ဆည်းပူးသန့်ရှင်းကြွယ်စေမင်း

လောကသာရပျို့ အပိုဒ်(၁၃)မှာ

ထုံးတည်းနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊
ကြိုးလုံ့လလျက်၊ တုတ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊
စာပေတတ်ကြောင်း၊ တစ်ချောင်းချောင်းလျှင်၊ ခြိမ်းမောင်းသည်းခံ၊ ဆရာ့ထံ၌ ၊
သင်အံကျက်လေ၊တစ်နေ့တစ်ပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ္ပ္ပ၍၊ အထွေအထူး၊
ဂုဏ်ကျေးဇူးကို၊ ဆည်းပူးသန့်ရှင်း၊ ကြွယ်စေမင်း။

လိုက်နာကြရမဲ့ စည်းကမ်းတွေ၊ ထုံးစံတွေ၊ ဓလေ့တွေကို ရှေးရှေးတုန်းကတော့ မိဘနဲ့
အတူ ဆရာသမားများထံမှာ ဆည်းပူးကြရတယ်။ ရွာထိပ်က ဘုန်းတော်ကြီးကလည်းသင်
ပေးတယ်။ အမြင်မတော်တာတွေ့ရင် ရွာထဲက ဘယ်လူကြီးကမဆို ဆုံးမပေးကြတယ်။
ဒီလိုနဲ့ ပညာ ဗဟုသုတ ယဉ်ကျေးမှု အစုစုတို့ကို ဆည်းပူးကြပြီး လူတော် လူလိမ္မာလေးတွေ
ဖြစ်အောင် အားထုတ်ကြပါတယ်။

ဒီတစ်ပတ်တော့ ဆည်းပူးသင့်ကြတဲ့ အလေ့အကျင့်လေးတွေထဲက (၁) အပေးအယူ
(၂) အစားအသောက် နှစ်ပိုင်း ရေးပေးလိုက်ပါတယ်။

အပေးအယူ

ပစ္စည်းတစ်ခုခုကိုပေးကြ ယူကြရာမှာ “လက်နှစ်ဘက်နဲ့ယူ၊ လက်နှစ်ဘက်နဲ့ပေး” လို့
ငယ်ငယ်တုန်းက မိဘများတတွတ်တွတ်ပြောဆိုဆုံးမခဲ့တာ မှတ်မိကြမှာပါ။ သေးငယ်တဲ့
ပစ္စည်းဆိုရင် လက်တစ်ဘက်က ဒီပစ္စည်းကိုကိုင်၊ နောက်တစ်ဘက်က ကိုင်ထားတဲ့ လက်ရဲ့ 
လက်ကောက်ဝတ်အောက်နားကမှေးကိုင်ပြီးပေးရမယ်လို့ အမေ သင်ပေးဖူးပါတယ်။

ကျမ ကျောင်းသားတွေကိုလည်း ဒီလိုပြုမူရမယ်လို့ ကြုံကြိုက်တိုင်းပြောပြမိပါတယ်။
တကယ်နားမလည်တာလား၊ ကတ်တီးကတ်ဖဲ့လားမသိတဲ့ ကလေးတစ်ယောက်က
ဒီလိုမေးပါတယ်။ “တီချာ လက်နှစ်ဘက်မှာ တစ်ဘက်မရှိတဲ့ လူ ဘယ်လိုလုပ်မလဲ”တဲ့။

အထူးသဖြင့် လှမ်းပစ်ပေါက်ပေးခြင်းကို ရိုင်းတယ်လို့ပဲသတ်မှတ်ကြပါတယ်။ အတန်းထဲမှာ
ဆရာမ စာစစ်ပြီးပြန်ပေးတဲ့လေ့ကျင့်ခန်းစာအုပ်တွေပြန်ဝေငှပေးတဲ့အခါ စာအုပ်တွေ ပစ်မပေး
နဲ့၊ ဝေးနေရင် လက်ဆင့်ကမ်းပေးကြပါလို့ ခဏခဏ သတိပေးနေရပါတယ်။ ဘတ်စကက်
ဘောကစားနေတာမဟုတ်ဘူးလို့ အော်ပေးနေရပါတယ်။

ကျမအဖေ့နှစ်မ အရီးဆိုရင်လေ ကြက်သွန်လှီးဖို့ ဓားလှမ်းပေးတဲ့အခါ ဓားသွားဘက်ကပေးရင်
အလွန်စိတ်ဆိုးပါတယ်။ “ဓားရိုးဘက်ကပေးရတယ်၊ မှတ်ထားစမ်း၊မှတ်ထားစမ်း” လို့ ပြောလို့
မဆုံးတော့ပါဘူး။

