ဦး နှင့် အ တူ နှစ် ယောက် သား ၊ အိမ် ပေါ် သို ့ရောက် လာ ပြီး ၊ အ ဒေါ် က အ နား ယူ ရန် ပြော ပါ သည် ။
ရေ ချိုး ခန်း ထဲ ဝင် ခါ ၊ ခြေ လက် မျက် နှာ ဆေး ကြော ပြီး ၊ အ ဒေါ် ပြင် ဆင် ထား သည့် အိပ် ရာ ခင်း ဖြူ ဖြူ ဖွေး ဖွေး ၊ ခြင် ထောင် ဖြူ ဖြူ မွှေး မွှေး လေး ထဲ ဝင် ပြီး လှဲ လိုက် ရ သ ဖြင့် ၊ အ ဒေါ် အား ကျေး ဇူး တင် မိ ခဲ့ ပါ သည် ။
ည နေ ခင်း က အ ဒေါ် ချက် ကျွေး သော ၊ ငါး ကတ် က တစ် နှင့် ပဲ င ပိ ပေါင်း (အ ချို)၊ ကြမ် မ ဆိုင် နှင့် ပဲ ပြား ဟင်း ချို ၊ ဝက် သား ပဲ ဆီ (ကြာ ညို ့) ဖြင့် ချက် ထား သည့် လက် ရာ များ က မိဘ လက် ရာ ထက် မ လျော့ ပါ။
ည အိပ် ရာ ဝင် ၊ ဘု ရား ရှိ ခိုး စဉ် အ ဒေါ် ကို ပါ ဆု တောင်း မေ တ္တာ ပို ့ပေး ခဲ့ ပါ သည် ။

ခ ရေ ပန်း ရ နံ ့ လေး အား ၊ တ အား နှစ် သက် သည် ဟု အစ် ကို သု ခ အား ပြော ပြ မိ ခဲ့ သ ဖြင့် ၊ ခ ရေ ပင် အောက် အုတ် ခုံ လေး တွင် တင် နေ သော ခ ရေ ပန်း လေး များ အား ၊ အစ် ကို သု ခ မှ ကောက် ယူ ကာ လက် ထဲ ထဲ့ ပေး ၍ ရှပ် အ င်္ကျီ အိပ် ကပ် လေး ထဲ တွင် ထည့် ထား ခဲ့ ပြီး ၊ ည ဝတ် အ င်္ကျီ ထုတ် ယူ ပြီး အ ဝတ် ပြီး လဲ သည့် အ ချိန် ၊ ခ ရေ ပန်း လေး များ အား စ က္ကူ ဖြင့် ထုတ် ပြီး ခေါင်း အုံး လေး အောက် တွင် ထည့် ရင်း ၊ အစ် ကို သု ခ နှင့် အ လာ ပ ၊ သ လာ ပ စ ကား များ ကို ပြန် စဉ်း စား ယင်း အ တွေး နယ် ချဲ ့ ခါ ၊ အိပ် ပျော် သွား ပါ သည် ။

မ နက် မိုး လင်း တော့ ၊ အ ဒေါ် ပြင် ထား သည့် ကော် ဖီ နှင့် မုန့် အား သုံး ဆောင် ပြီး ၊ ရန် ကုန် တွင် ရုံ တင် ထား သည့် ဆဲ ဗင်း နှိုက် အင် ဂျ ပန် ရုပ် ရှင် ကား ကောင်း သ ဖြင့် ၊ လက် မှတ် ဘွတ်ခ် ကင် ကြို တင် မှာ ထား ပေး ၍ ၊ ရုပ် ရှင် သွား ကြည့် ရန် အ ဒေါ် ၏ စီ စဉ် မှု ဖြင့် မောင် နှ မ နှစ် ယောက် သား ၊ အစ် ကို ဝမ်း ကွဲ နှင့် အစ် မ ယောင်း မ ဖြစ် သူ တို ့နှင့် အ တူ တူ လိုက် သွား ကြည့် ရန် အ ဒေါ် ခွင့် ပြု ခဲ့ သ ဖြင့် သွား ကြည့် ကြ ပါ သည် ။

သမ္မတ ရုပ် ရှင် ရုံ တွင် ၊ ရုံ တင် ထား သော မြင် ကွင်း ကျယ် ဆေး ရောင် စုံ ဇတ် ကား ကြီး ဖြစ် ၍ လွန် စွာ ပင် ကြည့် ၍ ကောင်း လှ ပါ သည် ။ ဂျ ပန် နိုင် ငံ သို ့၊ (၇) ရက် တာ မျှ လာ ရောက် လည် ပတ် သည့် အ င်္ဂ လန် နိုင် ငံ ၊ အိမ် ရှေ့ စံ မင်း သား လေး နှင့် ဂျ ပန် နိုင် ငံ ၊ ကား စ ပါယ် ယာ မ လေး တို ့၏ တွေ ့ဆုံ ချစ် ကြိုး သွယ် ခဲ့ သည့် ဂုဏ် ရည် မ တူ အချစ် ဇတ် လမ်း ကား လေး ဖြစ် ပါ သည် ။

