တရုတ်နိုင်ငံနှင့် တိုင်ပေကျွန်းအကြား ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ် ရေးထိုး

khinmintatthuJune 29, 20101min720

တရုတ်ပြည်မကြီးနှင့် တရုတ်တိုင်ပေ ကျွန်းတို့သည် သမိုင်းဝင် ကုန်သွယ်ရေး သဘောတူညီချက် တစ်ခုကို အင်္ဂါနေ့တွင် လက်မှတ် ရေးထိုးကြမည် ဖြစ်သည်။ အဆိုပါ သဘောတူညီချက်သည် လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ခန့်က တစ်ဖက်နှင့် တစ်ဖက် ရန်စောင်နေခဲ့ကြသော ဒေသနှစ်ခုအား ပိုမိုနီးစပ် သွားစေမည် ဖြစ်သည်။ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် (ECFA)ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချုံကျင်းမြို့တွင် လက်မှတ် ရေးထိုးကြမည် ဖြစ်သည်။ ယင်း သဘောတူညီချက်ကြောင့် ကုန်သွယ်မှု အခွင့်အလမ်းများ အများအပြား ပေါ်ပေါက်လာမည်ဟု ယုံကြည်ကြသည်။ တရုတ်တိုင်ပေ၏ ရေနံဓာတု ပစ္စည်းများနှင့် မော်တော်ယာဉ် အစိတ်အပိုင်းများ၊ စက်ပစ္စည်းများ အပါအဝင် ပို့ကုန် အမျိုးပေါင်း ၅၃၉ မျိုး အပေါ်တွင် အခွန်အကောက်များကို များစွာ လျှော့ချပေး၍ အချို့ပစ္စည်းများ အပေါ်တွင် အကောက်ခွန်မဲ့ တင်ပို့ခွင့် ပြုမည်ဖြစ်သည်။ အဆိုပါ သဘောတူညီချက်ကြောင့် တရုတ် တိုင်ပေကျွန်းတွင် အလုပ်အကိုင်ပေါင်း နှစ်သိန်း ခြောက်သောင်းခန့် ပေါ်ပေါက်လာပြီးလျှင် စီးပွား တိုးတက်မှုကိုလည်း ၁.ရ ရာခိုင်နှုန်း ပိုမိုမြင့်မား လာစေမည် ဖြစ်သည်။ (အေအက်ဖ်ပီ)