အစားအသောက်

အစားအသောက်နဲ့ပတ်သက်ပြီးပြောရင် ဇာတ်လမ်းအရှည်ကြီးဖြစ်သွားနှိုင်ပါတယ်။ ပထမဆုံး
ဧည့်သည်ကိုဧည့်ခံဖို့ စားစရာတစ်ခုခုသယ်လာတာကစရအောင်။ သယ်လာတဲ့ ဖန်ခွက်၊
ကော်ဖီခွက်၊ပန်းကန်ထဲကို လက်မကြီးနှစ်ပြီးကိုင်လာရင် ဧည်သည် ဓာတ်ပျက်သွားစေ
နှိုင်ပါတယ်။ ဧည့်သည် ကို ဧည်ခံဖို့ချပေးတာကို ဦးခေါင်းပေါ်ကကျော်ချပြီးမပေးရပါ။
(စကားချပ်။ ။ စားသောက်ဆိုင်မှာ စားပွဲထိုးတွေ ရံဖန်ရံခါ ဒီလိုလုပ်မိလို့ စားသုံးသူ ကိုယ်ပေါ်
ဟင်းရည်ဖိတ်ကျတာမျိုးတွေ ဆိုရင် အလွန် အားနာစရာကောင်းလှပါတယ်။)

အိမ်မိသားစု ထမင်းဝိုင်းမှာ မိဘ၊ သို့မဟုတ် အသက်ကြီးသူကိုဦးချပြီးမှ စားရပါမယ်။
ဒီလိုယဉ်ကျေးမှု စရိုက်ကို မိဘတွေက ငယ်ငယ်ကတည်းကလေ့ကျင့်ပေးထားသင့်ပါတယ်။

ကျမတို့ လူမျိုးအများစုက ဇွန်းခက်ရင်းနဲ့စားဖို့ အထာမကျပါ၊ ကျမကိုယ်တိုင် လက်နဲ့စားရမှ
စားကောင်းတယ်လို့ ယူဆပါတယ်။ မလွဲသာလို့ ဇွန်းခက်ရင်း၊ဓားတွေနဲ့ စားရတဲ့အခါ စားလို့
မဝသလိုလိုဖြစ်နေမိပါတယ်။ ပုဂံသွားတော့ဟိုတယ်မှာနံနက်စာစားပါတယ်။နိုင်ငံခြားသားတွေ
တည်းခိုတာများလို့ ဗမာအစားအစာကောက်ညှင်းပေါင်း၊ ငချိတ်ပေါင်း စသဖြင့်တို့ကိုလည်း
ဇွန်းခက်ရင်းနဲ့ပေါ့။ ကျမဖြင့် လက်ကလေးနဲ့ ဆုပ်ဆုပ်ပြီးနှမ်းထောင်းလေးနဲ့ စားလိုက်ချင်တာ
ပါပဲ။

ကျမတို့ယဉ်ကျေးမှုအရ လက်နဲ့စားပြီး ဟင်းခတ်ရင် ဘယ်ဘက်လက်နဲ့ ကိုင်ကြပါတယ်။
ထမင်းတွေပေနေတဲ့ ညာဘက်လက်နဲ့ ဟင်းမခတ်ကြပါ။

ဟင်းချိုသောက်ရင်လည်း ရှူးခနဲအသံမြည်အောင်မသောက်ရဘူးလို့၊ အစာဝါးစားရင်လည်း
ပြတ်ပြတ်မမြည်ရဘူးလို့ လူကြီးတွေ ဆုံးမထားကြပါတယ်။ ( ကိုရီးယားကားထဲမှာကျတော့
တရှူးရှူးမြည်အောင်စား ပြနေပြန်ရောနော်။)

စားသောက်နေရင်း ပါးစပ်ပလုပ်ပလောင်းနဲ့ စကားမပြောရပါ။ အစားအစာကို ပါးစပ်ပိတ်ပြီး
ဝါးမျိုရပါတယ်။ ထမင်းတွေ ပါးစပ်ထဲမှာတစ်ထွေးကြီးနဲ့ စကားတွေပြောတဲ့အခါ မိမိပါးစပ်
ထဲက ဝါးလက်စတွေ ဟိုစင်ဒီစင်ဖြစ်ကုန်မှာ မသင့်တော်ပါ။

