ရခိုင်သွေးချင်းများအတွက် မန်းဂဇက်ရဲ့ လက်ဆောင်ပေးခြင်း အခမ်းအနား ဓါတ်ပုံများ။
မန္တလေး ဂဇက်မှ သူကြီး ဦးခိုင် အမှူးပြုသော ရွာသူရွာသား ညီကိုမောင်နှမများ၏
ရခိုင်သွေးချင်းများ ပြန်လည်ထူထောင်ရေးလက်ဆောင် ပေးအပ်ခြင်းအခမ်းအနားကြီးကို
ဒီနေ့ ၈-၇-၂၀၁၂ မွန်းလွဲ ၂ နာရီက ရခိုင်သဟာရအသင်း(ရန်ကုန်) ရုံးခန်းတွင်
အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ပါသည်။
ရှေးဦးစွာ စုရပ်အဖြစ်သတ်မှတ်ထားသည့် တာမွေ မောနင်းစတားလဖက်ရည်ဆိုင်တွင်
အခမ်းအနားတက်ရောက်ကြမည့် မန်းဂဇက် ရွာသူရွာသားများအား ကိုပါလေရာကြီးမှ
လဖက်ရည်၊ မုန့်၊ အအေး၊ နန်းကြီးသုတ် စသည်တို့ဖြင့် တည်ခင်းဧည့်ခံပါသည်။
ဗိုက်ဆာဆာနှင့် စားခဲ့ရသော နန်းပြားသုတ် တစ်ပွဲနှင့် အအေးတစ်ခွက်အတွက်
ကျေးဇူးအထူးပါ ကိုပါလေရာကြီးရေ။
မွန်းလွဲ ၁း၅ဝ ခန့်တွင် ရခိုင်သဟာရအသင်း ရုံးခန်းသို့ ကား ၅ စီးဖြင့် ချီတက်ခဲ့ကြပါသည်။
မန္တလေးဂဇက် ရွာသူရွာသား ညီကိုမောင်နှမများမှ ရခိုင်သွေးချင်းများ ပြန်လည်ထူထောင်ရေးလက်ဆောင် အဖြစ်
ငွေကျပ် ၃၂ သိန်းကို လှူဒါန်းကြရာ ရခိုင်သဟာရအသင်းဥက္ကဌ ဦးလှမောင်သိန်းက လက်ခံရယူပါသည်။
ထို့နောက် ရွာသူား ညီကိုမောင်နှမများ စုပေါင်းဓါတ်ပုံရိုက်ကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ပါသည်။
ကောက်ခံရရှိသော အလှူငွေစာရင်းအတိအကျ ကို ကိုထူးဆန်းမှ ပို့စ်တစ်ပုဒ်တင်ပြီး ရှင်းလင်းမည်ဖြစ်ပါသည်။
အခု မန်းဂဇက် ရွာသူရွာသားများ ၏ ပွဲတက် ဓါတ်ပုံလေးများအား အမှတ်တရတင်ပေးလိုက်ပါသည်။
အော် အလှူတစ်ခု ပြီးမြောက်ခဲ့ ပြန်ပါပြီ။ မလာလိုက်ရတာ စိတ်မကောင်းဘူး။ တစ်လှူ မှသည် ………… အလှူပေါင်းများစွာ သို့ ရောက်စေသတည်း…………
သာဓု သာဓု သာဓု
Was this answer helpful?
LikeDislikeစတုတ္တပုံရဲ့ လှပျိုဖြူများထဲမှာမှ အနီရောင်ရှပ်အင်္ကျီနဲ့အဒေါ်ဂျီးကချစ်ချာဂျီး
အရပ်မြင့်မြင့် နှုတ်ခမ်းဖူးဖူး မဟာနဖူးလေးကို ပြောင်…. လို့ အလှစစ်ဆိုဒါ ဒါမျိုးနေမှာ တော့!!
သာဓု…. သာဓု………. သာဓု……………………
အဒေါ်ဂျီးကိုရေစက်ချလှူနေဒါဟုတ်ဘူးနော် .. ရခိုင်သွေးချင်းတွေအတွက် သာဓုခေါ်တာ ဝမ်းသာပီတိဖြစ်ရပါတယ် … ခညာ…
Was this answer helpful?
LikeDislikeတော်သေးတာပေါ့ဗျာ..
ကျောင်းဒဂါ ရှိလို ့..ပုံလေးတွေ ကြည့်ပြီးမုဒိတာ ပွါးနိုင်တာ..
