いと、眠りの段階は大きく四
ဥပမာ အိပ်စက်တယ်ဆိုတဲ့Pattern၊ နည်းနည်းခက်ခက်ပြောရရင် အိပ်စက်ခြင်းရဲ့ အဆင့်(Level)ကို

つに分けるのができます。つまり、眠りに入る段階から深い眠りの段
အပိုင်းကြီး၄ပိုင်း ခွဲနိုင်ပါတယ်။ တနည်းအားဖြင့်၊ စပြီးအိပ်မောကျတဲ့အဆင့်ကနေ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျတဲ့

階まで、四つの段階があると言う事です。そして、この四つを一つのサ
အဆင့်အထိ အဆင့်၄ခုရှိတယ်လို့ ဆိုလိုတာပါ။ ဒါ့ပြင် အဲ့ဒီ၄ဆင့်ကို ၁ခုစီcyclingအနေနဲ့ထားရင်၊

イクルとして、人は一晩に、これを四、五回繰り返すのです。ついでに
လူဟာ တစ်ညမှာ အဲ့ဒီ၄ဆင့်ကို လေးငါးကြိမ် ထပ်ခါထပ်ခါဖြစ်ပါတယ်။

言うと、私たちが夢を見るのは、四番目の深い眠りから、最初の眠り
တလက်စတည်းပြောရရင် ကျမတို့တွေဟာ အိပ်မက်မက်တာက ၄အဆင့်မြောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်တဲ့နေရာကနေ

に入る段階に戻るときなのです。また、ヘビは眠るけれども、魚は眠
စအိပ်တဲ့အဆင့် နံပါတ်၁ကို ပြန်သွားတဲ့အချိန်မှာ မက်တာပါ။ ပြီးတော့ မြွေတွေဟာအိပ်စက်ပြီး

らないということも分かっています。
ငါးတွေကတော့ မအိပ်ဘူးဆိုတာကိုလည်း နားလည်လာပါတယ်။ (ဘာဆိုင်တယ်တော့ မသိဘူး ဟီး :mrgreen: )

ところで、先に書いた二十五年間を眠らないで過ごしたら、どうなる
တလက်စတည်း ရှေ့မှာရေးခဲ့တဲ့ ၂၅နှစ်ဆိုတဲ့အချိန်ကို မအိပ်စက်ဘဲ ကုန်လွန်တယ်ဆိုရင်

でしょう。もっと勉強するなんていやだとか、仕事が増えて困るとか、
ဘယ်လိုများဖြစ်လာမလဲ။ ပိုပြီး စာသင်တာ၊ လေ့လာတာတွေဖြစ်လာမယ်၊ အလုပ်တွေပိုလာလို့ ဒုက္ခများတာတို့၊

遊び時間が増えるからいい、などといろいろな声が聞こえてくるようで
ဟိုဟိုဒီဒီလည်ပတ်ဖို့အချိန်လည်း ပိုလာလို့ကောင်းတယ်၊ စသည်အမျိုးမျိုး အသံတွေကြားရမယ်နဲ့ တူပါတယ်။

す。でも実際に死ぬまで全然眠らないというのは、無理なことです。
ဒါပေမယ့် တကယ်တော့ မသေခင်စပ်ကြားအထိ လုံးဝမအိပ်ဘူးဆိုတာကတော့၊ မဖြစ်နိုင်တဲ့ကိစ္စပါပဲ။

十一日間ずっと眠らなかった人の例が記録に残っていますが、それで
ဆယ့်တစ်ရက်လုံးလုံး ဆက်တိုက်မအိပ်ခဲ့တဲ့လူတစ်ယောက်ရဲ့ မှတ်တမ်းကတော့ ရှိပေမယ့်လည်း၊ အဲ့ဒါက

もたった十一日間なのです。やはり私たちの心や体は、明日の活動
တကယ်ကို ဆယ့်တစ်ရက်ကာလသာဖြစ်ပါတယ်။ ထင်တဲ့အတိုင်း ကျမတို့ရဲ့ စိတ်၊ ခန္ဓာကိုယ်ဟာ၊ မနက်ဖန်မှာ

のために疲れを取ろうとして眠るのでしょう。もし眠れなくても、そんな
လှုပ်ရှားဖို့အတွက် ပင်ပန်းမှုတွေကိုဖြေဖျောက်ဖို့အနေနဲ့ အိပ်စက်တာလေ။ တကယ်လို့ မအိပ်နိုင်ဘူးဆိုရင်လည်း

に心配する必要はありません。眠らなくても静かに目を閉じているだ
အဲ့ဒါအတွက် စိုးရိမ်ဖို့မလိုအပ်ပါဘူး။ မအိပ်ပေမယ့်လည်း သေချာတာကတော့ မျက်လုံးကိုပိတ်နေရုံနဲ့

