“ချစ် သော ကေ”- အ ပို်င်း (၄)

aye.kkJuly 9, 20121min1369

ရုပ် ရှင် အ ပြီး ၊ မီး လင်း သည့် အ ချိန် မှာ တော့ …..
အစ် ကို သု ခ မှ ကေ့ မျက် နှာ လေး အား ကြည့် ပြီး ၊ တော် သေး တယ် ….ပုံ ပျက် ပန်း ပျက် မ ဖြစ် တော့ လို ့နော်….။
ဟို မိန်း က လေး ဆို ၊ ကြည့် စမ်း ပါ ဦး လက် ကိုင် ပု ဝါ နဲ ့မျက် နှာ ကွယ် ပြီး ထွက် လာ ရ တယ် ။

မိန်း က လေး များ က အ ငို လွယ် လိုက် တာ ၊ ရုပ် ရှင် ကြည့် ပြီး ဈာန် ဝင် သွား တယ် နဲ ့တူ တယ် ။ မိန်း က လေး တွေ နဲ ့လာ ပြီး ၊ လွမ်း အ ဆွေး ဇတ် ကား တွေ ကြည့် လို ့ က တော့ အ ဆင် ပြေ မယ့် ပုံ လုံး လုံး မ ပေါ် ဟု အစ် ကို သု ခ က သူ ့၏ ထင် မြင် ချက် လေး အား ပြော ပြ ပါ သည်။

ရုပ် ရှင် ရုံ မှ ပြန် အ လာ တွင် ၊ ဗိုက် ဆာ သည် ဟု ဆို ကာ အစ် ကို ဝမ်း ကွဲ တော် သူ နှင့် ယောင်း မ တို ့မှ မြို ့ထဲ ရှိ ၊ ကြေး အိုး ဘု ရင် တွင် ၊ ကြေး အိုး လိုက် ကျွေး သ ဖြင့် ၊ စား ပြီး မှ သာ အိမ် ပြန် ရောက် ကြ ပါ သည် ။ အိမ် ရောက် ရောက် ခြင်း ပင် ၊ အ ဒေါ် က…..ကေ့ အား တယ် လီ ဖုန်း ကြေး နန်း လာ တယ် ။ အ ဖေ က မ နက် ဖန် ပြန် လာ ရ မယ် လို ့ ပြော တယ် ။

အ ဒေါ် ရေ ………ကောင်း ပါ တယ် ။ အ ဖေ က စိတ် ပူ တတ် တယ် ၊ အ ဖေ မ ပါ ရင် ဘယ် မှ လွတ် တာ မ ဟုတ် ဘူး ။ ရွှေ တိ ဂုံ ဘု ရား တ ပေါင်း ပွဲ တော် လ ပြည့် ဆီ မီး တစ် ထောင် ပူ ဇော် ပွဲ သွား ချင် လွန်း လို ့ မ နည်း ပူ ဆာ ထား လို ့ သာ လွှတ် တာ ။ ပြန် ဖို ့ အ တွက် က၊ သ္မီး အ ဝတ် အ စား တွေ သိမ်း ဆည်း ပြင် ထား လိုက် ပါ့ မယ် ။

အေ… အေ…၊ မ နက် ဖြန် စာ အ တွက် ဟင်း ချက် ဖို ့အ ဒေါ် (၃၈) လမ်း ဈေး ပြေး လိုက် ဦး မယ် ။

မောင် နှ မ နှစ် ယောက် ကောင်း ကောင်း နေ ခဲ့ ကြ နော် …ဟု မှာ ပြီး အ ဒေါ် က ဈေး သို ့ သွား လိုက် ပါ သည် ။ မ နေ ့ က ဗြောင်း ဆန် အောင် လိုက် တန်း ပြေး တန်း လုပ် ထား တာ အ ဒေါ် က ရိပ် မိ သွား ပုံ ရ ပါ သည် ။ အ င်္ကျီ တင် သည့် ကျိုး တန်း ပြတ် ထွက် သွား တာ အ ဒေါ်သိ သွား သည် ဟု အစ် ကို သု ခ က ၊ ကေ့ အား ပြန် ပြော ပြ ပါ သည် ။

ကေ ရေ…အ ဝတ် စား တွေ သိမ်း ပြီး ရင် ၊ အ ခန်း ထဲ အောင်း မ နေ နဲ ့နော် ၊ ထွက် လာ ခဲ့ နော် ၊ ပျင်း တယ်…. အ ပြင် မှာ ကိုယ် တို ့ စစ် တု ရင် ထိုင် ဆော့ ရ အောင် ဟု အ ဖော် ခေါ် ပါ သည် ။

သိမ်း ဆည်း ပြီး ၊ ထွက် လာ ခဲ့ ရင်း ၊ ကေ မှ အစ် ကို သု ခ အား…
ကြည့် ခဲ့ ကြ တာ က…..

