တစ်နေ့ အစ်ကိုတစ်ဝမ်းကွဲတစ်ယောက် လက်ဖက်ရည်ဆိုင်မှာတွေ့လို့ ကျွန်တော့် ကို ပြောတယ်

  _” ဟေ့ကောင် ငါ့လူတစ်ယောက်ကိုတွေ့ထားတယ် သူက မီးရထား ကစက်ခေါင်းမောင်းတာ ကွ အခုဒီမှာ ဂိုထောင် ထဲ က custom သိမ်းထားတဲ့ ထဲ က စက်ဘီး အသစ်တစ်စီး ကို လာထုတာကွ နောက်ပြီးတော့ Sony laptop အသစ်တွေ နဲ့  LCD တွေလဲ မီးရထားဂိုထောင်ထဲမှာရှိသေးတယ် အဲဒါမင်းစိတ်ဝင်စားလား ”           ဆိုတော့ ကျွန်တော်လဲနည်းနည်းတော့ သဘောကျချင်သလိုဖြစ်သွားတယ်  ကျွန်တော်အခု ကိုင်နေ တဲ့ netbook လေး acer aspire one D257 လေးတောင် ၂၅၆၀၀ဝ ပေးပြီးဝယ်ထားရတာဆိုတော့

“ဂိုထောင်ကနေ ခိုးထုတ်ရောင်းတဲ့ ဟာဆို တန်မှာပေါ့ ဘယ်လောက်လို့ပြောလဲ”  

-“ဟာမင်းကလဲ laptop သုံးလုံး ကို ၅သောင်းပဲပေးတဲ့”

-အဲဒါနဲ့ ကျွန်တော်လဲ စဉ်းစားသွားတယ် “ဖြစ်နိုင်ပါ့မလားဗျာ အဲဒါက mp4 တစ်လုံးလောက်ပဲ တန်ဖိုးရှိ တယ် ကြည့်လဲ လုပ်အုံး” လို့ ပြောလိုက်တော့ ကျွန်တော့် အစ်ကို ဝမ်းကွဲက -“ဟာအဲဒါတော့ငါမသိ ဘူး ငါနဲ့ ပြောဖြစ်တာတော့ သုံးလေးခါရှိသွားပြီး သူ့ရဲ့ ဝန်ထမ်းကဒ်လဲ ငါကြည့်ပြီးသွားပြီ ကွ ဟုတ်တယ် စက်ခေါင်းမောင်းဆိုပြီး တော့ဘေးမှာလဲ သူ့ရဲ့ အဆင့်တွေဘာတွေ ပါသေး တယ်”

-အဲဒါနဲ့ ကျွန်တော့စိတ်ထဲမှာ အိမ်မှာ ရှိတဲ့ အမျိုးတွေထဲ က  ကလေးတွေကို ပေးကလိလိုက်ရင်တောင်တန်တယ် ဆိုပြီး ချိန်းလိုက်ပါတယ် အဲဒီလူ က မလွှကုန်း မီးရထား စက်ခေါင်းတွဲ ပြင် ရုံးမှာလုပ်တာဆိုတော့ ABC မှတ်တိုင်မှာချိန်းပါတယ် ဟိုတစ်ခါ ဂိုထောင်တွေ မီးလောင်ပြီးတော့ ယမ်းစိမ်းတွေ ထပေါက်တဲ့ နေရာပေါ့ဗျာ

