အပျိုရည်ပျက်နေတဲ ့ ရွှေမန္တလေး

                           အာဏာဖြုတ်ခေါင်းလောက်ရရင် နဂါးလိုမျက်စောင်းထိုး ဂဠုန်လိုမာန်ဝင့် ကြတာ မြန်မာတွေငယ်ကျင့်တော ့ ဟုတ်ဟန်မတူပါဘူးဗျာ။ဘယ်ကများ ကူစက်လာကြပါလိမ့်။သိက္ခာမရှိတဲ ့ သွားလေသူကြီးတွေဆီကများလား။အကျင့်တွေကလည်း မြေခွေးဆရာလို ကောက်ကျစ်လာပြီးကျီးကန်းကအဘခေါ်ရလောက်အောင်ခိုးလာကြတာပဲ။ဆယ်အိမ်မှူးလောက်ဆိုရင်ရပ်ကွက်လမ်းခပ်တည်တည်ပိတ်ပြီး

ခြံခတ်နေပစ်လိုက်တာတာပဲ။အခုတောင် မနော်ဟရီ နဲ ့ ၅၅လမ်း မှာ မခံရပ်နိုင်တဲ ့ ရပ်ကွက်သူ၊သားတွေနဲ ့ခပ်တည်တည် လမ်းကိုပိတ်ပြီးမြေခိုးထားတဲ ့ ဆယ်အိမ်မှူး ပြဿနာတက်နေကြလေရဲ ့။ဥက္ကဌကလည်း ဒို ့သူကြီး မယားဘက် ခပ်ပါပါဆိုတဲ ့လူမျိုးဆိုတော ့ တိုင်းအထိရောက်သွားလေရဲ ့။Clean Government ဖြစ်ဖို ့ အောက်ခြေ အရင် ခြမစားအောင်လုပ်ဖို ့ မီးမောင်းထိုးပြနေတာပါပဲ။ခုနက ကိစ္စဆိုရင် အာဏာ ဖြုတ်ခေါင်းလောက်ရထားတော ့ ဆယ်အိမ်ခေါင်းက ခပ်မာမာပဲ ခင်ဗျ။ရေတွင်းပါတူးထားသေးတဲ ့အပြင် သွားချင်ရာသွား တိုင်ချင်ရာတိုင်တဲ ့ဗျ။ကောင်းရော။

                            ဆယ်အိမ်ခေါင်းလောက်တောင် ဒီလောက်ဗြောင်ခိုးနေရင် တခြားတခြားသော အာဏာတထွာတမိုက် ပုဂ္ဂိုလ်ကြီးတွေ ကြောင့် ဆိုရင် မန္တလေးမြို ့ မြေပံ ုက အရင်လိုမှကျန်သေးရဲ ့လား?ဟိုပုဂ္ဂိုလ်က

ဖဲ ့သွားလိုက်ဒီပုဂ္ဂိုလ်က ဖြောင်သွားလိုက်နဲ ့အမိမန္တလေးမြို ့ကြီးကတော ့မိမွေးတိုင်းဖမွေးတိုင်းမဟုတ်တာ သေချာတယ်။မြေလွတ်တွေသာမကပဲဆင်းရဲသားတွေမြေတွေပါလုယူခံလိုက်ရတာပိုရင်နာဖို ့ကောင်းပါတယ်။

လန ၃၉ ဘာညာနဲ ့ ဆင်းရဲသားတွေမြေလုခံရတာ ရန်ကုန်လိုမြို ့ကြီးအပါအဝင် တနိုင်ငံလုံးဖြစ်ဖြစ်နေတာ အခုထိမို ့လား။အဲဒီမြေတွေ ဘယ်ရောက်သွားလဲ။တရုတ် ကုလား လူမျိုးခြားတွေလက်ထဲရောက်သွားတာပဲ

မဟုတ်လား။ကြာရင်မြန်မာနိုင်ငံက ခေတ်သစ်နယ်ချဲ ့တွေလက်ရောက်သွားပြီး တိုင်းရင်းသားတွေကတော ့ တောကြိုအုံကြားရောက်သွားရမှာပါပဲ။