けで心身は安らかになります。そういうときは、眠りの不思議について
ကိုယ်စိတ်နှစ်ဖြာလန်းဖြာနိုင်ပါတယ်။ အဲ့လိုပြောလိုက်တဲ့အခါ အိပ်စက်ခြင်းရဲ့ အံ့ဩဖွယ်ကောင်းခြင်းနဲ့ပတ်သတ်ပြီး

ちょっと考えてみってください。
နည်းနည်းလောက်တွေးကြည့်ကြပါလား။

ရွှင်လန်းကြပါစေ။

55 comments

  • Inz@ghi

    July 6, 2012 at 1:51 pm

    やったじゃん。。。。。
    😀

    • pan pan

      July 6, 2012 at 1:55 pm

      ကိုဂီ အမှားရှိရင် ပြင်ပေးဦးနော် :mrgreen:
      (^_^)

    • Inz@ghi

      July 6, 2012 at 1:56 pm

      အဲ…. ပန်ပန် က နာမည် ၃လုံးပါလား …
      ရှေ့၂လုံးပဲ သိခဲ့တာ …
      ဂုဒေါ့ ၃လုံး ရှိမှန်းသိဘီ…
      😀
      နောက်ဆုံးအလုံးပဲ …အဖျားဆွတ်ခေါ်ရမား ..ဟင်င်င်င်င်

      • pan pan

        July 6, 2012 at 2:07 pm

        အကျိလေးမြင်ပါဇေတော် 😆

  • amatmin

    July 6, 2012 at 2:24 pm

    ကိုယ့်ဘာသာတောင်.တနေ့ပြီးတနေ့
    အသက်လေးရလာလို့..
    အိပ်ဖို့ကို နှမြောနေတာကို..
    သူ့ပို့စ်ဖတ်မိလိုက်ကာမှ. ပိုဆိုး..
    အိပ်စက်ခြင်းရဲ့ အံ့ဩဖွယ်ကောင်းခြင်းက
    ဒီတိုင်းတွေးလို့ရလောက်ဘူး..
    အိပ်ရင်းတွေးမှ ပိုပေါ်လွင်မယ်ထင်ပ.. 🙂
    ခုတော့ ဘူးသီးငါးပေါင်းကြော်စာတွေကြောင့်
    ပိုအိပ်ချင်သွားတယ် 😛

    • pan pan

      July 6, 2012 at 3:26 pm

      အူးမတ်ရုံးမှာ အိပ်အိပ်နေတာမလား
      သူများငါးပေါင်းကြော်ကြောင့် အိပ်ချင်ရတယ်တဲ့
      စွပ်စွပ်စွဲစွဲ 😛
      အသက်ကလေးလည်းရလာပြီနော
      ဟိ

      • နွေဦး

        July 6, 2012 at 5:17 pm

        အမတ်မင်း ပါဆို ရုံးမှာ အိပ်ပါ့မလား…ခေတ်နောက်ကျနေဘီ..
        လွှတ်တော်ထဲရောက်မှ အိပ်မှာပေါ့…းP

  • လူ ဟား

    July 6, 2012 at 2:31 pm

    အိပ်စက်ခြင်း အနုပညာလို့ ခေါ်သင့်ပါတယ်… လူဟားတို့ အအိပ်ဆိုလာခဲ့ အရမ်းကြိုက်.. အထူးသဖြင့် မနက် ၆နာရီ နဲ့ ၉နာရီ ကြားကတော့ အိပ်လို့ အကောင်းဆုံး… ခုတောင် အိပ်ချင်လာဘီ..ဝါး….

  • မဂွတ် ထော်

    July 6, 2012 at 2:32 pm

    非常感谢你

  • Wow

    July 6, 2012 at 2:45 pm

    (ဟိုးတုန်းက စာအုပ်တစ်အုပ်ဖတ်ရတယ်၊ အဲ့လိုပဲ၊ “လူ့သက်တမ်း၇၅ဆို ၂၅နှစ်တောင် အိပ်တာပေ့ါ၊ နှမြောစရာတဲ့”။
    ပန်ပန်အစ်ကိုပြောတယ်၊ အဲ့၂၅နှစ်နှမြောရင် မအိပ်ဘဲလမ်းထလျှောက်ပေ့ါတဲ့ 😛 ပြန်ဆက်မယ်နော်)

    အအိပ်မက်သူမို့ ပန်ပန်ပြောတာကို အပြည့်အဝထောက်ခံပါတယ်။ မအိပ်ချင်သူတွေ လမ်းထလျှောက်နေပါစီ။
    ကြားဖူးတာတော့ ရေအသက်တစ်မနက်၊ ထမင်းအသက်ခုနှစ်ရက်တဲ့ … လူသိမများတာကတော့ မအိပ်ရင်လဲ သေနိုင်တယ်ဆိုတာပါပဲ….

