အာဇာနည်

htet wayJuly 7, 20121min686

မှန်ကန်မူ သစ္စာတရားနဲ့
ကိုယ်ကျိုး စွန့် အနစ်နာခံသူတွေ
မြို့တစ်မြို့လုံး ဖုံးလွှမ်းသွားအောင် ဥဩသံတွေ မည်ဟီးလိုက်စမ်းပါ
ဟိုမှာ တိုင်တစ်ဝက်လွှင့်တင်ထားတဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် အလံတော်
ငါတို့ရဲ့ အမြတ်တနိုး သော့ခတ်ထားတဲ့ နေ့ရက် ဇူလှိုင် ၁၉
ငါတို့ရဲ့ ကယ်တင်ခြင်း တေးသွားရဲ့ချိုမြိန်မူ ဇူလှိုင် ၁၉
ငါတို့ရဲ့ ရနံ့အမွှေးဆုံး ပန်းတွေ ကြွေတဲ့ ဇူလှိုင် ၁၉
ဟော့ဒီမှာ ငါတို့ရဲ့ မွတ်သိပ်တဲ့ အလွမ်းတွေ
ဟော့ဒီမှာ ငါတို့ရဲ့ ဝမ်းနည်းခြင်း မျက်ရည်တွေ
ဟော့ဒီမှာ ငါတို့ရဲ့ သံပြိုင်သီဆိုလိုက်တဲ့ ကွဲကြေနေတဲ့ အသံ
ဇူလှိုင် ၁၉
အနစ်နာခံခြင်းရဲ့ အခြား အမည်…..အာဇာနည်တဲ့
အရိုင်းအစိုင်းတွေရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ကျေးဇူးရှင်တွေ
ကျွနပ်တို့ ရှိုက်သံဂီတ မှာနိုးထပါလော့
အို..၈၈မှာကျဆုံးခဲ့ရတဲ့ ငါ့ညီမလေး
ငါတို့ရဲ့ အောက်မေ့ဖွယ်နေ့မှာ မင်းဝိဉာည်နဲ့ အလံတစ်ဝက်လွှင့်ထူပေးပါ
အို ..ယုံကြည်ချက်အတွက် ကောင်းကင် မမြင်ရတဲ့ ညီလေးရေ
မင်း လိပ်ပြာနဲ့ လာပြီး ဥဩဆွဲပေးပါ
ဒါဟာ…လွမ်းဆွတ်မူ အတွက်နေ့ရက် ဖြစ်တယ်
ဒါဟာ..ကျေးဇူးတရားအတွက် တုန့်ပြန်မူ ဖြစ်တယ်
အို.. အမိမြန်မာပြည်
သင့်နှလုံး အိမ်မှာ ငါတို့ရဲ့ အလွမ်းတွေနဲ့ မျက်ရည်တွေသာ
တသွင်သွင် စီးစေလော့……….။

6 comments

  • ဇောက် ထိုး

    July 7, 2012 at 10:01 pm

    နာမ ဂေါတ္တံ န ဇီရတိ…
    အမည်အမျိုးအနွယ်ဆိုတာ….ဆွေးမြေ့ယိုယွင်းပြီး အိုးမင်းပျက်စီးသွားတယ်လို့ မရှိဘူးတဲ့။
    အမြဲတမ်း နုပျိုလျှက်.. အမြဲတမ်း လန်းဆန်းလျှက်… အမြဲတမ်း ရှင်သန်လျှက်..

  • မောင်ပေ

    July 8, 2012 at 12:55 am

    Hero …..
    ဘယ်လောက်နှစ်ပေါင်းကြာခဲ့ပါစေ…
    သူဟာ ကျုပ်အတွက်
    အားလုံးအတွက်
    ယနေ့ထိတိုင်….
    ဗိုလ်ချုပ်အောင်ဆန်းနဲ့ကျဆုံးလေပြီးသော သူရဲကောင်းများအား ဂုဏ်ပြုပါသည်။

  • maung khinmin

    July 8, 2012 at 8:24 pm

    ဇူလိုင်ဆယ့်ကိုးရဲ့တန်ဖိုးဟာ…မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့တိုင်းရင်းသားအားလုံးနဲ ့အကျုံးဝင်တယ်ဆိုတာ..
    ကျုပ်တို ့အားလုံးသိထားဖို ့လိုလိမ့်မယ်လို့…ယုံကြည်မိပါ၏

  • ဖိုးထောင်

    July 9, 2012 at 1:33 am

    ဟို ကျနော်တို့ငယ်ငယ်တုန်းကလို ဇူလိုင် ၁၉ ရက် ဗိုလ်ချုပ်တို့ကျဆုံးတဲ့အချိန် ရေဒီယိုကနေ အသံလေးကြားရင် ရောက်လေရာမှာ ၃ မိနစ်ငြိမ်ပြီး ဦးညွှတ်နေချင်သေးပါရဲ့ ဖြစ်နိုင်ရင် ဒီနှစ်အာဇာနည်နေ့ ကစလို့ပေါ့ (အဖဗိုလ်ချုပ် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပေါ့)

    • mayjuly

      July 10, 2012 at 11:55 am

      ဟုတ်ပါတယ် ……

      အာဇာနည်နေ့ အထမ်းအမှတ် အလံလေးထောင်ပေးဖို့ လဲ မမေ့စေချင်ဘူးဗျာ …

  • htet way

    July 10, 2012 at 10:40 am

    ကဗျာကို အားပေးတာ လေးစားပါတယ်
    အာဇာနည်ကြီးတွေက မဟာ..။
    ကျွန်တော်က ဝေါဟာရနဲ့ ရေးလို့ မလုံလောက်ပါဘူး
    အားပေးတာ ကျေးဇူးပါ

Leave a Reply