ဇတ် လမ်း က မ ငို ပဲ နှင့် မ နေ နိုင် ၊ တ ရှူတ် ရှူတ် နှင့် နှပ် များ ပင် ထွက် လာ သည် အ ထိ ငို မိ ခဲ့ ပါ သည် ။ ရှက် လည်း မ တတ် နိုင် ပါ ၊ ဝမ်း နည်း စိတ် က ထိန်း မ ရ ၊ ပါ လာ သော လက် ကိုင် ပု ဝါ က တ ထည် လုံး ရွှဲ ရွဲ နစ် သွား ပါ သည်။
အစ် ကို သု ခ က….
သူ ့အ င်္ကျီ အိပ် ကပ် လေး ထဲ က ၊ လက် ကိုင် ပု ဝါ တ ထည် အား ထုတ် ပေး ရင်း မ ငို နဲ့ လေ…။
ဒါ က ရုပ် ရှင် ဘဲ ဟာ ဟု သ တိ ပေး စ ကား ဆို ပါ သည် ။ ရုပ် ရှင် ပြီး ၍ မီး လင်း လျှင် ကိုယ် ငို ထား တာ သူ များ မြင် လျှင် ရှက် စ ရာ ဟု ပြော ပါ သည် ။ ငို ချင် စိတ် ကို ဖျောက် ၍ ရုပ် ရှင် ကို ပင် မ ကြည့် ရဲ သည့် စိ်တ် ဖြစ် လာ ပါ သည်။
ဆက် မ ကြည့် တော့ ပဲ ၊ ခုံ နောက် မှီ တွင် ခေါင်း မော့ ပြီး မျက် စေ့ ကို မှိတ် ထား ပစ် လိုက် မိ ပါ သည် ။
အစ် ကို သု ခ က…
ကေ့ ကို ကြည့် တော့ ရှပ် အ င်္ကျီ က အ မြဲ ဝတ် ထား တတ် သည် ။ စ တိုင် က ယောက် ကျား လေး လို လို နဲ ့စိတ် က တော့ အ ရမ်း နု တာ ပဲ ဟု ပြော ပါ သည်။
စိတ် က မ နု ပါ ဘူး …
ကြမ်း လွန်း လို ့တောင် အိမ် မှာ နာ မည် ရ ထား တာ…
ကွန် မြူ နစ် မ တဲ့ လေ…
အစ် ကို သု ခ က မ သိ ပဲ လျောက် လျောက် ပြော နေ တယ်…
ကေ့ အ ကြောင်း ကို သိ လည်း မ သိ ပဲ နဲ ့…နော်။
လူ အ ကြောင်း ပေါင်း မှ သိ တဲ့ ။
အစ် ကို သု ခ ကေ့ အ ကြောင်း သိ ချင် ရင် (၃) နှစ် တောင် ၊ စောင့် ကြည့် ကြည့် ပါ လား…
အစ် ကို သု ခ ၊ တ ခါ တည်း လက် လန် သွား စေ ရ မည် ဟု
အ ငေါ် တူး တူး နှင့် ပြန် ပြော ပစ် လိုက် မိ ပါ သည်။
ကေ က ငယ် ငယ် ထဲ က သ နား တတ် တာ ..
သ နား စ ရာ မြင် ရင် ကေ့ စိတ် ထဲ ခံ စား လို ့မှ မ ရ နိုင် ဘူး….
အဲ ဒါ ကြောင့် ငို တာ ပါ..။
နောက် ဆို ဒီ လို မျိုး ကား ဆို လိုက် မ ကြည့် တော့ ပါ ဘူး..
အ ဖေ နဲ့ လာ ရင် ဒီ လို မျိုး ကား တွေ ဘယ် တော့ မှ လာ မ ပြ ဖူး ဘူး ..
ဂျိန်း စ် ဘွန်း ၊ ဘ ရု စ လီ ၊ ဂျက် ကီ ချမ်း ကား တွေ ၊ တ ရုတ် သိုင်း ကား တွေ ပဲ လာ လာ ပြ တာ..
ဒီ လို မျိုး ကား က ပ ထ မ ဆုံး ကြည့် ဘူး တာ ပဲ ဟု ပြော ပြ မိ ပါ သည် ။
အစ် ကို သု ခ က …
အ ပြင် မှာ အဲ လို ဇတ် လမ်း မျိုး လေး ဆို ရင် ..
အဲ ဒီ မိန်း က လေး နေ ရာ မှာ ဆို ရင်..
လမ်း ခွဲ နိုင် မှာ လား ဆို ပြီး ..ရုတ် တ ရက် မေး လိုက် ပါ သည် ။
မ ခွဲ နိုင် ပါ ဘူး ဟု ချက် ခြင်း ဖြေ သ လို ဖြစ် သွား တော့..
အစ် ကို သု ခ တ ယောက် သ ဘော ကျ ပြီး ရယ် ပါ တော့ သည် ။
အ ငိုက် တွင် ဖမ်း မေး လိုက် ခြင်း ဖြစ် ၍ ၊ ကေ တ ယောက် အ ရှိုက် တော့ ထိ မိ သွား ခဲ့
ပါ သည် ။။

About aye.kk

has written 247 post in this Website..