  • ဇောက် ထိုး

    July 6, 2012 at 2:57 pm

    ဗဟုသုတရတယ်ဗျာ.. မျက်လုံးမှိတ်ထားရုံနဲ့ အိပ်စက်သလိုဖြစ်တယ်ဆိုတာ ခုမှသိတာပဲ… တဦးထဲထိုင်နေတဲ့အခါ မျက်လုံးမှိတ်ထားရင် ပိုအကျိုးရှိမလားလို့…တကယ်နှစ်သက်ပါတယ်။

    • ကိုရင်မောင်

      July 6, 2012 at 3:07 pm

      သိပ်ပင်ပန်းလာတဲ့အခါ မျက်လုံးမှိတ်ပြီးအနားယူယင်း တကယ်အိပ်ပျော်သွားတာများပါတယ်
      တခါတုန်းကအလုပ်ကလဲမပြီး အိပ်ချင်တာကလဲအရမ်းဖြစ်လာတဲ့အခါ..
      စာရင်းတွက်နေယင်းအိပ်ပျော်သွားလိုက်တာ
      နိုးလာတဲ့အခါ စာရွက်ပေါ်မှာဘော့ပင်နဲ့ထောက်ပြီးအဝိုင်း ဝိုင်းသလိုမျိုး ချစ်ရာတွေ
      ဖြစ်နေတာကြုံဘူးတယ်….
      သိပ်အိပ်ချင်လာယင်၁၅မိနစ်လာက်ဘဲဖြစ်ဖြစ်မှေးလိုက်ယင်…
      အိပ်ရေးဝသလိုမျိုးဖြစ်ပြီး ဆက်အလုပ်လို့ရသွားတတ်တယ်…

  • ကိုရင်မောင်

    July 6, 2012 at 2:58 pm

    ပန်ပန်ရယ် ၂၅နှစ်အိပ်ချိန်ပေးလို့လဲ ၇၅နှစ်ထိအသက်ရှင်နေကြတာပါ…
    လုံးဝမအိပ်ဘဲနေမယ်ဆိုယင်တလတောင်အသက်ရှင်နေနိုင်ပါမလား…
    အနားယူရမဲ့အချိန်အနားယူကြရမှာပါ
    ဒါကိုနှမြောနေယင် သက်တမ်းစေ့နေကြရမယ်လို့မထင်မိပါကြောင်း…..

    • pan pan

      July 6, 2012 at 3:35 pm

      ဟုတ်ပါတယ် ကိုရင်မောင်
      အနားယူရမယ့်အချိန်မှာ အနားယူသင့်ပါတယ်

      やはり私たちの心や体は、明日の活動
      ထင်တဲ့အတိုင်း ကျမတို့ရဲ့ စိတ်၊ ခန္ဓာကိုယ်ဟာ၊ မနက်ဖန်မှာ

      のために疲れを取ろうとして眠るのでしょう。
      လှုပ်ရှားဖို့အတွက် ပင်ပန်းမှုတွေကိုဖြေဖျောက်ဖို့အနေနဲ့ အိပ်စက်တာလေ။

  • ဆူး

    July 6, 2012 at 3:03 pm

    ရက်စက်လိုက်တဲ့ ပန်ပန် ရယ်.. ဒီရက်ပိုင်း အင်တာနက်က တခါမှ မတူအောင် ကို နှေးနေတာ.. စာမျက်နှာ တခု ဖွင့်ပြီးရင် တဝက်နဲ့ ရပ်နေတာကို အကုန်ကြည့်နိုင်အောင် အိပ်စောင့်ရတယ်။ အခုတောင် တရေးအိပ်ရင်း စောင့်ဖွင့်တာ တိုက်ဆိုင်စွာနဲ့ တချက် ဝင်သွားလို့ မန်းလိုက်တာ… အဲလို အချိန်မျိုးမှာ အိပ်တာ အချိန်ကုန်တယ် ဆိုတော့ ဘယ်လို လုပ်ရပါ့မလဲကွယ်.. စိတ်မကောင်းလိုက်တာ.. 🙁

    ပုံမှန် လူ တယောက်က မအိပ်ပဲနေလို့ကို မရနိုင်ဘူး ထင်တယ်။ အိပ်တဲ့ အချိန်မှာ နိုးကြားနေတဲ့ အစိတ်အပိုင်းတွေ အကုန် အနားရတယ်လို့ သိထားပါတယ်။ နှလုံးခုန်နှုန်းလည်း နှေးသွားတယ်။ အသက်ရှုနှုန်းလည်း နှေးလာမယ်။ သွေးလည်ပတ်မှု နှုန်းလည်း နှေးသွားတယ်။ ခဏတာ အနားမရပဲ မြန်နှုန်းမြင့် လည်ပတ်ရမယ် ဆိုရင်တော့ သေပြီ ဆရာပါပဲ။

