နောက်တစ်လှမ်း သို့ စာရင်းချုပ်ခြင်း

ကထူးဆန္းJuly 8, 20121min20712

မင်္ဂလာပါ ရွာသူားများခင်ဗျား ..

ဘဖောရဲ့ လှုံ့ဆော် မှု့ ကနေစလို့ ကျွန်တော်တို့ မန္တလေး ဂေဇက်ရဲ့ တတိယမြောက် စုပေါင်းအလှုတစ်ခု ဝမ်းမြောက်စဖွယ် အထမြောက်အောင်မြင်ခဲ့ပါပြီ။

အလှုရှင် အမှတ်စဉ် ၁၀၄ အထိရှိခဲ့ပြီး စုပေါင်းလှုဒါန်းသူများလည်း ရှိခဲ့ပါသည် ။

ဒီလို အလှုတစ်ခု ဖြစ်မြောက်အောင် ဆက်သွယ်နိုင်အောင် ဆိုဒ်တည်ဆောက်ထားသည့် သူကြီးဦးခိုင်မှ စလို့ ရွာသူားများအားလုံး နှင့်တစ်ကွ ပါဝင်လှုဒါန်းသူများ အားလုံး ၊ ပါဝင်လုပ်အားပေးသူများ အားလုံး အား ကျေးဇူးအထူးတင်ရှိပါသည် ။

၁၁-၆-၂၀၁၂ တွင် ကိုဝင်းနှင့်မိသားစုမှ စတင်ထည့်ဝင်လှုဒါန်းခဲ့ပြီး ယနေ့ ၈-၇-၂၀၁၂ အထိ စုစုပေါင်း ၄၂၆၁၈၀ဝ (ကျပ် လေးဆယ့်နှစ်သိန်း ခြောက်သောင်း တစ်ထောင့် ရှစ်ရာ တိတိ) ရရှိခဲ့ပါသည် ။

ပါဝင်လှုဒါန်းသူများနှင့် နေ့အလိုက်ကောက်ခံရရှိငွေများအား အောက်ပါ လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည် ။

https://myanmargazette.net/129614/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle

ရခိုင်သဟာရ အသင်း သို့ ၃၂၀၀၀၀ဝ ကျပ် ( ကျပ် ၃၂ သိန်းတိတိ) ရခိုင်သွေးချင်းတို့ အတွက် လက်ဆောင် အဖြစ်ယနေ့ ၈-၇-၂၁၀၂ တနင်္ဂနွေနေ့ နေ့လည် နှစ်နာရီမှာ ပေးအပ်ခဲ့ပြီး စုစုပေါင်း ကျန်ငွေ ၁၀၆၁၈၀ဝ ကျပ် (ကျပ် တစ်ဆယ်သိန်း ခြောက်သောင်း တစ်ထောင့်ရှစ်ရာ တိတိ) ရှိပါသည် ။

၎င်းငွေသား ဦးဦးပါလေရာ ခရီးသွားရန်ရှိသည့်အတွက် ကျွန်တော့်ထံတွင် အပ်ခဲ့ပါသည် ။

ဤငွေဖြင့် ရွာသား ကိုထွန်းဝင်းလတ်တို့၏ one candle စေတနာရှင်လူငယ်များ အဖွဲ့နှင့် ပူးပေါင်းပါဝင်၍ ကချင်ပြည်နယ် မော်လူးခရိုင်မှ ပထမ မူလခေါင်တုန့်စည်ရွာ ၏ ကျေးရွာ မှုလတန်းဆောက်လုပ်မှု့တွင် သွပ် နှင့် တကွ လိုအပ်သည်များ အတွက်ထည့်ဝင်သွားရန် ရည်ရွယ်ထားပါသည် ။

travel

https://myanmargazette.net/134951/society-lifestyle/events-fundraise

ကိုထွန်းဝင်းလတ် နှင့် အဆက်အသွယ်ထပ်မရသေးပါ ။

ကိုထွန်းဝင်းလတ် ရေ ကျွန်တော် e-mail ပို့ထားပါသည် ခင်ဗျာ ။ ရရှိပါက ပြန်လည် ဆက်သွယ်ပေးစေလိုပါသည် ။

ဦးပေ အားလည်း အကူအညီတောင်းလိုပါသည် ။ ဦးပေ နှင့် အဆက်အသွယ်ရှိပါက ကျွန်တော်တို့နှင့်ပြန်လည်ဆက်သွယ်ပေးပါရန်ကူညီဆက်သွယ်ပေးစေလိုပါသည်။