သာဓုပါဗျား..နောင်လဲ ခုလိုပဲ စည်းစည်းလုံးလုံးနဲ ့ တက်ညီလက်ညီ များများ လှူနိုင်တန်းနိုင်ကြပါစေ..လို ့
ကျော် ဗိုက်ကလေးမှ ဆုတောင်းမေတ္တာ ပို ့သလိုက်ပါတယ်..
တစ်ရာမြောက် ကွန်းမန် ့လေးနဲ ့အတူ ဆယ်ငါးကျယ် ယူသွားပါတယ်ခင်ဗျား..
အဲအဲ..ကျန်ခဲ့လို ့..
လှည်းတန်းက အငယ်လေးနဲ ့လဲ အဆင်ပြေပါစေလို ့ ကိုမှိုကြီး ဆုမတောင်းခင် ကျော်ကပဲ ဆုတောင်းပေးပါရစေခင်ဗျား..
လေးစားလျက်…
မိုက်ခယ်ဗိုက်ခ်
ခေတ္တ ဖင်လန်
Was this answer helpful?
LikeDislikeအလှူရှင်အားလုံးအတွက် သာဓုခေါ်ပါတယ်…. ဒီထက်လှူနိုင်ကြပါစေ…
ကိုယ်တိုင်ကတော့ ကြိုးစားတုန်း ……….အဟီး 0-)
Was this answer helpful?
LikeDislikeသာဓု သာဓု သာဓု ပါရှင့်..။
Was this answer helpful?
LikeDislikeသာဓု ခေါ်ပါတယ်ရှင်
Was this answer helpful?
LikeDislikeရွာသူားတွေနဲ့စုပေါင်းလို့တတိယအကြိမ် အလှူလှူဖြစ်ပေမဲ့
ပထမဦးဆုံးတွေ့ခွင့်ရတဲ့အတွက်တစ်ကယ်ကို ပျော်ရွှင်မိပါတယ်…
Was this answer helpful?
LikeDislikeမအိကို သိသွားပြီ
Was this answer helpful?
LikeDislikeကိုဘလက်ရဲ့ ရိုက်ချက်ထဲမှာ
မလှမပ ပုံပါသွားတယ်လေ…
Was this answer helpful?
LikeDislikeကျွန်တော်နဲ့ ရွှေတိုက်က မပါမဖြစ်ဗျ…
ကျုပ်တို့က ဒီအတွက်ရန်တောင်ဖြစ်ခဲ့ရသေးသကိုး… သူငယ်ချင်းအရင်းကြီးနှစ်ယောက်…
ခင်မင်လျက်
ကြောင်ဝတုတ်
Was this answer helpful?
LikeDislikeမင်းတို့ကတော့ရန်တွေဖြစ် ငါကတော့ ဖုန်းကင်တွေပြပြီးချော့လိုက်ရတာ။
နောက်တစ်ခါရန်ဖြစ်ရင် နှစ်ယောက်လုံးအခန်းထဲမှာ ပိတ်ထားမယ်။
ဒါဘဲ……………………..
Was this answer helpful?
LikeDislikeသွေးချင်း ညီနောင်များ
Was this answer helpful?
LikeDislikeဗရာကြော်ပါဗျို့ …
တချို့ ရွာသားတွေ ..လူနဲ့နာမည် တွဲမသိပေမယ့် ..
ရွာသူလေးဒွေတော့ …အကုန် မှတ်မိနေပါကြောင်း ….
စိတ်ကူးထဲက ဟို မေးစေ့အကွဲလေး ကလွဲရင် ..
မြင်ရတဲ့ အထဲ မတော့ …ပန်ပန်လေးသာ
ချစ်ချာ အကောင်းဆုံး ဖြစ်ပါကြောင်း ….
တော်သေးဘီ

Was this answer helpful?
LikeDislikeအသင်း ဥက္ကဌ ကိုများစိတ်ကူးတာလားဟင်…
Was this answer helpful?
LikeDislikeလူကိုခုတုံးလုပ်ပြီး ဥက္ကဌကို ကြံချင်နေတာပဲ ခိခိ
Was this answer helpful?
LikeDislikeဟာဂျာ ….. သများပြောတာ …

နဝင်းလေးပါဗျာ ..နဝင်းလေးပါ…
ဟိုက်ချိခ်ဘွန်းလေးဒွေ… မှည့် ကလေးဒွေ ကို စိတ်နာနေလို့ပါ…
Was this answer helpful?
