လူမှန် နေရာမှန် ဖြစ်ဖို့အရေးကြီးတယ်…

Ko out of...July 8, 20121min562

လူတွေဟာ…
စီးပွါးရေးဘဲလုပ်လုပ်၊ စိုက်ပျိုးရေးဘဲလုပ်လုပ်၊ ကျန်းမာရေး၊ပညာရေး သွားရေလာရေး နေရေးထိုင်ရေးကအစ လူတွေဟာ လေ့လာစရာတွေသိစရာတွေ
ကအင်မတန်များပြား လှတာမို့..ကိုယ်တစ်ယောက်တည်း သိဖို့ဆိုတာ မလွယ်လှပါဘူး..
ကိုယ်မလုပ်နိုင်တာ သူလုပ်..သူမလုပ်နိုင်တာ ကိုယ်လုပ် စသည်ဖြင်ပေါ့…

စီပွါးရေး လုပ်တဲ့ အခါမှာလည်း စီးပွါးရေအကြောင်း နားလည်တဲ့
စီးပွါးရေးပညာရှင်ကို တိုင်ပင်ရသလို..စိုက်ပျိုးရေးမှာလည်း
မြေအကြောင်း လေအကြောင်း၊ ရာသီဥတုအကြောင်း၊
သီးနှံမျိုးစေ့တွေအကြောင်းကို နားလည်တဲ့ သက်ဆိုင်ရာ ပညာရှင်တွေကို မေးမြန်း
ပြုလုပ်ရတယ်..ဒါမှ ကိုယ်ရဲ့ လုပ်ငန်းအောင်မြင်ကြီးပွါး တိုးတက်မယ်မဟုတ်လား?…

နောက်ဆုံး အရေကြီးဆုံး ဖြစ်တဲ့ ကိုယ့်ရဲ့ ကျန်းမာရေးကိစ္စတောင်မှ
ကိုယ်ကရောဂါ အကြောင်းနား မလည်လို့ ဆရာဝန်သမားတော်ကြီးတွေထံ မေးပြီး
ကိုယ့်ရဲ့ ကျန်းမာရေး ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရတယ် ဆရာဝန်တွေ ပြောတဲ့ အတိုင်း
လိုက်နာ ပြီးနေထိုင်ကြရတယ်..ဒါမှ ကျန်းကျန်းမာမာနဲ့ လူ့သက်တမ်းစေ့ နေနိုင်
မဟုတ်လား?..

ဒါပေမဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကတော့ အဲလိုမဟုတ်ဘဲ အလွှဲလွဲ အချော်ချော် ဖြစ်တာ အတော်များများ ကျွန်တော်တွေ့ရတယ်…

ဥပမာ ကိုယ့်စီပွါးရေး၊ ကျန်းမာရေးနဲ့ ပတ်သက်လာရင် ဘယ်ဘုန်းကြီးနား
ဗေဒင်သွားမေး၊ ဘယ်ဗေဒင်ဆရာနားသွားမေး ရင်သိပ်မှန်တာ စသည်ဖြင့် အဲဒီ ဆရာတွေ
လမ်းညွှန်တဲ့ နောက်ကို လိုက်လုပ်တာက များတယ်…

သူတို့ကရော တကယ်ဘဲ စီးပွါးရေး၊ ကျန်းမာရေး
အကြောင်းကို နားလည်လို့လား? စဉ်းစားဖို့ လိုတယ်?…
သူတို့က အရှိတရားပေါ် အခြေမခံဘဲ…မမြင်ရတဲ့ တွေးလုံး ကြံလုံးတွေနဲ့ မရှိတရားပေါ် အခြေခံပြီး ..ဟောပြောတာတွေ့ရတယ်..စီးပွါးရေးနဲ့ ပတ်သက်ရင်လည်း ဒီနှစ်က
သင်္ကြန်စာအရ ဒီလိုဆိုထားတယ်…နှင်က ယခုလောလောဆယ်
ဘယ်ဂြိုလ်ထဲမှ ဝင်နေတယ်..
ဆန်ဆီဆေးဆားရ မရဘူး…နှင်ကတော့ ထွန်းဖွါး ဆိုတော့ ကြက်ဝက်တွေ မမွေးနဲ့ ..
နှင်ရဲ့ မွေးရက်က စနေ ..နာမည် မှဲ့ထားတာက မလိုက်ဖက်ဘူး..
နာမည်ပြောင်းမှ စီပွါးရေး တိုးတက်မယ်…နှင်ယူထားတဲ့ လင်ယောင်္ကျားက စီပွါး
ဖက် မဟုတ် ဘူး..ရန်ဖက်ဖြစ်နေတယ်..ဒါကြောင့် ဘာတွေကိုဆောင်..ဘာတွေနဲ့ ယတြာ
ချေ…စသည် စသည်ဖြင့် ဒို့မြန်မာ နိုင်ငံလူတွေက တလွဲတချော် လုပ်တာ
ကျွန်တော် တော်တော်များများတွေ့ရတော့ စိတ်မကောင်းဘူး…