    • pan pan

      July 6, 2012 at 3:38 pm

      မအိပ်ဘဲတော့ မနေနိုင်ပါဘူးမဆူးရေ

      十一日間ずっと眠らなかった人の例が記録に残っていますが、それで
      ဆယ့်တစ်ရက်လုံးလုံး ဆက်တိုက်မအိပ်ခဲ့တဲ့လူတစ်ယောက်ရဲ့ မှတ်တမ်းကတော့ ရှိပေမယ့်လည်း၊ အဲ့ဒါက

      もたった十一日間なのです。やはり私たちの心や体は、明日の活動
      တကယ်ကို ဆယ့်တစ်ရက်ကာလသာဖြစ်ပါတယ်။

      ၁၁ရက်ထဲလို့ပြောချင်တာပါ၊ ၁၁ရက်တည်းမို့ မအိပ်ဘဲနေလို့ရတာပေ့ါ၊ တကယ်ကိုတိုတောင်းပါတယ်၊ ၂၅နှစ်နဲ့ ယှဉ်လိုက်ရင် 🙂

  • Moe Z

    July 6, 2012 at 3:09 pm

    ပန်ပန်ရေ
    အိပ်ချိန်သတ်သတ်မှတ်မှတ်မရှိပဲ တစ်ရက်ကို စုစုပေါင်း
    ၄ နာရီလောက်ပဲအိပ်ပြီးနေဖူးတယ် (တစ်နှစ်နီးပါး)
    စိတ်ကြောင့်ပဲလားတော့မသိ ဘာမှဆိုးကျိုးမရှိခဲ့ဘူး
    အဲဒီကာလပြီးသွားတော့ တစ်ရက်ကို ၆နာရီအိပ်ဖြစ်တယ်
    မျက်စိအကျင့်ဆိုတဲ့အတိုင်း အကျင့်ပါပြီး သူ့အချိန်နဲ့သူဖြစ်သွားတာပါပဲ…

    • Inz@ghi

      July 6, 2012 at 3:12 pm

      Bone growth mostly occurs during sleep ဆိုလား ဖတ်ဖူးတာလေးပြောပါတယ်

      အာ. ဟိ
      ဒက်ဂလောက်

    • pan pan

      July 6, 2012 at 3:42 pm

      အင်းနော်
      အဲ့ဒါလည်း အံ့ဩစရာပဲ
      ပန်ပန်တောင် ဒီပိုစ့်လေးရေးတော့ နှစ်ညလောက်ညဉ့်နက်တယ်
      (ချက်နေတာလည်း ပါတာပေ့ါ) ဟိ
      အဲ့လာ ည၃နာရီလောက်မှအိပ်တာ ဆက်တိုုက် (ပိုစ့်အတွက်၂ညအပါအဝင်)
      မနက်လည်း ၆နာရီလောက်ထရတယ်လေ
      ရုံးရောက်တော့လည်း မငိုက်ပါဘူး
      အဲ့….မနေ့ညက ၁၁လောက်အိပ်လိုက်မှ မနက်ရုံးသွားနေတုန်းတောင် ခေါင်းနောက်နေသေးတယ်
      🙄

      • Inz@ghi

        July 6, 2012 at 3:45 pm

        マジ????
        ありえねなああ。。。。。

        • pan pan

          July 6, 2012 at 4:35 pm

          はい。
          どう思うの? (^3^)

  • lynn lynn

    July 6, 2012 at 3:13 pm

    အိပ်စက်ခြင်းရဲ့ အံ့ဩဖွယ်ကောင်းခြင်းကို အပြည့်အဝထောက်ခံပါတယ်။ ပြောရင်းနဲ့ အခုတောင် အိပ်ငိုက်နေပြီ။ ဝါး ———အိပ်ရင်းနဲ့ လိုင်းတက်တာ စောင့်လိုက်အုန်းမယ်။

  • မောင်ပေ

    July 6, 2012 at 3:16 pm

    ဆိုးဒက်စက
    အာရိဂတ်တော
    ဟီဟိ
    ပန်လေးကိုဂျစ်မိမှတော့
    ကိုပေလဲ လေ့လာရပါပြီကွယ်
    မအိပ်ဘဲနဲ ့တော့ မနေနိုင်ပေါင်

  • manawphyulay

    July 6, 2012 at 3:29 pm

    ကဲ မိချစ်ပန်ပန် ဂျပန်စာ တိုးတက်ဖို့ လုပ်တာကတော့ ဟုတ်ပါပြီ။ ဂျပန်လို တတ်တဲ့သူပဲ ဖတ်နိုင်မယ့်ပုံစံတော့ မလုပ်ပေးပါနဲ့ နောက်တစ်ဘာသာ ထပ်တိုးပြီး အင်ဂါလိတ်လိုလေး ဘာလေးလည်း ထည့်ပေးပါဦး ဒါမှ ဂီဂီတို့ လာမှုတ်ရင် ပြန်မှုတ်လို့ရအောင် စီစဉ်ပေးပါဦးနော်။