ဂျ ပန် မှာ (၇) ည တာ …..
ကေ နဲ ့အစ် ကို သု ခ က…..
ရန် ကုန် မှာ (၃) ည တာ ၊ မှတ် မှတ် ရ ရ ပါ ဘဲ ။
မ နက် ဖန် ပြန် ရ မှာ ဆို တော့ လေ ၊ နောင် ဘယ် တော့ များ မှ ပြန် ဆုံ ဖြစ် မယ် မ သိ ဘူး နော် ။

အင်း….။ ကံ ကောင်း ချင် တော့ ဓါတ် ပုံ လေး တစ် ပုံ အ ပြင် ထွက် ကျ နေ လို ့တော် သေး သည် ။
အ မှတ် တ ရ လည်း ဖြစ် သွား သည် ။ လွမ်း ရင် ဓါတ် ပုံ လေး ထုတ် ကြည့် လို ့ ရ အောင် အိပ် ကဒ် ထဲ အ မြဲ ဆောင် ထား မှာ ဟု ကေ့ အား ပြော ပြီး ။ အိပ် ကဒ် ထဲ ထည့် ထား သည့် ကေ့ ပုံ အား ထုတ် ပြ ပြန် ပါ သည် ။

ခု မှ တွေ ့တာ ကို များ…၊ ဓါတ် ပုံ နောက် ကျော မှာ “ချစ် သော ကေ” လို ့ရေး ထား ရ သေး တယ် ။
အစ် ကို သု ခ က……
မိန်း က လေး တွေ မြင် မြင် ချင်း ချစ် တတ် တာ ပဲ လား ဟင် ။
ကေ့ ကို ချစ် ရင် တော့ သုံး နှစ် သုံး မိုး မှ အ တည် ပြု မှာ ၊ မ ယုံ မ ရှိ နဲ ့နော် ….ဟု စ နောက် ပြီး ပြော လိုက် မိ ပါ သည် ။
မြင် မြင် ချင်း ချစ် မိ တာ က……
ရှေး က ဖူး စာ ရေ စက် အ ကြောင်း ကံ ပါ ။
လှ တဲ့ မိန်း က လေး တိုင်း ကို ၊ တွေ ့တိုင်း လည်း ချစ် ဖို ့က မှ မ ဖြစ် နိုင် တာ ။
ရှင်း ပြ လို ့မ ယုံ ရင် လည်း ၊ သုံး နှစ် သုံး မိုး က နည်း သေး တယ် ။
က တိ စ ကား အ တည် ရ ထား လို ့က တော့ ၊ ဆယ် နှစ် ဆို လည်း စောင့် နိုင် တယ်….. ။
ကဲ ဘာ ဆက် ပြော ချင် သေး လည်း ကေ ဟု ဆို ပါ သည် ။
တော် ပြီ …တော် ပါ ပြီ ၊ အစ် ကို သု ခ နဲ ့က ၊ စ ကား စစ် မ ထိုး တော့ ပါ ဘူး ။ စစ် တု ရင် ဘဲ ထိုး တော့ မယ် နော် ။
ဒီ တစ် ခါ လောင်း ကြေး ဘာ ထပ် အုံး မှာ လည်း ။
အစ် ကို သု ခ ရှုံး ရင် တော့ အိပ် ကဒ် ထဲ က ၊ ကေ့ ဓါတ် ပုံ ပြန် ပေး ကြေး နော်….
ပိုင် ရှင် ခွင့် မ ပြု ပဲ ယူ ထား တာ ၊ လုံး ဝ ကျေ နပ် တာ မ ဟုတ် ဘူး ။ ဘယ် သူ ့ကို မှ လည်း မ ပေး ဖူး ဘူး ။
ပိုင် ရှင် ခွင့် မ ပြု ပဲ ယူ ထား ရင် င ရဲ ကြီး မှာ နော် ။
ကေ့ ထဲ က ယူ ထား တာ မှ မ ဟုတ် တာ ၊ အ ဒေါ် ဘီ ဒို ထဲ က လျှော ပြီး ထွက် ကျ လာ လို ့ ကောက် ယူ မိ ထား တာ ။
ဓါတ် ပုံ ကို မြင် မြင် ချင်း ပဲ ကိုယ် က ချစ် မိ တယ် ။
အ ရမ်း လှ လို ့လေ ၊ မျက် ခင်း တွေ ပေါ် မှာ က ချင် ဝတ် စုံ လေး နဲ့ ဝမ်း လျှား ထိုး ၊ မေး လေး ထောက် ပြီး မှောက် နေ ရက် ၊ ပါး လေး က လည်း ချိုင့် ဝင် အောင် ခွက် ပြီး ရယ် နေ သေး ။

