စဉ်းစားကြစမ်းပါ….

ယနေ့ခေတ်လူသားတွေ.. ဆိုင်ကယ်တွေနဲ့သွားကြ။ ကားတွေနဲ့သွားကြ။
လေယာဉ်ပျံတွေနဲ့ ပျံသန်းကြ…
တီဗွီတွေကြည့်ကြ…
ကွန်ပျူတာတွေ နဲ့ ဆော့ကြ…လုပ်ကြ..
အင်တာနက်တွေနဲ့ တကမ္ဘာလုံးကိုကြည့်မြင်နေကြ…
ဘယ်မှာ မြေမျိုလို့တဲ့…။ ဟာ မဟုတ်ဘူးတဲ့။
ကမ္ဘာကြီးကို လက်ဝါးထဲထည့်ထားပြီး လှည့်ကြည့်နေကြရ။

အဲဒီလိုတွေ ဒီနေ့ခေတ်လူတွေရဲ့ ကောင်းကောင်းဆိုးဆိုး တိုးတက်မှုတွေဟာ လူတွေရဲ့ ကြံစည်စိတ်ကူးမှု.. စဉ်းစားတွေးခေါ်မှု…
တီထွင်ကြံဆမှုတွေကြောင့် မဟုတ်ပါလား….

စိတ်ကို အဲဒီလို ကြံစည်တာတွေ…တွေးခေါ်တာတွေ.. စိတ်ကူးတာတွေ မလုပ်ပဲ နေမယ်ဆိုရင်… ဒီလိုတွေဖြစ်လာနိုင်ပါ့မလား…

ကျွန်တော် ခုရေးထားတဲ့ စာ တကမ္ဘာလုံးက ဖတ်ချင်ရင် ဖတ်နိုင်တယ်။
ဒါတွေဟာ လူတွေရဲ့ စိတ်ကူးကြံစည်မှု။ စဉ်းစား တွေးခေါ်မှုတွေကြောင့် ဆိုတာ.. ငြင်းလို့ရပါ့မလား။

စိတ်ဆိုတာ အဲဒီလို ကြံစည်စိတ်ကူးနေရမှာ.. စိတ်ကို ကြံစည်တာတွေ စိတ်ကူးတာတွေ မလုပ်ပဲ တနေရာထဲမှာ ထိမ်းချုပ်ထားမယ်ဆိုရင်..
ခုလိုတိုးတက်နိုင်ပါ့မလား…
လူလောကကြီး တိုးတက်နိုင်ပါ့မလား။

ဘာသာတရားနဲ့ စိတ်ကိုထိမ်းချုပ်ရမှာက… စိတ်ကို ဘယ်မှမသွားအောင်… ဘာမှ မကူးအောင် ထိမ်းချုပ်ထားရမှာ မဟုတ်ပါဘူး။
မကောင်းတာတွေ မကူးအောင်…. ပျက်စီးရာ ပျက်စီးကြောင်းတွေ မကြံအောင်….
လူတွေ ဆင်းရဲဒုက္ခတွေ ရောက်မှာတွေ မစဉ်းစားအောင် မကြံမိအောင် ထိမ်းချုပ်ထားရမှာ။

ငြိမ်းချမ်းရေး လမ်းစဉ်မှာ ဗုဒ္ဓက… သမ္မာသင်္ကပ္ပ.. ကောင်းတာတွေ တွေးခေါ်ကြ… ကောင်းတာတွေ ကြံစည်စိတ်ကူးကြတဲ့။
မိစ္ဆာသင်္ကပ္ပ.. မကောင်းတာတွေ ….မကြံကြနဲ့။ မဟုတ်တာတွေ မစဉ်းစားကြနဲ့။
ပျက်စီးရာ ပျက်စီးကြောင်းတွေ စိတ်မကူးကြနဲ့တဲ့။

ကဲ…စိတ်ကိုထိမ်းချုပ်ထားရမယ်ဆိုတာ….. စိတ်ကို ဘယ်မှမသွားအောင်.. ဘယ်မှ မကူးအောင်.. ဘာမှမကြံစည်အောင် ထိမ်းချုပ်ထားရမှာလား…
မကောင်းတာတွေ.. မကြံစည်အောင်..မကောင်းတာတွေ စိတ်မကူးအောင် ပျက်စီးရာ ပျက်စီးကြောင်းတွေ မစဉ်းစားမိအောင် ထိမ်းချုပ်ထားရမှာလား..