LikeDislikeကြွားလွန်းလို့ မသိချင်ဟန်ဆောင်နေတာကို
ပြောချင်လွန်းတဲ့သူကလည်း မရရအောင် ပြောသွားတယ်
Was this answer helpful?
LikeDislikeပန်ပန်ရေ …. သတိထားဟေ့ ….. မြှားဦးလှည့်လာပီနော် ……. ပြေးပြေး ပြေးနိုင်မှ လွတ်မှာနော် ….
Was this answer helpful?
LikeDislikeတစ်ယောက်မှလဲမသိပါလားနော်.. :-)
Was this answer helpful?
LikeDislikeဒီဓာတ်ပုံတွေထဲမှာ မှန်ထဲမှာပုန်းနေတဲ့ ရွာသားတစ်ယောက်ရှိတယ်ဗျ…….လိုက်ရှာကြပါအုံး…….
သူခမျာ ကုတ်ကုတ်ကလေး မှန်ထဲမှာ သွားပုန်းနေတာလေ………..
Was this answer helpful?
LikeDislike(10) ပုံမြောက်မှာ ရှိတယ်လေ။ ဟုတ်တယ်မှတ်လား။
Was this answer helpful?
LikeDislikeဝမ်းသာစွာဖြင့်သာဓုခေါ်ပါတယ်……..
Was this answer helpful?
LikeDislikeသာဓု သာဓု သာဓု……….
နောက်ထပ်အလှူတွေလည်းများများလှူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ…….
Was this answer helpful?
LikeDislikeတတိယကြိမ်မြောက် အလှူ အမှတ်တရလေးပါ …..
Was this answer helpful?
LikeDislikeမမေဖလားဝါးလည်း ထပ်တူဝမ်းသာနေမယ်လို့ ယုံကြည်မိပါသည်။
မမေဖလားဝါး အသံကြားချင်မိပါတယ် ။
စိတ်ဆိုးပြေလို့ အရင်လိုဘဲ ကွန့်မန့်တွေလည်း ပေး စာတွေလည်း ရေးစေချင်ပါသည်။
Was this answer helpful?
LikeDislikeသာဓု သာဓု သာဓု ပါ။
အများကောင်းမှု အကြောင်းပြုလို့ မန်းလေး ဂေဇက်သူ ဂေဇက်သားများကို မြင်ခွင့်ရသမို့ ကျေးဇူးတင်စရာပါပဲ။
ဒိထက်ကျေးဇူးတင်သင့်တာက ဒီရခိုင့်အရေးအခင်းကို သေးတဲ့အမှု ကြီးအောင်လုပ်ပေးတော်မူသော စေတနာ့ရှင်ကြီးများကိုထင်ပါရဲ့။
ဒါကြောင့် လည်း သဟာ တို့ ကုသိုလ် ရသကိုး။
နိုင်ငံတော်ရဲ့စေတနာတွေနဲ့ ကောင်းမှုကုသိုလ် လုပ်နိုင်ကြတာကောင်းပါလေ့ရှင်။
အဲ စိတ်ဆိုးတော်မူကြနဲ့နော်။ ကုသိုလ်ရှင်များရဲ့အလှူကို စိတ်ထဲလှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါတယ်။
ဒါပေမယ့် ပြောချင်တဲ့စိတ်က မအောင့်နို်င်တော့ ပြောမိပေသပေါ့။
ခွင့်လွှတ်တော်မူကြပေတော့။
မန်းလေးဂေဇက်အဖွဲ့သူ အဖွဲ့သားများ အားလုံး ကျန်းမာရွှင်လန်းကြစေသောဝ်။
Was this answer helpful?
LikeDislikeဘာကိုဆိုလိုမှန်းမသိပေမယ့် ကုသိုလ်ရရမရရအရေးမကြီးပါဘူး။ ကိုယ့်သွေးချင်းဒေသအတွက်ပါ။
ကောင်းတာလုပ်လို့ ကောင်းတာဖြစ်တာပါပဲ။ အကျိုးမြှော်ပြီးညောင်ရေလောင်းခြင်းမဟုတ်ပါ။ စေတနာသန့်သန့်ပါ။ ဘာမှမဖြစ်ရင်အကောင်းဆုံးပါ။
Was this answer helpful?