ဒါတွေဟာ ဗေဒင်ဆရာ၊ ဓာတ်ဆရာ၊ နက္ခတ်ဆရာကို ကဲ့ရဲ့နေတာ မဟုတ်ပါဘူး…
တကယ်ဖြင့်သင့်တာက…ဒီလို မျိုးဖြစ်ရမယ်…
ဗေဒင်ဆိုတာ တကယ်အရှိတရား ပေါ်အခြေခံပြီး တွက်ချက်ရမယ်…

ဥပမာ…ယတြာချေတယ်ဆိုတာ အပြောင်းအလဲ လုပ်ခိုင်းတာ ဒီနေ့ ကရာသီဥတု
မကောင်းဘူး နှင်းမြူတွေ ပိတ်နေတယ် လေယဉ်က ဆင်းလို့ ရမည့်အနေအထား
မရှိဘူးဖြစ်နေရင် ခရီးစဉ် အပြောင်းအလဲ လုပ်ပေးရတယ်.. ခရီးစဉ်ကို ခဏရွှေ့ခိုင်းတာ လုပ်ရတယ်…တနည်း ဒါတွေကအပြောင်းအလဲ ယတြာ လုပ်ခိုင်းတာဘဲ…
မိုးဦးလေဦး ရောက်ချိန်နှီးရင် ကမ်းခြေဆိုတာ ဒီအချိန်ခရီးသွားရင် မသင့်သော်ဘူး…
ဒါကြောင့် ငါခရီးစဉ်ပြောင်းလိုက်မယ်..
ဒါတွေဟာ အပြောင်းအလဲ ယတြာဘဲ..အဲလိုမျိုး အပြောင်းအလဲ လုပ်ရမှာ…

– နောက် လူတွေမှာ အခြေခံ အပူအအေးဆိုတဲ့ ဓါတ်ကြီးလေးပါးမှာ မတူကြပါဘူး.. အအေးဓါတ်လိုတယ်..အပူဓါတ်ဆာ နဲ့ကျွေးရတယ်..အပူများရင်လည်း
အအေး ကျွေးရမယ် သူက အချည်ဓါတ်လိုတယ်၊ အခါးဓါတ်လိုတယ်..
စသည်ဖြင့် ဒါက ဓါတ်နဲ့ပတ်သက်တဲ့ ဥတုဆရာ၊ ဓါတ်ဆရာဘဲ?..

– နောက် လူ့စိတ်ဆိုတာလည်း ခံစားချက် အမျိုးမျိုးကြောင့် အကြွ အကျ အမြဲရှိတတ်တယ်..
အထူးသဖြင့် အဖျားကြီးတဲ့ လူနာ တစ်ယောက်ဆိုရင် ..ပြောချင်ရာပြော
ကယောင်ကတန်း ဖြစ်ပြီဆိုရင် ပိုဆိုးတော့ တာပေါ့ ဒါကို စိတ်အကြောင်းနားလည်တဲ့
ဆရာက ကုသပေးတော့ ပျောက်တာ တွေလည်းရှိမှာပါဘဲ.. ဒါတနည်း ပယောဂ ဆရာဘဲ?…

ကြားဖူးထားတာလေးတခုက ဘာပြောလဲဆိုတော့.. စိတ်ရောဂါဖြစ်တဲ့ လူနာတစ်ဦးက
သူခေါ်နေကြ ဆေးဆရာနဲ့ မကုသရတော့ သူ့ရောဂါက မပျောက်တော့ သလိုလို ခံစားရ..ဒီလိုနဲ့ သူခေါ်နေကြ ဆရာလည်းရောက်တော့ သူ့ကို ဆေးဝါးဓါတ်ဆာ မပါတဲ့
ရေသန့်သန့်လေးနဲ့ အရောင်ကာလာလေးဖျော်ပြီး လူနာကို တိုက် လိုက်တာတောင် ရောဂါပျောက် သွားတယ်တဲ့..

ဒါက ကောင်းလာမည့် လူနာရဲ့ အခြေအနေကိုကြည့်ပြီး သူတတ်ကျွမ်းတဲ့ စိတ်ပညာကို အသုံးချ လိုက်တာဘဲ…တနည်းအားဖြင့် လူနာစိတ် ဘာဖြစ်တယ်ဆိုတာ သူသိတယ်..
ဒါ တနည်း စိတ်ရောဂါ ကုသပေးတဲ့ ပယောဂဆရာဘဲ?..