စိတ်ကို ဘယ်လိုထိန်းချုပ်မှုက လူသားလောကကြီးအတွက် အကျိုးများနိုင်မည်ဟု မျှော်လင့်ပါသလဲ…

မည်သည့်ထိမ်းချုပ်မှုက ဗုဒ္ဓ အတွက် ဂုဏ်တက်စေမည်နည်း…
လက်တွေလုပ်ရပ်နဲ့ ကိုက်ညီမည်နည်း….

22 comments

  • surmi

    July 8, 2012 at 12:02 am

    ဘာရယ်တော.ဟုတ်ဖူးဗျာ (ဘုရား )
    တစ်ဖက်မှာမေးနေကြပြီ …….ဘုန်းကြီးလား လူလား ဆိုတာရှင်းအောင်ပြောပါတဲ.
    ဒါမှဘယ်လိုခေါ်ဝေါ် ဆက်ဆံရမယ်ဆိုတာသိမယ် တဲ.

    • ဇောက် ထိုး

      July 8, 2012 at 10:34 am

      ကိုဆာမိရေ…
      ဘုန်းကြီးဆိုတာက ပါပကာနံ အကုသလာနံ ဆိန္ဒတိ ဘိန္ဒတီတိ ဘိက္ခုတဲ့။
      (မကောင်းမှု အကုသိုလ်တွေကို ရိုက်ခွဲပယ်သတ်နေလို့ ရဟန်းတဲ့)

      လူဆိုတာက… အတ္ထာ နတ္ထံ မနသိ ဇာနာသီတိ မနုေဿာ တဲ့…
      (အကြောင်း အကျိုးကို ခွဲခြားသိလို့ လူတဲ့)

      ကျွန်တော်က အကြောင်းအကျိုးကို ခွဲခြားသိအောင် ကျိုးစားနေပြီး မကောင်းမှုတွေကို ပယ်သတ်နိုင်ဖို့ နည်းလမ်းရှာနေသူတွေသာ ဖြစ်ပါတယ်ခင်ဗျာ။

      ရောဂါ အမြန်ပျောက်ဖို့ ဆေးသောက်ဖို့ ဆေးနည်းရှာဖွေ ဖော်စပ်နေသူသာဖြစ်ပါတယ်။
      ဒီနေ့ရောင်းနေတဲ့ ဆေးနည်းနဲ့ဆေးတွေက ရောဂါပျောက်သွားသူ အတွေ့နဲလို့ အားမရလို့ဖြစ်ပါတယ်..ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

      ဘဒ္ဒန ္တ ဆိုရင် ဘုရားလို့လုပ်လိုက်ပါ။ ဇောက်ထိုးဆိုရင် ဟုတ် လို့လုပ်လိုက်ပါ။
      ကျေးဇူးနော် ကိုဆာမိ။

  • မောင်ပေ

    July 8, 2012 at 12:28 am

    အူးဘဇင်းရဲ့ပိုစ့်တ်ုင်းဟာ တရားသဘောလေးတွေ ပါရှိတာမို့ ဖတ်ပြီးတိုင်း တွေးစရာ ရခဲ့ပါတယ်
    အူးဘဇင်း လို့ ခေါ်ခဲ့ သုံးခဲ့တာဟာ ဘုန်းကြီးဖြစ်မယ်လို့ မထင်ခဲ့လို့ ခင်စေမင်စေ သဘောနဲ့ ကိုအောင်ပု ကိုကြောင်ကြီးတို့ အတုခိုးခဲ့တာပါ
    အခုတော့ အင်ဇာဂီ့ ပေါက်ကွဲသံ မေးခွန်းကိုလဲ ဖြေပေးပါဦး

