ဝိသမ လောဘ

same kyawJuly 7, 20121min21315

သူကြီး ကပြောတယ်။ပုဂ္ဂိလ် ရေးထိခိုက်စာ ရေးမတင်ရလို့ ပါတယ်။ဒါပေမဲ့ ဝိသမလောဘသား များဖြစ်တဲ့ ပွဲစား တွေက မသိနား မလည်တဲ့ နယ်က တက်လာသူတွေ ကိုမတရား အမြတ်စား တာကိုတော့ အများပြည်သူ သိသင့်တယ်ထင်လို့ ရေးတင်လိုက်တာပါ  နောင်နယ်က တက်လာသူတွေ ကိုယ်လိုမခံရအောင် နောင်သူတို့ မလိုပ်နိုင်အောင် စေတနာကောင်း နဲ့ရေးတင်လိုက်တာပါ ။ဒီကုမ္ပဏီ နောင်ဒီလိုမလုပ်သင့်ပါဘူး။

ဒါက ခုမှ တက်သွားတဲ့ဒေါ်လာ ဈေးပါ

ဒါက ၃၀၊၀၆၊၁၂ ရက်နေ့တုံးက အေဂျင့်ဖြတ်လိုက်တဲ့ ဒေါ်လာဈေးပါ။အဲ့ဒီတုံးက တစ် ဒေါ်လာဈေး က ၈၈ဝကျပ် ပါ။နားမလည်တဲ့ နယ်ကလာသူကိုသူတို့ဖြတ်လိုက်တဲ့ဈေးပါ။အဲ့ဒါအပြင် လေယဉ်ဈေးလည်းစားထားတာ တစောင်၁၅ဒေါ်လာ ရှိတယ်။ဒီလိုနားမလည်တဲ့ သူကို အဖက်ဖက် ကအမြတ်မစားသင့်ဘူးလို့ထင်ပါတယ်။

15 comments

  • htoosan

    July 7, 2012 at 8:40 am

    ဒါမျိုးက ပုဂ္ဂိုလ်ရေးမဟုတ်ပါဘူး .. တင်သင့်ပါသည်။

    ဒေါ်လာဈေးက မငြိမ်သက်ပါဘူး .. အပြင်ဈေးက ဈေုးစဖွင့် ချိန် တစ်ဈေး ၊ နေ့လည် တစ်ဈေး ညနေ တစ်ဈေး ဖြစ်တတ်ပါသည် ။

    သို့သော် ပွဲစား ကုမ္မဏီတွေကတော့ သူတို့ ဘယ်လိုမှ မရှုံးအောင် ကြိုခွာထားပါသည် . ဟိုတယ်အများစုလည်း အဲ့ဒီလိုပါဘဲ ။ အပြင်ဈေး နဲ့ ကျပ် တော်တော်ခွာယူထားပါသည် ။

    အကောင်းဆုံးကတော့ ကိုယ်တိုင် ပိုက်ဆံ အပြင်မှာ ကြိုဝယ်ထားပြီး အစီမ်း fec နဲ့ ပေးနိုင်အောင်ပါဘဲ ။ အဲ အဲ့ဒီ့ အခါကျရင်လည်း ပိုက်ဆံနွမ်းလို့ ခေါက်ရိုးကြိုးလို့ တံဆိပ်ပါလို့ နဲ့ ဂျီး များတတ်ကြပြန်ရော..

  • same kyaw

    July 7, 2012 at 8:47 am

    အဲ့ဒီတုံးက၂၈၊၀၆၊၁၂ ကြာသာပတေးနေ့ က မြန်မာ ကနေ မလေးကို လေယဉ်လက်မှတ် ၃၇၆ဒေါ်လာ၊မြန်မာငွေက ၈၈ဝရောက်နေတဲ့အချိန်ပါ
    နယ်ကလာတဲ့နားမလည်တဲ့သူကို ၂ခါ အမြတ်မယူသင့်ပါဘူး။။အဲ့ဒီ မျိုးမလုပ်သင့်ဘူးလို့ထင်ပါတယ်။တော်ယုံယူ ရပါတယ်။

    • Foreign Resident

      July 8, 2012 at 2:11 am

      ယူတာ သိပ်မများလှဘူးလို့ထင်ပါတယ် ။
      ပုံမှန်လောက်ပါပဲ ။

      လေယာဉ် လက်မှတ်မှာ
      402 – 376 = 26 $ ပိုယူတယ် ( ပြောတာပဲ )

      ဒေါ်လာ လဲနှုန်းက
      892 – 880 = 12 ကျပ် ပိုယူတယ် ( ပြောတာပဲ )

      ဒီလောက်လေး ပိုယူတာ မများလှပါဘူး ။
      ဒီလောက် ကို ဝိသမ လောဘ လို့ မခေါ်ပါဘူး ။ ပုံမှန်လောက်ပါပဲ ။
      ဝိသမ လောဘ ဆိုတာ
      376 $ တန် လေယာဉ် လက်မှတ်ကို
      500 $ အထက် တင်ရောင်းမှ ခေါ်တာပါ ။

