2012 ခုနှစ် ဇူလိုင်လ ( ၉ ) ရက်နေ့တွင် ကမ္ဘတစ်လွှားက Internet Server များ ခေတ္တ Shut Down ချမည်ဖြစ်

သော်ကြီးJuly 9, 20121min2024
2012 ခုနှစ် ဇူလိုင်လ ( ၉ ) ရက်နေ့တွင် ကမ္ဘာတစ်လွှားက Internet Server များ ခေတ္တ Shut Down ချမည်ဖြစ်၍ ထိုနေ့တွင် အင်တာနက် အသုံးပြု၍ မရနိုင်ပါ။

ဟက်ကာတွေရဲ ့ DNSChanger malicious software (malware) ဖြင့် DNS (Domain Name System) များကို တိုက်ခိုက်မှုကြောင့် နိုင်ငံတကာမှာ ရှိကြတဲ့ အင်တာနက်သုံးစွဲသူ သန်းပေါင်းချီပြီ ထိခိုက်မှုတွေ ရှိနေတဲ့အတွက် အမေရိကန်နိုင်ငံ FBI ကနေ လာမယ့် ဇူလိုင်လ (၉) ရက်နေ ့မှာ ကမ္ဘာတစ…်လွှားက အင်တာနက်သုံးစွဲမှုတွေကို ခေတ္တရပ်ဆိုင်းပြီး အဆိုပါ CNSChanger ပြဿနာကို ဖြေရှင်းမှာဖြစ်တယ်။

အင်တာနက်သုံးစွဲသူတွေအနေနဲ ့ မိမိတို ့ရဲ ့ ကွန်ပျူတာမှာ ဒီ DNSChanger malicious software (malware) တိုက်ခိုက်ခံထားရမှု ရှိ မရှိကို ဖေါ်ပြပါ အင်တာနက်စာမျက်နှာတွေမှာ ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။

http://www.dns-ok.us/
http://www.dns-ok.ca/
http://www.dns-ok.gov.au/

မိမိ၏ ကွန်ပျူတာ DNSChanger malicious software (malware) တိုက်ခိုက်ခံထားရမှု ရှိပါက သက်ဆိုင်ရာ Internet Service Provider သို ့ဆက်သွယ်ပြီး အဆိုပါ Malware အား ဖယ်ရှားပေးရန် အကူအညီတောင်းပါ။

Myanmar Express
From : မီးပြတိုက်

4 comments

  • the best

    July 9, 2012 at 12:54 am

    လန်ဒန်၊ ဇူလိုင် – ၇
    လွန်ခဲ့သော တစ်နှစ်က ဒိုမိန်းအမည်ပေးစနစ်(DNS Changer)များတွင် ဝင်ရောက်တိုက်ခိုက်ခံထားရသော
    ကွန်ပျူတာများကို အမေရိကန် အာဏာပိုင်များ၏ယာယီပြင်ဆင်ထားမှု ဇူလိုင်လ ၉ ရက်တွင်သက်တမ်း
    ကုန် ဆုံးမည်ဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်းရှိ ကွန်ပျူတာအသုံးပြုသူ သောင်းနှင့်ချီ၍အင်တာနက်ချိတ်
    ဆက်မှုပြတ်တောက်ဖွယ်ရှိကြောင်းသိရသည်။ ယခုပြဿနာမှာ DNS Changer ဟု လူသိများသော
    Malware ဗိုင်း ရပ်စ်တစ်မျိုးကို ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူများက ဖန်တီးခဲ့ ပြီး ပစ်မှတ်ထားသည့်
    Web Browser များ၏ ဒိုမိန်းအမည်စနစ် (DNS)များကို ကြားမှ ဖြတ်တောက်လမ်းလွှဲရာမှ ပေါ်ထွက်
    လာခြင်းဖြစ်သည်။

    ယင်းဗိုင်းရပ်စ်အား ဖြန့်ချိသော ကွင်းဆက်ကို ၂၀၀ရ ခုနှစ်တွင် ရှာတွေ့ခဲ့ပြီး ပြီးခဲ့သည့်နှစ်က အမေရိကန်
    အက်ဖ်ဘီအိုင်အဖွဲ့၊ အက်စ်တိုးနီးယားရဲတပ်ဖွဲ့နှင့် အခြားဥပဒေရေးရာအဖွဲ့အစည်းများက ပိတ်ပင်ခဲ့သည်။
    သို့သော် ယင်းဗိုင်းရပ်စ်ဝင်နေသည့် ကွန်ပျူ တာများမှာ ကမ္ဘာတစ်ဝန်း၌ ဇွန် ၁၁ ရက်အထိ လုံးရေ ၃၀၀၀၀ဝကျော်ရှိနေပြီး အမေရိကန်တွင်လုံးရေ ၆၉၀၀ဝ နှင့် အီတလီ၊ ဂျာမနီ၊ အိနိ္ဒယ၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ဩစတြေးလျတို့မှ ကွန်ပျူတာများမှာလည်း အဆိုပါစာရင်းတွင် ပါဝင်နေသည်ဟုယုံကြည်ရသည်။
    တာဝန်ရှိသူများက မိမိ၏ ကွန်ပျူတာတွင် ယင်းဗိုင်းရပ်စ် တိုက်ခိုက်ခံထားရသည်ဟု ယူဆသူများအနေဖြင့်
    DNS Changer ဗိုင်းရပ်စ်ဖြေရှင်းရေးဝက်ဘ်ဆိုက် http://www.dcwg.org သို့ ဝင်ရောက်စစ်ဆေးနိုင်
    ကြောင်းဆိုထားသည်။ အင်တာနက်လုံခြုံရေးကုမ္ပဏီတစ် ခုဖြစ်သည့် Internet Identity လည်း
    Fortune မဂ္ဂဇင်း၏ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၅၀ဝ စာ ရင်းတွင် ပါဝင်သည့်ကုမ္ပဏီ ၅၈ ခုနှင့်အစိုးရဌာန
    ကြီး ၅၅ ခုအနက်မှ ၂ ခုတွင် အနည်းဆုံး ကွန်ပျူတာ (သို့မဟုတ်) Router ၁ လုံးတွင် ဗိုင်းရပ်စ်ကူးစက်ခံ
    ထားရကြောင်းဆိုသည်။