ဆယ်သိန်းကျော် ကျန်ရှိသည့် အတွက် ကျွန်တော်တော့ အလွန်ဝမ်းသာပါသည် ။ ခေါင်မိုး အပြင် အိမ်သာ ၊ ရေတုန်ကင် စသည့် လိုအပ်ချက်လေးများပါ ဖြည့်စီးပေးနိုင်လိ်မ့်မည် ဟု မျှော်လင့်ထားပါသည် ။
ရွာသူားများ အားလုံးနှင့် အလှုရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

12 comments

  • မောင်ပေ

    July 8, 2012 at 10:51 pm

    ကျွန်တော့်ကိုခေါ်ရွေ့လာပါသည်
    ၈.၇.၂၀၁၂ ညနေပိုင်းတွင် ကိုထွန်းဝင်းလတ် နှင့်ဖုန်းပြောဖြစ်ပါသည်။
    ရွာသူားများအိ သွပ်ပြားလှူမည်ဆိုသော အစီအစဉ်ကိုလဲ ပြောဖြစ်ခဲ့ပါသည်။
    ယခုလကုန်ပိုင်းလောက်တွင် သူတို့မြို့သို့ကျုပ်သွားရန်ရှိပါသည်။
    ကိုထွန်းဝင်းလတ် က လဲ အွန်လိုင်းလာဦးမည်ဟု ပြောပါသည်
    စောင့်ပါဦး
    ကျုပ် အပေါ် အကူအညီတောင်းလျှင် တတ်နိုင်သလောက် ကူပါမည်

  • htoosan

    July 8, 2012 at 10:56 pm

    ကျေးကျေးပါ ဦးပေ .. ဦးပေ နှင့် မ နှင်းဖြူတို့ကို အကူအညီတောင်းဖို့ စိတ်ကူးထားပါသည်။

  • kyeemite

    July 9, 2012 at 9:46 am

    ကိုထူးဆန်းရဲ့အစီအစဉ်အတွက်
    ဝမ်းသာပါတယ်ဗျာ..ကျေးဇူးလဲတင်ပါဂျောင်း..

  • etone

    July 9, 2012 at 9:56 am

    ကိုထူးဆန်းရေ … တကယ့်ကို မွန်မြတ်တဲ့ လုပ်ရပ်ပါပဲ … ။
    အလှူအပေါ် အလှူဆင့်ပြီး ….တတ်နိုင်သမျှလိုအပ်တဲ့နေရာတွေကို ဖြည့်ဆည်းပေးတာ .. သာဓုလည်းခေါ်ပါတယ် .. အားကျဂုဏ်ယူစိတ်လည်း ဖြစ်မိပါတယ် … ။

  • ကြောင်ကြီး

    July 9, 2012 at 9:59 am

    ဘဲထီးဂွတ် ဘဲမဂွတ်…

  • Khaing Khaing

    July 9, 2012 at 11:30 am

    ဝမ်းသာလိုက်တာ ကိုယ့်စိတ်ထဲမှာတော့ ကိုယ့်အလှူကနှစ်နေရာရောက်နေတယ် လှူမိတယ်လို့ ခံစားပြီး ဝမ်းသာကြည်နူးဖြစ်မိတယ် …… အလှူကို တစ်လှူကနေနှစ်လှူ စဉ်းစားပီး ကူညီဆောင်ရွက်ပေးသူအပေါင်း လိုအင်ဆန္ဒတွေပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ် ……….

  • shwe kyi

    July 9, 2012 at 12:04 pm

    ကိုထူးဆန်းရေ စိတ်ပင်ပန်းခံပြီးတော့ကိုစီစဉ်ပေးနေတယ်နော်။ ဝိုင်းဝန်းသူများရောကိုထူးဆန်းပါကျန်းမာပါစေ။

  • hnin phyu

    July 9, 2012 at 1:59 pm

    ကိုထူးဆန်းရေ
    လိုအပ်တဲ့နေရာမှာကူညီဖို့အသင့်ပါရှင့်။

  • Shwe Ei

    July 9, 2012 at 2:59 pm

    တခါဘဲ အလှူငွေထဲ့ရပီး ၂နေရာလှူနိုင်အောင် စီစဉ်ပေးသူများအား အထူးကျေးဇူးတင်ပါသည်။ 🙂

  • snow white

    July 9, 2012 at 4:52 pm

    အလှူတစ်ခုပြီးမြောက် လို့ဝမ်းသာပီတိဖြစ်မိပါသည်…

Leave a Reply