  • same kyaw

    July 7, 2012 at 8:49 am

    လေယဉ်လက်မှတ် ၂ယောက်စာကို ရသိန်းကျော်တယ်။အဲ့ဒီတုံးက မြန်မာငွေ ဈေးကျနေတယ်

  • မောင်ပေ

    July 7, 2012 at 9:03 am

    နယ်ကလာတဲ့ မသိနားမလည်တဲ့ လူတွေအတွက်သာမက မြို့နေ မသိသူများအတွက်ပါ အကျိုးရှိစေပါတယ်။ ကျုပ်လဲ ရန်ကုန်မြို့ကို ရောက်တိုင်း ချစ်ဖားဖြစ်နေကြပါဘဲ။

  • ဦးဦးပါလေရာ

    July 7, 2012 at 9:07 am

    ခွင့်ပြုပါဗျာ..
    ကျုပ်က T&T ကတော့မဟုတ်ပါဘူး
    သူတို့ရှေ့နေပါ၊ အဲလေ ယောင်လို့- ရိုးရိုးစာဖတ်သူပါ။ 😀
    ဒီနိုင်ငံထဲမှာက ဒေါ်လာကို တရားဝင်သုံးစွဲခွင့်မရှိတော့
    ဒေါ်လာဆိုတာဒီနိုင်ငံရဲ့ ငွေကြေးမဟုတ်ပါဘူး။
    ကုန်စည်တခုအသွင် ပေါက်နေပါတယ်။
    ဒီတော့ လက်ထဲရောက်လာတဲ့ဒေါ်လာဟာ
    နေ့စဉ်အတက်အကျအလိုက် မြတ်နိုင်ရှုံးနိုင်တဲ့ သဘောဖြစ်နေပါတယ်။
    ဒါကြောင့် အရှုံးကာမိအောင် ဒေါ်လာယူရတဲ့လုပ်ငန်းတွေက
    ပုံမှန်ဈေးငြိမ်ရင် တဒေါ်လာကို ပြန်ဝယ်ဈေးထက်ငါးကျပ်လောက်
    ဈေးမငြိမ်တဲ့အချိန်မှာဆိုရင်တော့ တဒေါ်လာကို ပြန်ဝယ်ဈေးထက် တစ်ဆယ်လောက် တင်ထားရင်
    သိပ်ဆိုးတယ် လို့မထင်မိပါဘူး..။
    ဒါ့ထက် မတရား အမြတ်တင်ထားရင်တော့ အဲဒါကို မတရားအမြတ်ယူတယ်လို့ ဆိုနိုင်ပါတယ်။

  • same kyaw

    July 7, 2012 at 9:41 am

    ဒေါ်လာဈေးဘဲ အမြတ်ယူထားတာ မှုတ်ဘူး။လေယဉ်လက်မှတ်ကို လဲ ဈေးပိုယူတဲ့အပြင် ငွေကို ဘယ်လို ရေတွက်လိုက်လဲမသိဘူး ပေးတုံးက သူတို့တောင်းတဲ့အတိုင်း ရသိန်းတစ်သောင်းလေးထောင် ကွက်တိပေးလိုက်တယ် သူတို့ဘယ်လိုရေလဲမသိဘူး သောင်းကျော်လိုတယ်ဆိုလို့ ပြန်ဖြည့်ပေးလိုက်ရတယ်။အမှန်တော့သူတို့တောင်းတဲ့ငွေကို ၃ခါပြန် လူ၂ယောက်ရေပြီးသား။

  • the best

    July 7, 2012 at 10:31 am

    US Dollar Rates
    30 June 2012 1 USD (Close) 880 – 882 Ks
    30 June 2012 1 USD (Open) 879 – 880 Ks
    29 June 2012 1 USD (Close) 878 – 880 Ks
    29 June 2012 1 USD (Open) 879 – 880 Ks
    28 June 2012 1 USD (Close) 877 – 878 Ks
    28 June 2012 1 USD (Open) 881 – 883 Ks

    FEC Rates
    30 June 2012 1 FEC (Close) 882 – 885 Ks
    30 June 2012 1 FEC (Open) 882 – 885 Ks
    29 June 2012 1 FEC (Close) 882 – 883 Ks
    29 June 2012 1 FEC (Open) 882 – 885 Ks
    28 June 2012 1 FEC (Close) 880 – 882 Ks
    28 June 2012 1 FEC (Open) 885 – 888 Ks

    ဒီတုန်းက ဗဟိုဘဏ်သတ်မှတ်တဲ့နှုန်းနဲ ့ ပြင်ပ ငွေလဲနှုန်း ကွာနေမယ်ထင်တယ်။
    မနေ ့က ငွေလဲနှုန်းပါ။

    Friday
    July 06, 2012.