-ချိန်းတဲ့နေရာကို ကျွန်တော့်အလုပ်ကနေမအားတဲ့ကြားထဲကမှ သွားရတာဗျ အဲဒီလူရယ်ကျွန်တော့် အစ်ကိုရယ်က အဲဒီမှတ်တိုင်မှာ အရင်ရောက်နေပါတယ် ကျွန်တော်ကလဲ အစ်ကိုဝမ်းကွဲ က အရင်ရောက်ပြီးပြောပြီးဆိုပြီးဖြစ်နေတယ်ဆိုတာနဲ့ စိတ်ချလိုက်ပါတယ်။ အဲမှာတင် မပြီးသေး ပါဘူး     အဲ ဒါနဲ့ အဲဒီလူနာမည် က ဦး တင်ဝင်း တဲ့ဗျ အသက် ကတော့ ၅ဝ ကျော်ပြီထင်ရတယ် ခါးနည်းနည်းကိုင်းကိုင်း ညာဖက်နားလေး တယ်ဗျ စက်ခေါင်းမောင်းတွေအကုန်လုံးကညာဖက်နားလေးတယ် လို့တော့သူကပြောတာပဲ ရှေ့သွားလဲ တစ်ချောင်းလား နှစ်ချောင်းလား မသိဘူး မရှိဘူး   အဲဒါနဲ့ သူကပြောတယ်

-“ငါတို့ ဂိုထောင်သွားရအောင် ဘူတာကြီးကို သွားမယ်” ဆိုပြီးပြောတယ် ကျွန်တော်လဲ အလုပ်တစ်ဖက်ကရှိတာ နဲ့ မြန်မြန်သွားရအောင်ဆိုပြီး TAXI လေး ငှားပြီး ဂိုးပါလေ ရော ဟိုလဲရောက်ကော သူက TAXI ကို အောင်ဆန်းကွင်း ယောက်လမ်းဘက် မှာ ကားရပ်ခိုင်းတယ် ဂိုထောင်ကလူတွေ မြင်မှာစိုးလို့ ဒီဖက်မှာရပ်ပြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဆိုင်မှာ အရင်စကားပြောရအောင်ဆိုတာနဲ့  ကျွန်တော်တို့ သုံးယောက် ရုပ်ရှင်ရုံးဘေးက လက်ဖက်ရည်ဆိုင်မှာထိုင်ဖြစ်ပါတယ်  အဲဒီမှာ သူကပြောတာ က

-“ဂိုထောင်ထဲမှာ ပစ်စည်း(မှတ်ချက် စာမရိုက်တတ်လို့ပါ) တွေကအများ ကြီးပဲ မင်းတို့ ကိုရောင်းတယ်ဆိုတာ လဲ မင်း အစ်ကို ကို ခင်လိုက ဘော်ဒါသဘောမျိုးလုပ်ပေးတာ ကွ မင်းတို့ LCD 24” ရယ် စက်ဘီး ရယ် EVD ရယ် ကော ယူအုံးမလား တစ်ခါတည်းထုတ်လာရမှာ နောက်ထပ် ထုတ်ရောင်းဖို့ဆိုတာ မလွယ်တော့ဘူးကွ အဲဒါယူမယ်ဆိုရင် ၈၀၀၀ဝ ကွ ၄၀၀၀ဝ ကို အရင်ပေးထား လကုန် မှ မင်းတို့ အိမ်ကို ငါလာယူမယ် ငါ့အိမ်လဲ မင်းတို့သိ မင်းတို့အိမ်လဲ ငါသိနေတာပဲကွာ မင်းတစ်ခါတည်းယူမယ်ဆိုပြော” ဆိုတာနဲ့

-“ဟာ ဦးလေး အဲဒါတွေတော့ ကျွန်တော် စိတ်မဝင်စားဘူး အခု ဦးလေး ပြောတာတောင် အသစ်တွေဆိုတာနဲ့ တင်ကျွန်တော်ယူလိုက်တာ CPU ကဘယ်လောက်လဲ memory ကဘယ်လောက်လဲ ဘာညာကွိကွ တွေ ဦးလေးကနားမလည် ဘူးဆိုလို့ ကျွန်တော်မမေးတော့တာ အခု ဘယ်နေရာကိုသွားမှာလဲ ပြော” လို့ ပြောလိုက်ပါတယ်။

အဲဒါနဲ့ သူက “ကဲဒါဆို သွားမယ် မင်းတို့နှစ်ယောက်မှာ မင်းက ဝယ်မယ့်သူဆိုတော့ အထဲအထိလိုက်ခဲ့ မင်းအစ်ကို ကတော့ ငါပြောတဲ့နေရာကစောင့်နေ ဟုတ်ပြီလား “ ဆိုပြီး ကျွန်တော့်အစ်ကို ကို ” မင်းလဲ ငါပြောတာ ပေါက်တယ်နော် ”  လို့ လှမ်းပြောပါတယ်။