LikeDislikeကျေးဇူးပါ ကိုထူးဆန်းရေ။ ခုလိုပြောပေးတဲ့အတွက်ပေါ့ ။ အလှုက……..ပုံလေးတွေကြည့်ပြီး
ကြည်နူးမိပါတယ်…….သာဓုလည်းသုံးကြိမ်ခေါ်ပြီး နောင်အလှုတွေမှာလည်း ပါဝင်ခွင့်ရချင်ပါသေးတယ်။
Was this answer helpful?
LikeDislikeမန်းဂေ ဇက် အလှူ ၊ ၃ ကြိမ် ရှိ ပြီပေါ့။
ပထမ တကြိမ် etone ဦးဆောင် လို့ နာရေးကူ ညီမှု အသင်း ကို လှူ တာ လှူ မယ် လို့ ရည် ရွယ်ပြီး ဆိုက်ထဲ မရောက် ပြစ် ပဲ မေ့ ပြီး မလှူ လိုက်ရ ဘူး။
ဒုတိယ တကြိမ် ကတော့ ပန်း တနော် အလှူ မှတ်မှတ် ရ ရ လှူ ခဲ့ ရ ပါ တယ်။
ခု တတိယ အကြိမ် မှာ တော့
ဝန်ထမ်း တယောက် ရဲ့ ကျမ္မာ ရေး နဲ့ ရင်ဆိုင် လိုက် ရ သည့် လ မို့ မလှူ ပစ် ပြန် ပါဘူး။
မန်ဘာ တစ်ယောက် ဧ။် လစ်ဟင်းမှု အား တောင်ပန်ရင်း အောင်မြင်စွာ ပြီး ဆုံး သွာ သော အလှူ အား သာဓု ခေါ်ပါရစေ။
Was this answer helpful?
LikeDislikeအပြောသက်သက် မဟုတ်ဘဲ အလုပ်နဲ့သက်သေပြတဲ့လူတွေ တကယ်လေးစား ချီးကျူးပါတယ်ဗျာ။ စံနမူနာယူပါတယ်ဗျာ။ ခင်ဗျားတို့ မြန်မာပြည် အကျိုး အတွက် တဖက်တလမ်းက တတ်နိုင်သလို စိတ်အားလူအားနဲ့ ကူညီနေအုံးမယ့် သတင်းကောင်းလေးတွေ ကျွန်တော်တို့ စိတ်ဝင်တစားနဲ့ စောင့်မျှော်နေပါအုံးမယ်။
Was this answer helpful?
LikeDislikeသာဓုခေါ်ပါတယ်။
ပုံတွေကူးပါတယ်။
လူတွေမှတ်ပါတယ်။
အားလုံးနှစ်လိုဖွယ်ရာရူပကာတွေပါ။
ဤကောင်းမှုကုသိုလ်ကံကြောင့် ကြီးသောအထောက်အပံဖြစ်ပါစေ။
Was this answer helpful?
LikeDislikeဝမ်းသာပီတိ ဂွမ်းဆီထိပါပဲဗျာ…
အလှူရှင်အားလုံး အမျှပေးဝေပေးကြပါ..
လှိုက်လှိုက်လှဲလှဲ သာဓု…သာဓု…သာဓု..ပါဗျာ…
Was this answer helpful?
LikeDislikeလူမလိုက်နိုင်ပေမယ့် ဒီတစ်ခေါက်လှူလိုက်ရတော့ ဝမ်းသာပီတိ ဖြစ်မဆုံးပါဘူးဗျာ …. ရက်ကိုနည်းနည်း နောက်ဆုတ်လိုက်တာ တော်တော်အဆင်ပြေသွားတယ် … နောက်မို့ဆို မမှီဘူး …
Was this answer helpful?
LikeDislikeမမအိရယ်မမ ပန်ပန် ရယ် မမခိုင်ခိုင်ရယ် ကို နိုဗီ၊ ဖက်ကက်၊ ရွှေတိုက်။ အဲ့ သူတွေဘဲသိတယ် ဒါတောင် မနည်းမေးထားလို့ ဟီးဟီး ပုံလေးတွေမှာ နာမည်လေးတွေတပ်ပေးပါလား ကိုယ့်မမတွေ ကိုယ့်အစ်က်ိုတွေ ကို သိချင်တယ် နာမည်နဲ့ လူမတွဲမိဘူး ဘာပြောပြောတို့ ရွာသူ ရွာသားတွေကတကယ်ကိုချောတယ်နော် ဟီးးးဟီ းးးးးးးးးးးးဘာမုန့်ဝယ်ကျွေးမှာလည်း စနိုးနဲ့ အပြင်မှာတွေ့ ရင်လေ မလှူလိုက်ရပေမယ့် ကိုယ့်ရွာအလှူဆိုရင် ကိုယ့်အလှူသတ်မှတ်ထားတယ် ။။။
Was this answer helpful?