ထမင်းစားနေတုန်းမှာ တံထွေးထွေးတာ၊ ချောင်းဟန့်တာ၊ နှပ်ညှစ်တာ၊ တို့ကို စားသောက်နေ
တုန်း မပြုလုပ်ရပါဘူး။ ဝမ်း၊ဆီး၊လေ၊သလိပ် စတဲ့ အကြောင်းအရာတွေကိုလည်း မပြောသင့်
ပါဘူး။ လေချဉ်တက်တာ၊ လေလယ်တာတွေကိုလည်း ထမင်းစားတဲ့နေရာနဲ့ ခပ်ဝေးဝေး
မှာသွားပြီးဆောင်ရွက်ရမှာပါ။

စားသောက်ပြီးသွားကြားညပ်လို့ သွားကြားထိုးရင်လည်း လက်ကလေးကာပြီး ထိုးရမှာဖြစ်
ပါတယ်။ အချို့ တွေ သွားကြားညပ်တာကို တကျွိကျွိနဲ့ စုတ်နေတာတွေ့ဖူးကြမှာပါ။ အလွန်
ပင် ရုပ်ဆိုးသော အပြုအမူဖြစ်ပါတယ်။

ဒီလို အစားအသောက်နဲ့ပတ်သက်ပြီး လိုက်နာသင့်ကြတဲ့ ယဉ်ကျေးမှုတွေ တိုင်းပြည်အသီး
သီးမှာ သူ့ပုံစံနဲ့သူ ရှိနေတာ အောက်ပါ ဝက်ဘ်ဆိုက်ကထုတ်ယူ ဘာသာပြန်ပေးလိုက်ပါတယ်။
အင်း မြန်မာယဉ်ကျေးမှု မဟုတ်ပေမဲ့ ဆီလျော်တာတွေ့ရင် လေ့လာအတုယူနှိုင်ဖို့ပါ။

http://www.holidaycook.com/table-manners/basic-rules.shtml

Basic Table Manners
ထမင်းစားစဉ်လိုက်နာရန်များ

Good basic table manners are important because they ensure that
both guests and hosts are comfortable at the table.
Table manners are mostly common sense.
ထမင်းစားစဉ်လိုက်နာရမဲ့ အလေ့အကျင့်တွေဟာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့
ဒီအလေ့အကျင့်လေးတွေရှိမှ အိမ်ရှင်ရော ဧည့်သည်ပါ ထမင်းစားပွဲမှာ အဆင်ပြေပြေ
စားနိုင်ကြမှာမို့လို့ပါ။ ဒါတွေဟာ အသိစိတ်ဓာတ်ရှိမှုကို အများဆုံးဖော်ပြတာပါ။

1. Sit up straight.
Try not to slouch or lean back in your chair.
(၁) မတ်မတ်ထိုင်ပါ
ပျော့တိရော့ရဲသလိုမျိုး၊ ဒါမှမဟုတ် ကုလားထိုင်နောက်ကိုမှီပြီးထိုင်တာမျိုး မလုပ်ဖို့
ကြိုးစားပါ။

2. Don’t speak with your mouth full of food.
Sure, you’ve heard your mother say it a hundred times, but no one
likes to see a ball of masticated meat in your mouth. If you feel
you must speak immediately, if you have only a relatively small bite,
tuck it into your cheek with your tongue and speak briefly.
(၂) ပါးစပ်ပလုပ်ပလောင်းနဲ့စကားမပြောပါနဲ့။
မင်းအမေ အကြိမ်တစ်ရာမကပြောတာ မင်းကြားပြီးသားဖြစ်မှာပါ။ ဘယ်သူကမှ မင်းပါးစပ်
ထဲက ဝါးပြီးသားအသားဖတ်ကြီးကိုကြည့်ချင်မှာမဟုတ်ပါဘူး။ အကယ်၍ အမြန်ချက်ချင်း
ပြောမှဖြစ်မယ်ဆိုရင်လည်း ၊ ကိုယ်ကိုက်ထားမိတဲ့ တစ်ကိုက်စာက အတော်လေးသေးတယ်
ဆိုရင်တော့ ပါးစောင်ထဲ ထိုးသွင်းငုံလိုက်ပြီးမှ ခပ်တိုတို ပြောပါ။

