ထိုင်း​နိုင်ငံ​တွင်​ ​ကမာ္ဘ့လှ​ည့်​​ ခ​ရီး​သည်​များ​ ​တင်​ဆောင်​လာ​သည့်​​ စက်​လှေ​နှင့်​ ​အ​ခြား​စက်​လှေ​တို့​တိုက်​မိ

khinmintatthuJune 29, 20101min912

ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် စက်လှေ​ နှစ်စင်း တိုက်မိမှုကြောင့် လူပေါင်း(၄၂)ဦး ဒဏ်ရာများ ရရှိ​ သွားကြောင်း

သိရသည်။ ဇွန်လ​ (၂၆)​ ရက်နေ့ ညပိုင်းက နိုင်ငံခြားသား၊ကမာ္ဘ့လှည့် ခရီးသည်များကို တင်ဆောင်လာသည့် လှေ​ တစ်စင်းနှင့် ထိုင်း​ လူမျိုးများ လိုက်ပါ​ လာသော လှေတစ်စင်း တိုက်မိ​ ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားသားများ တင်ဆောင်​ လာသည့်​ လှေသည် လပြည့်​ ပွဲတော် ကျင်းပ​ နေသည့် ဖန်င​ ကျွန်းသို့ ဦးတည်​ ခုတ်မောင်း​ လာစဉ် အခြားလှေနှင့် တိုက်မိ​ ခဲ့ခြင်းဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ် ပွန်ကာဂျွန် ဆူကရ ာဆောင်းက ပြောကြားခဲ့သည်။

ထိုနေ့ည သန်းခေါင်​ အချိန်က လှေချင်း​ တိုက်မိခဲ့ချိန်တွင် မိုးရွာပြီး လေလည်း​ ထန်လျက်ရှိကြောင်း၊ လှေချင်း​ တိုက်သည့် အရှိန်ကြောင့် ခရီးသည်အချို့ ပင်လယ်ထဲ လွင့်ကျ​ သွားခဲ့သေးကြောင်း သိရသည်။ မူလက ထိုင်း​ ညီအစ်ကိုနှစ်ဦး ပျောက်ဆုံး​ နေခဲ့​ သေးသော်လည်း အနီးရှိ ကျွန်းတစ်ကျွန်းတွင် ပြန်လည်​ ကယ်ဆယ်နိုင်ခဲ့ကြောင်း ဆူကရာဆောင်းကဆိုသည်။

နိုင်ငံခြားသားများမှာ ဗြိတိန်၊ ဩစတြေးလျ၊ စင်္ကာပူ၊ အိုင်ယာလန်၊ နော်ဝေးနှင့် မလေးရှား​ တို့မှ ဖြစ်ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။ နိုင်ငံခြားသားများ အားလုံး​ တို့မှာ အသက်ကယ် ဝတ်စုံများ ဝတ်ထားသဖြင့် ကံကောင်း​ သွားကြောင်းလည်း ဆူကရာဆောင်းက မှတ်ချက်ပြုခဲ့သည်။ ရဲတပ်ဖွဲ့က စက်လှေ​ နှစ်စင်း တိုက်မိသည့် ကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းမှုများ ပြုလုပ်​ နေဆဲဖြစ်ကြောင်း သိရှိရသည်။

forword mail

2 comments

Leave a Reply