    • manawphyulay

      July 6, 2012 at 3:32 pm

      မိလို့သုံးနှုန်းထားတာက ချစ်စနိုးနဲ့နော် တော်ကြာ စိတ်ဆိုးသွားမှာစိုးလို့ ပြန်လည်ရှင်းပြပေးထားတာ ကိုယ့်ညီမလေး စိတ်ဆိုးမှာကို ကြောက်လို့… 🙁

      • Inz@ghi

        July 6, 2012 at 3:36 pm

        ရဝူး ..စိတ်ဆိုးဒယ်..
        နာမည်ကို ဇောက်ထိုးခေါ်တာ က တမှု
        မိ ထပ်တပ် တာက တမှု
        ပေါင်း နှစ်မှု
        😛
        ခေါ်ဂျင်ရင် ကျုပ်လို
        ခွင့်တောင်းပီးမှ ခေါ်ရဒယ်ဗျ…
        😀
        ဟုတ်တယ် နော် ခြစ်…??
        😀
        အဟိ…

        • pan pan

          July 6, 2012 at 3:46 pm

          တိန်! to ကိုဂီ

          မမနောရယ်
          စိတ်ဆိုးပါဘူး
          မိလို့တပ်လိုက်တော့ မွန်မလေးဖြစ်သွားတာပေ့ါ
          အဟဲ…မွန်သူတွေက ချောတယ်ဗျ
          အချက်အပြုတ်လည်းကောင်းဆိုပဲ ဟိ 😛

        • manawphyulay

          July 6, 2012 at 4:09 pm

          မိမနောတို့ကတော့ မွန်အစားအစာ မုန့်ဟင်းခါး ငှက်ပျောအူများများနဲ့ ကောင်ညှင်းပေါင်းထည့်စားတာကို ပိုအနှစ်သက်ဆုံးပဲသိလား….

  • snow white

    July 6, 2012 at 3:59 pm

    စနိုးဒါကြောင့်ဂေဇက်ကမထွက်ဘူးလို့ပြောတာပေါ့ ကဲဗဟုသုတတစ်ခု ထပ်ရပြန်ပြီ မမပန်ပန် ချစ်ညီမလေး ဖတ်လည်းဖတ်သွားတယ်နော် လေ့လာလည်းလေ့လားသွားတယ် မှတ်ယူသွားတာလည်းပါတယ်နော်

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 6, 2012 at 4:08 pm

    ဟိုအပေါ်ကဘွားဒေါ်ဒွေ
    ကိုယ့်ဖာသာ ကိလေသာထခြင်တာထဘာ
    မွန် လူမျိုးတွေကို ဂျပန်ဇာတ်ထဲစွဲမစိဘာနဲ့
    အိပ်တယ်ဆိုတာ မောဟ မောဟ 👿

  • Mon Kit

    July 6, 2012 at 4:30 pm

    ညီမ ပန်ပန်ရယ်.. မ တော့လေ.. အစားမမက်ဘူး… အအိပ်တော့ အရမ်းမက်သကွဲ့…
    အစားနဲ့ အအိပ်မှာ အအိပ်ကိုဘဲ ဦးစားပေးမိဒယ်… 😀

  • အရီးခင်လတ်

    July 6, 2012 at 4:32 pm

    ပန်ပန်
    ဂျာပွန် စာ ကို ဒီလို ဖတ်နိုင်၊ ဘာသာပြန်နိုင် မှတော့ အပြောမှာ မွတ်နေမှာဘဲ။
    အားကျ စေချင် လွန်းလို့ ဆိုတာ ကို တွေ့ပြန်ပြီ။
    ဒီလို ကလေး တွေ တော်တာ တွေ့ရ တိုင်း ကကြီးမိုက် ပြောခဲ့ဘူး သလို ဘဲ ပြန်ငယ်ချင်တယ်။
    ကိုယ့်မလုပ်ခဲ့တာ တွေ ပြန်လုပ်ချင်လို့။

    အိပ်တာ ကတော့ အိပ်ရေးဝဝ အိပ် အနားယူ ရမယ် ဆိုတဲ့ ပရိုဂရမ်ကြီး က ခန္တာထဲ မှာ ထည့် ထား မှတော့ ကုန် နေတဲ့ အချိန်တွေ ကို မနှမြော သင့်တော့ ပါဘူး သမီးရယ်။
    အိပ်နေတာ ဘတ်ထရီ သွင်းနေတဲ့ အလုပ်လို့ မှတ်ပါတယ်။
    မအိပ်ဘဲ ဘယ်လောက် တင်းထားထား မရဘူးလေ။
    နားဖို့ အရမ်းလိုလာရင် ပရိုဂရမ်ကြီး က ရီဆက် လုပ်ချလိုက်တာဘဲ။
    ဟုတ်တယ်ဟုတ်။ (ဘယ်သူ တွေ ရဲ့ အပြောလဲ?) 😉