    • htoosan

      July 8, 2012 at 7:28 am

      ကိုဆာမိ၊ ကိုပေ
      စဉ်းစားကြပါ တဲ့ .. 😀

    • ဇောက် ထိုး

      July 8, 2012 at 10:44 am

      ဦးပေရယ် လူကြီးတစ်ဦးလုပ်နေပြီး ဟဲ့ ကလေးကိုဘာတွေမေးနေတာလဲလို့ ဟန့်ဖော်ပြုဖော်မရ..
      ဖြေလိုက်ပါဦးတဲ့… ဦးပေနော်…ပြော ..မပြောလိုက်ချင်ဘူး..
      စဉ်းစားစရာရှိစဉ်းစား…
      လူသားတွေ အကျိုးများဖို့… ကျုပ်တို့နိုင်ငံ ကမ္ဘာမှာ အလံထူနိုင်ဖို့ ရေးနေတယ်ဆိုတာ ယုံပါ။
      ရေစုန်ကို လိုက်ရတာ ဘာမှမခက်ပါဘူး…
      ရေဆန်ကိုလှော်ရတာက အင်မတန်ခက်ပါတယ်။
      ခရီးမတွင်… လူပမ်း… အန္တရာယ်တွေလဲ ပြွမ်းပါတယ်။
      ဦးပေကို နမ်းလိုက်ချင်ပါဘိ… အဲ..ကဗျာကလက်လွန်သွားလို့ ….ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • kai

    July 8, 2012 at 1:38 am

    ထေရဝါဒဆိုတာ.. ထေရီထေရာအဆုံးအမတွေကို လက်ဆင့်ကမ်းဦးထိပ်ထားကိုးကွယ်နာခံတာကနေ.. အဲဒီအမည်ရလာတာဖြစ်တယ်လို့.. မှတ်ဖူးပါတယ်..
    ဒီလို.. ဘာသာရေးမူရင်းဂိုဏ်းကြီးကနေကွဲကြတာမျိုး.. ခရစ်ယန်မှာရော.. အစ္စလမ်မှာပါရှိပါတယ်..
    အတိုဆုံးချုံ ့ရေးရရင်.. ကွဲတာမှာ.. ရှေးမူရင်းတမန်တော်အဆုံးအမနဲ့.. နောက်ပိုင်းထွက်ရဟန်းမင်း.. ပရောဖတ်တွေရဲ့အဆုံးအမ ဦးစားပေးပုံချင်းမတူတာကနေ.. ကွဲတာပါ..

    ခရစ်ယန်မှာ.. ရိုမန်ကက်သလစ်။ ပရိုတက်စတန်င့်။
    အစ္စလမ်မှာ.. ရှီးယား။ ဆွန်နီ.. အဲလိုဂိုဏ်းကြီးတွေကွဲသွားပါတယ်..။

    Worldwide the three largest groups of Christianity are the Roman Catholic Church, the Eastern Orthodox churches, and the various denominations of Protestantism. The Roman Catholic and Eastern Orthodox patriarchates split from one another in the East–West Schism of 1054 AD, and Protestantism came into existence during the Protestant Reformation of the 16th century, splitting from the Roman Catholic Church.[9]

    The majority of Muslims are Sunni, being 75–90% of all Muslims.[8] The second largest sect, Shia, makes up 10–20%.[9]

    ဒီခေတ်.. ဗုဒ္ဓဘာသာမှာ.. တိဘက်ဗုဒ္ဓဘာသာမှာတော့.. လက်ရှိဒလိုင်လားမားက အဲဒီလူ့အဆင့်အတန်းခွဲတာကြီးကို.. အမြစ်ဖြတ်..ရပ်လိုက်ပုံရပါတယ်..