ဒီ ဓါတ် ပုံ လေး က မြင် ရ သူ အ တွက် က …..
ရင် ထဲ တ ကယ် အေး မြ စေ တယ်…..။
ချစ် စ ရာ ကောင်း လွန်း လို ့ပါ ။

ဒီ ဓါတ် ပုံ ကို ယော က်ျား လေး တွေ မြင် လို့ က တော့ ၊ မ ချစ် ပဲ နှင့် တော် ယုံ ဘယ် သူ နေ နိုင် မှာ လည်း ပြော… ။ ကိုယ် က တော့ ဓါတ် ပုံ လေး ကို မြင် လိုက် ရ က တည်း က ကို ၊ ရင် ထဲ မှာ တ ကယ် ကို ချစ် မိ သွား ခဲ့ ရ ပြီ ကေ…. ။
နောက် ခံ လေ ယာဉ် ပျံ နေ တဲ့ ပုံ လေး ကို လည်း အ မိ အ ရ ဖမ်း ပြီး ဓါတ် ပုံ ဆ ရာ က ရိုက် ယူ ထား နိုင် တာ ။

ဓါတ် ပုံ ဆ ရာ ရိုက် ချက် က အ ရမ်း တော် ၊ အ ရမ်း မိုက် တာ ပဲ ။ အင် မ တန် တော် တဲ့ ဓါတ် ပုံ ဆ ရာ ရဲ ့ ရ်ိုက် ချက် လက် ရာ လှ လှ တ ခု ဘဲ ။
ဒါ ဘယ် နေ ရာ မှာ ရိုက် ထား တာ ဆို တာ ကို လည်း ၊ ကိုယ် တ ကယ် သိ ချင် လိုက် တာ ….။ ဓါတ် ပုံ ရဲ ့ စာ တမ်း မှာ ပု သိမ် ဝင်း ချစ် ဓါတ် ပုံ တိုက် လို ့ ရေး ထား တာ တွေ ့ရ တယ် ။
အ ဆောက် အ ဦ ရှေ့ ၊ မျက် ခင်း တွေ ရှိ တဲ့ ကွင်း ပြင် ကျယ် ကြီး ကို နောက် ခံ ထား ပြီး ရိုက် ထား က ဘယ် နေ ရ မှာ လည်း ဆို တာ မှန်း ကြည့် မ ရ လို ့၊ အ ရမ်း သိ ချင် မိ နေ မိ တာ ဟု ၊ ကေ့ အား နောက် တစ် ကြိမ် ထပ် မံ ပြော ပြန် သည် ။

ကာ ယ ကံ ရှင် ရဲ ့ ပုံ အ စစ် ဆို ရင် တော့ ပြော ပြ နိုင် ရ မယ် ။
ကေ အ ပြင် မှာ တွေ ့တဲ့ အ မူ အ ယာ မှာ က ၊ ယော က်ျား လေး စ တိုင် လို လို ၊ ဓါတ် ပုံ ထဲ က ပင် ကိုယ် မူ ရင်း မိန်း က လေး ဟန် ပန် ဆို တော့ ၊ ခန့် မှန်း လို ့မ ရ နိုင် တာ ၊ ထူး ဆန်း နေ သည် ဟု အစ် ကို သု ခ က ပြော ပါ သည် ။
ကေ…
ဟင်…
ရှူံး ရင် ဓါတ် ပုံ ကိ စ္စ ပြော ပြ ကြေး နော် ။
အင်း…..
လူ ကို ချစ် တာ မှ မ ဟု တ် တာ ၊ ဓါတ် ပုံ မြင် ပြီး ချစ် တော့ လည်း…
လူ ကို မှ မ ရ နိုင် ရင် တော့ ၊ ဓါတ် ပုံ ကို သာ ဖက် ပြီး ဘဲ အ ရိုး ထုတ် တော့ နော် ဟု ၊ ရယ် ရယ် မော မော နှင့် ပြော လိုက် မိ ပါ တော့ သည် ။