အဲဒါနဲ့ ကျွန်တော်တို့တစ်တွေ ဘူတာကြီး ပေါ်တီကို ဘက် main ဝင်ပေါက်ဘက် ကိုလျှောက်သွားကြပါလေရော အဲဒီမှာ သူက ကျွန်တော့်အစ်ကို ကို မင်းအဲဒီလက်ဖက်ရည်ဆိုင်မှာစောင့်ဆိုပြီး main ဝင်ပေါက်ဘေးက လက်ဖက်ရည်ဆိုင် မှာ ထိုင်ခိုင်းပါတယ် ကျွန်တော့် ကို ဆက်ခေါ်သွားတယ် ဓါတ်တိုင်တစ်တိုင်လောက်အကွာကိုလဲ ရောက်ရော

-“ဟိုရှေ့မှာ အပင်ကြီးအကြီး နဲ့ ကွမ်းယာဆိုင်တွေ့လား အဲဒီမှာ ပစ်စည်း လာချပေးလိမ့်မယ် ရဲ ကပြီးရင် မင်းနဲ့ ငါနဲ့ ကားငှားပြီးဟိုကောင့် ကိုဝင်ခေါ်သွားမယ်၁၅မိနစ်လောက်ပဲကြာမယ်” ပြောတော့ ကျွန်တော်က

-” ဟာ…..ဦးလေးပြောတော့ ဂိုထောင်ထဲ အထိလိုက်ရမယ် ဆို ကျွန်တော် အဲဒီရောက်မှပေးမှာပေါ့”      ဆိုပြီးပြောတော့

-” မင်းတို့ ကအဲဒီမှာ စဖောက်လာပြီ မင်းအစ်ကိုလဲ ငါ့အိမ်သိတယ်  ငါလဲသူ့အိမ်သိတယ် မယုံရင်လဲ မယူနဲ့ တော့ ငါလဲ မသွားတော့ဘူး”  ဆိုတာနဲ့ ကျွန်တော်လဲ ကပျာကယာ လေး သူ့လက်ထဲကို ပိုက်ဆံ ၅၀၀၀ဝ သောင်း ထည့်ပေးလိုက်ပါရော” အဲဒါနဲ့ သူက လဲ အဲဒီလမ်းထဲကို ဝင်သွားရော  ဒါနဲ့ပြောပြရအုံးမယ် အဲဒီ လမ်းက တစ်ဖက်ပိတ် ဗျ ဘူတာကြီးရှေ့တည့် တည့် လမ်းဆုံးအောင် သာလျှောက်သွား အဲဒီနားမှာ ဂိုထောင်လိုလို ဘာလိုလိုလေးတွေ တန်းစီလို့

ဒါနဲ့သူ ကပြောသွားတဲ့ ၁၅မိနစ်လောက်ပဲကြာမယ်ဆိုတာ ကို  ကျွန်တော်တို့ထိုင်စောင့်ကြတာပေါ့ကျွန်တော်လဲ အဲဒီအချိန်မှာစိတ်ထဲ မှာ ခိုးလိုးခုလု ဖြစ်လာတာနဲ့အဲဒီနား က ဆိုက်ကားဆရာ တစ်ယောက် ကိုမေးကြည့်တာပေါ့  ဒီလမ်းတည့်တည့်သွား ရင် ဘယ်ရောက်လဲ ဆိုပြီးတော့