    Central Bank of Myanmar (CBM)

    Reference Foreign Exchange Rates

    1USD = 883.00 MMK

    1EUR = 1094.30 MMK

    1GBP = 1370.90 MMK

    1SGD = 696.73 MMK

    1MYR = 278.77 MMK

    Thein Phyu Money Changer Center (TPMCC)

    They Buy | They Sell

    1USD: 880 – 890 MMK

    1FEC: 880 – 890 MMK

    1EUR: 1085 – 1103 MMK

    1SGD: 690 – 702 MMK

    Friday
    July 06, 2012.

    From Singapore (SG PNSL Market Zone) to YGN,
    1 SGD: 678 Ks @04:00PM, SG – A Star Online Shop

    YGN OPEN Market Zone @YGN Time-12:30PM
    100 Ks: 0.735 – 0.7375 (China Yuan)
    100 Ks: 3.655 – 3.645 (Thailand Baht)
    100 Ks: N/A (Bangladesh Taka)
    1 USD: 880 – 884 Ks
    1 FEC: 882 – 886 Ks
    Earning : 878 – 879 Ks
    1 SGD: 695 Ks
    Gold: 733,000 Ks (YGN) | 733,500 Ks (MDY)

    YGN CLOSE Market Zone @YGN Time – 3:00PM
    100 Ks: 0.7355 – 0.7365 (China Yuan)
    100 Ks: 3.66 – 3.65 (Thailand Baht)
    100 Ks: N/A (Bangladesh Taka)
    1 USD: 882 – 884 Ks
    1 FEC: 882 – 885 Ks
    Earning : 878 – 879 Ks
    1 SGD: 695 Ks
    Gold: 733,000 Ks (YGN) | 733,400 Ks (MDY)

  • P chogyi

    July 7, 2012 at 10:31 am

    နိုင်ငံခြားလည်းမသွားဘူး
    လေယာဉ်ပျံလည်းမစီးဘူး
    ဒေါ်လာတွေလည်းမကိုင်ဘူး
    ——– ဘူး
    ——– ဘူး
    ——– ဘူး
    ——– ဘူး
    ——– ဘူး
    ——– ဘူး

  • ho leo

    July 7, 2012 at 2:49 pm

    ဒါတင်တာကကောင်းပါတယ်
    ဒေါ်လာလဲတဲ့နေရာမှာအခက်အခဲရှိပါတယ်
    ဘဏ်တွေကလည်း အတူတူပဲ
    ဟိုဟာဖြစ်လို့ ဒါဖြစ်လို့နဲ့

  • same kyaw

    July 7, 2012 at 6:42 pm

    ပွဲစား ကပေါ်တင်ပြောပြီးပွဲစားခယူမယ်ဆို ဘာမှမဖြစ်ဘူး။လေယာဉ်လက်မှတ်ဝယ်တာ ၁နာရီမပြည့်ပါဘူး။လေယာဉ်လက်မှတ်ဝယ်ယုံတင် လေယာဉ်လက်မှတ် ဘိုးပိုတင် ဒေါ်လာလဲတာပိုတင် ပိုက်ဆံ လိုရေ ကဲအဲ့ဒီ၂၈၊၀၆၊၁၂နေ့ကလေယာဉ်လက်မှတ် ၂ယောက်စာ ကို ရ၁၄၀၀ဝ အပြင်လိုတယ်ဆိုလို့ ၁၂၀၀ဝ ကျော်ထပ်ပေးခဲ့ရတယ် ရသိန်းကျော် ကျ သင့်ရဲ့လား အကြံပေးကြပါ။ပွဲစားခလဲပေးရသေးတယ်။အဲ့ဒါလေယာဉ်လက်မှတ်ဝယ်ရုံတင် ၊သံရုံးဝင်တာမပါဘူးဗျ

  • ko htet

    July 7, 2012 at 7:14 pm

    ဟုတ်တယ်ဗျ ရန်ကုန်ကပွဲစားတွေကအရန်ကြောက်ဖို ့ကောင်တယ်

  • ဇောက် ထိုး

    July 7, 2012 at 10:31 pm

    ဘာကြောင့် ဝိသမ လောဘလို့နာမည်တတ်လိုက်သလဲမသိဘူးနော်..
    ပို့စစ်အကြောင်းအရာကလဲ ကောင်းပါတယ်..တင်သင့်ပါတယ်။ ဒါမျိုးတင်မှ စာဖတ်သူတွေလဲ အကျိုးများမှာပါ။

    ဒါပေမယ့် လောဘမှာတော့ တရားတဲ့ လောဘနဲ့ ..မတရားတဲ့လောဘလို့ မရှိဘူးထင်တယ်နော်…
    လောဘလို့ဆိုလိုက်ရင်ကို မကောင်းဘူး…

  • same kyaw

    July 8, 2012 at 11:38 am

    အမှန်တိုင်း ဝန်ခံရမယ်ဆို ရင် မြန်မာစာ သတ်ပုံတွေ အဓိပ္ပါယ်တွေ အပေါ်ယံလောက်ဘဲ သိတာ ။အသေးစိတ်တော့ မသိဘူး။ဘယ်သူမဆို အမှန်ပြင်ပေးရင် ကျေးဇူးပါ

Leave a Reply