    In the mid-1970s, Tenzin Gyatso, the Fourteenth Dalai Lama, told a Polish newspaper that he thought he would be the last Dalai Lama. In a later interview published in the English language press he stated, “The Dalai Lama office was an institution created to benefit others. It is possible that it will soon have outlived its usefulness.”[41] These statements caused a furor amongst Tibetans in India. Many could not believe that such an option could even be considered. It was further felt that it was not the Dalai Lama’s decision to reincarnate. Rather, they felt that since the Dalai Lama is a national institution it was up to the people of Tibet to decide whether the Dalai Lama should reincarnate.[42]

    မြန်မာထေရဝါဒကတော့.. မဟနထောင်ပြီး.. လူလူချင်း.. အဆင့်အတန်းမတူတာတွေဖြစ်အောင်.. ထိထိရောက်ရောက်အသက်သွင်းပေးနေဆဲပါ..။

    ဆိုတော့… တိုတိုပြောရရင်…
    ဗုဒ္ဓတရားဆွေးနွေးဆန်းစစ်ဝေဖန်ကြတာမှာ.. တဖက်ကသူ..ဘယ်သူ..ဘယ်လိုဘာသာရေးရာထူး… အဆင့်အတန်းလည်းဆိုတာ.. မသိရင်..မပြောရင်.. ပိုပြီးဆွေးနွေးကောင်းတယ်.. ထင်ပါကြောင်း.. 🙂

    အဲဒီလိုဆိုလို.. ဆိုင်ရာ.. အပြန်အလှန်လေးစားမှုမထားတာမဟုတ်..
    အလေးတယူအပြန်အလှန်လေးစားမှုထားပြီး.. ပြောဆိုဆက်ဆံမယ်ဖြစ်ပါကြောင်း… :mrgreen:

    • ဇောက် ထိုး

      July 8, 2012 at 10:55 am

      ဦးခိုင် ကွန့်မန်းတွေဖတ်ရတာဟာ… ကျွန်တော့် ပိုစ်တင်ရကျိုးလို့ ခံယူမိပါတယ်။
      ကျွန်တော်က အမှန်တကယ် ဗဟုသုတ ရှိသူ…များပြားသူ မဟုတ်ပါဘူး…
      ကိုသိသလောက်လေးကို ပီပီပြင်ပြင် ကိုယ်ပိုင်အသိလေးအထိ ဖြစ်အောင်…သုံလို့ရတဲ့ အနေအထားလေးထိ ရအောင် ကျိုးစားမှုလေးသာရှိတာပါ။ အထွေထွေဗဟုသုတ အလွန်နည်းပါတယ်။

      ကျွန်တော်ကို မန်းဂေဇက်မိတ်ဆွေတွေက မေတ္တာတရားရှေ့ထားပြီး ပြုပြင်တည့်မတ်ပေးမှုကိုသာ အမှန်လို လားတာပါ။
      အော် ဦးခိုင် အပေါ်မှာ HiTs နေရာမှာ စာမပေါ်ပဲဖြစ်နေတယ်နော်

  • Ko out of...

    July 8, 2012 at 6:46 am

    လူတွေဟာ အာရုံတခုမှာဘဲ စိတ်ကို ထိန်းထားတယ် ဆိုပါတော့… ထိန်းဖန်များလာရင်

    သညာပျက်လာတယ်..

    သညာပျက်လာရင် ဘာမှ မတုံ့ပြန်ချင်တော့ဘူး…

    သဘာဝတရားအရ တုံ့ပြန်ဖို့ဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်…လူတွေ မပြောနဲ့ တိရစာ္ဆန်တွေတောင်မှ

    တုံ့ပြန်ဖို့ လက်နက်တွေ ကို သဘာဝပေးထားတယ်…အပင်တွေမှာ လည်းရှိတယ်..

    – လူမှာရှိတဲ့ ကိုယ်လက် အင်္ဂါတွေဟာ တိရစာ္ဆန်လောက် မသန်မာဘူး လက်ဆိုရင်လည်း မျောက်လောက် စွဲအားမကောင်းဘူး၊ အနှံ့ခံတဲ့ နေရာမှာ ခွေးတို့ ယင်ကောင်တို့ လောက်မကောင်းဘူး၊ အပြေးမြန်တာလည်း ယုန်တွေ၊မြင်းတွေကို မမှီဘူး၊ ခွန်အားဗလကျတော့လည်း ဆင်၊ကျား ခြင်္သေ့ ကိုမမှီဘူး…ဒါဆိုရင် လူမှာ သဘာဝက ဘာပေးထားလဲ?

    စဉ်းစားတွေးခေါ်ထားတဲ့ ဉာဏ်ကိုတော့ သဘာဝကပေးထားတာ တွေ့ရတယ်..