ယခုခေတ်တော့ မဟုတ်ပါဘူးဗျာ…. ဆေးထိုးတံနဲ့ လူနာကို တအားထိုးပြီး
လူနာက အော်လာမှတော့ ဒါတယောက်ယောက်က မပူးဘဲ ဘယ်အော်မလဲ..ဒါအပြင်ပ ပယောဂဘဲ…စသည်ဖြင့်ပေါ့..
ကယောင်ကတန်းဖြစ်တဲ့ အချိန်မှာ …
ကယောင်ကတန်းမေးတော့ .. ကယောင် ကတမ်းဖြေမှာပေါ့..ဒါရှင်းရှင်းလေးဘဲ?…

ဒီလိုမျိုး ကုသတဲ့နည်း ကတော့ လူနာမပျောက်တဲ့ အပြင်လူနာလည်း သေနိုင်တယ်..
ကျန်ခဲ့တဲ့ လူတွေလည်း ဆင်းရဲမှာဘဲ…ဒါကပညာမဟုတ်ပါဘူး..
လူတွေကို လိမ်စားတာပါ…

အထက်ပါ ဆရာမျိုးကို လူတန်းစား အလွှာ အသီးသီးမှာ တွေ့ရတယ်…
လူတွေကလည်းဗေဒင် ဟောသလို..ဘုန်းကြီးတွေလည်းဟောတယ်…

ဒါဘုန်းကြီးနဲ့ မအပ်ဆပ်ဘူး…ဒါဝိနည်းထဲမှာလည်းပါ ပါတယ်…
ဒါတနည်းအားဖြင် ဘုရားက နှင်တို့ လုပ်ရမည့် အလုပ်မဟုတ်ဘူးလို့
ပြောတာဘဲ မဟုတ်လား?…

အမှန်တကယ်တော့ ဘုရားသားတပည့်ဆိုတာ… ” ကံ ” ဆိုတဲ့ ပညာကို ဟောရမှာ
ကံဆိုတာကို ကောင်းကောင်းမသိ၊ နားမလည်ကြလို့ လူတွေ ကံအမျိုးမျိုး လုပ်ပြီး ဝဋ်စက်
သံသရာ လည်ပြီး မလုပ်သင့်တာတွေ လုပ်တော့ လူတွေဆင်းရဲ့နေကြတာ…သင်္ခါရ
(၃) မျိုးမလုပ်အောင် ဘယ်လို ညွှန်ပြရမယ်?…လူတွေဟာ နေ့စဉ်နဲ့ အမျှကံတွေ လုပ်နေကြတယ်. အဆိုး ကံဘဲဖြစ်ဖြစ် အကောင်းကံဘဲ ဖြစ်ဖြစ်လူတွေက လုပ်ပြီးရင် မထွက်နိုင်ကြတော့ဘူး..ဒါကို လူတွေမြင်အောင် ဟောရမည်..ဒါဘုန်ကြီးတွေ
လုပ်ရမည့် အလုပ် လို့မြင်ပါတယ်…

– ကံ၊ စိတ်၊ ဥတု၊ အာဟာရ မှာ ..ဘုန်းကြီးတွေက ” ကံ ” ကိုလူတွေ သိအောင် ပီပီ ပြင်ပြင် လမ်းညွှန်ရမှာဖြစ်ကြောင်း..

– ဘုန်းကြီးတွေလုပ် ရမည့်အလုပ်ကို လူတွေ လုပ်နေရတာ မသင့်သလို လူတွေလုပ်ရမည့်
လူမှုရေးပရဟိတ လုပ်ငန်း ကိုလည်း ဘုန်းကြီးတွေ လုပ်နေရတာ
မသင့်သော ပါကြောင်း…

– ဒါကြောင့် တာဝန်လေးတွေ ခွဲဝေပြီး လုပ်ကြရင် ကိုလိုချင်တဲ့ ပန်းတိုင်ကို မြန်မြန်ရောက်မှာဖြစ်ကြောင်း..

2 comments

  • ဖိုးထောင်

    July 9, 2012 at 1:36 am

    ပေါ်ပင်မဟုတ်ပဲ ဝါသနာပါရာနောက်ကို ထပ်ချပ်မကွာလိုက်ရင် အောင်မြင်မှုဆိုတာ မလွဲမသေရနိုင်မှာပါ

  • shwe kyi

    July 9, 2012 at 2:23 pm

    ရွှေကြည်လည်း ဗေဒင်ပညာတွေကိုတော့လေးစားပါတယ်။ ဒါပေမယ့်မမေးဘူး။
    ပယောဂဆိုတာကတော့ မကြုံဘူးသေးလို့လားတော့မသိယုံကိုမယုံသေးတာ။ ဟိုတလောက ပယောဂကုတဲ့အခွေကိုကြည့်ပြီးဘယ်လိုမှလေးစားလို့မရဘူးယုံကြည်လို့ကိုမရဘူး။ သူတို့ကိုသူတို့ဘာထင်နေလဲမသိပါဘူး။ အဲဒီအခွေထဲကဆရာတွေကိုပြောတာပါ။ တခြားတော့မသိ။

Leave a Reply