Contemporary Burmese Art – NYC

kaiFebruary 2, 20101min660

အမေရိကမှ မြန်မာပန်းချီဆရာများ၏ အနုပညာလက်ရာများကို နယူးယောက် မြို့Open Center တွင် ဖေဖေါ်ဝါရီ ၆ မှ ၉ ရက် အထိပြသမည်ဟုသတင်းရရှိသည်။ သတင်းအသေးစိတ်ကို မသိရသေးသော်လည်း ဦးဝင်းဖေ၏ လက်ရာကို ဖိတ်စာအနေအသုံးပြုထားသဖြင့် ဦးဝင်းဖေ ပါမည် ထင်ရပါသည်။
ဖိတ်စာပေးပို ့လာသူမှာ မခက်မာ ဖြစ်သဖြင့် ပန်းချီ သန်းဌေးမောင် လည်းပါမည်လည်းထင်ပါသည်။
မည်သည့်အိုင်ဒီယာနှင် ဖိတ်စာတွင် ပန်းချီဆရာများအမည် မပြထားသည်မသိရသော်လည်း အထူးစံ များပါမည်မှာသေခြာပါသည်။ Ideas & Ideals ဆိုထားသည် မဟုတ်ပါလား..။အရင်နှစ်များက လန်ဒန်မှ ပန်းချီထိန်လင်းလည်း လာရောက်ပြပွဲလုပ်လေ့ရှိပြီး ယခုပွဲတွင် ပါမပါ မသိရသေးပါ။

ဝင်ကြေးမှာ အခမဲ့ဖြစ်ပြီး မြန်မာ့လက်ရာတို့ကို သွားရောက်ကြည့်ရှုသင့်သည်။