မြန်မာ့ရိုးရာခြင်းလုံး ၏ ပထမဆုံးခြေလှမ်း နှင့် ရိုးရာယဉ်ကျေးမှု့အက

anyatayaJune 30, 20105min600

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တွင် ၂၀၁ဝခု ဂျွန်လ ၂၄ ရက် မှ ၂၈ ရက်အထိ SMITHSONIAN FOLKLIFE FESTIVAL ကိုကျင်းပပြုလုပ်ခဲ့ရာမြန်မာ့ရိုးရာ ဆီမီးခွက်အက၊ ဦးရွှေရိုးအက၊ သင်္ကြန်အကများကိုဝါရှင်တန်ဒီစီမြို့အနီးတွင် နေထိုင်သောမြန်မာလူမျိုးများမှ ပါဝင်ဆင်နွှဲခဲ့သည့်အပြင် မြန်မာ့ရိုးရာ ခြင်းအလှပြ ခတ်ပြခြင်း၊ ဝိုင်းခြင်း ခတ်ပြခြင်း များကို နယူးယောက်မြို့ရှိ QFCC(QUEENS FAMILY CHINLONE CENTER) အဖွဲ့မှ ပါဝင်ဆင်နွှဲခဲ့သည်ဟုသတင်းရရှိပါသည်။ အဆိုပါမြန်မာ့ရိုးရာအားကစားတစ်ခုဖြစ်သော ခြင်း ခတ်မှု့မှာ အမေရိကန်နိုင်ငံတွင် မမြင်ဖူး ရလောက်အောင် ပျောက်ကွယ်နေခဲ့ပါသည်။ ယခုအခါတွင် QFCC မှပထမဦးဆုံးအနေဖြင့် အမေရိကန်နိုင်ငံတွင် ခြင်းလုံးအဖွဲ့ကိုတည်ထောင်ခဲ့သည့်အပြင် စမစ်ဆိုးနီးယန်း ပွဲတော်တွင် ပထမဦးဆုံးအကြိမ်အဖြစ်ပါဝင်ခဲ့ခြင်းဖြစ်ပါသည်။၎င်းပွဲတော်တွင် နေ့စဉ် လူဦးရေ ၁၀,၀၀ဝ ကျော် လာရောက်လည်ပတ်ကြောင်းသိရပါသည်။ ယင်း QFCC အဖွဲ့မှလာရောက်ကြသူအပေါင်းအား ခြင်းလုံး အလှခတ်ပြခြင်း၊ ဝိုင်းခြင်းခတ်ပြခြင်းအပြင် ခြင်းလုံးများကို ယှက်ပြကာ လာရောက်ကြည့်ရှူသူများအား ခြင်းလုံးလက်ဆောင်ပေးဝေမှု့များပြုလုပ်ခဲ့ပါသည်။ လာရောက်ကြည့်ရှူသူများထဲမှ ဝါသနာရှင် လူမျိုးပေါင်းစုံ၊လူကြီးလူငယ် ကျားမ မရွေး  ခြင်းဝိုင်းအတွင်းသို့ဝင်ရောက် ခြင်းခတ်မှု့များ ပြုလုပ်ခဲ့ရာ ညီညီညာညာနှင့် ချစ်စရာအသွင် သရုပ်ဖော်နေခဲ့ပါသည်။ အဆိုပါ စမစ်ဆိုးနီးယန်း ပွဲတော်ကို လာမည့် ဂျုလို်င်လ ၁ရက်နေ့မှ ၅ရက်နေ့တွင်လည်း ပွဲတော်များကို ပြုလုပ်သွားဦးမည်ဖြစ်ကြောင်း ရတနာပုံနေပြည်တော်သတင်းစာမှသတင်းရရှိပါသည်။

အညတြ