    ဒါကိုဘာမှ မစဉ်းစားတော့ဘဲ ရပ်တဲ့ လုပ်ငန်းလုပ်ရင် တော့ သွားပြီ လူ့လုပ်ငန်းတွေ ဘယ်သူလုပ်တော့ မလဲ?..

  • ဇောက် ထိုး

    July 8, 2012 at 10:20 am

    ကိုအောက်ရေ.. ခုလို ဖြည့်စွက်ပြီး စဉ်းစားစရာလေးတွေကို ပေးတာကို ကျေးဇူးပါနော်…
    ကိုအောက်ပြောသလိုဆိုရင်.. လူမှာ သဘာဝက ပေးတာက စဉ်းစားတွေးခေါ်တဲ့ အသိညာဏ်ပေါ့နော်.
    အဲလိုဆိုရင်…
    ပြဇာတ်တပုဒ်ထဲက ပန်းချီလေးဝင်းစကားကို နည်းနည်းဆက်ပေးလိုက်မယ်…
    ကျွဲက ဦးဂျီုကိုအားကိုးတယ်။
    ဆင်က နှာမောင်းကို အားကိုးတယ်။
    မြွေက အဆိပ်ကိုအားကိုးတယ်။
    မြင်းက ခြေထောက်ကို အားကိုးတယ်။
    လူက အသိညာဏ်ကို အားကိုးတယ်။
    ဇောက်ထိုးက တော့ ခေါင်းခါးချေလက် မပျက်စေရာ သုခုမာပေါ့…ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • P chogyi

    July 8, 2012 at 12:03 pm

    တရားစခန်းမသွားချင်လို့
    ရွာထဲဝင်လည်တာ
    တရားဟောခံလိုက်ရပြီ

    • ဇောက် ထိုး

      July 8, 2012 at 2:48 pm

      P chogyi ရေ…
      အစိုးရထီလဲပေါက်… အပြင်ဆုလဲရပေါ့နော်…
      ဆိုင်လား..မဆိုင်လားမိသဘူး….

  • (ဆိုင်ရာ.. အပြန်အလှန်လေးစားမှုမထားတာမဟုတ်..
    အလေးတယူအပြန်အလှန်လေးစားမှုထားပြီး.. ပြောဆိုဆက်ဆံမယ်ဖြစ်ပါကြောင်း…)
    သူကြီးရေ ဒါလေးကတော့ သိပ်ကောင်းတဲ့အယူအဆလေးပါ

  • ဇောက် ထိုး

    July 8, 2012 at 2:50 pm

    ကိုပေါက် က…သူကြိးရေ ဒါလေးကတော့ သိပ်ကောင်းတဲ့အယူအဆလေးပါလို့ဆိုတော့…
    ကျွန်တော့် အယူအဆတော့ မကောင်းဘူးဆိုတဲ့ သဘောပေါ့…
    ဦးပေါက်ကြီးနော်…..

  • နွေဦး

    July 8, 2012 at 9:21 pm

    ကိုယ်တော်ဇောက်….
    “စိတ်ဆိုတာ အဲဒီလို ကြံစည်စိတ်ကူးနေရမှာ.. စိတ်ကို ကြံစည်တာတွေ စိတ်ကူးတာတွေ မလုပ်ပဲ တနေရာထဲမှာ ထိမ်းချုပ်ထားမယ်ဆိုရင်..
    ခုလိုတိုးတက်နိုင်ပါ့မလား…
    လူလောကကြီး တိုးတက်နိုင်ပါ့မလား။”
    ဆိုတဲ့ထဲက စိတ်ဆိုတာက..၈၉ခုသောစိတ်ကို ရည်ညွှန်းတာလားသူ့နဲ့တွဲတဲ့ စေတသိတ် ကို ရည်ရွယ်တာလားဘုရား…

