ံHow to climb the mountains (တောင်တက်နည်း) – ၁

Paulo Coelho ရဲ့ Like the Flowing River စာအုပ်ထဲက How to climb the mountains ဆိုတဲ့ စာကို ဘာသာပြန်ထားပါတယ်။ အားလုံးပေါင်း ၁၁ ချက်ရှိပါတယ်။ အခုတော့ ၅ ချက်ကို အရင် တင်ထားပါတယ်။ တစ်ချို့အီဒီယမ်တွေက ဘာသာပြန်ရတာ အခက်အခဲရှိတဲ့အတွက် မှားတာတွေ့ရင် ပြင်ပေးစေလိုပါတယ်။

How to climb the mountains

တောင်တက်နည်း

 

Choose the mountain you want to climb

မင်းတက်ချင်တဲ့တောင်ကို ရွေးချယ်ပါ။

 

Don’t be influenced by what other people say: ‘that one’s prettier’ or ‘that one looks easier’. You are going to put a lot of energy and enthusiasm into achieving your objective, and you are the only person responsible for your choice, so be quiet sure about what you are doing.

 

“ဟိုတောင်က ပိုလှတယ်” “ဟိုတောင်က လွယ်မယ့်ပုံပဲ” စသဖြင့် အခြားသူပြောတာတွေကို အလွှမ်းမိုးမခံပါနဲ့။ မင်းရဲ့ရည်မှန်းချက်ကို ရောက်ဖို့ မင်းရဲ့ခွန်အားစွမ်းအင်အများကြီးကို မင်းသုံးရတော့မှာ။ မင်းရဲ့ ရွေးချယ်မှုအတွက် မင်းကသာ တစ်ဦးတည်းသော တာဝန်ရှိသူပဲ။ ဒါကြောင့် မင်းဘာလုပ်မယ်ဆိုတာ လုံးဝသေချာမှုရှိပါစေ။

 

Find out how to reach the mountain

တောင်ကိုရောက်မယ့်နည်းလမ်းကို ရှာဖွေပါ။

 

Often you can see the mountain in the distance – beautiful, interesting, full of challenges. However, when you try to reach it, what happens? It’s surrounded by roads, forests lie between you and your objective; and what seems clear on the map is far more complicated in reality. So you must try all the paths and tracks until, one day, you find yourself before the peak you intend to climb.

 

မကြာခဏဆိုသလိုပဲ အဝေးကကြည့်လိုက်ရင် တောင်တွေက လှပတယ်။ စိတ်ဝင်စားစရာကောင်းတယ်။ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတယ်။ ဒါပေမယ့် မင်းရောက်သွားဖို့ ကြိုးစားလိုက်တဲ့အခါမှာတော့ ဘာဖြစ်လာမလဲ။ မင်းနဲ့ မင်းရဲ့ ပန်းတိုင်ကြားမှာ လမ်းတွေ၊ သစ်တောတွေနဲ့ ဝန်းရံပိတ်ဆို့နေတယ်။ မြေပုံပေါ်မှာ ရှင်းနေတယ်လို့ ထင်ရတဲ့အရာတွေက အပြင်လက်တွေ့မှာတော့ တော်တော်လေးကို ပိုရှုပ်ထွေးတယ်။ ဒါကြောင့် မင်းတက်ချင်တဲ့ အထွဋ်အထိပ်ထိမရောက်ခင်မှာ မင်းဘာသာမင်း(လမ်းကို)ရှာတွေ့သွားတဲ့နေ့အထိ လမ်းတွေအားလုံးကို ကြိုးစားကြည့်ရမယ်။

 

Learn from someone who has been there before

ရောက်ဖူးတဲ့သူဆီကနေ သင်ယူပါ။

 

However unique you may think you are, there is always someone who has had the same dream before, and who will have left signs behind that will make the climb less arduous: the best place to attach a rope, trodden paths, branches broken off to make it easier to pass. It is your climb and it is your responsibility too, but never forget that other people’s experiences are always helpful.

 

မင်းကိုယ်မင်း ပြိုင်ဘက်ကင်းထူးခြားတဲ့လူလို့ ထင်ချင်ထင်လိမ့်မယ်။ ဒါပေမယ့် မင်းလိုအိပ်မက်ကို ထပ်တူမက်ထားတဲ့သူတော့ အမြဲတမ်းရှိတယ်။ သူက တောင်ကိုတက်ရလွယ်အောင်လို့ အမှတ်အသားသင်္ကေတတွေ ချန်ထားခဲ့လိမ့်မယ်။ ကြိုးချည်ဖို့ အကောင်းဆုံးနေရာ၊ ခြေနင်းရမယ့် လမ်းနေရာ၊ လမ်းသွားဖို့လွယ်အောင် ချိုးထားခဲ့တဲ့ သစ်ကိုင်း စသဖြင့်ပေါ့။ အခုကတော့ မင်းတက်ရမှာ၊ မင်းရဲ့ တာဝန်ပဲ။ ဒါပေမယ့် အခြားလူတွေရဲ့ အတွေ့အကြုံတွေက အသုံးဝင်တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။

 

Dangers, seen from close to, are controllable

အနီးကပ်အန္တရာယ်တွေကို ထိန်းချုပ်နိုင်ပါစေ။

 

When you start to climb the mountains of your dreams, pay attention to what is around you. There are, of course, precipices. There are almost imperceptible cracks. There are stones polished so smooth by rain and wind that they have become as slippery as ice. But if you know where you are putting your foot, you will see any traps and be able to avoid them.

