” ဘo …စိတ်ကူး “

may julyJuly 6, 20121min18112

ဘဝ ..စိတ်ကူး ..

 

ငါ့အတွက် မင်းမှာ

ပြုံးပွင့်ဝေတဲ့ နေ့တွေ မရှိတော့ဘူးလား…

ငါ့အတွက် မင်းမှာ

ပျော်ရွင်ခဲ့တဲ့ အချိန်တွေ မရှိတော့ဘူးလား…

ငါ့အတွက် မင်းမှာ

ထဝရချစ်နေခွင့် မပေးနိုင်တော့ဘူးလား…

မင်းအတွက် ငါ့မှာတော့ မကုန်ဆုံးတဲ့ ချစ်ခြင်းတွေကို

ငါ့ဘဝရဲ့ မာတိကာမှာ

အစဉ်အတိုင်း ချမှတ်ထားဆဲပါ ချစ်သူရယ်…

သေသူကိုအသက်သွင်းလို့ ရခဲ့မယ်ဆိုရင်

ငါ့နှလုံးသားကိုလဲ ပြန်ရှင်သန်ခွင့်လေး ပေးခဲ့ပါကွယ်…

အချိန်တိုင်းကို မင်းနဲ့အတူ ကုန်ဆုံးချင်ပါတယ်…

 

* May *

ဒီကဗျာလေးကတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကရေးထားတဲ့ကဗျာလေးပါ..

ခုတော့ဟုတ်ဘူးပေါ့နော် … 😛

 

12 comments

  • mayjuly

    July 6, 2012 at 3:26 pm

    စာဖတ်သူတွေ အတွက် အကျိုးမရှိဘူးဆိုတာသိပေမယ့် …

    စိတ်ထဲမှာ အရမ်းကို ရှုပ်ထွေးမှုတွေ ဖြစ်နေလို့ …..

    တစ်ခုခုလုပ်လိုက်မိတယ်လို့ပဲ သတ်မှတ်ပေးပါရှင် …

  • ခပ်မိုက်မိုက် ကောင်မလေး

    July 6, 2012 at 3:41 pm

    May …ရဲ့ခံစားချက်တွေလား…
    မင်းအတွက်ဆိုပြီး……
    May …အဲ့လောက်ကြီးထိမဖြစ်သင့်ဘူးထင်တယ်နော်…
    မိုက်လေး..အထင်ပြောကြည့်တာပါ…
    May …ရဲ့စိတ်ထဲမှာ တော့….
    ဘာတွေ ရှိမယ်ဆိုတာ မသိပေမယ့်….
    မင်းအတွက်ဆိုပြီး……
    (ငါ့ဘဝရဲ့ မာတိကာမှာ
    အစဉ်အတိုင်း ချမှတ်ထားဆဲပါ)…ဆိုတာ
    သိပ်သဘောမကျဘူး…May
    အင်း….အယူအဆခြင်းလည်း ကွာမှာပေါ့နော်…။
    ခင်တဲ့…မိုက်လေး

  • manawphyulay

    July 6, 2012 at 3:47 pm

    ညီမလေးရေ.. သေသူတွေတော့ အသက်မသွင်းပါနဲ့။ လူဦးရေတွေ များပြားပြီး လူနေမှု ထူထပ်လာမှာမို့လို့ပါနော်။ 😛

  • စိန်ဗိုက်ဗိုက်

    July 6, 2012 at 3:49 pm

    တဘောကတော့ လွန်ခဲ့တဲ့ တစ်နှစ်က နှလုံးသေနေတယ်..
    ဒီတစ်နှစ်တော့ နှလုံးရှင်နေပြီ ဆိုတဲ့ဒဘော..ပေါ့နော်.ဝုတ်ခဲ့..ဝုတ်ခဲ့..

  • mayjuly

    July 6, 2012 at 4:27 pm

    မိုက်လေးရေ..
    လူတစ်ကိုယ်စိတ်တမျိုးပေါ့ကွယ် …စိတ်တွေတူနေရင် ဖြစ်ဘူးထင်တယ်နော …

    မမ ရေ …
    အသက်သွင်းလို့မရရင်တော့ နှလုံးသားလေးတော့ ဘဝဆုံးပီနော်..(ဟိဟိ နောက်ထှာနော်)

    စိန်ဗိုက်ပေါက်ရေ …
    အဲ ဒဘော အဲ ဒဘော 😀

  • maung khinmin

    July 6, 2012 at 4:44 pm

    ရှင်သန်ခွင့်ပေးလိုက်ပါပြီကွယ်

  • snow white

    July 6, 2012 at 7:48 pm

    အချိန်တိုင်းတော့ မင်းနဲ့အတူမနေပါနဲ့ မေလေးရယ် အလုပ်လည်းလုပ်ပါအုံးနော် ဟီးးးးးးးးးးးးးဒီနေ့ကစပြီး မေလေးလို့ခေါ်မယ်နော် ချစ်စနိုးလေးနဲ့ပေါ့

  • မောင်ပေ

    July 6, 2012 at 8:46 pm

    ဂျူလိုင့်ရဲ ့ပြန်လည်ရှင်သန်လာတဲ့ နှလုံးသားရဲ ့ချစ်ခြင်းအားလုံးကို
    ကိုပေ သိမ်းပိုက်ပါရစေကွယ်
    ဟီဟိ

  • ဇောက် ထိုး

    July 7, 2012 at 6:34 am

    ကျားသေးကိုတော့ အသက်သွင်းလို့ရတယ်လို့ကြားဖူးတယ်နော်….
    သိပ်မကြာခင်တော့ ဖြစ်လာမလားလို့ပဲ…ဟဲ

  • ရှင်းသန့် နွယ်

    July 7, 2012 at 11:31 am

    ဖတ်သွားတယ်နော်
    ဖတ်လို့ကောင်းတဲ့ကဗျာလေးပါ….

  • mayjuly

    July 7, 2012 at 11:48 am

    maung khinmin ရေ..
    ကျေးဇူးပါနော် ရှင်သန်ခွင့်ပေးတဲ့အတွက်.. 😛

    ကိုဝမ်းတွင်းရူး..ချင့် နာမယ်က တညိုးပဲနော် …
    အသက်သွင်းပေးနဲ့တော့ လေ .. ရှင်သွားပါပီလို့

    ဦးပေ ခင်ည ..
    နှလုံးတားလေးကိုတော့ သိမ်းလို့ရပါတယ်..လူတော့ပါဘူးပေါ့နော် … 😀

    snow white လေးရေ …
    အလုပ်လုပ်ရင်းနဲ့ စိတ်ထဲမှာအချိန်တိုင်း ရှိနေလို့ရတယ်နော် … (ဒီလိုလည်းရသကွယ်…)

    ကိုဇောက် ထိုး ရှင့်….
    ကျားသေးကိုဘယ်လိုများအသက်သွင်းရပါသလဲ သိချင်လိုက်တာ .. P

    ရှင်းသန့် နွယ် …
    ညီမရေ အားပေးတာ ကျေးဇူးပါနော်…

Leave a Reply