                             မန္တလေးအပါအဝင်  မြန်မာပြည်ကြီး အပျိုရည်မပျက်အောင် ကယ်တင်ကြပါအုံး လို ့ မေတ္တာရပ်ခံချင်ပါရဲ ့ အာဏာရှင်ကြီးသေး တို ့ခင်ဗျား။

 

9 comments

  • ဖိုးထောင်

    July 8, 2012 at 6:03 pm

    လူသားအားလုံး သမ္မအာဇီဝနဲ့ အသက်မွေးဝမ်းကျောင်းနိုင်ကြပါစေ

  • မောင်ပေ

    July 8, 2012 at 7:01 pm

    ကြာခဲ့ပါပြီကွယ် ။ အခုသတင်းကိုတော့ သက်ဆိုင်ရာက ဖတ်မိခဲ့ရင် တစ်ခုခုတော့ ပြောင်းလဲမှု ရှိလာမယ် လို ့မျှော်လင့်မိပါတယ်။

  • same kyaw

    July 8, 2012 at 8:47 pm

    တကယ်ဆို မြန်မာပြည်ကို တရုတ်ကုလားတွေ အရင် ကတည်း ကမသိမသာ ကနေ ခုတော့ သိသိသာသာ ဝါမျိနေပါပြီ။လဝကနဲ့ အုပ်ချုပ်ရေးညံဖြင်းမှု့အပြင် အစိုးရ ချစားတာကြောင့် မြန်မာပြည်ကြီးဟာ ဝမ်းနည်းစရာကောင်းအောင် တိုင်းတပါးလက်သို့ရောက်နေပါပြီ။တကယ်ဆို တရုတ်စာ ကမြန်မာပြည်မှာသုံးစရာလား။အော်ဒုက္ခ ဒုက္ခ လက်ရှိကုမ္ပဏီပိုင်ရှင်တွေ အများစုဟာ တိုင်းရင်းသားအမည်ခံ တရုတ် ကုလားတွေပါ

  • thihayarzar

    July 8, 2012 at 10:53 pm

    မြန်မာတွေ စည်းကမ်းဖျောက်လို့ ထီးနန်း ပျောက်ခဲ့ရတာ … အခုလည်း စည်းကမ်းတွေဖျောက် မိမိ အတွက်ပဲ ကြည့်နေကြရင် နောက်ထပ် ထီးနန်း ပျောက်ဖို့ပဲ ရှိတော့တယ် .. ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး .. အားလုံး ပြင်သင့်နေပါပြီ ..

  • မမ အညာသူ

    July 9, 2012 at 11:38 am

    မြန်မာပြည်ကိုတရုတ်ကဝါးလိုက်
    ကုလားကနင်းလိုက်နှင့်
    ကြာရင်တော့မတွေးရဲစရာပါလားနော်…..
    ဟူးးးးးးးးးးးးးးးးးးးးးးးးး

  • snow white

    July 9, 2012 at 12:49 pm

    သူခိုးတွေ က နည်းနည်းလေးခိုးလည်းနာမည်ကသူခိုး ဘဲများများခိုးလည်း နာမည်ကသူခိုးဘဲ အဲ့တော့သူခိုးဖြစ်မယ့်တူတူ များများခိုးတာ ကောင်းတယ် ….

  • Thu Wai

    July 9, 2012 at 1:46 pm

    ပြည်ထောင်စုရိပ်သာလမ်း (ဟယ်ပင်လမ်း) မှာ ရှိတဲ့ တရုတ်သံရုံးကို သွားဖူးလား အဲဒီမှာဆိုရင် ဗီဇာလာတင်တဲ့ မြန်မာတွေ ကို အသက် ၂ဝ လောက်ရှိတဲ့ တရုတ်မ နှစ်ယောက်က ဟောက်နေလိုက်တာဆိုတာ သူ့နိုင်ငံ ကျနေတာပဲ။
    အင်းလေ တစ်နိုင်ငံလုံး သူတို့ ဆီက ဟာပဲ ဝယ်သုံးနေရတာဆိုတော့။

Leave a Reply