 

မင်းရဲ့ အိပ်မက်တွေဖြစ်တဲ့ တောင်တွေကို စတက်တဲ့အခါ မင်းပတ်ဝန်းကျင်မှာ ဘာတွေရှိလဲဆိုတာ သတိပြုပါ။ တကယ်တော့ ချောက်ကမ်းပါးတွေရှိတယ်။ မမြင်နိုင်လောက်တဲ့ အက်ကြောင်းရာတွေရှိတယ်။ မိုးနဲ့လေကြောင့် ရေခဲလိုချော်ထွက်ပြီး ချောမွေ့လွန်းနေတဲ့ ကျောက်တုံးတွေရှိတယ်။ ဒါပေမယ့် မင်းခြေချရမယ့်နေရာကိုသာ သိမယ်ဆိုရင် ဘယ်ထောင်ချောက်ကိုမဆို တွေ့ပြီးရှောင်သွားနိုင်မယ်။

 

The landscape changes, so make the most of it

ပတ်ဝန်းကျင်ရှုခင်းကတော့ ပြောင်းလဲသွားမယ်။ မင်းကိုပေးထားတဲ့အရာတွေပေါ်မှာ တတ်နိုင်သလောက် ကြည့်ရှုခံစားပါ။

 

You must, naturally, always keep in mind your objective – reaching the top. However, as you climb, the view changes, and there is nothing wrong with stopping now and then to enjoy the vista. With each metre you climb, you can see a little further, so take time to discover things you have never noticed before.

 

ထပ်ဆုံးကို ရောက်ရမယ်ဆိုတဲ့ မင်းရဲ့ပန်းတိုင်ကို ပကတိအတိုင်း အာရုံစူးစိုက်ထားရမယ်။ ဒါပေမယ့် မင်းတက်တဲ့အခါမှာ မြင်ကွင်းက ပြောင်းလဲသွားမယ်။ ရှုမျှော်ခင်းကို ခံစားဖို့အတွက် မကြာမကြာရပ်မယ်ဆိုရင်လည်း မင်းဘာမှမဖြစ်ပါဘူး။ တက်သွားတဲ့ မီတာတိုင်းမှာ ခပ်ဝေးဝေးကို ပိုမြင်နိုင်တယ်။ ဒါကြောင့် အရင်က သတိမမူမိခဲ့တဲ့အရာတွေကို တွေ့ရှိဖို့ အချိန်ပေးပါ။

5 comments

  • ဘဲဥ

    July 7, 2012 at 11:13 am

    မမောအောင်တောင်တက်နည်းတော့ရှိတယ်ဗျ
    ကိုယ်တွေ့နော် ကိုယ်တွေ့…..
    သိချင်ကြသလားဟင်ပြောပြရမလား…… ဟိဟိ

  • မောင်ပေ

    July 7, 2012 at 12:27 pm

    မမွန်မွန် ရဲ ့တောင်တက်နည်းလမ်းတွေကို ဖတ်အပြီး ကျွန်တော် တက်ချင်တဲ့ တောင်အကြောင်းနဲ ့အစီအစဉ်လေးကို လဲ ပြန်ပြောပြချင်ပါတယ် ။
    ၁ ။ ကျွန်တော်တက်ချင်တဲ့တောင်ကတော့ ရွှေငွေ ကျောက်သံပတ္တမြားတွေ ထွက်ရှိတဲ့တောင်ပါ
    ၂ ။ တောင်ပေါ်ရောက်ဖို ့ပထမဆုံး ငွေရင်းနှီး အချို ့လိုအပ်ပါတယ်
    ၃ ။ ရောက်ဖူးတဲ့သူတွေက သူရို ့တုန်းက ဘယ်သို ့ဘယ်ပုံဆိုတာ ပြန်မပြောကြပါဘူး
    ၄ ။ အန္တရာယ်ကတော့ အရမ်းများမှာ သေချာပါတယ်
    ၅ ။ ရောက်ခဲ့လို ့ရှိရင် တွေ ့သမျှ အဖိုးတန်တာတွေ အိတ်ထဲကောက်ထည့်ပြီး လာရာလမ်းအတိုင်း အမြန်ဆုံး ပြန်လာရပါမယ် ။
    ဟီဟိ…

  • Foreign Resident

    July 7, 2012 at 2:22 pm

    အဘ ပေ ၁၀၀၀ဝ ကျော်တဲ့
    ဝိတိုရိရ ( နတ်မ ) တောင် ထိပ်အထိ တက်ဖူးတယ် ။
    ပေ ၁၀၀၀ဝ ကျော်သွားရင် အောက်စီဂျင် ပါးသွားပြီ ။
    နှလုံး အမြန်ခုန်ဖို့ အတွက် အောက်စီဂျင် မလုံလောက်တော့ဘူး ။
    ဒီတော့ ၊ ခြေလှမ်းကို တိုတို နှင့် ဖြေးဖြေး ၊
    တစ်လှမ်းချင်း တက်ရတယ် ။

  • ဝမ်းတွင်းရူး

    July 7, 2012 at 6:51 pm

    You must, naturally, always keep in mind your objective – reaching the top. However, as you climb, the view changes, and there is nothing wrong with stopping now and then to enjoy the vista. With each metre you climb, you can see a little further, so take time to discover things you have never noticed before.

  • MaMa

    July 7, 2012 at 7:31 pm

    စိတ်ဝင်စားစရာပဲ။
    ဗဟုသုတရလို့ ကျေးဇူးတင်ပါတယ်။
    တောင်တက်နည်းလေးတွေ ကျန်နေသေးတာလည်း ဆက်ပါဦး။ 🙂

Leave a Reply