3. Chew quietly, and try not to slurp.
Making noises is not only unappetizing, and distracting,
but it can also interrupt the flow of conversation.
(၃) တိတ်တိတ်ဆိတ်ဆိတ်ဝါးပါ၊ တပြတ်ပြတ်မြည်အောင်မဝါးဖို့ ကြိုးစားပါ။
အသံတွေမြည်နေရင်စားရတာ ခံတွင်းပျက်စေပါတယ်။ အနှောက်အရှက်လည်းဖြစ်စေပါတယ်။
ဒါတင်မက ထမင်းဝိုင်းစကားပြောဆိုနေခြင်းကိုလည်း အဟန့်အတားဖြစ်နေပါတယ်။

4. Keep bites small.
In order to facilitate the above rules it is smart to keep
bite sizes to a moderate forkful. Cut meat and salad so that
it doesn’t hang from your mouth after you shovel it in.
Don’t cut all of your meat at one time, this tends to remind
people of feeding small children – and the messiness associated
with this activity.
(၄) ခပ်သေးသေးကိုက်ပါ။
အထက်ပါအစားအသောက်စည်းကမ်းတွေလိုက်နာဖို့ရာ ခက်ရင်းတစ်ထောက်စာ အနေတော်
ဟင်းတုံးလေးတွေကိုက်မယ်ဆိုရင် ဟန်ကျသွားမှာပါ။ အသားနဲ့ ဟင်းရွက်စုံသုတ်ကို
လှီးဖြတ်မှသာ ပါးစောင်ထဲ ထိုးကော်သွင်းတဲ့အခါ နှုတ်ခမ်းကနေ တွဲလောင်းကျမလာမှာ
ဖြစ်ပါတယ်။ အသားတုံးကိုလည်း တစ်ခါတည်းနဲ့ အကုန်လှီးမထားပါနဲ့။ ကလေး ကို ကျွေး
သလိုဖြစ်နေပါမယ်။ ပြီးတော့ ပန်းကန်ထဲမှာလည်းပွနေသလိုဖြစ်နေပါမယ်။

5. Eat at a leisurely pace.
This rule, besides being good for the digestion, also shows
your host that you want to enjoy the food and the company.
Eating quickly and running is sign of disrespect for the host,
as it shows that your focus is on the food and that you would
rather be at home watching the grass grow than passing time
with your host.
(၅) သက်တောင့်သက်သာခပ်မှန်မှန်စားပါ။
ဒီလိုစားတာဟာ အစာကိုလည်းကြေညက်စေတယ်။ အိမ်ရှင်ကိုလည်း အတူစားရတာ သဘောကျနှစ်ခြိုက်ကြောင်းပြနေပါတယ်။ သုတ်သုတ်စား၊ မြန်မြန်ပြန် ဆိုရင် အိမ်ရှင်ကို
မလေးစားရာကျနေမှာပါ။ ဘယ်လိုမျိုးလဲဆိုတော့ အစားကိုသာအာရုံစိုက်သလိုလို၊ အိမ်ရှင်
နဲ့ အတူစားဖို့ထက် ဒီအိမ်ကမြက်ပင်ပေါက်ရဲ့ လား လာကြည့်သလိုလို ဖြစ်သွားပါမယ်။

6. Don’t wave utensils in the air.
Especially knives or if there is food on them. Besides the danger
of knocking over glasses, piercing waiters or launching a pea into
the eye of your date, this is a sign of over-excitedness that may be unappealing to those present. Earnestness is to be commended,
but irrational exuberance goes beyond the limits of good table manners.
(၆) စားသုံးရာမှာအသုံးပြုတဲ့ ဓား၊ခက်ရင်း၊ဇွန်းစတာတွေကိုဝှေ့ရမ်းခြင်းမပြုရပါ။
အထူးသဖြင့် ဓားပေါ့ ၊ အစားအစာတွေလှီးရင်းပေနေတဲ့ အခါပါ။ ဒါတင်မကသေးပါဘူး။
ဒီဓားနဲ့ ဖန်ခွက်ကိုခေါက်မိမယ်၊ စားပွဲထိုးကို ထိုးမိမယ်၊ အတူလာစားသူ မျက်လုံးထဲ ပဲစိ
နဲ့ လှမ်းပစ်မိသလိုဖြစ်မယ်။ မိမိနဲ့ အတူစားသောက်နေသူတွေ ဘဝင်မကျစရာတွေ ဖြစ်လာ
နှိုင်တဲ့ စိတ်လှုပ်ရှားလွန် လက္ခဏာပါ။ စိတ်အားထက်သန်တယ်လို့ ပြောနှိုင်ပေမဲ့ အခြေအမြစ်
မရှိတဲ့ အမြူးလွန်မှုကတော့ အစားအသောက်ယဉ်ကျေးမှုကို ဘောင်ကျော်နေသလိုပါပဲ။

