ကောင်းပေမယ့် မျက်စိစပ်တယ်(၁)

ရွှေမန်းမြို ့၃၅လမ်းမဘေး ၇၁x၇၂ကြား ဂေါ်ရာဓာတ်ဆီဆိုင်ရှေ့က ဘော်လုံးကွင်းမှာ ကစားသူတွေနဲ ့စည်ကားနေတာ စိတ်ချမ်းမြေ ့စရာပါ။နိုင်ငံတော်ကလည်း အားကစားကို အားပေးသမှုပေါ့လေ ကွင်းထဲ ကား၊ဆိုင်ကယ်ပတ်မောင်းရင်ခွင့်မပြုလို ့ ကြော်ငြာထားသဗျ။

ဒါဆိုရင် ဘာကမျက်စိစပ်နေတာလဲ ရွှေရိုးရေလို ့မေးလာရင် ဟုတ်ကဲ ့ အသွားအလာများပြားတဲ့ လမ်းမကြီးဘေးမှာရှိပြီး လုံလောက်တဲ ့အကာအရံမရှိတာပါပဲခင်ဗျ။ကမာ္ဘ ့ဘော်လုံးအကျော်အမော်

လောင်းလျာများ ရဲ  ့အားရပါရ ကျုံးကန်ချက်တွေက လမ်းမပေါ်က ခရီးသွားတွေအတွက် ခေါင်းမလုံ ကျောမလုံ ဖြစ်ရပါတယ်။လွန်ခဲ ့တဲ ့ရက်အနည်းငယ်ကဆိုရင် အနှီဘော်လုံးကွင်းက မျက်စိမှောက်ရောက် လာတဲ ့

ဘော်လံ ုးကြောင့် ဆိုင်ကယ်စီးလာတဲ ့ မိသားစုသုံးယောက် ဆိုင်ကယ်တခြား လူတခြား ကတ္တရာလမ်းမပေါ် ဖလက်ပြသွားခဲ ့ရပါသေးတယ်။ကြားထဲက သားငယ်လေး ကံကောင်းလို ့နတ်ပြည်မတက်ရတယ်။ဆိုးဆိုး

ရွားရွားမဟုတ်ပေမယ့် အတော်တော ့ ခံစားလိုက်ရမှာပဲ။

ဒီလို ဒါမှမဟုတ် ဒိထက်ဆိုးတဲ ့ ပြဿနာတွေများဖြစ်လာရင်ဘယ့်နှယ် လုပ်ရပါ့နော်။ဘယ်သူတာဝန်ယူမလဲ။

ဒီတော ့ ဘော်လုံးကွင်းရှိတာကောင်းပါတယ်။အကာအရံလုံခြုံရင် ပိုကောင်းပါမယ် ခင်ဗျ။ဟုတ်တယ် ဟုတ်။    ။

 

9 comments

  • မျိူးချစ် နဂါး

    July 8, 2012 at 3:38 pm

    That’s right!အဲဒီကွင်းက အသံဝါကြီးနဲ ့အော်သံ ဆဲသံတွေကလည်း ကမာ္ဘလွှမ်းလောက်ပါရဲ ့ သယ်ချင်းရေ။ဒါပေမယ့် သယ်ချင်းပြောသလို ကစားကွင်းရှိတာကောင်းပါတယ်။လိုနေတာ အကာအရံလေးပေါ့လေ….

  • မောင်ပေ

    July 8, 2012 at 7:02 pm

    နေ ့ဘောလုံးကွင်း
    ည အေးတင်အူးရင်
    နှစ်ဘက်လှလေးပါ။

  • ကြောင်လေး

    July 8, 2012 at 7:05 pm

    ဒီလိုအများနဲ့ သက်ဆိုင်တဲ့ အများအတွက်ကောင်းမွန်တဲ့ အပြုသဘောဆန်တဲ့ ထောက်ပြချက်မျိုးတွေကိုကြိုဆိုပါကြောင်း……..

  • emo lay

    July 8, 2012 at 10:02 pm

    ရောင်းလို ့ရတဲ ့ပိုက်ဆံကျွန်တော်ကိုတစ်ဝက်ပေးဗျာ။

  • Wai Phyoe

    July 9, 2012 at 9:45 am

    အင်း အစိုးရကလည်းတတ်နိင်သလောက်လုပ်ပေးပေမယ့် လူတွေကလည်းဆိုးတယ်ဗျ့
    ဘောလုံးကို ခြေထောက်နည်းကန်တာကနည်းနည်း ပါးစပ်က မိုးမွန်းနေအောင်ဆဲ၊
    အိမ်အလုပ်လည်းဘာမှအလုပ်ကျ၊ တံတွေးကိုလည်းတရစပ်ထွေး ၊အားကစားလုပ်တယ်လို့လဲပြောရအောင်
    ဘာမှဖြစ်ဖြစ်မြောက်မြောက်မဖြစ်လာ ကို့ရိုးကားယားတွေကန်။ မိုးလင်းမိုးချုုပ်ကွင်းထဲမှာပဲ လောင်းကြေးနဲ့ကန်ကျ အော်……….ကိုယ်ရွှေရိုးရေ ကွင်းခြံခတ်မယ့်အစား ဖြတ်သာဖြတ်ခိုင်းလိုက်ပါတော့ဗျာ

  • လတ်လတ်

    July 9, 2012 at 9:52 am

    ဆြာရွှေရိုး ကျနော်တို.အသင်းများစောင်းပြောနေသလားထင်ရတယ်……အာဟိ 😀
    ညနေဆိုကွင်းပြေးဦးရတာအမော…အဲ့ကွင်းကနေ.ဖက်သာမဟုတ်….. ညဖက်တွေပါ နှစ်ယောက်တစ်တွဲလည်းကန်ကြသေးသဗျ……။

  • နွေဦး

    July 9, 2012 at 1:37 pm

    လုပ်ပြန်ဘီ.
    လမ်းသွားလမ်းလာတွေကြည့်ရှောင်ကြဗျာ..
    ကန်နေတဲ့သူတွေကလဲ မထိမခိုက်စေနဲ့ဗျာ..
    ခင်ဗျားတို့ အသံပြာကြီးတွေနဲ့ အော်ကြတာက အကြောင်းမဟုတ်ဘူး..
    မြန်မာ့အားကစားကို အားပေးအာမြှောက်လုပ်ပေးနေတဲ့ လူကြီးတွေက
    အားလုံးအဆင်ပြေအောင်လို့ဆိုပြီး ဝင်းခတ်ပေးပါမယ်ဆို..ကောင်းရော..
    အဲ..ကုန်ကျစရိတ်က ရပ်ကွက် က မြို့သူမြို့သားတွေ ကျခံစေ…ဆို….
    ကျုပ်တို့ မျက်စေ့ စပ်ပြီဗျားးးးးးးးးးးးးးးးးး။

Leave a Reply