    တိုက်တဲနစ် ထဲ မှာ မင်းသမီး က သစ်သားပြား ပေါ်မှာနေပြီး မင်းသားလက် ကို အတင်းဆုတ်ထား၊ မအိပ်အောင် တင်းထား လဲ၊ ပရိုဂရမ်ကြီး က ရီဆက် လုပ်လိုက်တော့ မင်းသား ကြွ သွားတာ ကို မသိလိုက်ရဘူး။
    ဆိုင်လားတော့ မသိဘူးအေ။ ပြောချင်ရာ လျှောက်ပြောနေတာ “အီနု” (犬) လွှတ် ပါ။ 😛

    • pan pan

      July 6, 2012 at 4:41 pm

      အိပ်တာတော့ အချိန်ကုန်မှာပဲ
      အဲ့ဒါနှမြောနေရင် အရီးပြောသလို ခန္ဓာကိုယ်တွက်ချာဂျင်မပြည့်ရင် သူဟာသူရပ်သွားမှာပဲ
      တိုက်တန်းနစ်ထဲကလို သိပ်ချစ်ကြတဲ့ချစ်သူတောင်မှ အိပ်ငိုက်သွားရင်မေ့တာပဲဆိုတော့
      ဟိဟိ
      အိပ်တာက ပိုချစ်ဖို့ကောင်း တန်ဖိုးရှိ
      အနိစ္စ :mrgreen:

      • အရီးခင်လတ်

        July 6, 2012 at 4:52 pm

        That’s a point. 🙂
        အိပ်တာကို ဘာနဲ့မှ လဲမရ။ 😀

  • padonmar

    July 6, 2012 at 8:47 pm

    ပန်ပန်လေးရေ
    အန်တီကတော့ အိပ်လို့ကုန်တဲ့အချိန်တွေသိပ်နှမျောတာပဲ။တတ်နိုင်ရင် မအိပ်ပဲနေချင်တယ်။
    ဂျပန်စာ ကျွမ်းကျင်အောင် အခြေခံလေးတွေလည်း သင်ပေးပါလား။
    တီချယ်ကြီးရဲ့ ပို့စ်တွေလိုလေ။

    • pan pan

      July 7, 2012 at 2:14 am

      ဟုတ်ကဲ့ အန်တီ
      အဲ့….ဘယ်လိုသင်ရမှန်းမသိလို့ 🙄

  • ကြောင်ဝတုတ်

    July 6, 2012 at 10:10 pm

    မူးလဲနေပြီ
    ပန်လေးပြောသလို
    အိပ်တာပဲကောင်းပါတယ်ကွယ်

    အစ်ကိုကြီး
    ကြောင်ဝတုတ်

  • tar tar

    July 6, 2012 at 11:36 pm

    အိကလိစာ အခြေခံ abc လောက် သိတော့ အသံထွက် လိုက်ဖတ်လို့ ရသေးတယ် ခုဟာက ဘယ်စလုံးကို ဘယ်လိုအသံထွက်ရပါ့မလဲ ခတ်တယ် အန်တီပန်ပန်….ခတ်တယ် …..ဟင်းးးးးးးးးးးးးး

    • pan pan

      July 7, 2012 at 2:30 am

      အင်း
      ဟုတ်ပါရဲ့
      အဲ့ဒါလေ အောက်ကမြန်မာလိုရေးထားတယ်ဆိုပြီး မြန်မာလိုဖတ်ရင်ရတာပေ့ါလို့ပဲ စဉ်းစားမိလို့ပါနော် 🙂

      • အရီးခင်လတ်

        July 7, 2012 at 2:32 am

        ဟဲ့ ပန်ပန်
        အိပ်စက် ရမှာ အချိန်တွေ နှမြောပြီး စာတွေ ထရေးနေတာလား။
        ဒီကောင်မလေးတော့ မနက်ဖြန် အိပ်ငိုက်တော့မယ်။
        အိပ်တော့။ 🙂

        • pan pan

          July 7, 2012 at 3:04 am

          ဟုတ်အရီး
          ခုတရေးနိုးလာတာပါ
          ဖုန်းသံကြောင့်လန့်နိုးပြီး မျက်စေ့ကြောင်သွားလို့ 🙂
          (အဲ့ဖုန်းသံက ရွာထဲကလူတစ်ယောက်လက်ချက်ပဲ 👿 )

        • အရီးခင်လတ်

          July 7, 2012 at 3:55 am

          ညကြီးမင်းကြီး မကောင်းပါဘူးဟယ်။
          ဒီလိုမလုပ်ပါနဲ့။
          လူကြီး တွေလဲ မတော်လို့ ကြားပြီး နိုးသွားဦးမယ်။
          ခင်မင်မှု ကို တလွဲမသုံးသင့်ဘူးနော်။