    • ဇောက် ထိုး

      July 9, 2012 at 6:23 am

      ကိုနွေဦးရယ် ဦးဇင်းဇောက်ခေါ်တာတော့ ကိစ္စမရှိပါဘူး…ဘုရားကြီးတော့ မလုပ်စမ်းပါနဲ့ဗျာ။
      ကိုနွေဦးရေ…အဘိဓမ္မာမှာတော့ စိတ်.ဆိုတာ အာရုံကိုသိခြင်း တမျိုးထဲရှိတယ်လို့ မှတ်သားဖူးတယ်မှတ်ပါဗျာ့. ချိုတယ်ချဉ်တယ်။တွေးတယ်ကြံတယ်စတာတွေက စေတသိက်လို့ဆိုတယ်တဲ့ဗျ။
      စေတသိက်ဆိုတာကလဲ စိတ်နှင့်အမြဲယှဉ်ဖော်ယှဉ်ဖက်ဖြစ်လို့ စေတသိက်လို့ဆိုတယ်ဗျ။။
      အဲဒီလို“အဘိဓမ္မ”လို့ဆိုတဲ့ အပိုင်းတွေကိုတင်ပြနေရင် စာဖတ်သူတွေ နားရှုပ်သွားမှာလဲ စိုးသဗျာ…(ဟီး ကျွန်တော်ကိုယ်တိုင်ကလဲ မတတ်ပါဘူးဗျာ)
      နောက် ကျွန်တော်ရေးတာတွေကို ဖြစ်နိုင်ရင် ဘာသာရေးနဲ့ စာပေနဲ့ကင်းချင်ပါသဗျာ…
      လူ့အကြောင်း လူ့လုပ်ရပ်တွေကို ဝေဘန်ချင်တာဗျ။
      ဒါပေမယ့် လူတွေက ဘာသာရေးနဲ့ မကင်းပြန်တော့ ဘာသာရေးရေးသလိုဖြစ်ဖြစ်သွားတယ်။
      ကျွန်တော် တကယ်ရေးချင်တာက လူ့အကြောင်း ..လူ့လုပ်ရပ်… လူ့အတွေး…တွေကိုပဲရေးချင်တာပါဗျာ။
      ကိုနွေကို သိချင်တာလေးများမသိရလို့ စိတ်တော့မဆိုးနဲ့နော်..တာ့တာ…

      • နွေဦး

        July 9, 2012 at 1:51 pm

        အင်းပါဗျာ .ဒီလိုဆိုတော့လဲ တလိုင်းစီဘဲ သွားကြတာပေါ့..
        ကျုပ်ကလဲ လူတွေ အကြောင်း လူတွေ လုပ်နေတာတွေကို ကြည့်မရနေတာ..
        ပြောလိုက်ချင်တာမှ ပါးစပ်ကိုယားနေတာ..
        ဒါပေသည့် ကိုယ်တော့်လို ချက်ကနဲ့ သိအောင် မပြောတတ်တော့ခက်ပါ့ဗျာ..
        ကိုယ်တော်ကတော စိတ်ရှည်ရှည်နဲ့ ပါအောင်ခေါ်နေတာလေး..သဘောကျသဗျ..
        အချိန်ရှားတဲ့ကြားက စေတနာထားပြီး ရေးနေ ပြောနေတာလေး ကျေးဇူးတင်ပါတယ်(ဘုရားမဆိုနဲ့ဆို )ဖျာ့..

  • ဖိုးထောင်

    July 9, 2012 at 1:29 am

    ီကမ္ဘာကြီးပြားလာတာနဲ့အမျှ ဘာသာအားလုံး လူသားအားလုံးရဲ့စိတ်ထဲမှာ အဖြူစင်ဆုံး၊အရိုးသားဆုံးနှလုံး သားနဲ့ လိုက်လာနိုင်မယ်ဆိုရင် အကောင်းဆုံးပါ

  • ဇောက် ထိုး

    July 9, 2012 at 6:27 am

    လူမှာ အလိုအပ်ဆုံးက အဖြူစင်ဆုံးဖြစ်ဖို့ပဲ။ အရိယာ..ဆိုတာ ဖြူစင်သူလို့ ဆိုတယ်။ ဗုဒ္ဓဝင်မှာကို အဲဒီအတိုင်းဖွင့်တယ်။ ဖြူစင်တယ်ဆိုတာ… အသားဖြူတာမဟုတ်ဘူး။ စိတ်ဖြူစင်သွားတာ။ စိတ်ဖြူစင်တယ်ဆိုတာ…လူ့စိတ်မှာ စိတ်ရဲ့ဂျီးလို့ဆိုတဲ့ ကိလေသာတွေ မကပ်တာ။
    ကျေးဇူးပါ ဦးထောင်…

