Lane နဲ့ လိမ်… ဒီလို ပြောင်းတော့ ကောင်းသလား

နွေဦးJuly 7, 20121min17911

ပြောကြပါ Myanmar ကို Burma လို့ ပြောတော့ ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့…

တကယ်တော့ ဘာထိခိုက်စရာ ရှိလဲ.. ဘယ်သူထိခိုက်လဲ..

မယောင်ရာဆီလူးလို့ ပြောရင် ကျုပ် ကို ဝိုင်း သမ ကြမှာ..ဒီတော့ မပြောဘူးဘဲထားလိုက်..

ခုဟာကတော့ ထိခိုက်ကုန်ဘီ..

ဘာသာပြန်ရင်လဲ ထိထိရောက်ရောက် ပြန်ဗျာ..

တိုက်ရိုက် အသံထွက် အတိုင်း ခေါ်ကြ ပြောကြပေါ့..။

အဟောင်းအတိုင်း ဆိုကြ ပြောကြရောပေါ့..

ခု အသစ်နဲ့ မှ…

လိမ်ပြီ ဆရာ ဘဲ…

လိမ် လား
လိမ် လား

 

အသစ်ပြင်ရေးတာလား…

မြန်မာဆန်ဆန် အမည်သစ် မှည့်တာလား..

ဘာဖြစ်ဖြစ်..ရှေ့နောက် ဘာဖြစ်နိုင်တယ် ဆိုတာ မစဉ်းမစား ..

အသေးအဖွဲလေးကအစ…

အမြဲ ဖြစ်လေ့ဖြစ်ထရှိနေတော့…

မြန်မာပြည်မှာ ရှေ့နောက် ကြို စဉ်းစားနိုင်တဲ့ တာဝန်ရှိတဲ့ သူတွေ…မရှိတော့ဘူးလား…

11 comments

  • နွေဦး

    July 7, 2012 at 12:37 pm

    ပုံ ကို ထင်ထင်ပေါ်ပေါ် ဖြစ်အောင် နဲနဲ ကြီးလိုက်တာ..
    လက်နဲနဲလွန်သွားတယ်..

  • မောင်ပေ

    July 7, 2012 at 1:03 pm

    အဲ့လမ်းထဲက ရှမ်းတွေက လိမ်ကြလွန်းလို ့နေမှာပေါ့ဗျာ 🙂

    • နွေဦး

      July 7, 2012 at 1:33 pm

      ရှမ်းတွေက လိမ်တာမဟုတ်ဘူး..
      ရိုးလွန်းလို့ အလိမ်ခံနေရတာ…
      ခုဘဲကြည့် ..သူတို့လမ်းအတွက် ဆိုင်းဘုတ်ဖိုးလဲ ပေးရသေး..
      လူလိမ်လဲ အထင်ခံရသေး..မမိုက်ပါဘူဗျာ…

      • မောင်ပေ

        July 7, 2012 at 2:02 pm

        ကိုယ့်ဆရာ
        ကျုပ်က ဆိုင်းဘုတ်ကိုဖတ်ပြီး ပြုံးမိလို ့အပျော်သဘောနဲ ့မန် ့ခဲ့တာပါနော
        တစ်ကယ်တမ်း အဲ့လမ်းကလူတွေ က ကိုယ့်လမ်းအတွက် ကို လုပ်သင့်တာကို မလုပ်လို ့၊ အဲဒီဆိုင်းဘုတ်ဟာ အခုလို အင်တာနက်ပေါ် ပါလာတာပေါ့ဗျား ။
        ကျုပ်သာ အဲ့လမ်းက လူဆိုရင် ၊ အဲ့ဆိုင်းဘုတ်ကို ရိုက်ခွဲပြီးနေတာကြာပေါ့ ။

      • ညလေး

        July 8, 2012 at 4:34 pm

        အဟက်ဟက်……….မျက်စိရှမ်းထှာ…..
        ရှမ်းလိမ်လမ်းတဲ….ကွယ်……
        ဖြစ်မှဖြစ်ရလေ…
        ညလေးသွားလိမ်ထားတာများလား…..ဟွန်း….

  • mayjuly

    July 7, 2012 at 2:51 pm

    လိမ်လား..လိမ်ဘူးးး ညာပဲညာတယ် … 😛

    • နွေဦး

      July 7, 2012 at 2:59 pm

      ရှောက်မပြောနဲ့ .
      နောက်ဆိုင်းဘုတ် တခုတိုးပြီး ..”ရှမ်းညာ” လမ်းဆို ဖြစ်အုံးမယ်..

  • ဝမ်းတွင်းရူး

    July 7, 2012 at 6:41 pm

    လိမ်တယ်၊ညာတယ်ကို ရခိုင်လို ဝါတယ်လို ့ပြောပါ၏။
    ကျနော်က ဝါဘဲ ဝါတယ်။

  • စိန်ဗိုက်ဗိုက်

    July 7, 2012 at 6:56 pm

    ရပ်ကွက်လူကြီး ဘူလဲ..
    အူကြောင်ကျားပဲဟ

    ရှမ်းလမ်း ဒါမှမဟုတ် SHAN LANE ဆို ..ရပြီမဟုတ်ဘူးလား..

  • padonmar

    July 7, 2012 at 8:54 pm

    စွဲစားသောက်ဆိုင်နားကလမ်းမလား။
    Lane =လမ်းသွယ်
    Road= လမ်းဘေးမှာ ခြံဝင်းနှင့်နေကြသောလမ်း
    Street= ခြံမရှိဘဲ လမ်းဘေးမှာ အိမ်တွေတိုက်တွေစီနေသောလမ်း
    လို့ မှတ်ဖူးပါတယ်။ Shan Lane Road ဆိုလည်းမှားနေတာပါပဲ။ဒါပေမယ့် ရှမ်းလိမ်ထက်တော့တော်သေးတာပေါ့။
    ရှမ်းလမ်း(ဗဟိုလမ်း) လမ်းမကြီးရဲ့ လမ်းသွယ်လေးမို့လို့ ရှမ်းလိမ်းဖြစ်ရတာ သူတို့လက်ထက်ရောက်မှဘဲ ရှမ်းလိမ် ဖြစ်တော့တယ်နော်။

  • ဇောက် ထိုး

    July 8, 2012 at 3:45 pm

    ဟဲဟဲ ရယ်ရတယ် ကိုနွေဦးရယ်…
    တကယ်ပါ… အဲဒီအရပ်က လူတွေ……

Leave a Reply