        • Inz@ghi

          July 7, 2012 at 5:45 am

          ウソ
          Lol

  • MaMa

    July 7, 2012 at 6:55 am

    (ငါးတွေကတော့ မအိပ်ဘူး)
    ခုမှပဲ သိတော့တယ်။
    အရင်က ငါးတွေအိပ်သလား။ အိပ်ရင် ရေထဲမှာ ဘယ်လို နေမလဲလို့ စဉ်းစားဘူးတယ်။ 🙂
    a i u e o
    a ka sa ta na ha ma ya r w
    လောက်တော့ သင်ဖူးတယ်။
    အသံထွက်လောက် သိတော့လည်း နည်းနည်းပါးပါး ရွှီးတတ်ရင် လူရှိန်တာပေ့ါ။ :mrgreen:

  • ပေးကလန် ငါ့ကို အသက်ကြီးမှ စာထပ်သင်ချင်စိတ်ပေါက်အောင်လုပ်နေပြန်ပြီနော်။
    ငါအိပ်ချိန်ကတော့ပုံမှန်12း00 to 5း10 ဒီလိုနေခဲ့တာ ကြာပေါ့

  • Yin Nyine Nway

    July 7, 2012 at 12:22 pm

    共有のためにあなたに感謝
    睡眠は人間のために良いです。

  • bo phyu

    July 7, 2012 at 12:49 pm

    အိပ် တော့မှလန်းသွားမှာ ပါ ဒီတော့ဘယ်သူအိပ်အိပ် မအိပ်အိပ် တို့ကတော့အိပ်မှာပါဘဲ ပေး၁၀

  • marblecommet

    July 8, 2012 at 5:15 pm

    ကျုပ် မျက်ရည် ဝိုင်း ရတဲ့ပို့(စ်) ပါလားကွယ်
    အိပ်ချိန်လုနေရတဲ့ ကျုပ်
    ပန်ပန့် ပို့(စ်)ကို ဖတ်ပြီး
    စိတ်ထိခယက်သွားဘီ….

    • pan pan

      July 9, 2012 at 9:04 am

      အူးကမ်းက ညမအိပ်လူသားဖြစ်နေတာကိုးဗျ
      အူးကမ်း ဒီလူကြီး ညညဘာတွေလုပ်နေလဲမသိဘူး ဟိ
      ပြီးတော့ မျက်ရည်ဝိုင်းသတဲ့ ခိခိ 😛

  • ကြောင်ကြီး

    July 9, 2012 at 10:13 am

    ပန်ပန်ချစ်
    ကြံဖန်ရစ်
    လှံတံပစ်
    မြန်ဆန်လစ်…
    မြတ်စွာဘုရား ထားခဲ့တဲ့ ဓူတင်ထဲမှာ မအိပ်ဘဲနေရတဲ့ (မောဟကိလေသာကို ဝီရိယနဲ့တိုက်ခြင်း) ဓူတင်ရယ်လို့ ထင်ထင်ရှားရှားရှိတယ်။ အဲဒီဓူတင် အကျင့်ကို ယနေ့မျက်မှောက်ခေတ်မှာကို စောင့်ထိန်းနေကြသူများရှိတယ်။ သာသနာ့သမိုင်းမှာတော့ ရှင်မဟာကဿပ ရဟနာ္တရှင်မြတ်ကြီး စောင့်ထိန်းပြခဲ့တယ်ထင်တယ်။ ဆရာမောင်သွေးချွန် ပူဇော်တဲ့ ရေနံချောင်းမြို့က တောထွက်ကိုယ်တော်ကြီးတပါး ထေရုပတ္တိမှာ အဲဒီအကြောင်းပါတယ်။ အဲဒီဆရာတော် သက်ရှိထင်ရှား ရှိနေသေးတယ် ထင်ပါတယ်။ စကားဝါမြေ စာကြည့်တိုက်မှာတင်ထားတာ တွေ့တယ်။ ဖတ်ကြည့်ပါ။ http://library.sagarwarmyae.info/2045

  • Inz@ghi

    July 9, 2012 at 10:36 am

    ခြစ် …
    ကျုပ် တော့ ..不眠症 ရနေဘီ
    ခြစ် …
    ကယ်ပါဦး
    ခြစ်…

    ဝှါး….
    🙁

  • antimoe

    July 9, 2012 at 7:44 pm

    ပန်ပန်ရေ….
    တော်တယ်နော….။
    ၁) この四つを一つのサイクルとして= ဒီလေးဆင့်ကို စက်ဝိုင်းတပတ်လို့ထားရင်
    ၂) もっと勉強するなんていやだ= (နိုးနေတဲ့အချိန်မှာ)ပိုပြီး လေ့လာသင်ယူရမယ်ဆိုရင်တော့ မကြိုက်ပါဘူး….ဆိုတာမျိုးတို့
    ၃) そういうときは、= အဲဒီလိုအချိန်မျိုးမှာတော့……………
    ပိုချောသွားမယ် ထင်ပါတယ်။ (ပထမ..နှမ်းဖြူးခြင်း…..)