ဆိုက်ကားဆရာက “ဘယ်မှ မရောက်ဘူးလေ လမ်းဆုံးရင် နံရံ ကြီးပဲ အဲဒါဟိုဘက်မှာ ကုလားသချိုင်္င်း ပဲရှိတယ်”  ဆိုတော့ စိတ်ထဲ မှာ နည်းနည်းတော့စိတ်အေးသွားရပြီ ဒါနဲ့ နာရီဝက်လောက်နေတော့ ပေါ်မလာတာ နဲ့ ကျွန်တော့်အစ်ကို ကိုသွားခေါ်ပြီးလိုက်မယ်ဆို ပြီးသွားတော့  ကျွန်တော့် အစ်ကိုက “..ဟာ….မင်းကဘာလို့လိုက်မသွားတာလဲ မင်းလိုက်သွားတယ် ဆိုပြီးငါက စိတ်အေးနေတာ”

အဲဒါနဲ့ ကျွန်တော်လဲ ” သူက လမ်းကြောင်းကြပ်နေတယ် ဆိုတာနဲ့ နောက်ပြီး အစ်ကိုလဲ သူ့အိမ်ကို သိတယ်ဆို ရောက်ဖူးတယ် မဟုတ်လား”   လို့ မေးလိုက်တော့                                         “မရောက်ဖူးဘူး ငါ့ကို လိပ်စာပဲပေးသွားတာ”      အဲဒါနဲ့ ကျွန်တော်သဘောပေါက်လိုက်ပါပြီ။

ဇတ်လမ်း အဆုံးမှာတော့ -သူဝင်သွားတယ် တယ် ဆိုတဲ့နေရာက ဘာဂိုထောင်မှမရှိ မီရထားဝန်ထမ်းတွေ တန်းလျား  နောက်ပြီးတော့ လမ်းကြိုလမ်းကြားလေးတွေ နှစ်ခုသုံးခု က ဟိုဘက်က မြန်မာ့ဂုဏ်ရည်လမ်း ကို ရောက်တယ် ကျွန်တော် ပေးလိုက်တဲ့ ပိုက်ဆံနဲ့ ဆိုသူ့နေတဲ့နေရာကို taxi ဈေးမဆစ်ပဲ စီးလို့ ရတယ် သူပေးသွားတဲ့လိပ်စာ အတိုင်းလိုက်ကြည့်တော့ ဒဂုံမြောက်ပိုင်း ၄ဝ ကမီးရထား ဝန်ထမ်း ရပ်ကွက်တော့မှန်ပါတယ် အိမ်နံပါတ်နဲ့ လမ်းတွေက တလွဲ ။

နိဂုံး ချုပ်လိုက်တော့ မြို့ထဲမှာ အလုပ်နေတဲ့ ကျွန်တော် ကလူလည်လောကမှာလုပ်နေတာ ကိုယ့်ကိုယ်ကို လည်လှပြီ ထင်တဲ့သူ ကျွန်တော့် အစ်ကို ဝမ်းကွဲက ရပ်ကွက်ထဲ မှာတော့ ဆရာကြီးတစ်ပိုင်း ကျွန်တော်က သူ့ကို အားလုံးပုံပြီး ယုံလိုက်တာ အရှက်ကွဲတာက သူ  ပိုက်ဆံကုန်ပြီး  သင်ခန်းစာလဲ ကောင်းကောင်းရမှတ်သွားတာက ကျွန်တော် ။

ကျွန်တော်တို့ နှစ်ယောက်အိမ်အပြန်လမ်းလေးဟာတိတ်ဆိတ်လို့  အဲဒီအကြောင်းရပ်ကွက်ထဲမှာ ဘယ်သူကို မှ မပြောကြပဲ နှစ်ယောက်စလုံးအီလည်လည် နဲ့ တစ်ပါတ်လောက် ငြိမ်သွားတာပေါ့။

ကဲပုံပြင်လေးကတော့ ဒါပါပဲကွယ် မောင်ညီမ လေးတို့တတွေလဲ သင်ခန်းစာယူကြဖို့နဲ့ အဲဒီလူကိုတွေ့ ရင် ပြောကြပါလို့ ပြောရင်း ဒီမှာပဲ နိဂုံးချုပ် ပါရစေကွယ်။။။။။။

About ဦးသု

ဦး သု has written 58 post in this Website..

ယောင် 60 ဒါပေမယ့် တစ်ခါတစ်လေ 6 ကဇောက်ထိုးဖြစ်သွားတယ်