ကောင်းပေမယ့် မျက်စိစပ်တယ်(၁)
ရွှေမန်းမြို့ ၃၅လမ်းမဘေး ၇၁x၇၂ကြား ဂေါ်ရာဓာတ်ဆီဆိုင်ရှေ့က ဘော်လုံးကွင်းမှာ ကစားသူတွေနဲ့ စည်ကားနေတာ စိတ်ချမ်းမြေ့ စရာပါ။နိုင်ငံတော်ကလည်း အားကစားကို အားပေးသမှုပေါ့လေ ကွင်းထဲ ကား၊ဆိုင်ကယ်ပတ်မောင်းရင်ခွင့်မပြုလို့  ကြော်ငြာထားသဗျ။
ဒါဆိုရင် ဘာကမျက်စိစပ်နေတာလဲ ရွှေရိုးရေလို့ မေးလာရင် ဟုတ်ကဲ့  အသွားအလာများပြားတဲ့ လမ်းမကြီးဘေးမှာရှိပြီး လုံလောက်တဲ့ အကာအရံမရှိတာပါပဲခင်ဗျ။ကမ္ဘာ့ ဘော်လုံးအကျော်အမော်
လောင်းလျာများ ရဲ့ အားရပါရ ကျုံးကန်ချက်တွေက လမ်းမပေါ်က ခရီးသွားတွေအတွက် ခေါင်းမလုံ ကျောမလုံ ဖြစ်ရပါတယ်။လွန်ခဲ့ တဲ့ ရက်အနည်းငယ်ကဆိုရင် အနှီဘော်လုံးကွင်းက မျက်စိမှောက်ရောက် လာတဲ့ 
ဘော်လုံးကြောင့် ဆိုင်ကယ်စီးလာတဲ့  မိသားစုသုံးယောက် ဆိုင်ကယ်တခြား လူတခြား ကတ္တရာလမ်းမပေါ် ဖလက်ပြသွားခဲ့ ရပါသေးတယ်။ကြားထဲက သားငယ်လေး ကံကောင်းလို့ နတ်ပြည်မတက်ရတယ်။ဆိုးဆိုး
ရွားရွားမဟုတ်ပေမယ့် အတော်တော့  ခံစားလိုက်ရမှာပဲ။
ဒီလို ဒါမှမဟုတ် ဒိထက်ဆိုးတဲ့  ပြဿနာတွေများဖြစ်လာရင်ဘယ့်နှယ် လုပ်ရပါ့နော်။ဘယ်သူတာဝန်ယူမလဲ။
ဒီတော့  ဘော်လုံးကွင်းရှိတာကောင်းပါတယ်။အကာအရံလုံခြုံရင် ပိုကောင်းပါမယ် ခင်ဗျ။ဟုတ်တယ် ဟုတ်။ ။
That’s right!အဲဒီကွင်းက အသံဝါကြီးနဲ့ အော်သံ ဆဲသံတွေကလည်း ကမ္ဘာလွှမ်းလောက်ပါရဲ့  သယ်ချင်းရေ။ဒါပေမယ့် သယ်ချင်းပြောသလို ကစားကွင်းရှိတာကောင်းပါတယ်။လိုနေတာ အကာအရံလေးပေါ့လေ….
Was this answer helpful?
LikeDislikeနေ့ ဘောလုံးကွင်း
ည အေးတင်အူးရင်
နှစ်ဘက်လှလေးပါ။
Was this answer helpful?
LikeDislikeဒီလိုအများနဲ့ သက်ဆိုင်တဲ့ အများအတွက်ကောင်းမွန်တဲ့ အပြုသဘောဆန်တဲ့ ထောက်ပြချက်မျိုးတွေကိုကြိုဆိုပါကြောင်း……..
Was this answer helpful?
LikeDislikeအမှန်ကို ဖြစ်သင့်ပါ၏။အကြံရသွားပြီး ကွင်းကိုပတ်ပတ်လည်လည်အဆောက်အအုံ
ဆောက်၊ပြီး ရောင်းစားနေအုံးမယ်ဗျာ။
Was this answer helpful?
LikeDislikeရောင်းလို့ ရတဲ့ ပိုက်ဆံကျွန်တော်ကိုတစ်ဝက်ပေးဗျာ။
Was this answer helpful?
LikeDislikeအဲဒီဘောကွင်းဆို ညဘက်ကန်တာပဲ စိတ်ဝင်စားတယ် အဟုတ်
Was this answer helpful?
LikeDislikeအင်း အစိုး၇ကလည်းတတ်နိင်သလောက်လုပ်ပေးပေမယ့် လူတွေကလည်းဆိုးတယ်ဗျ့
ဘောလုံးကို ခြေထောက်နည်းကန်တာကနည်းနည်း ပါးစပ်က မိုးမွန်းနေအောင်ဆဲ၊
အိမ်အလုပ်လည်းဘာမှအလုပ်ကျ၊ တံတွေးကိုလည်းတ၇စပ်ထွေး ၊အားကစားလုပ်တယ်လို့လဲပြော၇အောင်
ဘာမှဖြစ်ဖြစ်မြောက်မြောက်မဖြစ်လာ ကို့၇ိုးကားယားတွေကန်။ မိုးလင်းမိုးချုပ်ကွင်းထဲမှာပဲ လောင်းကြေးနဲ့ကန်ကျ အော်……….ကိုယ်ေ၇ွှ၇ိုးေ၇ ကွင်းခြံခတ်မယ့်အစား ဖြတ်သာဖြတ်ခိုင်းလိုက်ပါတော့ဗျာ
Was this answer helpful?
LikeDislikeဆြာရွှေရိုး ကျနော်တို.အသင်းများစောင်းပြောနေသလားထင်ရတယ်……အာဟိ
ညနေဆိုကွင်းပြေးဦးရတာအမော…အဲ့ကွင်းကနေ.ဖက်သာမဟုတ်….. ညဖက်တွေပါ နှစ်ယောက်တစ်တွဲလည်းကန်ကြသေးသဗျ……။
Was this answer helpful?
LikeDislikeလုပ်ပြန်ဘီ.
လမ်းသွားလမ်းလာတွေကြည့်ရှောင်ကြဗျာ..
ကန်နေတဲ့သူတွေကလဲ မထိမခိုက်စေနဲ့ဗျာ..
ခင်ဗျားတို့ အသံပြာကြီးတွေနဲ့ အော်ကြတာက အကြောင်းမဟုတ်ဘူး..
မြန်မာ့အားကစားကို အားပေးအာမြှောက်လုပ်ပေးနေတဲ့ လူကြီးတွေက
အားလုံးအဆင်ပြေအောင်လို့ဆိုပြီး ဝင်းခတ်ပေးပါမယ်ဆို..ကောင်းရော..
အဲ..ကုန်ကျစရိတ်က ရပ်ကွက် က မြို့သူမြို့သားတွေ ကျခံစေ…ဆို….
ကျုပ်တို့ မျက်စေ့ စပ်ပြီဗျားးးးးးးးးးးးးးးးးး။
Was this answer helpful?
LikeDislike