    (ဒုတိယ..နှမ်းဖြူးခြင်း…..)
    အိပ်ခြင်းကို အဆင့်၄ဆင့်ခွဲလိုက်လို့ နားရှုပ်သွားတာပါ။ အကြမ်းအားဖြင့် ၂ဆင့်ပဲထားကြည့်ရအောင်။

    တစ်ခုက…Rapid eye movement sleep, REM sleep (မြန်မာလို နိုးတစ်ဝက်…ပေါ့။ ခန္ဒာကိုယ်က အိပ်နေပေမယ့် ဦးဏှောက်က နိုးနေတာပါ။)

    နောက်တစ်ခုကတော့ Non-REM sleep ပါ။ ဦးဏှောက်ရော ကိုယ်ပါ အနားယူ အိပ်စက်နေတာပါ။ အိပ်မောကျသွားတာ။

    တောက်လျောက်ကြီး Non-REM sleep နဲ့ နေရင်တော့ (ဦးဏှောက်ဟာ အနားလွန်ပြီး အပူချိန်လျော့ကျသွားရင် သွေးပူအောင်ပြန်လုပ်ဖို့ အချိန်ယူရတယ်လေ။) အချိန်ကြာကြာအိပ်ပေမယ့် ထိုင်းထိုင်းမိုင်းမို်င်းဖြစ်နေမယ်။ ဒါကြောင့် အိပ်ပြီဆိုရင် REM sleep နဲ့Non-REM sleep က တလှည့်စီ ဖြစ်ပေါ်နေရတာ။

    အိပ်မက်ကတော့ ဘယ်အဆင့်မှာပဲဖြစ်ဖြစ် မက်လေ့ရှိတယ်လို့ဆိုပါတယ်။ REM sleep အဆင့်မှာ မက်တဲ့အိပ်မက်ကိုပဲ မှတ်မိလေ့ရှိတယ်။ အဲဒါကြောင့် မြန်မာလို …နိုးတဝက်အိပ်မက်……..လို့ ခေါ်တယ်ထင်ပါရဲ့။

    ငါးတွေဟာ ဘဝပေးတာဝန်အရ ထာဝရ ရေကူးနေရလို့ နှစ်နှစ်ချိုက်ချိုက်အိပ်လို့မရဘူးဆိုပဲ။ ကင်းစောင့်သမားတွေလိုပေါ့။ ခိုးအိပ်ပေမယ့်လည်း မိမှာလည်းစိုးရတော့ ထိတ်လန့်စွာနဲ့ အိပ်ရတယ်လေ။
    REM sleep အဆင့်နဲ့ပဲနေရတာပေါ့။

    Short sleeper ထဲမှာ နာမည်ကြီးကတော့ အက်ဒီဆင်၊ နပိုလီယန်။ (တနေ့ ၃ နာရီပဲအိပ်တယ်တဲ့။)
    Long sleeper ထဲမှာ နာမည်ကြီးကတော့ အိုင်းစတိုင်း။(တနေ့ ၁ဝနာရီကျော် အိပ်တယ်တဲ့။)
    နောက်ထပ်လေ့လာခြင်ရင်…..
    http://www.ayacoms.com/yume/suiminfusigi.html
    不眠症のဂီဂီ့အတွက်ကတော့
    http://www.gussuri.net/002_2/ent177.html

    • pan pan

      July 11, 2012 at 1:52 pm

      ဟုတ်ကဲ့အန်တီမိုး
      သင်ပေးတာကျေးဇူးပါ
      အိပ်ခြင်းကို အဆင့်လေးဆင့်ဆိုတာက အဲ့စာထဲမှာရေးထားတဲ့အတိုင်း ဘာသာပြန်လိုက်တာပါ
      တကယ်တော့ ဘယ်နှဆင့်ရှိလဲဆိုတာ ပန်ပန်မသိပါဘူး :mrgreen:

      ဂီကအဲ့ရောဂါရတာ ဟိုမေးကွဲလေးကြောင့်ပါ 😆

      • Inz@ghi

        July 11, 2012 at 1:55 pm

        ခုတော့ … လက်သန်းလေး ထိုးထိုးပီး ..အချစ်ကြီးသူက ရှုံးတာပဲလို့
        ပြောတတ်တဲ့ မေးကားကားလေး ကြောင့် ဖြစ်သွားပါဘီကွယ်….
        ခုခိခုခိ…

        အော်.. .သူကလေးလည်း မှဲ့ လေးနဲ့ ဆိုတော့ ….
        😀

Leave a Reply