ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်လို့ အမည်တတ်ခေါ်ရခြင်းကို ဦးစွာရှင်းပါမယ် ဒါကဂုဏ်ယူလေးစားစွာခေါ်တာပါ ဘာကိုဂုဏ်ပြုတာလဲဆိုတော့အောင်ဆန်း ဒီလိုပုဂ္ဂိုလ် ကျွန်တော်တို့တိုင်းပြည်မှာ တခေတ်တယောက်မပြောနဲ့နောင်ခေတ်အဆက်ဆက်မှာလဲ ကျွန်တော်တို့ရှာပါ သံကိုထမင်းလုပ်ပြီးရှာရင်တောင် သံထမင်းသိုးပါမယ် ရှာလို့မတွေ့နိုင်ပါဘူးဒါကြောင့် ပြည်ချစ်ခေါင်းဆောင်ဦးအောင်ဆန်း၏ အမည်မို့လို့ဂုဏ်ယူလေးစားစွာခေါ်ပါတယ်။ စု ဒါလဲ၇ှင်းပါတယ် အာဇာနည်သားကောင်းကိုမွေးဖွားခဲ့တဲ့မိခင်ကြီးဒေါ်စုကိုဂုဏ်ပြုပြီးတော့ခေါ်ပါတယ် ကြည်ဆိုတာကလဲ အာဇာနည်ယောင်္ကျားရဲ့ပါရမီဖြည့်ဖက်ဇနီးကောင်းတဦးဖြစ်တဲ့ဒေါ်ခင်ကြည်ကိုဂုဏ်ပြုပြီးခေါ်ပါတယ်
အခု ဒေါ်အောင်ဆန်းစုကြည်ကို 7julyအမှတ်တရ ကဗျာတပုဒ်လက်ဆောင်ပါးချင်ပါတယ် ဒီကဗျာက ကျွန်တော်ရေးတာမဟုတ်ပါဘူး ကျွန်တော်အလွန်နှစ်ခြိုက်လို့သိမ်းတားတဲ့ ကဗျာပါ ဒီကဗျာရဲ့ ကဗျာရှင်ကတော့ မောင်လူလှ(ဥပဒေ)ပါ ဒီကဗျာရဲ့စိတ်ဓါတ်မျိုးဟာ 1930ခုနှစ်ကစလို့ ဒီကနေ့ချိန်ထိ ဘယ်အာဏာရဲ့ မတရားမှုကိုမဆို တွန်းလှန်တဲ့နေရာမှာ ခိုင်ခံ့တည်မြဲတဲ့စိတ်ဓါတ်နဲ့မူကို ဆုပ်ကိုင်ထားပြီးတိုင်းပြည်နဲ့လူမျိုးအတွက်စွန့်လွှတ်စွန့်စားတဲ့စိတ်မျိုးဟာ အာဇာနည်ဦးအောင်ဆန်း နဲ့ကျောင်းသားအာဇာနည်အပေါင်းအပါအ၀င် ဒေါ်အောင်ဆန်းစုကြည်မှာလဲတွေ့ရတဲ့အတွက် ဤကဗျာလေးကို လက်ဆောင်အဖြစ်ဝေမျှခြင်းဖြစ်ပါတယ်
ကဗျာလေးက “မူနှင့်လူ”
ကျွမ်းကျင် ကြိုးစား
ရိုးသား ဖြောင့်မတ်
မပြတ် လုံ့လ
ဝီရိယ ဇွဲ
စဉ်ခိုင်မြဲသူ
ဤလို လူကို
ဘယ်မူဝါဒ
ချ၍ပေးပေး
မနှေးလျှင်မြန်
နောက်မကျန်နိုင်
ဧကန်မုချ အောင်လိမ့်မည်
ရွှေဘိုမြင့်လွင် ရေးဆွဲထားသောပန်းချီကားမှ မောင်လူလှ(ဥပဒေ)၏ကဗျာလေးဖြစ်ပါတယ်ခင်ဗျား တက်ခေတ်လူငယ်များအတုယူနိုင်ပါစေ။

About ဖိုးကြက်တောင်@badminton

ဇိုး ကြက်တောင် has written 13 post in this Website..