9 comments

  • မောင်ပေ

    July 9, 2012 at 8:57 am

    အောင်မငီး ရက်စက်လှချီလား… ကေလေးရဲ့။
    ဓါတ်ပုံထဲက ကေ့ကိုချစ်မိခဲ့သလို
    အပြင်ဘက်က ကေ့ကိုလဲ သိပ်ချစ်မိသွားတာ တစ်ကယ်ပါ။
    (အန်တီအေး ဇါတ်ထဲက ကိုသုခ နေရာတွင် ဝင်ခံစားမိခြင်း)

    • aye.kk

      July 9, 2012 at 6:42 pm

      ကိုပေ….
      မှန်တာကတော့…
      သွေးထွက်အောင်ပါဘဲ…။။

  • mamanoyar

    July 9, 2012 at 10:25 am

    မဟုတ်ပါဘူး ဓါတ်ပုံထဲက ကေ့ကိုချစ်တာ
    အပြင်ဘက်က ကေ့ကို တကယ်ချစ်တာမှမဟုတ်တာ
    တကယ်ချစ်ရင် သုံးနှစ်သုံးမိုးစောင့် ဒါပဲ …….

  • မဂွတ် ထော်

    July 9, 2012 at 11:56 am

    ဓါတ်ပုံထဲက ကေ ကိုလှလို့ ကြိုက်မိပီး
    အပြင်က မလှ ရင်တော့
    မကြိုက်နိုင်ဘူးဆို ရင်တော့
    အချစ်စစ်မဟုတ်သေးလို့ပေါ့
    တကယ်ချစ်ရင်တော့ လှ လှ မလှလှ ကြိုက်နိုင်ရမှာပေါ့လေ…ဟဲဟဲ

  • nature

    July 9, 2012 at 5:30 pm

    မအေးရဲ့ 7Nights in Japan နဲ့အပြိုင် 3Days in Yangon ကို ဖတ်ရှု့အားပေးသွားပါတယ်။
    ဓာတ်ပုံနဲ့ပဲ အမှန်တကယ် အရိုးထုတ်သွားသလားဆိုတာလည်း သိချင်သား 😛

  • aye.kk

    July 9, 2012 at 6:38 pm

    nature,…
    သိရတာက…
    အခုချိန်ထိအိပ်ကဒ်ထဲမှာတော့….
    မဟုတ်တော့ဘူး…..
    သေတ္တာထဲတော့သိမ်းထားဆဲတဲ့….
    ခုချိန်ထိပြန်တောင်းတာလည်းမရတော့….
    ပြန်ပေးဖို ့အတွက်ကိုတောင်းနေမိတုံးပါဘဲ….။။။

  • ko ko

    July 9, 2012 at 8:45 pm

    လှလို ့ချစ်တာမဟုတ် ချစ်လို ့လှတာပါ ကေရာ…:D..အမြဲအားပေးနေပါသည်…နောက်အပိုင်းတွေထပ်တင်ပေးပါ….

  • Hnin Hnin

    July 10, 2012 at 1:33 am

    ”ကိုသုခ” ကတော့ အရင် ”ဦး” ထက်တော့ ကံကောင်းရမယ် ထင်ပါတယ်…
    ”ကေ” က ”ကိုသုခ” အပေါ်မှာ ခဏလေးနဲ့ခင်မင်တယ်… လိုလားတယ်…
    စိတ်ဝင်စားမှုလည်းရှိတယ်..
    ပေးထားတဲ့ ခေါင်းစဉ်ကလည်း ”ချစ်သော..ကေ” ဖြစ်နေတယ်…
    ”Happy Ending” လေးများ ဖြစ်နေမလားလို့ မျှော်လင့်ခဲ့မိပေမယ့်……
    ဇာတ်လမ်းလေးက ကောင်းပါတယ်…ဒါပေမယ့်…. နှင်းနှင်းကတော့
    “ဦးနဲ့သမီး” ဇာတ်လမ်းလေးကို ငြိနေဆဲပဲ….

Leave a Reply