ဒေါ်အောင်ဆန်းစုကြည်……..သို့ …….7 july အမှတ်တရ

Maung YuGhan SDYJuly 7, 20121min1317

ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်လို့ အမည်တတ်ခေါ်ရခြင်းကို ဦးစွာရှင်းပါမယ် ဒါကဂုဏ်ယူလေးစားစွာခေါ်တာပါ ဘာကိုဂုဏ်ပြုတာလဲဆိုတော့အောင်ဆန်း ဒီလိုပုဂ္ဂိုလ် ကျွန်တော်တို့တိုင်းပြည်မှာ တခေတ်တယောက်မပြောနဲ့နောင်ခေတ်အဆက်ဆက်မှာလဲ ကျွန်တော်တို့ရှာပါ သံကိုထမင်းလုပ်ပြီးရှာရင်တောင် သံထမင်းသိုးပါမယ် ရှာလို့မတွေ့နိုင်ပါဘူးဒါကြောင့် ပြည်ချစ်ခေါင်းဆောင်ဦးအောင်ဆန်း၏ အမည်မို့လို့ဂုဏ်ယူလေးစားစွာခေါ်ပါတယ်။ စု ဒါလဲရှင်းပါတယ် အာဇာနည်သားကောင်းကိူမွေးဖွားခဲ့တဲ့မိခင်ကြီးဒေါ်စုကိုဂုဏ်ပြုပြီးတော့ခေါ်ပါတယ် ကြည်ဆိုတာကလဲ အာဇာနည်ယောကျင်္ားရဲ့ပါရမီဖြည့်ဖက်ဇနီးကောင်းတဦးဖြစ်တဲ့ဒေါ်ခင်ကြည်ကိုဂုဏ်ပြုပြီးခေါ်ပါတယ်
အခု ဒေါ်အောင်ဆန်းစုကြည်ကို 7julyအမှတ်တရ ကဗျာတပုဒ်လက်ဆောင်ပါးချင်ပါတယ် ဒီကဗျာက ကျွန်တော်ရေးတာမဟုတ်ပါဘူး ကျွန်တော်အလွန်နှစ်ခြိုက်လို့သိမ်းတားတဲ့ ကဗျာပါ ဒီကဗျာရဲ့ ကဗျာရှင်ကတော့ မောင်လူလှ(ဥပဒေ)ပါ ဒီကဗျာရဲ့စိတ်ဓါတ်မျိုးဟာ 1930ခုနှစ်ကစလို့ ဒီကနေ့ချိန်ထိ ဘယ်အာဏာရဲ့ မတရားမှုကိုမဆို တွန်းလှန်တဲ့နေရာမှာ ခိုင်ခံ့တည်မြဲတဲ့စိတ်ဓါတ်နဲ့မူကို ဆုပ်ကိုင်ထားပြီးတိုင်းပြည်နဲ့လူမျိုးအတွက်စွန့်လွှတ်စွန့်စားတဲ့စိတ်မျိုးဟာ အာဇာနည်ဦးအောင်ဆန်း နဲ့ကျောင်းသားအာဇာနည်အပေါင်းအပါအဝင် ဒေါ်အောင်ဆန်းစုကြည်မှာလဲတွေ့ရတဲ့အတွက် ဤကဗျာလေးကို လက်ဆောင်အဖြစ်ဝေမျှခြင်းဖြစ်ပါတယ်
ကဗျာလေးက “မူနှင့်လူ”
ကျွမ်းကျင် ကြိုးစား
ရိုးသား ဖြောင့်မတ်
မပြတ် လုံ့လ
ဝီရိယ ဇွဲ
စဉ်ခိုင်မြဲသူ
ဤလို လူကို
ဘယ်မူဝါဒ
ချ၍ပေးပေး
မနှေးလျှင်မြန်
နောက်မကျန်နိုင်
ဧကန်မုချ အောင်လိမ့်မည်
ရွှေဘိုမြင့်လွင် ရေးဆွဲထားသောပန်းချီကားမှ မောင်လူလှ(ဥပဒေ)၏ကဗျာလေးဖြစ်ပါတယ်ခင်ဗျား တက်ခေတ်လူငယ်များအတုယူနိုင်ပါစေ။

7 comments

  • P chogyi

    July 7, 2012 at 9:11 am

    သံက မသိုးတတ်ပေမဲ့
    သံချေးတက်ရင်တော့ လုံးပါး ပါးတတ်တယ်။
    (ဖွဲ့ဆိုတာအရမ်းလွန်သွားလားလို့ပါ)

    • ဘဲဥ

      July 7, 2012 at 11:02 am

      သူ့ခံစားချက်နဲ့သူရေးဖွဲ့တာ မင်းနဲ့ဘာဆိုင်လဲ

      • စိန်ဗိုက်ဗိုက်

        July 7, 2012 at 11:13 am

        ဟုတ်တယ်..ဟုတ်တယ်..

        • မစ္စတာ တောက်တဲ့

          July 7, 2012 at 10:16 pm

          အဟမ်း ..
          ဟေ့လူ …
          ကွန်မန့်ပေးတဲ့အခါ တိုတို မပေးပါနဲ့ ..
          ဟုတ်တယ် …
          ဟုတ်တယ် ……
          ဟုတ်တယ် …………
          အဲ့ဒီလို ပေးပါ … အဟီးးးးးးးးးးးး နောက်ဒါ …
          😀 😀

    • laypai

      July 7, 2012 at 11:07 am

      ကဗျာ လေး က လေးလုံးစပ် ကဗျာ အမျိုးအစားခေါ်မှာ ပေါ့ နော်။
      အားပေး သွာပါ တယ်။

      P chogyi ရေ…
      အဲဒါဆိုလည်း ရွှေ နဲ့ လုပ်ထားတဲ့ ထမင်း၊ ရွှေထမင်း လို့ ပြင် ဖတ် လိုက်ကြတာပေါ့ ဗျာ။

  • အရီးခင်လတ်

    July 7, 2012 at 4:47 pm

    { ဤလို လူကို
    ဘယ်မူဝါဒ
    ချ၍ပေးပေး
    မနှေးလျှင်မြန်
    နောက်မကျန်နိုင်
    ဧကန်မုချ အောင်လိမ့်မည် }

    အရမ်းကို မှန်တဲ့ စာစု လေးပါဘဲ။
    ဒါကြောင့်မို့ လဲ အာဏာရှင် ဆိုတာက မူကို ဂရုမစိုက် ဘဲ လူ ကို မဲပြီး သတ်တာပေါ့။ 👿

    ဒီလို တန်ဖိုးရှိတဲ့ ကဗျာလေး အတွက် ကျေးဇူးပါ။

  • ဝမ်းတွင်းရူး

    July 7, 2012 at 10:08 pm

    “မူနှင့်လူ”
    ကျွမ်းကျင် ကြိုးစား
    ရိုးသား ဖြောင့်မတ်
    မပြတ် လုံ့လ
    ဝီရိယ ဇွဲ
    စဉ်ခိုင်မြဲသူ
    ဤလို လူကို
    ဘယ်မူဝါဒ
    ချ၍ပေးပေး
    မနှေးလျှင်မြန်
    နောက်မကျန်နိုင်
    ဧကန်မုချ အောင်လိမ့်မည်

Leave a Reply