  • ကပ္ပိယ သာဂိ

    July 9, 2012 at 7:25 am

    ကိုရင်ဇောက်ရေ ကျုပ်လည်းစာဖတ်ဖူးတာလား၊ တရားပဲနာဖူးတာလားတော့မသိဘူး။ ဘုုန်းကြီးတစ်ပါးဟောထားတာတော့ စိတ်ဆိုတာစိတ်ကူးယဉ်ခွင့်တော့ရှိတယ်။ စိတ်ကူးတော့မရိုင်းရဘူးတဲ့၊ ကိုယ့်ရဲ့စိတ်ကူးဟာလူသားတွေရဲ့အကျိုးကို၈၀% အကျိုးပြုထားတယ်ဆိုရင်အဲဒီစိတ်ကိုခွင့်ပြုထားတာအကောင်းဆုံးပဲလို့ သာဂိတော့တွေးမိလေရဲ့။ သာဂိကိုဇောက်ရဲ့အမျိုုးမဟုတ်ပါ၊ ဒီဘဝ…….

    • ဇောက် ထိုး

      July 9, 2012 at 12:56 pm

      ကိုသာဂိက ကျွန်တော်အမျိုးတော့ မဟုတ်ဘူး…ဒီဘဝဆိုတော့ ဟိုဘဝကတော့ ဟုတ်တယ်ပေါ့နော်…
      ကျွန်တော်လဲထင်ပါတယ်။ မဂိရယ်။
      ဟိုဘဝတုန်းက ကျွန်တော်သိပ်ချစ်ရတဲ့ ကျွန်တော်မှာ ဇနိးတစ်ယောက်ရှိခဲ့တယ်။ သူက ညဘုရားရှိခိုးတိုင်း ဆုတောာင်းတယ်ဗျ…
      နောင်ဘဝမှာ ခုလိုမိန်းမမဖြစ်ပါရစေနဲ့….နောင်ဘဝမှာ ယောကျာ်းဖြစ်ပါရစေတဲ့။ ပြီးတော့ ဘုန်းကြီးလဲ မဖြစ်ပါရ စေနဲ့…ဝိနည်းတွေများလွန်းလို့…
      လူဘဝမှာလဲ မဖြစ်ပါရစေနဲ့…လုပ်မကျွေးချင်လို့…
      ဒါကြောင့် “ကပ္ပိယ”ဖြစ်ပါရစေတဲ့….
      ကျွန်တော် သူ့အမျိုးသားနဲ့လဲ ပြန်ဆုံပါရစေတဲ့….
      မျက်နှာချင်းမြင်ရင်လဲ ရှက်နေမှာစိုးလို့ လေလှိုင်းကပဲ ဆုံပါရစေတဲ့…
      ဟီးးးးးးးးးးဟီးးးးးးးးးးးးးးးးးးးးးးဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး(ဒါက ငိုတာ).

      ဟဲဟဲ…ကိုသာဂိရယ်ရယ်…မရယ်ရယ် ကျွန်တော်ရယ်ရပြီးသာပဲ။ ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး(ဒါက ရယ်တာ)

  • koko thant

    July 9, 2012 at 8:02 am

    ကိုဇောက်ထိုးရေ ကျနော်မအားလို့ ဂေဇက်တောင် မဝင်ဖြစ် ဖူး ဗျာ မမအညာသူတို့ တောင် မတွေ့တော့ ဘူး

  • ဇောက် ထိုး

    July 9, 2012 at 12:47 pm

    ကိုကိုသန့်ရေ… ကျိုးစားနေတယ်လို့တော့ ကြားပါတယ်။ ကြိုးစားပါဗျာ… အညာသူတို့က စနေ တနင်္ဂနွေမို့နေမှာပါ။ ရှိပါတယ်။ ကိုကိုသန့်ကြိုးစားနော်….

Leave a Reply