LikeDislikeမ နိုဗီ ပါ စနိုးရယ်… ဟိ..
မနိုဗီ လဲသိသွားပီ…
နီးရက်နဲ့ ဝေးနေကြတာ…
တမိုးအောက်မှာ နေကြပီးလေ…
အလှူဒါနပြုတဲ့ပုံလေးတွေ ကြည့်… ရွာသူ/သားတွေ စည်းလုံးပျော်ရွှင်နေတာမြင်ရတော့ ထပ်တူဝမ်းမြောက်စွာ သာဓုခေါ်လိုက်ပါတယ်…
Was this answer helpful?
LikeDislikeအပေါ်မှာ အန်တီမမ မန့်ထားတယ် .. သိချင်လား …. သိချင်ရင် လိုက်ခဲ့တဲ့ ။။ :grin:
Was this answer helpful?
LikeDislikeကိုထူးဆန်းကလည်းလိုက်ချင်တာပေါ့ မလိုက်ရလို့ နာမည်နဲ့ပုံလေးတွေ တွဲပေးပါလားလို့တောင်းဆို တာပေါ့လို့ အဲ့နေ့ကလည်းခွင့်ယူလို့မရဘူး ဘဝသမားတွေဆိုတော့ အလုပ်ကပိတ်ရက်ကိုမရဘူး ဖြစ်နေတယ် ကြိုးစားနေရတယ် အဲ့လောက်ကြိုးစားရိုးသားစွား အလုပ်လုပ်နေတာတောင် လစာကမတိုးဘူး ဟီးးးးးးးးးးးးဘာမှလည်းမဆိုင်ဘူးနော် ။။။
Was this answer helpful?
LikeDislikeဝင်ဝင်ခြင်း ဝမ်းသာစရာမြင်ကွင်းနှင့်တကွ
အကိုအမညီညီမ စုံလင်စွာတွေ ့ရလို ့ပီတိဖြစ်ရပါတယ်..
သာဓု….သာဓု…သာဓု…….
Was this answer helpful?
LikeDislikeမန်းတလေး ဂေဇက်ကြီးဟာ တကယ့်တကယ်တော့
မဟာ့မဟာ ဂေဇက်ကြီးပါလား
တွေးရင်းနဲ့ ဂုဏ်ယူဝင့်ကြွားမိနေပါကြောင်း….။
Was this answer helpful?
LikeDislikeကိုရင်ဘလက်ရေ..
အလှူဓါတ်ပုံလေးတွေကို.. Hi-res နဲ့ပို့ပေးစေလိုပါတယ်ခင်ဗျား..
ဓါတ်ပုံရိုက်သူ.. ခရက်ဒစ်လေးပါထည့်ပေးပါနော…
Was this answer helpful?
LikeDislikeပို့စ်တင်တာ ဂျူလိုင် ၈ရက်နေ့ဆိုတော့ လေယာဉ်ပေါ်မှာ
အလကားရတာတွေ တဖြဲနဖြဲစားရင်နဲ့
သာဓုလာခေါ်ဖို့တောင် မေ့သွားတယ်…
ခုမှ ပြန်ခေါ်မယ်နော်.. ရုပ်ချောသဘောကောင်းတဲ့ ရွာသူားများအားလုံး
သာဓု၊ သာဓု၊ သာဓုပါဗျာ…
ဂေဇက်ရွာအတွက်လည်း အထူးဂုဏ်ယူမိပါတယ်…။ ။
Was this answer helpful?
LikeDislikeဟဲ့ဟဲ့ .. ဟိုဒင်းတို့ ဒီဒင်းတို့ လာကြည့်ဟဲ့ …. ။
ပြီးရင် လူအထင်ကြီးအောင် စာလေးတကြောင်းနဲ့ ရခိုင်ကို ချစ်မပြပါနဲ့ ဗျို့ …….. ။
လက်တွေ့ကျကျ ….. တတ်နိုင်သလောက်လေး သွားလှူလိုက်ကြပါဦးနော် ……. ခွိခွိ ။
Was this answer helpful?
LikeDislike