7. Keep your elbows off the table.
You have also heard this one from your mother, ad infinitum,
but in close dining situations it is a vital rule.
Elbows take up table space and can be a danger in knocking plates
or glasses. Elbows on the table give you something to lean on
and tend to lull you into slouching. If you must lean on the table
a good tactic is to take a roll or piece of bread into your
free hand and rest part of your forearm on the table.
(၇) စားပွဲပေါ်ကိုတံတောင်ဆစ်မတင်ရပါ။
အမေ့ဆီက အမြဲကြားဖူးပြီးသားနေမှာပါ။ ဒါပေမဲ့ တကယ့် စားပွဲသောက်ပွဲ ကြီးတွေမှာတော့
အရေးပါတဲ့ စည်းကမ်းပါ။ စားပွဲပေါ်မှာတင်ထားတဲ့ တံတောင်ဆစ်ကြောင့် ပန်းကန်တွေ
တိုက်ချမိနှိုင်တယ်။ စားပွဲပေါ်မှီချမိနှိုင်တယ်။ မှီချင်ရင်တော့ ပေါင်မုန့်တစ်လုံးလှမ်းယူလိုက်
ပြီး လက်ဖျံလေးနဲ့ မှီတဲ့ နည်းရှိပါတယ်။

8. Don’t Reach.
You don’t want to get in the way of people either eating or talking.
Not only is it as impolite as standing in front of a TV with
other people behind you, but there is always the possibility
of upsetting glasses or running your sleeve through someone’s
mashed potatoes.
(၈) မမှီတာလှမ်းမယူပါရန်
သူများတွေစားနေ စကားပြောနေတုန်းကြားမဝင်ချင်ပါ။ မယဉ်ကျေးတဲ့ပုံစံက လူတွေရှေ့ က
ပိတ်ပြီးရုပ်မြင်သံကြားနားရပ်မိသလိုဖြစ်တဲ့အပြင် ဖြစ်တတ်တာကတော့ ဖန်ခွက်တွေတိုက်
မိမယ်၊ သို့မဟုတ်သူများအာလူးထောင်းတွေ ကိုယ့် အင်္ကျီလက်ဖျားပေကုန်ပါ့မယ်။

9. Don’t forget please and thank you.
These are handy words in most situations but especially vital
at the table where common courtesies are noticed by everyone present.
(၉) ဒီမှာခင်ဗျာ၊ ကျေးဇူးတင်ပါတယ်ရှင် စတာတွေသုံးဖို့မမေ့ပါရန်
အသုံးပြုရတာလည်းမခက်တဲ့ ဒီစကားလုံးလေးတွေကို နေရာအနှံ့သုံးကြပါတယ်။
အထူးသဖြင့် စားပွဲတက်ရောက်လာသူတိုင်း သတိပြုမိတဲ့ အများသုံးယဉ်ကျေးမှုတွေ
သုံးကြတဲ့ ထမင်းဝိုင်းလိုနေရာမျိုးမှာ အရေးကြီးလှပါတယ်။

10. Excuse yourself when leaving the table.
You don’t want people to think that you are tired of their company.
If you must leave the table, make your excuses somewhat obvious
and appear to be pressing. You want to leave people with the
impression that you would rather remain at the table talking
with them than doing anything else, but the matter at hand is
so pressing that it must be attended to at once.
(၁၀) စားသောက်ဝိုင်းကထတော့မယ်ဆိုရင် ခွင့်တောင်းနှုတ်ဆက်ပါ။
မိမိ ဆက်နေရမှာစိတ်မပါတော့ဘူးလို့ မထင်စေပါနဲ့။ မသွားမဖြစ်အရေးကြီးလို့ ၊ နေချင်သေး
ပေမဲ့ သွားရမဲ့ ကိစ္စကြောင့် သွားရတာမျိုး ခွင့်တောင်းနှုတ်ဆက်ပါ။

ဒီ(၁၀)ချက်ကတော့ အထက်ပါ link ကပါလာတာလေးတွေ အသုံးဝင်မလားဆိုပြီး လိုမယ်ထင်တာလေးတွေ ရွေးပြီးဖော်ပြလိုက်တာပါ။ တစ်နည်းနည်းနဲ့ အသုံးဝင်သွားမယ်ဆိုရင်
ကျေနပ်ပါပြီရှင်။

About TTNU

has written 88 post in this Website..