    သို့သော် အချို့သော တာဝန်ရှိသူများနှင့် ကွန်ပျူတာပြုပြင်ရေးကျွမ်းကျင်သူများကမူ အဆိုပါဗိုင်းရပ်စ်
    တိုက်ခိုက်မှုများကြောင့် ဆိုးဆိုးရွားရွားထိခိုက်မှုမဖြစ်နိုင်ကြောင်း ပြောသည်။ အကယ်၍ ယင်းဗိုင်းရပ်စ်
    ဝင်ရောက်ခဲ့ပါကလည်း ကွန်ပျူတာများရှိ ဗိုင်းရပ်စ်ကာကွယ်ရေးစနစ်များက သိရှိ၍ ရှင်းလင်းပြီးဖြစ်နိုင်
    ကြောင်း အမေရိကန် နိုင်ငံမှ ကျွမ်းကျင်သူများက ပြောပါသည်။ အကယ်၍ ယင်းဗိုင်းရပ်စ်ဝင်ရောက်ခဲ့
    ပါကလည်း ကွန်ပျူတာ ပြင်ဆင်ရေး ကျွမ်းကျင်သူများကို ဆက်သွယ်အကူအညီ တောင်းခံ၍ အလွယ်တကူ
    ဖြေရှင်းနိုင်သည်ဟု ၎င်းတို့က ဆိုသည်။
    —Ref: AFP

    သတင်း
    7Day News Journal
    SUNDAY, JULY 08, 2012

  • the best

    July 9, 2012 at 9:25 am

    ဘယ်လို ကွန်ပျူတာတွေ မှာ ဖြစ်နိုင်ခြေရှိလဲဆိုတော့
    (၁) အင်တာနက် ချိတ်ဆက်ပြီး သတင်း အချက်အလက် (သို ့) ဖိုင်တွေဒေါင်းလုဒ် ချရယူလေ့ရှိသော ကွန်ပျူတာ
    (၂) အဆိုပါ ကွန်ပျူတာ အမျိုးအစား တစ်လုံးပါဝင်သော အိမ်တွင်း နက်ဝပ် သို ့ချိတ်ဆက်မှူ အတွင်းရှိ ကွန်ပျူတာ များအားလုံး
    (၃) ပြင်ပ ဒေတာ အချက်အလက် စည်းကူးမှူ example: thumb drive တွေအသုံးများသော ကွန်ပျူတာတွေမှာ အဖြစ်များပါတယ်။
    ကိုယ့်ကွန်ပျူတာ ထိခိုက်ခံရ နေလားဆိုတာ ဘယ်လိုစစ်ဆေးမလဲ?
    အလွယ်လေးပါ အင်တာနက် ရှိတဲ့ လူတွေ အတွက်ကတော့ ဒီဝတ်ဆိုဒ်လေးကို သွားလိုက်ပါ။
    http://www.dns-ok.us/
    အင်တာနက် ချိတ်ဆက် မထားပေမယ့် ချိတ်ဆက်ဖူးတဲ့ ကွန်ပျူတာ ပိုင်ရှင်များ အနေနဲ ့ကတော့ ကိုယ့်ကွန်ပျူတာ ထဲက DNS Setting တွေကို တတ်ကျွမ်းတဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ ့ပြသ ကြည့်သင့်ပါတယ်။
    မြန်မာပြည် ကို အခြား နိုင်ငံ တစ်နိုင်ငံကနေ ပြန်ရောက်လာတဲ့ လူတွေ ဆိုရင်စစ်ဆေး ကြည့်သင့်ပါတယ်။ မြန်မာပြည်က သုံးနေကျ DNS setting တွေကို နားလည် တတ်ကျွမ်းတဲ့လူတွေနဲ ့ပြတာမျိုး လုပ်ထားသင့်ပါတယ်။ လေ့လာ ချင်တယ်ဆိုရင်တော့ Resource တွေကို အောက်မှာ ရှယ်ပေး လိုက်ပါတယ်။
    http://www.dcwg.org/detect/
    http://fbi.gov/DNS-changer-malware.pdf

  • laypai

    July 9, 2012 at 10:06 am

    ညက TV အစီအစဉ် တခု ကြည့် နေရင်း breaking news လို မျိုး စာတန်း ထိုး တာ တွေ လိုက် တယ်။
    နောက်တခေါက် ပြန်အလာ ကို စောင့် ကြည့် ပေမဲ့ မလာတော့ လို့ သေသေချာချာ မသိရဘူး။
    ပို့ ခေါင်းစဉ် လို စာသားမျိုး ပဲ၊ အမေရိကန် သတင်းဌာန တခု က ထုတ်ပြန်သည် ဆို ပြီး တော့။

Leave a Reply